Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 9, 2013

နိုင်ငံတော် သမ္မတမှ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတော်ဆုံး အကောင်းဆုံး လူငယ် များကို နိုင်ငံခြား တွင် အဆင့်မြင့် ပညာ သင်ကြား နိုင်အောင် စီစဉ်သွားမည်

 

တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး လူငယ် ပညာတတ်များနှင့် လူကောင်း လူတော်များ အပြိုင် အဆိုင် မွေးမြူ အတော်ဆုံး အကောင်းဆုံး လူငယ်များကို နိုင်ငံခြားတွင် အဆင့်မြင့် ပညာ သင်ကြား နိုင်အောင် စီစဉ်သွားမည်

နေပြည်တော် ဧပြီ ၈


''ကျောင်းသား ဘဝကတည်းက ဒီမိုကရေစီ အလေ့အကျင့် ကောင်းများကို သင်ကြားရမည်၊ လေ့လာမှတ်သားပြီး လက်တွေ့ကျင့်ကြံ အားထုတ်ပြုလုပ်ရမည်၊ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန် ယူမှုများ နှင့်အတူ ဒီမိုကရေစီ၏ တန်ဖိုးကို သိရှိ နားလည်ပြီး အများကို မထိ ခိုက်စေသည့် လွတ်လပ်မှုကို ကျောင်းသားဘဝ ကပင် ရယူတတ်သည့် အလေ့အကျင့် ရအောင် ကြိုးစား ကြရ မည် ဖြစ်ကြောင်း''ဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)၌ ကျင်းပသည့် ဘက်စုံ ပညာထူးချွန် လူငယ်များနှင့် ကင်းထောက် လူငယ်များအား တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနား၌ နိုင်ငံတော် သမ္မတက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘက်စုံ ပညာထူးချွန် လူငယ် မောင်မယ်များနှင့် ကင်းထောက် လူငယ်များ တက်ရောက် ခဲ့ကြ သည်။

တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားတွင် နိုင်ငံတော် သမ္မတက ဂုဏ်ပြု အမှာစကား ပြောကြား ရာတွင် ယနေ့ ပြုလုပ်သည့် အခမ်းအနားသည် ဘက်စုံ လူငယ်ထူးချွန် မောင်မယ်များနှင့် ကင်းထောက် လူငယ်များကို ကြိုဆို ဂုဏ်ပြုသော အခမ်းအနား ဖြစ်ပါကြောင်း၊ အခမ်းအနား ကို မိမိ အပါအဝင် အစိုးရအဖွဲ့မှ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင် တက်ရောက်အားပေး ဂုဏ်ပြုကြသည့် အတွက် မောင်တို့မယ်တို့ အတွက် ထူးခြားသော နေ့တစ်နေ့၊ မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများနှင့် အတူ မောင်တို့မယ်တို့ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြ ပါစေလို့ ဦးစွာ ပထမ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်း ဆက်သလိုက်ပါကြောင်း၊ ယနေ့ အခမ်းအနားကို တက်ရောက်လာကြသော ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အနက် အချို့သည် တစ်ချိန်က မောင်တို့မယ် တို့လိုပဲ ဘက်စုံ ထူးချွန် ခဲ့ကြသူများ၊ လူရည်ချွန်ဆုကို အကြိမ်ကြိမ် ဆွတ်ခူးရရှိ ခဲ့ကြသူများ အချို့ ပါဝင်ကြ ပါကြောင်း၊ ယင်းပုဂ္ဂိုလ်များသည် တစ်ချိန်က မောင်တို့ မယ်တို့လိုပဲ ကျောင်းသူ၊ ကျောင်းသားတွေ ဖြစ်ခဲ့ကြပြီး ယခုအချိန်တွင် နိုင်ငံ့ တာဝန်တွေကို ကျရာအခန်း ကဏ္ဍက ပါဝင် ထမ်းဆောင် နေကြသော နိုင်ငံ့ ဝန်ထမ်းကောင်းများ ဖြစ်နေကြပြီ ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်၊ ဦးဆောင် နိုင်ငံဖြစ်ရန် နိုင်ငံများက လေးစားရသော ဂုဏ်သိက္ခာ ရှိသော နိုင်ငံဖြစ်ရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ နည်းပညာ ဖွံ့ဖြိုးရေးနှင့် ကာကွယ်ရေး ကဏ္ဍတွေမှာ အပြိုင်အဆိုင် ကြိုးစားနေ ကြသည့် အချိန်ဖြစ် ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးဆဲ နိုင်ငံအချို့နှင့် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ သည် သူတို့၏ နိုင်ငံ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အတွက် မျိုးဆက်သစ် လူတော် လူကောင်း လူငယ်များကို စဉ်ဆက်မပြတ် လေ့ကျင့် မွေးမြူပြီး နိုင်ငံ တာဝန်တွေကို ပခုံး လွှဲပြောင်း တာဝန်ယူ ဆောင်ရွက်သွား စေသည့်အတွက် သူတို့ နိုင်ငံများသည် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက် နေသည်ကို တွေ့ကြရမည် ဖြစ်ကြောင်း၊ ယနေ့ ထိပ်တန်းရောက် နေသော မိမိတို့ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံသည် မကြာခင် ကာလကပင် သူတို့၏ ပဉ္စမ မျိုးဆက် ခေါင်းဆောင်များကို ပခုံး လွှဲပြောင်းပေးပြီး သူတို့နိုင်ငံကို ယခုအခါ စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်အောင် စတင်ထူထောင် နေကြပြီဖြစ်ကြောင်း၊ မောင်တို့မယ်တို့သည် တစ်ချိန် မှာ ကိုယ့်နိုင်ငံ၏ တာဝန်တွေကို ပခုံးလွှဲပြောင်း တာဝန် ယူကြရမည့် မျိုးဆက်သစ် များဖြစ် ကြောင်း၊ မိမိတို့ နိုင်ငံ၏ နိုင်ငံအနာဂတ်သည် မောင်တို့ မယ်တို့၏ လက်ထဲမှာ ရှိနေကြောင်း၊ နိုင်ငံ၏ အနာဂတ်ကောင်းကျိုး ဆိုးကျိုးသည်လည်း မောင်တို့မယ် တို့၏ အရည်အချင်း ပေါ်တွင် မူတည်နေကြောင်း၊ အရည်အချင်း ဆိုရာတွင် ကျောင်းစာ တစ်ခုထဲ တော်နေ တတ်နေ ရုံနှင့် မပြီးကြောင်း၊ ကိုယ်သင်ယူသည့် အတတ်ပညာကိုလည်း ကျွမ်းကျွမ်း ကျင်ကျင် တတ်ရမည်။ စည်းကမ်းရှိရမည်။ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တ ကောင်းရမည်။ အများအကျိုးကို သယ်ပိုး ဆောင်ရွက်လိုသော စိတ်ဆန္ဒရှိရမည်။ မြင့်မြတ်သော စိတ်ထား မွေးမြူပြီး တိုင်းပြည်နှင့် လူမျိုးကိုချစ်သော တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ရှိဖို့ လိုကြောင်း၊ ဘက်စုံထူးချွန် မောင်မယ်များ ပီပီ ဘက်စုံတော်အောင်၊ ကောင်းအောင် ကြိုးစား ကြရမည်။ သို့မှသာ မိမိတို့ နိုင်ငံ၏ အနာဂတ် အတွက် စိတ်ချရသော မျိုးဆက်သစ်များ ဖြစ်လာမည် ဖြစ်ကြောင်း၊ ယနေ့ မိမိတို့ အစိုးရသစ် လက်ထက်တွင် အဋ္ဌမ တန်းကနေပြီး ဒသမတန်းအထိ ဘက်စုံပညာ ထူးချွန်လူငယ် စုစုပေါင်း ၅၁ဝဦး စတင် ရွေးချယ် နိုင်ခဲ့ကြောင်း၊ တက္ကသိုလ် အသီးသီး မှာရှိသော ထူးချွန်သည့် လူငယ် မောင်မယ် များကိုလည်း ရွေးချယ်သွားရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဲဒီ အထဲကမှ အတော်ဆုံး၊ အကောင်းဆုံး လူငယ်များကို နိုင်ငံခြားတွင် အဆင့်မြင့် ပညာများ သင်ကြား နိုင်အောင် စီစဉ် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားက နာမည်ကြီး တက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး ပညာသင်ကြားခွင့် ရရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ပြည်တွင်းမှာလည်း အဆင့်မြင့် တက္ကသိုလ် ပညာရပ်များ သင်ကြားနိုင်အောင် အမေရိကန် နိုင်ငံက ဂျွန်ဟော့ကင်း တက္ကသိုလ်၊ ဂျပန်နိုင်ငံက နာဂိုယာ တက္ကသိုလ်၊ သြစတြေးလျ နိုင်ငံက အမျိုးသား တက္ကသိုလ် စသည့် တက္ကသိုလ် များနှင့် ဒီကနေ့ ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရန် အတွက် မိမိတို့နိုင်ငံမှာ ရေခံမြေခံ ကောင်းများရှိပြီး ဖြစ်ကြောင်း၊ ရေနံ၊သဘာဝ ဓာတ်ငွေ့၊ သစ်တော၊ သားငါး၊ သတ္တုစသည့် သဘာဝ အရင်းအမြစ်များ ရှိကြောင်း၊ စားရေ ရိက္ခာ အတွက် စိုက်ပျိုး ထုတ်လုပ်နိုင်သော လယ်ယာမြေများ ရှိကြောင်း၊ သင့်တင့် မျှတသော ရာသီဥတု ရှိကြောင်း၊ ပတ်ဝန်းကျင်မှာ လူဦးရေ များပြားပြီး ကြီးမားသော ဈေးကွက်ကြီး များရှိကြောင်း၊ မိမိတို့ လိုအပ်နေသည့် အရင်းအနှီး၊ နည်းပညာနှင့် လူသားစွမ်းရည် အရင်းအမြစ်များ လိုအပ်နေကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ဒို့မျှော်မှန်းသလို ဝင်ရောက် လာရင် အရင်းအနှီးတွေ ရလာမည်၊ နည်းပညာ ရလာမည်၊ လူသားစွမ်းရည် အရင်းအမြစ် ဖြစ်သည့် မောင်တို့မယ် တို့ကဲ့သို့ ဘက်စုံပညာ ထူးချွန်သော လူငယ်များ အများကြီးမွေး ရမည်၊ ဘယ်က မွေးပေးမလဲ ဆိုရင် မိမိတို့၏ ပညာရေးက မွေးပေးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပညာရေးကို တကယ် တတ်ကျွမ်းပြီး နည်းနည်း လေ့ ကျင့် ပေးရုံနှင့် လုပ်ငန်း ခွင်ကို တန်းဝင်လို့ ရနိုင်သည့် ပညာရေးဖြစ်အောင် အဆင့်မြှင့်တင် ရမည်ဖြစ်ကြောင်း၊ နောက် တစ်ခုက ကင်းထောက် လူငယ်များ ဖြစ်ကြောင်း၊ ယနေ့ဆိုရင် အလယ်တန်း အဆင့်ကျောင်း ကျောင်းသား၊ ကျောင်းသူ ၂ဝဝဝကို ကင်းထောက်လူငယ် အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတကာက ကင်းထောက် လူငယ်များနှင့် တန်းတူရည်တူ လိုက်နိုင်ရန် မိမိတို့ လေ့ကျင့် သွား မည်ဖြစ် ကြောင်း၊ ကင်းထောက် လူငယ်များသည် မောင်တို့မယ်တို့ ပြီးလျှင် နိုင်ငံအတွက် ဒုတိယ မျိုးဆက်သစ်များ ဖြစ်ရမည်ဖြစ်ကြောင်း၊ ယခုကတည်းက စိတ်ဓာတ် ခိုင်မာအောင်၊ ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းအောင်၊ အခက်အခဲ တွေကို ကျော်လွှားနိုင်အောင်၊ လူမှုဝန်ထမ်း စိတ်ဓာတ်၊ အများအကျိုး သယ်ပိုး ဆောင်ရွက်လိုသော စိတ်ဓာတ်၊ စည်းလုံး ညီညွတ်စွာ နေထိုင် တတ်သော စိတ်ဓာတ်များကို ငယ်စဉ် ကတည်းက လေ့ကျင့် မွေးမြူပေး သွားရန် ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ အပါအဝင် ယခု လူငယ်တွေဟာ တစ်ချိန်တွင် အရည်အချင်း ပြည့်ဝသော နိုင်ငံခေါင်းဆောင် များ ဖြစ်လာရန် ရည်မှန်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်ကြောင်း၊ သက်တမ်း နုနယ် သေးသည့် အတွက် မိမိတို့ နိုင်ငံမှာ ဒီမိုကရေစီ အတွေ့အကြုံနှင့် ဒီမိုကရေစီ အလေ့အကျင့် နည်းသေးကြောင်း၊ နိုင်ငံတိုင်းမှာ တရားဥပဒေ ဆိုတာ ရှိကြောင်း၊ နိုင်ငံသား တိုင်းသည် တရား ဥပဒေကို လေးစားရကြောင်း၊ လိုက်နာ ရကြောင်း၊ တရား ဥပဒေကို မျက်ကွယ်ပြုပြီး လူ အုပ်စုဖွဲ့ကာ အနိုင်အထက် ပြုကျင့်မှုများသည် အကြမ်းဖက် ရမ်းကားမှု တွေသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီ မဆန်သော ပြုကျင့်မှုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့ မယ်တို့သည် ကျောင်းသားဘဝ ကတည်းက ဒီမိုကရေစီ အလေ့အကျင့် ကောင်းတွေကို သင်ကြားရမည်။ လေ့လာ မှတ်သားပြီး လက်တွေ့ ကျင့်ကြံအားထုတ် ပြုလုပ်ရမည်။

ကျောင်းများတွင် ကျောင်းကောင်စီများ ဖွဲ့စည်းထားကြောင်း၊ ကျောင်းကောင်စီ များက တစ် ဆင့် တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု များနှင့်အတူ ဒီမိုကရေစီ၏ တန်ဖိုးကို သိရှိ နားလည်ပြီး အများကို မထိခိုက်စေသော လွတ်လပ်မှုကို ကျောင်းသား ဘဝကတည်းက ရယူ တတ်သည့် အလေ့အကျင့် ရအောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ နိဂုံးချုပ် အနေဖြင့် မောင် တို့မယ် တို့သည် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များ ဖြစ်ကြောင်း၊ တိုင်းပြည်၏ အနာဂတ် ကောင်းကျိုး ဆိုးကျိုးများသည် မောင်တို့မယ်တို့ အပေါ်တွင် အများကြီး မူတည် နေကြောင်း၊ ယနေ့ နိုင်ငံတိုင်းသည် ကိုယ့်တိုင်းပြည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရန် အတွက် လူငယ်ပညာတတ်များ၊ လူငယ်လူကောင်း လူတော်များကို အပြိုင်အဆိုင် မွေးမြူ နေကြကြောင်း၊ မောင်တို့မယ်တို့အား လူကောင်း လူတော်တွေ ဖြစ်အောင် ပြုစုပျိုးထောင် ပေးနေ ခြင်းသည် တိုင်းပြည်အတွက် ဖြစ်သည်ဆိုသည်ကို သဘောပေါက် နားလည်ခံယူပြီး တော်သည်ထက် ပိုတော်အောင်၊ ကောင်းသည်ထက် ပိုကောင်းအောင် ကြိုးစားကြရန် တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြအေးက ယခု ၂ဝ၁၃ ခုနှစ်တွင် ဘက်စုံပညာ ထူးချွန် လူငယ်များနှင့် ကင်းထောက်လူ ငယ်များ ရွေးချယ် ဂုဏ်ပြုခဲ့မှု နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပုဂံ အပန်းဖြေစခန်း၊ အင်းလေး အပန်းဖြေ စခန်းနှင့် ငွေဆောင် အပန်းဖြေ စခန်း တို့မှ ဘက်စုံပညာ ထူးချွန် လူငယ်များက တေးသီချင်းဖြင့် ကပြ ဖျော်ဖြေခြင်း၊ နေပြည်တော် ပျဉ်းမနား အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား တစ်ဦးက ''ဇော်က'' အကဖြင့် ကပြ ဖျော်ဖြေခြင်း၊ ကင်းထောက် လူငယ်များက တစ်ခန်းရပ် ပြဇာတ်များဖြင့် ဖျော်ဖြေခြင်း၊ နေပြည်တော် ပျဉ်းမနား အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသူ လေးများက ''အက''ဖြင့် ကပြ ဖျော်ဖြေခြင်း စသည်ဖြင့် တင်ဆက် ဖျော်ဖြေ ကြသည်။

ထို့နောက် နိုင်ငံတာ် သမ္မတထံ အပန်းဖြေစခန်း အလိုက် ဘက်စုံပညာ ထူးချွန် လူငယ်များနှင့် ကင်းထောက် လူငယ်များက အမှတ်တရ လက်ဆောင်များကို ဂါရဝပြု ပေးအပ်ကြသည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော် သမ္မတသည် ဘက်စုံပညာ ထူးချွန်လူငယ်များနှင့် ကင်းထောက် လူငယ်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ဂုဏ်ပြု ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။


ဘက်စုံပညာ ထူးချွန်လူငယ်များ ရွေးချယ်ရသည့် ရည်ရွယ်ချက်များမှာ ဥာဏ်ပညာ ထူးချွန်ပြီး ကျန်းမာ သန်စွမ်း၍ စာရိတ္တ ကောင်းမွန်သည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်း လာစေရန်၊ ပညာရေး လက်တွေ့ ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပိုမို စိတ်ဝင်စားလာပြီး နိုင်ငံ့ အကျိုးပြု လုပ်ငန်း များကို ဆောင်ရွက် နိုင်စေရန်၊ မှန်ကန်သော အကျိုးပြု ယှဉ်ပြိုင်မှုဖြင့် ဘက်စုံပညာ အရည် အသွေးများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ အများနှင့် စုပေါင်း နေထိုင်တတ်သော အလေ့ အကျင့်ကောင်းများ ဖြစ်ထွန်း လာစေရန်နှင့် ဒေသန္တရ ဗဟုသုတများ ရရှိလာစေရန်၊ ကျောင်းသား၊ ကျောင်းသူ များ၏ စံပြနမူနာ လူငယ်များ ပေါ်ထွန်း လာစေရန်တို့ ဖြစ်ကြောင်း သိရသည်။

အလားတူ ကင်းထောက် လူငယ်များ ရွေးချယ်ရသည့် ရည်ရွယ်ချက် များမှာ ကင်းထောက် လူငယ်အဖွဲ့သည် နိုင်ငံရေးမစွက်၊ လူမှုဝန်ထမ်း သက်သက်မျှသာ ဖြစ်လာ စေရေးကို ဦးတည် လေ့ ကျင့်ပေးရန်၊ လူငယ်တို့ကို တာဝန်သိသော နိုင်ငံ့သားကောင်း ဖြစ်စေရန်၊ ကိုယ်ကျင့် တရားနှင့် စာရိတ္တကောင်းမွန်စေရန်၊ မိမိကိုယ်ကို အားကိုးတတ်စေရန်၊ အမိန့်နာခံ တတ်ရန်နှင့် သတင်းအမှန် ရရှိရေး ကြည့်ရှုလေ့လာ စူးစမ်း တတ်စေရန်၊ လူသား အချင်းချင်း ချစ်ခင်မြတ်နိုးပြီး သစ္စာ စောင့်သိကာ အများအကျိုး ဆောင်ရွက်တတ်သည့် နိုင်ငံ့သား ကောင်းဖြစ် လာစေရန်၊ တာဝန်သိမှုနှင့် လွတ် လပ်မှုကို ဟန်ချက်ညီညီ ကျင့်သုံးနိုင်ပြီး လူသား ပီသသော လူအဖြစ် မိမိကိုယ်ကို လေ့ကျင့် ဖော်ဆောင် နိုင်စွမ်းရှိစေရန် တို့ဖြစ်ကြောင်း သိရှိ ရသည်။

ယခုအစိုးရ သစ်လက်ထက်တွင် နိုင်ငံ့သားကောင်း အခြေခံ ကောင်းများကို ပုံသွင်း လေ့ကျင့် ပေးနိုင်ရန် အတွက် အဋ္ဌမတန်း၊ နဝမတန်း၊ ဒသမတန်းတို့မှ ဘက်စုံပညာ ထူးချွန်လူငယ် ၁၇ဝ စီဖြင့် စုစုပေါင်း ၅၁ဝကို ရွေးချယ်ခဲ့ကြောင်း၊ အလားတူ ဆဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ၂ဝဝဝအား ကင်းထောက် လူငယ်များအဖြစ် ဖွဲ့စည်းကာ ကင်းစိတ် ခေါင်းဆောင်နှင့် ဒုတိယ ကင်း စိတ် ခေါင်းဆောင် လူငယ်မောင်မယ် ၄၈ဝ တို့ကို နေပြည်တော် စုပေါင်းစခန်းတွင် လေ့ကျင့် ပေးနေကြောင်း၊ ယနေ့တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားတွင် အဆိုပါ ဘက်စုံ ပညာ ထူးချွန် လူငယ် ၅၁ဝနှင့် စခန်းသွင်း လေ့ကျင့် ပေးနေသည့် ကင်းထောက် လူငယ် ၄၈ဝ စုစု ပေါင်း လူငယ် ၉၉ဝ တို့အား ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်ကြောင်း သိရှိရသည်။

http://golden-land-myanmar-mm.blogspot.com/2013/04/blog-post_5637.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။