Aung Ko U
Learn English with Music အစီအစဉ် အမှတ် (၅) မှ စကားလုံးအသုံးအနှုန်းများ
ယခုတစ်ပတ် Learn English with Music အစီအစဉ် အမှတ် (၅) မှာ တင်ပေးခဲ့တဲ့ “As Long As You Love Me” သီချင်းကို နာမည်ကျော် ကနေဒီယမ် ပေါ့ပ် အဆိုတော် Justin Biber က သူ့ရဲ့ ဒုတိယ အလ်ဘမ် ဖြစ်တဲ့ Believe မှာ သီဆိုထားတာ ဖြစ်ပြီး Featuring ကိုတော့ အမရိကန် နာမည်ကျော် Rapper တစ်ယောက်ဖြစ်တဲ့ Big Sean (အမည်ရင်းကတော့ Sean Michael Anderson လို့ခေါ်ပါတယ်) က အားဖြည့်သီဆိုထားပါတယ်။ Believe အလ်ဘမ်ဟာ Billboard Social 50 မှာ PSY ရဲ့ Gentleman နောက်မှာ ဒုတိယနေရာက လိုက်နေပါတယ်။ စထွက်စဉ်အချိန်မှာတော့ ပထမနေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ Believe Album မှာ 1. “All Around the World” (feat. ...Ludacris), 2. “Boyfriend”, 3. “As Long As You Love Mee” (feat. Big Sean), 4. “Take You”, 5. “Right Here” (feat. Drake), 6. “Catching Feelings”, 7. “Fall”, 8. “Die In Your Arms”, 9. “Thought Of You”, 10. “Beauty and a Beat” (feat. Nicki Minaj), 11. “One Love”, 12. “Be Alright”, 13. “Believe”, 14. “Out of Town Girl”, 15. “She Don’t Like the Lights”, 16. “Maria” စုစုပေါင်း သီချင်း ၁၆ ပုဒ်ပါဝင်ပါတယ်။ ဒီ Album မှာ hot အဖြစ်ဆုံးသီချင်းကတော့ Boyfriend ဖြစ်ပေမယ့် Justin Biber ရဲ့ Fan များကတော့ As Long As You Love Me ကို တစ်ပေးခဲ့ကြပါတယ်။ ဒီသီချင်းဟာ UK ရဲ့ Single Chart မှာလည်း နံပါတ် ၂၂ နေရာက ရပ်တည်ခဲ့ပြီး၊ Billboard ရဲ့ Rhythmic Airplay Chart မှာတော့ နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဒီတစ်ပတ်မှာ စကားလုံးအသုံးအနှုန်းကိုတော့ သီချင်းခေါင်းစဉ်မှာ ပါဝင်တဲ့ As ကို အဓိက ပြောပြချင်ပါတယ်။
As (prep) - ကဲ့သို့၊ ဟန်
- She dressed as a nurse in a play last night.
သူ(မ)က မနေ့ညက ပြဇာတ်မှာ သူနာပြုတစ်ယောက်ကဲ့သို့ ဝတ်ဆင်ခဲ့တယ်။
- He can sing as a professional singer.
သူက တကယ့်ကျွမ်းကျင် အဆိုတော် တစ်ယောက်လို (ကဲ့သို့) သီချင်းဆိုနိုင်တယ်။
As (prep) - …… တုန်းက၊ …… စဉ်က
- As a child she went to six different schools.
သူ(မ) ငယ်စဉ်တုန်းက ကျောင်း ၆ မျိုးတက်ခဲ့တယ်။
As (prep) - အတိုင်း
- She always does everything as I say.
သူ(မ)က ကျွန်တော် ပြောတဲ့အတိုင်းပဲ အမြဲလုပ်တယ်။
As (prep) - စဉ်တွင်
- As I am walking along the street, I see her.
ကျွန်တော် လမ်းလျှောက်သွား စဉ်တွင် သူ(မ)ကို တွေ့တယ်။
as …… as (adv) - မျှ၊ လောက်၊ သလောက်၊ သရွေ့
- Ko Ko is as tall as his elder brother.
ကိုကိုက သူ့အစ်ကို လောက် အရပ်ရှည်တယ်။
- He runs as fast as he can.
သူ မြန်နိုင်သမျှ မြန်မြန် ပြေးတယ်။
- Please tell me as far as you know about her.
ကျေးဇူးပြုပြီး သူ့အကြောင်းကို မင်းသိသမျှ ငါ့ကို ပြောပြပါ။
- As much as I know, it’s right.
ကျွန်တော် သိသလောက်တော့ အဲဒါ မှန်ပါတယ်။
- I love you forever as long as my soul is alive.
ငါ့အသက်ဝိဉာဏ် ရှင်သန်နေသရွေ့ မင်းကို ထာဝရချစ်နေမယ်။
အင်္ဂလိပ်ဘာသာစကားလေ့လာသူ ဂီတချစ်သူ ပရိတ်သတ်များ ယခု ဖော်ပြလိုက်သော စကားလုံး အသုံးအနှုန်းပုံစံများကို အခြေခံကာ နောက်ထပ်ဝါကျများ လိုသလိုဆပွား ဆက်လက် အသုံးပြုနိုင်ကြပါစေ .....
အောင်ကိုဦး (UMK)
www.siraungkou-umk.blogspot.co m

www.siraungkou-umk.blogspot.co
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။