Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 30, 2014

မ၀လွန်း မပိန်လွန်းစေဖို့

မ၀လွန်း မပိန်လွန်းစေဖို့
ဆရာသုတ
JOB seekers Vol.3,No.7
ပုံပြင်တွေထဲမှာ အကြိုက်ဆုံးကတော့ ဆိတ်ကို အစာဝအောင် ကျွေးတဲ့ ပုံပြင်ပါ။ တစ်ခါက ရွာတစ်ရွာမှာ စိတ်ကောင်းမရှိတဲ့ သူဌေးကြီး တစ်ဦးက သူ့ဆီက ငွေချေးထားပြီး ပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေတဲ့ ဆင်းရဲသား လယ်သမားတွေနဲ့ အလောင်းအစား လုပ်ပါသတဲ့။ သူမွေး ထားတဲ့ ဆိတ်တွေထဲက တစ်ကောင်ကို ၃ရက်ယူထားပြီး အစာဝအောင် ကျွေး၊ ၃ရက်ပြည့်လို့ ဆိတ်ကအစာဝသွားရင် သူ့ဆီက လယ်သမားက ယူထားတဲ့ ကြွေးတွေကို လျော်ပစ်ပေးမယ်။ ၃ရက်ပြည့်လို့ ဆိတ်က အစာမ၀ရင်တော့ လယ်သမားပိုင်တဲ့ လယ်ကို သိမ်းမယ်လို့ အလောင်း အစားလုပ်တာဖြစ်ပါတယ်။ အဲဒီမှာ ပထမ လယ်သမား နှစ်ယောက်က သူဌေးရဲ့ ဆိတ်ကို အိမ်ခေါ်သွားပြီး ၃ရက်လုံး အစာအ၀ကြွေးတယ်။ ၃ရက်လည်း ပြည့်ရော သူဌေးရှေ့ရောက်တော့ သူဌေးက ဆိတ်ကို မြက် တစ်ဆုပ် ချကျွေးလိုက်တာ ဆိတ်က စားသေးတာပဲ။ အဲဒီမှာ ဆိတ် အစာမ၀သေးဘူးဆိုပြီး လယ်သမားရဲ့ လယ်ကို သူဌေးက သိမ်းလိုက် တာပါပဲ။ အဲဒီမှာ သူဌေးလည်း သူ့နည်းလမ်းကို အရမ်းသဘောကျပြီး နောက်ထပ် ဘယ်သူ လောင်းရဲသေးသလဲလို့ စိန်ခေါ်တာ ဘယ်သူမှ မလောင်းရဲတော့လို့ လောင်းကြေးကို တိုးပြီး ဆိတ်ကို အစာဝအောင် ကျွေးနိုင်ရင် အကြွေးတွေကို လျော်ပစ်ရုံတင်မကဘူး၊ လယ် ၁၀ ဧကပါ ပေးဦးမယ်လို့ ဆင်းရဲသားလယ်သမားတွေကို စိန်ခေါ်ပါတယ်။
အဲဒီမှာ အဖြစ်အပျက်တွေကို အစအဆုံးမြင်ပြီး သင်ခန်းစာယူထား တဲ့ လယ်သမားတစ်ယောက်က သူဌေးစိန်ခေါ်တာကို လက်ခံပြီး သူဌေးရဲ့ ဆိတ်ကို ခေါ်သွားပါတယ်။ ဆိတ်က မြက်ကျွေးရင် ဘယ်လိုမဆို စားမှာ ပဲဆိုတော့ အရင် လယ်သမားနှစ်ယောက်လို ချဉ်းကပ်ပုံနဲ့ကတော့ မဖြစ် ဘူး။ ဒါပေမဲ့ သူဌေးက ဆိတ်ကို မြက်ချကျွေးတော့မယ်ဆိုတာ သိထားတဲ့ အတွက် မြက်ကြိုက်တတ်တဲ့ ဆိတ်က မြက်မစားချင် ဖြစ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ၃ရက် လုံးလုံး ဆိတ်ကို မြက်ချကျွေးလိုက်၊ ဆိတ်က စားမလို့ လုပ်ရင် တုတ်တစ် ချောင်းနဲ့ ရိုက်လွှတ်လိုက်၊ ဆိတ်က ထွက်ပြေးသွားလိုက်၊ ခဏနေရင် ဆိတ်ကို မြက်ချကျွေးလိုက်၊ ဆိတ်က စားမလို့ လုပ်ရင် တုတ်တစ်ချောင်း နဲ့ ရိုက်လွှတ်လိုက်၊ ဆိတ်က ထွက်ပြေးသွားလိုက်၊ အဲဒါပဲ ၃ရက်လုံး လုပ်နေတယ်။ ၃ရက်ပြည့်လို့ သူဌေးရှေ့လည်း ရောက်ရော ထုံးစံအတိုင်း သူဌေးက ဆိတ်ကို မြက်ချကျွေးတာမှာ ဆိတ်က တစ်ချိုးတည်း ထွက်ပြေး သွားပါတယ်။ အဲဒီမှာ ၀ိုင်းကြည့်နေတဲ့ ရွာသူရွာသားတွေအားလုံးက ဆိတ်အစာဝလို့ ထွက်ပြေးသွားပြီလို့ ၀ိုင်းပြောကြတဲ့အတွက် သူဌေးအရှုံး ပေးလိုက်ရပါတယ်။ အကြံကောင်းတဲ့ တတိယလယ်သမားလည်း သူဌေး ကို အကြွေးတွေ လျော်ပစ်ခိုင်းပြီး သူဌေးဆီက ရလာတဲ့ လယ် ၁၀ဧက ထဲက ပထမလယ်သမားနှစ်ယောက်ရဲ့ လယ်တွေကို ပြန်ပေးလိုက်ပါ သတဲ့။
ဒီပုံပြင်ကလေးကို နည်းမှီးပြီး အစားလျှော့စားတဲ့ နည်းလမ်းနဲ့ ပိန် အောင်လုပ်ချင်သူတွေ အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်။ အစားတစ် လုပ်စားတိုင်း ဘေးကနေ တုတ်နဲ့ ရိုက်ပေးလို့ တစ်ယောက်ယောက်ကို ခိုင်းထားဖို့ မဟုတ်ပါဘူး။ ရေဖြစ်ဖြစ်၊ ချွေးထွက်များတဲ့အခါဆိုရင် သီးစုံဓာတ်ဆားဖြစ်ဖြစ်၊ သံပုရာရည်ဖြစ်ဖြစ်၊ အခြား ကယ်လိုရီမများတဲ့ သောက်စရာ တစ်ခုခုဖြစ်ဖြစ် အသင့်ဆောင်ထားပြီး ထမင်းစားတဲ့အခါ တစ်လုပ်နှစ်လုပ် စားလိုက် ရေ (ဒါမှမဟုတ် သောက်စရာ)ကို နည်းနည်း သောက်လိုက် လုပ်ဖို့ ဖြစ်ပါတယ်။ အဲဒီအခါ လေးငါးလုပ်စားလိုက်တာနဲ့ ရေကလည်း လေးငါးလုပ်သောက်ပြီးသွားလို့ ၀ သလို ခံစားရပြီး ထပ် မစားဘဲ နေနိုင်မှာ ဖြစ်ပါတယ်။ ခဏနေလို့ ထပ်ဆာလာရင် တစ်လုပ် နှစ်လုပ် စားလိုက် ရေ (ဒါမှမဟုတ် သောက်စရာ) နည်းနည်း သောက် လိုက် ထပ်လုပ်ရပါမယ်။ အဲဒီလို နည်းနည်းဒုက်္ခခံပြီး ရေသောက်တာများ လို့ ဆီးသွားချင်ရင်သွား၊ ခဏခဏ နည်းနည်းစီ စားနေရင် ရက်ပိုင်း အတွင်း ဒါမှမဟုတ် တစ်ပတ် နှစ်ပတ်အတွင်း အစာအိမ် နည်းနည်း သေးသွားပြီး ရေအများကြီးသောက်စရာမလိုဘဲ နည်းနည်းစားတာနဲ့ ၀ သွားမှာ ဖြစ်ပါတယ်။ ခဏခဏလည်း စားစရာမလိုတော့ဘဲ အဆင်ပြေ သွားနိုင်ပါတယ်။ အစားအသောက်ကို အလွယ်တကူ မလျှော့နိုင်တဲ့ အ၀ လွန်နေသူတွေ ဒီနည်းနဲ့ တစ်လအတွင်း ၁၀ပေါင် ၁၅ပေါင်လောက် ကျသွားနိုင်တာမို့ နည်းလမ်းကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အစကတည်းက အစားနည်းပြီးသားသူတွေအတွက်ကတော့ ထိရောက် မှာ မဟုတ်ပါဘူး။
အလုပ်ရှာနေတဲ့ လူငယ်တွေနဲ့ အလုပ်ရခါစ အတွေ့အကြုံနဲ့ အသိ ပညာကျွမ်းကျင်မှုတွေ ဆည်းပူးရှာမှီးနေဆဲ လူငယ်တွေအတွက် မ၀လွန်း မပိန်လွန်း သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိဖို့ကလည်း အရေးကြီးပါ တယ်။ မ၀လွန်း မပိန်လွန်း သင့်တော်တဲ့ ကိုယ်အလေးချိန် ရှိမှ အသက် ရှည် ကျန်းမာမှာ ဖြစ်တဲ့အပြင် ၀လွန်းခြင်း ပိန်လွန်းခြင်းဟာ အလုပ်ထဲမှာ အောင်မြင်မှုရဖို့နဲ့ လူမှုဆက်ဆံရေး အဆင်ပြေဖို့ အနည်းနဲ့အများ အဟန့် အတားဖြစ်တတ်ပါတယ်။ ဘယ်အလုပ်ရှင်မဆို အခြားအရည်အချင်းတွေ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင်မှုတွေ တူညီနေတယ်ဆိုရင် ၀လွန်း ပိန် လွန်းသူတွေထက် မ၀လွန်း မပိန်လွန်း ကြည့်ပျော် ရှုပျော် ရှိသူတွေကို ခန့်ချင်မှာ ဖြစ်ပါတယ်။ ဘယ်သူမဆို အခြားအချက်တွေ အားလုံး မတိမ် မယိမ်းဆိုရင် မ၀လွန်း မပိန်လွန်း ကြည့်ပျော် ရှုပျော် ရှိသူတွေနဲ့ ပိုပြီး ပေါင်းသင်းဆက်ဆံချင်မှာ ဖြစ်ပါတယ်။ ခွဲခြားဆက်ဆံမှု မရှိစေရဘူး၊ တန်းတူရည်တူဖြစ်စေရမယ် စသည်ဖြင့် ဘယ်လိုပဲ ပြောနေနေ၊ စာရွက် ပေါ်မှာ မူဝါဒတွေ စည်းမျဉ်းတွေကို ဘယ်လိုပဲ ရေးထားရေးထား အလုပ်ရှင်တွေ၊ ပေါင်းသင်းဆက်ဆံရတဲ့ မိတ်ဆွေ သူငယ်ချင်း လုပ်ဖော် ကိုင်ဖက်တွေက လူတွေပဲဖြစ်လို့ လူ့သဘာဝ အမူအကျင့်တွေကတော့ ကောင်းတာရော ဆိုးတာရော မသိမသာ တစ်မျိုး၊ သိသိသာသာ တစ်မျိုး အကျိုးသက်ရောက်မှု ရှိမှာပဲဖြစ်ပါတယ်။
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။