အဝေးရောက် မြန်မာလူငယ်များ၏ အိမ်အပြန်
========================== ==
ယနေ့လူငယ်များသည် ပုံစံအမျိုးမျိုးဖြင့် နိုင်ငံခြားသို့ သွားနေကြပါသည်။
နိုင်ငံခြားသွားကြသည့် လူငယ်များတွင်ဆွေးနွေးပွဲများ၊ ပြိုင်ပွဲများစသည်များသို့
အသင်းအဖွဲ့/ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ နိုင်ငံ့ကိုယ်စားလှယ်
များအဖြစ်သွားရောက်ကြသူများ ၊ ပညာသင်ဆုရရှိ၍ သော်လည်းကောင်း၊
မိဘကတတ်နိုင်၍ သော်လည်းကောင်း ကျောင်းတက်ကြသူများ နှင့်
အလုပ်လုပ်ကိုင်ရန် သွားကြသူများဟု အကြမ်းအားဖြင့် (၃) မျိုးခွဲခြားနိုင်ပါသည်။
ယခုဆောင်းပါးသည် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကြမည့်
လူငယ်များကို အမြဲတမ်း ပြောဖြစ်နေသည့် စကားလက်ဆောင်များ ဖြစ်ပါသည်။
နိုင်ငံခြားသို့ အလုပ်သွားလုပ်ကြမည့် လူငယ်များကို
အမြဲတမ်းမေးသည့် မေးခွန်း (၄) ခုရှိပါသည်။
(၁) နိုင်ငံခြားကို ဘာကြောင့် အလုပ်သွားလုပ်တာလဲ ?
(၂) ဘယ်လောက်ကြာကြာ နေမှာလဲ ?
(၃) ပိုက်ဆံ ဘယ်လောက် ရအောင် စုမှာလဲ ?
(၄) နိုင်ငံခြားက ပြန်လာရင် မြန်မာပြည်မှာ ဘာလုပ်ငန်း လုပ်မှာလဲ ?
ပထမမေးခွန်း၏ အဖြေမှာ အားလုံးလိုလို အတူတူပင် ဖြစ်ပါသည်၊
အဖြေကားအားလုံးသိကြသည့်အတို င်း ပိုက်ဆံပိုရ
လို့ ဟုဖြေကြပါသည်။ ကျန်မေးခွန်းများကို တိတိကျကျ
ဖြေသူကား အလွန်နည်းပါသည်။
လူငယ်အများစု နိုင်ငံခြားသို့ အလုပ်သွားလုပ် ကြခြင်းမှာ
အမိမြန်မာပြည်ထက် လုပ်ခ လစာငွေ ပိုရသောကြောင့်
ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။
သို့ပါလျှင် နိုင်ငံခြားမှာ
ဘယ်လောက်ကြာကြာနေမှာလဲ ဆိုသည်မှာ လည်း အရေး
ကြီးပါသည်။ ဘဝဆိုသည်မှာ အချိန်ဖြင့် တည်ဆောက် ထားသောကြောင့်
သူ့အသက်အရွယ်အလိုက် ဆောင်ရွက်ရန် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းထားရန် လိုပါသည်။
ပိုက်ဆံပိုရသောကြောင့်၊ အရင်းအနှီးစုဆောင်းလိုသောေ ကြာင့်
နိုင်ငံခြားသို့ သွားရောက်ကာအလုပ်လုပ်ကြခြင်းဖြစ်သည့် အတွက်
မိမိရသည့် လစာအပေါ်မူတည်ကာ ထိုက်သင့်သော ပမာဏ စုဆောင်းနိုင်အောင် ကြိုးစားရပါမည်။
နိုင်ငံခြားက ပြန်လာရင် မြန်မာပြည်မှာ ဘာလုပ်ငန်း လုပ်မှာလဲ ? ”
ဟူသော မေးခွန်းမှာ အထူးအရေးကြီးပါသည်။
တစ်ချို့က စင်္ကာပူ၊ တစ်ချို့ကလည်း မလေးရှား၊ တစ်ချို့ကလည်း ၊
ကာတာ၊ ယူအေအီး စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများ သို့စသည်စသည်ဖြင့်
ဘဝတိုးတက်ရာတိုးတက်ကြောင်းအ တွက် ကမ္ဘာအနှံ့အပြားသို့ မြန်မာပြည်က
ခြေဆန့်ကြပါသည်။
အချိန်ကာလအတန်ကြာတော့ အချို့အချို့သော သူငယ်ချင်းများက
အမိမြန်မာပြည်သို့ပြန်လာကြပါသည်။ ပိုက်ဆံလေးကလည်း
ဖောဖောသီသီ ပါလာတော့ သူငယ်ချင်း အပေါင်းအသင်း ယောင်းရင်းများနှင့်
ပျောပျော်ပါးပါး စားကြသောက်ကြ။
ဒီလိုနဲ့ …… ပါလာတဲ့ပိုက်ဆံ ကုန်တော့ ဘာလုပ်ငန်းမှ လည်း မယ်မယ်ရရ
မလုပ်ဖြစ်ဘဲ မြန်မာပြည်မှာလည်းလုပ်ကိုင် မစားချင်တော့တာရော၊ လုပ်ကိုင် မစားတတ်တာကြောင့်ပါနောက်တစ် ခေါက် ရပ်ဝေးမြေခြား နိုင်ငံခြားကို
ထပ်သွားကြပြန်ပါသည်။
ယခုတင်ပြနေသော အကြောင်းအရာများသည် နိုင်ငံခြားမှ
ပြန်လာသူ အားလုံးကို မဆိုလိုသလို မည်သူ့ကိုမှလည်း ထိခိုက်စေရန်
မရည်ရွယ်ပါ၊ စဉ်းစားတွေးချင့်နိုင်ရန် ဥပမာ တင်ပြခြင်းသာ ဖြစ်ပါသည်၊
စာဖတ်သူများ ကိုယ်တိုင် အထက်ပါ အဖြစ်အပျက်မျိုးကို ပတ်ဝန်းကျင်တွင်
တွေ့ကောင်းတွေ့နိုင် ပါလိမ့်မည်။
နိုင်ငံခြားသို့ သွားရောက် အလုပ်မလုပ်မီကပင် ပြန်လာသောအခါ
မည်သည့် လုပ်ငန်း လုပ်မည်ကို ကြိုတင်ပြင်ဆင်သင့်ပါသည်။
ပိုက်ဆံမရှိသေးလို့ပါ၊ ပိုက်ဆံရှိလျှင်မည်သည့်လုပ် ငန်းမဆို လုပ်ကိုင်နိုင်သည်ဟု
အချို့ကပြောပါလိမ့်မည်။
ပိုက်ဆံရှိလျှင် လုပ်ချင်သော မည်သည့်လုပ်ငန်းကိုမဆို
လုပ်နိုင်သည်မှာ မှန်သော်လည်း ထမင်းမချက်တတ်ဘဲ အိမ်ဖော်ငှားလျှင်
တစ်လ အသုံးစရိတ်အမှန်ကိုမသိနိုင် သောကြောင့် ရိုးသားသူနှင့် တွေ့လျှင် အခက်အခဲ မတွေ့နိုင်သော်လည်း မရိုးသားသူနှင့် တွေ့လျှင် မည်သို့ဖြစ်နိုင်သည်ကို အထူးပြောစရာ လိုမည်မထင်ပါ။
မိမိလုပ်လိုသော လုပ်ငန်းအမျိုးအစားကို လက်ဘက်ရည်ဆိုင်၊ ဖက်ရှင်ဆိုင်၊
ဖိနပ်ဆိုင်၊ မိတ္တူဆိုင်၊ ဓါတ်ပုံဆိုင် စသည်ဖြင့် ပထမဦးဆုံး တိတိကျကျ
ရွေးချယ်ရန် လိုပါသည်။
ဆက်လက်ပြီး
မည်သည့်နေရာတွင် လုပ်လိုသည်ကို လည်း
ထည့်သွင်းစဉ်းစားရပါမည်၊ လုပ်ကိုင်မည့် နေရာအပေါ်တွင် မူတည်ကာ
ရင်နှီးမြှပ်နှံမှု ပမာဏများ၊ စရိတ်များ မတူညီနိုင်ပါ။
လိုအပ်သည့် အရင်းအနှီး ပမာဏကို အနီးစပ်ဆုံး တွက်ချက်ရပါမည်။
သို့မှသာ နိုင်ငံခြားမှာ ဘယ်လောက်ကြာ ကြာနေပြီး ဘယ်လောက်ရအောင်
စုဆောင်းရမည်ကို မိမိကိုယ်ကို အမြဲတမ်းသတိပေးနေရပါမည်။
( လိုအပ်သော အရင်းအနှီး ပမာဏ မပြည့်နိုင်လျှင်လည်း စုဆောင်းမိသော
ပမာဏဖြင့်မည်သို့ အခြေအနေက စတင်ရမည်ကိုလည်း ထည်းသွင်းစဉ်းစားထားရပါမည်။ )
ဆက်လက်ပြီး မိမိလုပ်လိုသောလုပ်ငန်းအတွက် နိုင်ငံခြားတွင် အလုပ်
လုပ်ကိုင်နေစဉ် ကာလကတည်းကပင် အမိမြေသို့ ပြန်ရောက်လာချိန်အထိ
လိုအပ်သည်များကို အမြဲမပြတ် လေ့လာမှတ်သားနေရပါမည်။ မိမိပတ်ဝန်းကျင်တွင်ရှိသော အောင်မြင်နေသောလုပ်ငန်းများ တွင် မိမိလုပ်ကိုင်လိုသော
လုပ်ငန်းများ၏ ကောင်းနိုးရာရာ၊ အတုယူဖွယ်ရာ လုပ်ငန်းအတွက် ပြင်ဆင်မှု၊
လုပ်ငန်းစဉ်များကို သေသေချာချာလေ့လာမှတ်သားကာ ကိုယ်တိုင် ဆောင်ရွက်ချိန်တွင် အသုံးချနိုင်အောင် ကြိုတင်ပြင်ဆင်ထားရပါမည်။
စတင်လုပ်ကိုင်မည့် အချိန်တွင် မိမိအခြေချ လုပ်ကိုင်မည့်
လုပ်ငန်းနယ်ပယ်တွင် ဈေးကွက်ရရှိပြီး ဖြစ်သောလုပ်ငန်းတစ်ခု၏
အောင်မြင်မှုအနေအထား၊ စာသုံးသူကို မည်သို့
ဝန်ဆောင်မှုပေးသည် များကိုလည်း အသေးစိတ်
အချိန်ယူကာ လေ့လာရပါမည်။
ဥပမာ လက်ဘက်ရည်ဆိုင် တစ်ဆိုင် လှည်းတန်းမှာ
လက်ဘက်ရည်ဆိုင် ဖွင့်လိုပါလျှင် မိမိနိုင်ငံခြားမှာ နေထိုင်စဉ်ကတည်းက
မိမိပတ်ဝန်းကျင်တွင်အဆိုပါလုပ်ငန်းမျိုးတွင် အောင်မြင်နေသူများ၏
ဆောင်ရွက်ပုံကို ကြိုတင်လေ့လာထားရမည် ဖြစ်သလို လှည်းတန်းတွင်
အောင်မြင်နေသော လက်ဘက်ရည်ဆိုင်၏
အောင်မြင်ရသော အကြောင်းရင်းကိုလည်း အသေးစိတ် လေ့လာရပါမည်။
အချို့ကနေရာထိုင်ခင်း ကောင်းသောကြောင့် အောင်မြင်သည်၊ အချို့ အစားအသောက် ကောင်း၍ အောင်မြင်သည်၊ အချို့က
ဆက်ဆံရေးကြောင့်အောင်မြင်သည်၊ ထိုအချက်များကိုလေ့လာကာ
မိမိဆိုင်ကိုမည်သည့်အကြောင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်
မည်ကို မိမိအတွေ့အကြုံ လေ့လာမှတ်သားမှုများကို အခြေခံကာ တွေးတောကြံဆ ပြင်ဆင်ရပါမည်။
မိမိလုပ်ကိုင်လိုသော လုပ်ငန်း၏ ဈေးကွက် အနေအထားကိုလည်း
စဉ်ဆက်မပြတ် စောင့်ကြည့်နေရန်လိုအပ်ပါသည်။
မိမိလုပ်ကိုင်မည့် လုပ်ငန်းကို မည်သို့စီမံခန့်ခွဲမည်၊ ဈေးကွက် ဝေစု
ရအောင် မည်သို့ထိုးဖောက်မည် စသည်များကို
လုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များကို ဘက်ပေါင်းစုံမှ \
အသေးစိတ်ကြိုတင်ပြင်ဆင်ထား ရပါမည်။ “
…… ခါနီးမှ …… ရှာသည်” ဟူသော စကားကဲ့သို့ ပိုက်ဆံရမှ
ဘာလုပ်ရင်ကောင်းမလဲစဉ်းစားေ နရင်… လုပ်ကိုင်လို
သော လုပ်ငန်းကို စဉ်းစားထားသော်လည်း လုပ်ငန်းအကြောင်း
ဈေးကွက်အနေအထားကိုကြိုတင် မပြင်ဆင်ထား
လျှင် …… လုပ်ငန်းအောင်မြင်ရာခိုင်နှု န်းမှာ အလွန်နည်းပါလိမ့်မည်။
ယခုဆောင်းပါးသည် ရပ်ဝေးမြေခြား နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေကြသူများကို အဓိကရည်ရွယ်သော်လည်း ပြည်တွင်းတွင်ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသော
လူငယ်များကိုလည်း ရည်ရွယ်ပါသည်။ မြန်မာလူငယ်များ အားလုံး မိမိလုပ်ချင်သော
လုပ်ငန်းကို ကြိုတင်ပြင်ဆင်လေ့လာကာ အောင်အောင်မြင်မြင်
ဆောင်ရွက်နိုင်ကြပါစေကြောင်း ရည်ရွယ် ရေးသားလိုက်ပါသည်။
Yati Netpumchee Athinchay
==========================
ယနေ့လူငယ်များသည် ပုံစံအမျိုးမျိုးဖြင့် နိုင်ငံခြားသို့ သွားနေကြပါသည်။
နိုင်ငံခြားသွားကြသည့် လူငယ်များတွင်ဆွေးနွေးပွဲမျ
အသင်းအဖွဲ့/ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ နိုင်ငံ့ကိုယ်စားလှယ်
များအဖြစ်သွားရောက်ကြသူများ
မိဘကတတ်နိုင်၍ သော်လည်းကောင်း ကျောင်းတက်ကြသူများ နှင့်
အလုပ်လုပ်ကိုင်ရန် သွားကြသူများဟု အကြမ်းအားဖြင့် (၃) မျိုးခွဲခြားနိုင်ပါသည်။
ယခုဆောင်းပါးသည် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကြမည့်
လူငယ်များကို အမြဲတမ်း ပြောဖြစ်နေသည့် စကားလက်ဆောင်များ ဖြစ်ပါသည်။
နိုင်ငံခြားသို့ အလုပ်သွားလုပ်ကြမည့် လူငယ်များကို
အမြဲတမ်းမေးသည့် မေးခွန်း (၄) ခုရှိပါသည်။
(၁) နိုင်ငံခြားကို ဘာကြောင့် အလုပ်သွားလုပ်တာလဲ ?
(၂) ဘယ်လောက်ကြာကြာ နေမှာလဲ ?
(၃) ပိုက်ဆံ ဘယ်လောက် ရအောင် စုမှာလဲ ?
(၄) နိုင်ငံခြားက ပြန်လာရင် မြန်မာပြည်မှာ ဘာလုပ်ငန်း လုပ်မှာလဲ ?
ပထမမေးခွန်း၏ အဖြေမှာ အားလုံးလိုလို အတူတူပင် ဖြစ်ပါသည်၊
အဖြေကားအားလုံးသိကြသည့်အတို
လို့ ဟုဖြေကြပါသည်။ ကျန်မေးခွန်းများကို တိတိကျကျ
ဖြေသူကား အလွန်နည်းပါသည်။
လူငယ်အများစု နိုင်ငံခြားသို့ အလုပ်သွားလုပ် ကြခြင်းမှာ
အမိမြန်မာပြည်ထက် လုပ်ခ လစာငွေ ပိုရသောကြောင့်
ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။
သို့ပါလျှင် နိုင်ငံခြားမှာ
ဘယ်လောက်ကြာကြာနေမှာလဲ ဆိုသည်မှာ လည်း အရေး
ကြီးပါသည်။ ဘဝဆိုသည်မှာ အချိန်ဖြင့် တည်ဆောက် ထားသောကြောင့်
သူ့အသက်အရွယ်အလိုက် ဆောင်ရွက်ရန် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းထားရန် လိုပါသည်။
ပိုက်ဆံပိုရသောကြောင့်၊ အရင်းအနှီးစုဆောင်းလိုသောေ
နိုင်ငံခြားသို့ သွားရောက်ကာအလုပ်လုပ်ကြခြင်
မိမိရသည့် လစာအပေါ်မူတည်ကာ ထိုက်သင့်သော ပမာဏ စုဆောင်းနိုင်အောင် ကြိုးစားရပါမည်။
နိုင်ငံခြားက ပြန်လာရင် မြန်မာပြည်မှာ ဘာလုပ်ငန်း လုပ်မှာလဲ ? ”
ဟူသော မေးခွန်းမှာ အထူးအရေးကြီးပါသည်။
တစ်ချို့က စင်္ကာပူ၊ တစ်ချို့ကလည်း မလေးရှား၊ တစ်ချို့ကလည်း ၊
ကာတာ၊ ယူအေအီး စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများ
ဘဝတိုးတက်ရာတိုးတက်ကြောင်းအ
ခြေဆန့်ကြပါသည်။
အချိန်ကာလအတန်ကြာတော့ အချို့အချို့သော သူငယ်ချင်းများက
အမိမြန်မာပြည်သို့ပြန်လာကြပ
ဖောဖောသီသီ ပါလာတော့ သူငယ်ချင်း အပေါင်းအသင်း ယောင်းရင်းများနှင့်
ပျောပျော်ပါးပါး စားကြသောက်ကြ။
ဒီလိုနဲ့ …… ပါလာတဲ့ပိုက်ဆံ ကုန်တော့ ဘာလုပ်ငန်းမှ လည်း မယ်မယ်ရရ
မလုပ်ဖြစ်ဘဲ မြန်မာပြည်မှာလည်းလုပ်ကိုင်
ထပ်သွားကြပြန်ပါသည်။
ယခုတင်ပြနေသော အကြောင်းအရာများသည် နိုင်ငံခြားမှ
ပြန်လာသူ အားလုံးကို မဆိုလိုသလို မည်သူ့ကိုမှလည်း ထိခိုက်စေရန်
မရည်ရွယ်ပါ၊ စဉ်းစားတွေးချင့်နိုင်ရန် ဥပမာ တင်ပြခြင်းသာ ဖြစ်ပါသည်၊
စာဖတ်သူများ ကိုယ်တိုင် အထက်ပါ အဖြစ်အပျက်မျိုးကို ပတ်ဝန်းကျင်တွင်
တွေ့ကောင်းတွေ့နိုင် ပါလိမ့်မည်။
နိုင်ငံခြားသို့ သွားရောက် အလုပ်မလုပ်မီကပင် ပြန်လာသောအခါ
မည်သည့် လုပ်ငန်း လုပ်မည်ကို ကြိုတင်ပြင်ဆင်သင့်ပါသည်။
ပိုက်ဆံမရှိသေးလို့ပါ၊ ပိုက်ဆံရှိလျှင်မည်သည့်လုပ်
အချို့ကပြောပါလိမ့်မည်။
ပိုက်ဆံရှိလျှင် လုပ်ချင်သော မည်သည့်လုပ်ငန်းကိုမဆို
လုပ်နိုင်သည်မှာ မှန်သော်လည်း ထမင်းမချက်တတ်ဘဲ အိမ်ဖော်ငှားလျှင်
တစ်လ အသုံးစရိတ်အမှန်ကိုမသိနိုင်
မိမိလုပ်လိုသော လုပ်ငန်းအမျိုးအစားကို လက်ဘက်ရည်ဆိုင်၊ ဖက်ရှင်ဆိုင်၊
ဖိနပ်ဆိုင်၊ မိတ္တူဆိုင်၊ ဓါတ်ပုံဆိုင် စသည်ဖြင့် ပထမဦးဆုံး တိတိကျကျ
ရွေးချယ်ရန် လိုပါသည်။
ဆက်လက်ပြီး
မည်သည့်နေရာတွင် လုပ်လိုသည်ကို လည်း
ထည့်သွင်းစဉ်းစားရပါမည်၊ လုပ်ကိုင်မည့် နေရာအပေါ်တွင် မူတည်ကာ
ရင်နှီးမြှပ်နှံမှု ပမာဏများ၊ စရိတ်များ မတူညီနိုင်ပါ။
လိုအပ်သည့် အရင်းအနှီး ပမာဏကို အနီးစပ်ဆုံး တွက်ချက်ရပါမည်။
သို့မှသာ နိုင်ငံခြားမှာ ဘယ်လောက်ကြာ ကြာနေပြီး ဘယ်လောက်ရအောင်
စုဆောင်းရမည်ကို မိမိကိုယ်ကို အမြဲတမ်းသတိပေးနေရပါမည်။
( လိုအပ်သော အရင်းအနှီး ပမာဏ မပြည့်နိုင်လျှင်လည်း စုဆောင်းမိသော
ပမာဏဖြင့်မည်သို့ အခြေအနေက စတင်ရမည်ကိုလည်း ထည်းသွင်းစဉ်းစားထားရပါမည်။
ဆက်လက်ပြီး မိမိလုပ်လိုသောလုပ်ငန်းအတွက
လုပ်ကိုင်နေစဉ် ကာလကတည်းကပင် အမိမြေသို့ ပြန်ရောက်လာချိန်အထိ
လိုအပ်သည်များကို အမြဲမပြတ် လေ့လာမှတ်သားနေရပါမည်။ မိမိပတ်ဝန်းကျင်တွင်ရှိသော အောင်မြင်နေသောလုပ်ငန်းများ
လုပ်ငန်းများ၏ ကောင်းနိုးရာရာ၊ အတုယူဖွယ်ရာ လုပ်ငန်းအတွက် ပြင်ဆင်မှု၊
လုပ်ငန်းစဉ်များကို သေသေချာချာလေ့လာမှတ်သားကာ ကိုယ်တိုင် ဆောင်ရွက်ချိန်တွင် အသုံးချနိုင်အောင် ကြိုတင်ပြင်ဆင်ထားရပါမည်။
စတင်လုပ်ကိုင်မည့် အချိန်တွင် မိမိအခြေချ လုပ်ကိုင်မည့်
လုပ်ငန်းနယ်ပယ်တွင် ဈေးကွက်ရရှိပြီး ဖြစ်သောလုပ်ငန်းတစ်ခု၏
အောင်မြင်မှုအနေအထား၊ စာသုံးသူကို မည်သို့
ဝန်ဆောင်မှုပေးသည် များကိုလည်း အသေးစိတ်
အချိန်ယူကာ လေ့လာရပါမည်။
ဥပမာ လက်ဘက်ရည်ဆိုင် တစ်ဆိုင် လှည်းတန်းမှာ
လက်ဘက်ရည်ဆိုင် ဖွင့်လိုပါလျှင် မိမိနိုင်ငံခြားမှာ နေထိုင်စဉ်ကတည်းက
မိမိပတ်ဝန်းကျင်တွင်အဆိုပါလ
ဆောင်ရွက်ပုံကို ကြိုတင်လေ့လာထားရမည် ဖြစ်သလို လှည်းတန်းတွင်
အောင်မြင်နေသော လက်ဘက်ရည်ဆိုင်၏
အောင်မြင်ရသော အကြောင်းရင်းကိုလည်း အသေးစိတ် လေ့လာရပါမည်။
အချို့ကနေရာထိုင်ခင်း ကောင်းသောကြောင့် အောင်မြင်သည်၊ အချို့ အစားအသောက် ကောင်း၍ အောင်မြင်သည်၊ အချို့က
ဆက်ဆံရေးကြောင့်အောင်မြင်သည
မိမိဆိုင်ကိုမည်သည့်အကြောင
မည်ကို မိမိအတွေ့အကြုံ လေ့လာမှတ်သားမှုများကို အခြေခံကာ တွေးတောကြံဆ ပြင်ဆင်ရပါမည်။
မိမိလုပ်ကိုင်လိုသော လုပ်ငန်း၏ ဈေးကွက် အနေအထားကိုလည်း
စဉ်ဆက်မပြတ် စောင့်ကြည့်နေရန်လိုအပ်ပါသည
မိမိလုပ်ကိုင်မည့် လုပ်ငန်းကို မည်သို့စီမံခန့်ခွဲမည်၊ ဈေးကွက် ဝေစု
ရအောင် မည်သို့ထိုးဖောက်မည် စသည်များကို
လုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များကို ဘက်ပေါင်းစုံမှ \
အသေးစိတ်ကြိုတင်ပြင်ဆင်ထား ရပါမည်။ “
…… ခါနီးမှ …… ရှာသည်” ဟူသော စကားကဲ့သို့ ပိုက်ဆံရမှ
ဘာလုပ်ရင်ကောင်းမလဲစဉ်းစားေ
သော လုပ်ငန်းကို စဉ်းစားထားသော်လည်း လုပ်ငန်းအကြောင်း
ဈေးကွက်အနေအထားကိုကြိုတင် မပြင်ဆင်ထား
လျှင် …… လုပ်ငန်းအောင်မြင်ရာခိုင်နှု
ယခုဆောင်းပါးသည် ရပ်ဝေးမြေခြား နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေကြသူများကိ
လူငယ်များကိုလည်း ရည်ရွယ်ပါသည်။ မြန်မာလူငယ်များ အားလုံး မိမိလုပ်ချင်သော
လုပ်ငန်းကို ကြိုတင်ပြင်ဆင်လေ့လာကာ အောင်အောင်မြင်မြင်
ဆောင်ရွက်နိုင်ကြပါစေကြောင်
Yati Netpumchee Athinchay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။