လူဆိုတာ...
လူဆိုတာ တကယ်တော့ ကိုယ့်မှာမရှိတာကို အမြဲအားကျ
တတ်ကြပါတယ်။ Singleသမားတွေကလည်း Coupleတွေ
လို "တစ်ကိုင်းထဲနားတဲ့ငှက်ကလေး တွေ xxxသိပ်ပျော်မှာပဲလေ"
ဆိုပြီး အားကျတတ်ကြပါတယ်။ တစ်ခါတစ်ရံ ငှက်နှစ်ကောင်
မသင့်မမြတ်ဖြစ်ကြရင်းနဲ့ ကိုင်းကျိုးကျပြီး ကွဲပြဲဖြစ်ကြတာကို
သူတို့ မမြင်ကြပါဘူး။ Coupleဖြစ်ပြီး စိတ်မချမ်းသာရတဲ့လူ
တွေကလည်း Singleကို ပြန်အားကျပြန်ပါတယ်။ "တစ်ကိုယ်
တည်းနေပြီး Lonely ဖြစ်တာက ၂ယောက်နေပြီး Lonely"
ဖြစ်တာထက်ပိုကောင်းပါသေးတယ် "လို့ ဆိုလာကြပြန်ပါ
တယ်။
အစက ဘာဖုန်းမှ မရှိခင်တုန်းက ခလုတ်ဖုန်းလေးရရင်ကို
ပျော်နေတာ၊ နောက်တော့ သူများတွေပွတ်သလို ပွတ်ချင်
လာတယ်။ ဒါနဲ့ ၂သိန်း ၃သိန်းလောက်ပေးပြီး ဖုန်းကောင်း
တာလေးဝယ်။ အခုကျတော့ ပွတ်တာချင်းအတူတူ ပန်းသီး
ဖုန်းကို လိုချင်လာပြန်တယ်။ သူငယ်ချင်း တစ်ယောက်ပြော
သလိုပြော "တကယ်တော့ မရသေးလိုလိုချင်တာကွတဲ့၊
ရပြီးသွားရင် ချောင်ထိုးထားတာကများတယ်တဲ့ "။သူပြော
တာလည်း ဟုတ်တော့ဟုတ်သားဗျ။ လူတွေဟာ မရခင်
က အရမ်းလိုချင်ကြပြီး ရလာရင် ချက်ချင်းတော့ စိတ်မကုန်
သေးပေမယ့် အချိန်အတိုင်းအတာ တစ်ခုရောက်ရင်နောက်
ထပ် အသစ်တစ်ခုကို ထပ်လိုချင်လာပါတယ်။ ပစ္စည်း၂ခု
က ဘာမှမကွာရင်တောင် အသစ်ဆိုတာကိုပဲလိုချင်လာ
ကြပါတယ်။
လမ်းလျှောက်နေရတဲ့သူက စက်ဘီးလေး တစ်စီးလောက်
ပိုင်ချင်တယ်၊ စက်ဘီးလေး စီးနေတဲ့သူက ဆိုင်ကယ်လေး
လိုချင်တယ်၊ ဆိုင်ကယ်ရှိတဲ့သူက ကားစီးချင်ပြန်တယ်။
ကားစီးတဲ့သူကလည်း ဘယ်သူ့ကားပိုကောင်းလဲ ပြိုင်ချင်
ပြန်တယ်။ နောက်တော့ ကိုယ်ပိုင် Helicopter စီးချင်လာ
ပြန်တယ်။ သေချာတာက အသက်ရှင်နေသ၍ ရပ်တန့်သွား
ဖို့ မလွယ်ဘူး။
အဆုံးသတ်ပြန်ပြောရရင် လူတွေဟာ ကိုယ့်မှာရှိတဲ့အရာ
တွေကို တန်ဖိုးထားဖို့ အမြဲမေ့လျော့နေပြီး မရှိတဲ့ဟာတွေ
ကို ပိုမိုတမ်းတတတ်ကြပါတယ်။ ချမ်းသာတဲ့ကားကြီးပေါ်
က လူတွေကို လမ်းဘေးက လယ်ကွင်းထဲက လူတွေက
အားကျပြီးကြည့်တတ်ကြပေမယ့် အဲ့ဒီချမ်းသာတဲ့လူတွေ
မှာလည်း ရင်ဘတ်ထဲမှာ အပူလုံးကြီးတွေရှိတတ်ကြပါ
တယ်။ ပိုင်ဆိုင်မှုကြီးလေ လောဘတွေများလာလေလေ၊
အပူတွေများလာလေလေပါပဲ။ ကျွန်တော်ငယ်ငယ်က
အမှတ်မှားခဲ့ဖူးတယ်။ ချမ်းသာတဲ့သူတွေ၊ နာမည်ကြီးတွေ၊
ရုပ်ချောတဲ့သူတွေဟာ အပူအပင်ကင်းမဲ့မယ်လို့ ထင်ခဲ့
ဖူးတယ်။ ၂၄နှစ်ဆိုတဲ့ ဘဝကာလကို ဖြတ်သန်းအပြီးမှာ
တော့ ကျွန်တော်တွေးခဲ့သမျှ တက်တက်စင်အောင်မှား
ကြောင်းသိလိုက်ရပါတယ်။ အားလုံးက သူ့အပူနဲ့သူကြီး
ပါပဲ။ သူ့လောဘနဲ့သူ အသီးသီးလောင်မြိုက်နေကြတာ
ပါ။ မပြီးဆုံးနိုင်တဲ့ရမ္မက်တွေ အောက်မှာ အလူးအလဲဖြစ်
နေကြတဲ့သူတွေချည်းပါပဲ။
လူတစ်ယောက်ရဲ့ စိတ်ဆင်းရဲခြင်း (အထူးသဖြင့် အထက်
တန်းစားလူတွေရဲ့ စိတ်ဆင်းရဲခြင်း) ကို သင်မြင်တွေ့လေ့
မရှိဘူးဆိုရင် တစ်ခုသတိရပါ။ သင်တောင် Facebook
မှာ အလှဆုံးပုံ၊ အကောင်းဆုံးအစားအစာ၊ အကောင်းဆုံး
အခိုက်အတန့်တွေကိုပဲ တင်တတ်တယ်ဆိုရင် သူတို့ရော
လူအများမြင်အောင် ဘာတွေချပြမလဲဆိုတာပါ။ တကယ်
တော့ လူအများစုက ရင်ဘတ်ထဲက လောင်နေတဲ့မီးခိုး
တွေစုစည်းပြီး မျက်နှာမှာ အပြုံးတွေဖန်တီးထားတတ်
ကြပါတယ်။
ပြောချင်တဲ့အချက်က ...စိတ်ချမ်းအောင် နေတတ်ထိုင်
တတ်ဖို့ပါ။ အရမ်းလောဘကြီးလာတိုင်း မိမိမှာပိုင်ဆိုင်
တာလေးတွေကို တန်ဖိုးထားဖို့ သတိရပါဦး။ မိမိလို
မနေနိုင်သူတွေအများကြီးရှိ တယ်ဆိုတာသတိရပါ။
ကျွန်တော်ကိုယ်တိုင်လည်း လူထဲကလူဖြစ်ပြီး ရမ္မက်
တွေထဲက အတတ်နိုင်ဆုံး ငြိမ်းချမ်းဖို့ ကြိုးစားနေတဲ့
သူတစ်ယောက်သာဖြစ်ပါတယ်။ မိမိမှာ ရှိတာလေးတွေ
တန်ဖိုးထားတတ်ကြပါစေ။ သင့်ပြဿနာအများစုက
ပြင်ပမှာ တကယ်မရှိပဲ သင့်ခေါင်းထဲမှာ ဖန်တီးထား
တာ ကိုသတိရပါ။
#မိုးရှင်း (I.M.T) ရေးသားသည်။
Photo credit: pinterest
'သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 'ဆိုတဲ့ ကျွန်တော့်စာအုပ်
ကို ဝယ်လို့မရသေးသူများအတွက် ဆဋ္ဌမအကြိမ်
ထပ်ပြီးထုတ်ဝေပေးထားပါတယ်။ Myanmar Heritage
Publication ကနေဖြန့်ဝေပေးနေပြီး ရန်ကုန်မှာဆို
City Mart၊ Oceanအပါအဝင်၊အင်းဝ၊စာပေလော က၊
Tab BookCentre ၊ စာပေနန်းတော်အပြင် အခြား
စာအုပ်ဆိုင်ကြီးများမှာလည်း မှာရနေပါပြီ။
ပုသိမ်မှာဆို ပြုံးချိုစာပေ၊ မန္တလေးမှာဆို နဂါးစာပေ၊
ထွန်းဦးစာပေ၊ စိတ်ကူးချိုချိုတောင်ကြီးမှာဆို မီလျှံနာ
စာပေ၊Student Choiceပြည်မှာဆို သန်းစည်သူ
စာပေ၊ ဟင်္သာတမှာဆို ရွှေမောင်းစာပေ အခြားဒေသ
က ပရိတ်သတ်တွေက မိမိတို့နယ်က စာအုပ်ဆိုင်ကို
Myanmar Heritage Publication (၀၁ ၂၄၃၈၉၃)
ကိုဆက်ခိုင်းပြီး မှာခိုင်းနိုင်ပါတယ်။
လူဆိုတာ တကယ်တော့ ကိုယ့်မှာမရှိတာကို အမြဲအားကျ
တတ်ကြပါတယ်။ Singleသမားတွေကလည်း Coupleတွေ
လို "တစ်ကိုင်းထဲနားတဲ့ငှက်ကလေး
ဆိုပြီး အားကျတတ်ကြပါတယ်။ တစ်ခါတစ်ရံ ငှက်နှစ်ကောင်
မသင့်မမြတ်ဖြစ်ကြရင်းနဲ့ ကိုင်းကျိုးကျပြီး ကွဲပြဲဖြစ်ကြတာကို
သူတို့ မမြင်ကြပါဘူး။ Coupleဖြစ်ပြီး စိတ်မချမ်းသာရတဲ့လူ
တွေကလည်း Singleကို ပြန်အားကျပြန်ပါတယ်။ "တစ်ကိုယ်
တည်းနေပြီး Lonely ဖြစ်တာက ၂ယောက်နေပြီး Lonely"
ဖြစ်တာထက်ပိုကောင်းပါသေးတယ်
တယ်။
အစက ဘာဖုန်းမှ မရှိခင်တုန်းက ခလုတ်ဖုန်းလေးရရင်ကို
ပျော်နေတာ၊ နောက်တော့ သူများတွေပွတ်သလို ပွတ်ချင်
လာတယ်။ ဒါနဲ့ ၂သိန်း ၃သိန်းလောက်ပေးပြီး ဖုန်းကောင်း
တာလေးဝယ်။ အခုကျတော့ ပွတ်တာချင်းအတူတူ ပန်းသီး
ဖုန်းကို လိုချင်လာပြန်တယ်။ သူငယ်ချင်း တစ်ယောက်ပြော
သလိုပြော "တကယ်တော့ မရသေးလိုလိုချင်တာကွတဲ့၊
ရပြီးသွားရင် ချောင်ထိုးထားတာကများတယ်တဲ့
တာလည်း ဟုတ်တော့ဟုတ်သားဗျ။ လူတွေဟာ မရခင်
က အရမ်းလိုချင်ကြပြီး ရလာရင် ချက်ချင်းတော့ စိတ်မကုန်
သေးပေမယ့် အချိန်အတိုင်းအတာ တစ်ခုရောက်ရင်နောက်
ထပ် အသစ်တစ်ခုကို ထပ်လိုချင်လာပါတယ်။ ပစ္စည်း၂ခု
က ဘာမှမကွာရင်တောင် အသစ်ဆိုတာကိုပဲလိုချင်လာ
ကြပါတယ်။
လမ်းလျှောက်နေရတဲ့သူက စက်ဘီးလေး တစ်စီးလောက်
ပိုင်ချင်တယ်၊ စက်ဘီးလေး စီးနေတဲ့သူက ဆိုင်ကယ်လေး
လိုချင်တယ်၊ ဆိုင်ကယ်ရှိတဲ့သူက ကားစီးချင်ပြန်တယ်။
ကားစီးတဲ့သူကလည်း ဘယ်သူ့ကားပိုကောင်းလဲ ပြိုင်ချင်
ပြန်တယ်။ နောက်တော့ ကိုယ်ပိုင် Helicopter စီးချင်လာ
ပြန်တယ်။ သေချာတာက အသက်ရှင်နေသ၍ ရပ်တန့်သွား
ဖို့ မလွယ်ဘူး။
အဆုံးသတ်ပြန်ပြောရရင် လူတွေဟာ ကိုယ့်မှာရှိတဲ့အရာ
တွေကို တန်ဖိုးထားဖို့ အမြဲမေ့လျော့နေပြီး မရှိတဲ့ဟာတွေ
ကို ပိုမိုတမ်းတတတ်ကြပါတယ်။ ချမ်းသာတဲ့ကားကြီးပေါ်
က လူတွေကို လမ်းဘေးက လယ်ကွင်းထဲက လူတွေက
အားကျပြီးကြည့်တတ်ကြပေမယ့် အဲ့ဒီချမ်းသာတဲ့လူတွေ
မှာလည်း ရင်ဘတ်ထဲမှာ အပူလုံးကြီးတွေရှိတတ်ကြပါ
တယ်။ ပိုင်ဆိုင်မှုကြီးလေ လောဘတွေများလာလေလေ၊
အပူတွေများလာလေလေပါပဲ။ ကျွန်တော်ငယ်ငယ်က
အမှတ်မှားခဲ့ဖူးတယ်။ ချမ်းသာတဲ့သူတွေ၊ နာမည်ကြီးတွေ၊
ရုပ်ချောတဲ့သူတွေဟာ အပူအပင်ကင်းမဲ့မယ်လို့ ထင်ခဲ့
ဖူးတယ်။ ၂၄နှစ်ဆိုတဲ့ ဘဝကာလကို ဖြတ်သန်းအပြီးမှာ
တော့ ကျွန်တော်တွေးခဲ့သမျှ တက်တက်စင်အောင်မှား
ကြောင်းသိလိုက်ရပါတယ်။ အားလုံးက သူ့အပူနဲ့သူကြီး
ပါပဲ။ သူ့လောဘနဲ့သူ အသီးသီးလောင်မြိုက်နေကြတာ
ပါ။ မပြီးဆုံးနိုင်တဲ့ရမ္မက်တွေ
နေကြတဲ့သူတွေချည်းပါပဲ။
လူတစ်ယောက်ရဲ့ စိတ်ဆင်းရဲခြင်း (အထူးသဖြင့် အထက်
တန်းစားလူတွေရဲ့ စိတ်ဆင်းရဲခြင်း) ကို သင်မြင်တွေ့လေ့
မရှိဘူးဆိုရင် တစ်ခုသတိရပါ။ သင်တောင် Facebook
မှာ အလှဆုံးပုံ၊ အကောင်းဆုံးအစားအစာ၊ အကောင်းဆုံး
အခိုက်အတန့်တွေကိုပဲ တင်တတ်တယ်ဆိုရင် သူတို့ရော
လူအများမြင်အောင် ဘာတွေချပြမလဲဆိုတာပါ။ တကယ်
တော့ လူအများစုက ရင်ဘတ်ထဲက လောင်နေတဲ့မီးခိုး
တွေစုစည်းပြီး မျက်နှာမှာ အပြုံးတွေဖန်တီးထားတတ်
ကြပါတယ်။
ပြောချင်တဲ့အချက်က ...စိတ်ချမ်းအောင် နေတတ်ထိုင်
တတ်ဖို့ပါ။ အရမ်းလောဘကြီးလာတိုင်း မိမိမှာပိုင်ဆိုင်
တာလေးတွေကို တန်ဖိုးထားဖို့ သတိရပါဦး။ မိမိလို
မနေနိုင်သူတွေအများကြီးရှိ
ကျွန်တော်ကိုယ်တိုင်လည်း လူထဲကလူဖြစ်ပြီး ရမ္မက်
တွေထဲက အတတ်နိုင်ဆုံး ငြိမ်းချမ်းဖို့ ကြိုးစားနေတဲ့
သူတစ်ယောက်သာဖြစ်ပါတယ်။ မိမိမှာ ရှိတာလေးတွေ
တန်ဖိုးထားတတ်ကြပါစေ။ သင့်ပြဿနာအများစုက
ပြင်ပမှာ တကယ်မရှိပဲ သင့်ခေါင်းထဲမှာ ဖန်တီးထား
တာ ကိုသတိရပါ။
#မိုးရှင်း (I.M.T) ရေးသားသည်။
Photo credit: pinterest
'သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့
ကို ဝယ်လို့မရသေးသူများအတွက် ဆဋ္ဌမအကြိမ်
ထပ်ပြီးထုတ်ဝေပေးထားပါတယ်။ Myanmar Heritage
Publication ကနေဖြန့်ဝေပေးနေပြီး ရန်ကုန်မှာဆို
City Mart၊ Oceanအပါအဝင်၊အင်းဝ၊စာပေလော
Tab BookCentre ၊ စာပေနန်းတော်အပြင် အခြား
စာအုပ်ဆိုင်ကြီးများမှာလည်း
ပုသိမ်မှာဆို ပြုံးချိုစာပေ၊ မန္တလေးမှာဆို နဂါးစာပေ၊
ထွန်းဦးစာပေ၊ စိတ်ကူးချိုချိုတောင်ကြီးမှ
စာပေ၊Student Choiceပြည်မှာဆို သန်းစည်သူ
စာပေ၊ ဟင်္သာတမှာဆို ရွှေမောင်းစာပေ အခြားဒေသ
က ပရိတ်သတ်တွေက မိမိတို့နယ်က စာအုပ်ဆိုင်ကို
Myanmar Heritage Publication (၀၁ ၂၄၃၈၉၃)
ကိုဆက်ခိုင်းပြီး မှာခိုင်းနိုင်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။