Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 23, 2013

“အဓိက နှင့် သာမည”

Aung Ko U
“အဓိက နှင့် သာမည”

လူသားတိုင်းတွင် နေ့စဉ်နှင့်အမျှ လိုအပ်ချက်များ၊ လိုချင်မှုများမြောက်များစွာကို ကြုံတွေ့ ကြရပါသည်။ ထိုသို့ တွေ့ကြုံကြရာတွင် အချို့သည် မရှိမဖြစ် အရေးကြီးသော်လည်း၊ အချို့မှာကားမရှိမဖြစ် အရေးမကြီးပါ။ မရှိမဖြစ် (essential) အရေးကြီးသောကိစ္စများကိုလိုအပ်ချက် (need) ဟုသတ်မှတ်နိုင်ပြီး၊ အရေးမကြီးသော(extra)၊မိမိဆန္ဒရှိသောကိစ္စများကို (want) ဟုသတ်မှတ်နိုင်ပါသည်။ ထိုအချက်နှစ်ချက်ကိုကွဲကွဲပြားပြား မြင်တတ်ရန် နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။

ပုထုဇဉ် လူသားမှန်သမျှ လိုချင်တပ်မက်ခြင်း ဆန္ဒ ရှိကြသည်မှာအမှန်ပင် ဖြစ်ပါသည်။ သက်ဆိုင်ရာနယ်ပယ်အလိုက်၊ ပတ်ဝန်းကျင်အလိုက် လိုချင်တောင့်တ ကြပါလိမ့်မည်။ ဆိုလိုသည်မှာကလေးငယ် တစ်ယောက်ကကစားစရာအရုပ်လှလှ များကိုလိုချင်မည် ဖြစ်သော်လည်းလူကြီးများကမူIpadကိုလိုချင်မည့်သူရှိသလို၊ Samsung Galaxy S IV လိုချင်သူလည်းရှိမည်။ မြေကွက်များကိုလိုချင်သူလည်းရှိမည်၊ စာအုပ်များကိုလိုချင်သူလည်းရှိမည် စသည် စသည်ဖြင့် နယ်ပယ်အလိုက် လိုချင်တောင့်တမှု (want) များရှိကြပါလိမ့်မည်။ ထို့အတူလိုအပ်ချက် (need) များလည်းရှိကြပါလိမ့်မည်။

ထိုအချက်နှစ်ချက်သည် ကွဲပြားသယောင်နှင့် မကွဲပြားတတ်ကြပါ။ ယနေ့ခေတ် လူငယ်တစ်ယောက် အနေဖြင့် သက်ဆိုင်ရာဘာသာရပ်အသီးသီးကိုလေ့လာကြရာတွင်ကွန်ပျူတာတစ်လုံး (laptop ဖြစ်စေ၊ desktop ဖြစ်စေ) လိုအပ်ကြသည်ကများပါသည်။ သို့ရာတွင် ထိုကွန်ပျူတာကိုမည်မျှ အတိုင်းအတာအထိအသုံးပြုမည်နည်း၊ ထိုအပေါ်တွင် မူတည်က want နှင့် need ကိုခွဲခြားကြရပါမည်။ သာမာန် တစ်ကိုယ်ရည်သုံးရန် အတွက်သာဖြစ်ပြီးလုပ်ငန်းသုံးရန် အတွက် မဟုတ်ပါက Dual Core လောက်ဆိုလုံလောက်ပါသည်၊ သို့သော် သူများတစ်ကာတွေ i3, i5, i7 ဆိုလျှင် ကိုယ်ကလည်း i3, i5, i7 လိုချင်ကြပါသည်။ မိမိအသုံးပြုမည့် ကိစ္စရပ်များအတွက် Dual Core ဖြင့်လုံလောက်လျှင် ၎င်းသည် need ဖြစ်ပြီး i3, i5, i7 များသည် want ဖြစ်သည်ကိုကွဲပြားခြားနားရန်လိုပါသည်။ ကွဲပြားခြားနားသည့်အတိုင်းဆောင်ရွက်နိုင်ရန်လိုပါသည်။ မိမိဆောင်ရွက်ရမည့် ကိစ္စများသည် Dual Core ဖြင့် မစွမ်းနိုင်၍ i3 မှသာဆောင်ရွက်နိုင်မည်ဆိုလျှင် ၎င်းသည် need ဖြစ်လာပါလိမ့်မည်၊ လက်ရှိအခြနေဖြင့် သုံး၍ရသော်လည်းပိုကောင်းသည်ကိုတောင့်တသည်မှာ need မဟုတ်ဘဲ want သာဖြစ်ပါသည်။ စာရေးသူလည်းipad၊ ကွန်ပျူတာ i7 စသည်များကိုလိုချင်ပါသည်၊ သို့သော် စာရေးသူအတွက် ထိုအရာများသည် need မဟုတ်သေးပါ။ need ဖြစ်လာသည့် အချိန်တွင် ကြိုးစားဝယ်ရပါမည်။

မိမိတွင် သင့်တင့်လျောက်ပတ်သောအဝတ်အစားများရှိသော်လည်းပွဲလမ်းသဘင်၊ အခမ်းအနားမင်္ဂလာဆောင်၊ ဘွဲ့ယူစသည်ဖြင့် တက်ရောက်ရန် ရန်အတွက် အဝတ်အစားကောင်းကောင်းမရှိသည့်အခါ ဝယ်ရမည့် အဝတ်အစားကို need အဖြစ် သတ်မှတ်နိုင်သည်။ သို့ရာတွင် လစာထုတ်ရက် အပြန် shopping center ကိုဝင်ပါသည်၊ လျှောက်ကြည့်သောအခါ အဝတ်အစားလှလှလေးများတွေ့ပါသည်၊ ကြိုက်သည့် ပုံစံ၊ အဆင်လေးများတွေ့သည့်အခါ အိတ်ထဲမှာလည်းပိုက်ဆံပါနေတော့ ဝယ်လိုက်ပါသည်။ ထိုကိစ္စမှာ want ဖြစ်ပါသည်။

ဆယ်တန်းအောင်မြင်ပြီးသည့် အချိန်တွင် ရန်ကုန်နေသူများကလည်း သင်တန်းများတက်ကြသလို နယ်တွင် နေသူများကလည်းသင်တန်းတက်ရန် ရန်ကုန်သို့ လာကြပါသည်။ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ LCCI၊ HR၊ ဆေးဝါးကျွမ်းကျင် စသည်ဖြင့် သင်တန်းမျိုးစုံကိုတက်ကာ Certificate မျိုးစုံစုဆောင်း ကြပါသည်။ စာရေးသူ၏ အချို့သောသင်တန်းသား၊ သင်တန်းသူများတွင် ရှိသော Certificate များသည် အိမ်ဆောက်သည့်အခါ အမိုးမိုး၍ပင် ရနိုင်ပါသည်။ တကယ်တန်းအလုပ်ရှာကြသောအခါ Certificate မျိုးစုံပိုင်ဆိုင်ထားသော်လည်းအခက်အခဲတွေ့ကြပါသည်။ အဓိက နှင့် သာမညမကွဲပြားသည့် ပြဿနာပင်ဖြစ်ပါသည်။ မိမိဘာဖြစ်ချင်သည်ကိုမစဉ်းစားပဲအများတကာကောင်းသည် ကောင်းသည် ဟုပြောကြသောသင်တန်းဟူသမျှကိုတက်ကြပါသည်။ တတ်သင့်သည့် ပညာရပ်များအားလုံးကိုတတ်ကျွမ်းသည် မှာကောင်းမွန်သော်လည်းမိမိလိုအပ်ချက်နှင့် ကိုက်ညီသည့် သင်တန်းများကိုသာတက်သင့်ပါသည်။ သူနာပြုအလုပ်၊ ဆေးဝါးကိစ္စများကိုစိတ်မဝင်စားပဲအများတကာယောင်လို့ ဆေးဝါးကျွမ်းကျင် တက်လျှင် အချီးအနှီးပင်ဖြစ်ပါလိမ့်မည်။ ထို့အတူသင်္ချာဆိုလျှင် ၁ နှင့် ၁ ပေါင်းရမည် ကိုပင် စိတ်မဝင်စားသူက LCCI တက်သောအခါ လမ်းတစ်ဝက်တွင် ရပ်သွားပါလိမ့်မည်။ ဆိုလိုသည်မှာဆရာဝန်က LCCI တက်ဖို့မလိုသလို B.Com ဘွဲ့ရက Graphic Design တက်ရန်မလိုအပ်ပါ။ သိုသော် အမှန်တကယ် ဝါသနာပါ၍ လုပ်ငန်းပြောင်းလိုပါကတက်နိုင်ပါသည်။

သင်တန်းမတက်မီမိမိဘာလုပ်ချင်လဲဦးစွာစဉ်းစားရပါမည်၊ ထိုလုပ်ငန်းအတွက် ဘာလိုအပ်လဲ (need) ကိုလေ့လာရပါမည်။ ထိုလိုအပ်ချက် (need) ကိုအဓိကဖြည့်ဆည်းရပါမည်။လိုအပ်ချက်များ ပြည့်စုံသည့်အခါ လုပ်ချင်သောအလုပ်ကိုတစ်စိုက်မတ်မတ် လျှောက်ကြည့်ပါ။ အလျင်းသင့်လို့ ပြောလိုသည်မှာ“ရရာအလုပ်ကိုလိုက်လျှောက်မနေပဲလုပ်ချင်တဲ့ အလုပ်ကိုပဲရအောင်လျှောက်ပါ”လုပ်ချင်သောအလုပ်အတွက် လိုအပ်ချက်များ ပြည့်စုံနေရန်တော့လိုပါသည်။

ဆရာဝန်တစ်ယောက်ကဆေးပညာကိုသမိုင်းအစကပင် ယနေခေတ် နောက်ဆုံးနည်းပညာများအထိသိအောင်၊ တတ်အောင် ကြိုးစားရပါမည်။ ကျောင်းဆရာဆိုပါကလည်းပညာရေးနှင့်ပတ်သက်သောကိစ္စမှန်သမျှ တတ်ကျွမ်းပိုင်နိုင်သင့်ပါသည်။ စစ်သားကစစ်ပညာတတ်ရပါမည်၊ နိုင်ငံရေးသမားက နိုင်ငံရေးနားလည်ရပါမည်။ ယနေ့ခေတ်ကာလတွင် မည်သည့်နယ်ပယ်တွင်မဆိုမိမိသက်ဆိုင်ရာသက်မွေးဝမ်းကြောင်းပညာရပ်ပြီးလျှင် အဓိကတတ်မြောက်ထားသင့်သည်မှာကွန်ပျူတာ၊ အင်္ဂလိပ်ဘာသာစကား နှင့် လူမှုဆက်ဆံရေးပညာပင်ဖြစ်ပါသည်။ ကျန်သည့် စီးပွားရေးအကြောင်း၊ ဘဏ်အကြောင်း၊ ဥပဒေအကြောင်း၊ ကုန်သွယ်ရေးလုပ်ငန်းအကြောင်းစသည့် နယ်ပယ်အသီးသီးကိုသိကျွမ်းလျှင် ကောင်းပါသည်၊ သို့သော် မိမိနယ်ပယ်နှင့် တိုက်ရိုက် မသက်ဆိုင်လျှင်အဓိကမကျလှပါ၊ လိုအပ်လာပါကတတ်ကျွမ်းသူများနှင့် တိုင်ပင်ကာဆောင်ရွက်နိုင်ပါသည်။ လူတိုင်းသည် မိမိသက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင် ပိုင်နိုင်နေပါလျှင် နိုင်ငံတစ်ခုလုံးအနေဖြင့်ပါ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ပါလိမ့်မည်။

လူတိုင်းအတွက် နေ့စဉ်နှင့်အမျှ တွေ့ကြုံနေကြရသောအသေးအဖွဲ့ကိစ္စရပ်များမှသည် ဘဝနှင့်ဆိုင်သောကိစ္စရပ်များအထိကိစ္စအရပ်ရပ်တွင် လူငယ်တိုင်းလိုအပ်ချက် (need) နှင့် လိုချင်မှု (want)၊အဓိက နှင့် သာမညကိုကွဲကွဲပြားပြားသတ်မှတ်ကာမိမိသက်ဆိုင်ရာလုပ်ငန်းခွင်တွင် တစ်ဖက်ကမ်းခတ် တမ်းကျွမ်းပိုင်နိုင်အောင် လိုအပ်ချက်များကို ဖြည့်ဆည်းကာအောင်မြင်နိုင်ကြပါစေကြောင်းရည်ရွယ်ကာရေးသား မျှဝေလိုက်ပါသည်။

အောင်ကိုကို (အမ်း)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။