{ The Power Of Words }
သူတောင်းစားအဖိုးအိုတစ်ယောက် လမ်းမကြီးဘေး
ထိုင်နေသည်။သူ့ရှေ့တွင် စတီးခွက်တစ်ခွက်ရှိသည်။
ခွက်ထဲတွင် အကြွေစေ့ သုံးလေးငါးစေ့ရှိသည်။
သူ၏ ညာဘက်ဘေးတွင် စာရွက်ပြားကြီးတစ်ခု
ထောင်ထားသည်။စာရွက်ပေါ်တွင်
" I AM BLIND
PLEASE HELP "
် ဟု ရေးထားသည်။သူသည်မျက်မမြင်
တစ်ယောက်ဖြစ်၍ သူတစ်ပါး ခွက်ထဲသို့အကြွေစေ့
ပစ်ထည့်လာမည့် အသံကို နားစွင့်နေသည်။ခွက်ထဲသို့
အကြွေစေ့ကျလာသံကို ကြာကြာနေမှ တစ်ခါ ကြားရ
သည်။
စတိုင်ကျကျ အမျိုးသမီးတစ်ယောက်သူတောင်း
စားအဖိုးအိုရှေ့ အမှတ်တမဲ့ ဖြတ်လျှောက်သွား
သည်။သို့သော် ထိုအမျိုးသမီးသည် သူ့နောက်ကျန်
ခဲ့သော အဖိုးအိုကို သမင်လည်ပြန်ကြည့်လိုက်
သည်။ထို့နောက် အဖိုးအိုအနားသွားပြီး စာရွက်
ပြားကြီးကို ယူလိုက်သည်။သူ၏ စလင်းဘက်အိတ်ထဲ
မှ ဆော့ဖ်ပန်ကို ထုတ်ပြီး စာရွက်၏အခြားတစ်ဖက်၌
စာရေးလိုက်သည်။ပြီးနောက် အဖိုးအိုထောင်
ထားသည့် နဂိုမူလအတိုင်း စာရွက်ကို ထောင်ထား
လိုက်သည်။ထိုအမျိုးသမီးက ပြုံး၍ သူသွားမည့်လမ်း
အတိုင်း ဆက်၍သွားသည်။
အမျိုးသမီးထွက်သွားပြီး တအောင့်အကြာ၌
ခွက်ထဲသို့ အကြွေစေ့ကျသံ ခဏခဏကြားနေရသည်။
ထိုအမျိုးသမီးက စာရွက်ပေါ်မှာ ဘာတွေများရေးထား
လို့ လူတွေက သူတောင်းစားအဖိုးအို၏ခွက်ထဲ ကို
အကြွေစေ့များ ရက်ရက်ရောရော ပေးကမ်းနေပါလိမ့်။
သိချင်စရာပင်။
နောက်နှစ်နာရီခန့်အကြာ၌ ထိုအမျိုးသမီး အဖိုး
အိုနားပြန်ရောက်လာသည်။အသွား တုန်းက အဖိုးအို
၏ခွက်ထဲတွင် အကြွေစေ့လေးငါးစေ့သာရှိသော် လည်း
အခုအချိန်တွင် ခွက်ထဲ၌ အကြွေစေ့များပြည့်နေသည်။
ထိုအမျိုးသမီးက ကျေနပ်စွာပြုံးပြီး အဖိုးအိုကိုတစ်ချက်
ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။
အဖိုးအိုဘေးနားရှိ ထောင်ထားသောစာရွက်ပြား
ပေါ်တွင် အောက်ပါစာတန်းကို တွေ့ရသည်။
" IT'S A
BEAUTIFUL DAY
AND I CAN'T
SEE IT "
ဦးတိုးအောင်
( YouTube မှ Inspirational Short Film
အား ခံစားတင်ပြသည် )
သူတောင်းစားအဖိုးအိုတစ်ယောက
ထိုင်နေသည်။သူ့ရှေ့တွင် စတီးခွက်တစ်ခွက်ရှိသည်။
ခွက်ထဲတွင် အကြွေစေ့ သုံးလေးငါးစေ့ရှိသည်။
သူ၏ ညာဘက်ဘေးတွင် စာရွက်ပြားကြီးတစ်ခု
ထောင်ထားသည်။စာရွက်ပေါ်တွင်
" I AM BLIND
PLEASE HELP "
် ဟု ရေးထားသည်။သူသည်မျက်မမြင်
တစ်ယောက်ဖြစ်၍ သူတစ်ပါး ခွက်ထဲသို့အကြွေစေ့
ပစ်ထည့်လာမည့် အသံကို နားစွင့်နေသည်။ခွက်ထဲသို့
အကြွေစေ့ကျလာသံကို ကြာကြာနေမှ တစ်ခါ ကြားရ
သည်။
စတိုင်ကျကျ အမျိုးသမီးတစ်ယောက်သူတောင်း
စားအဖိုးအိုရှေ့ အမှတ်တမဲ့ ဖြတ်လျှောက်သွား
သည်။သို့သော် ထိုအမျိုးသမီးသည် သူ့နောက်ကျန်
ခဲ့သော အဖိုးအိုကို သမင်လည်ပြန်ကြည့်လိုက်
သည်။ထို့နောက် အဖိုးအိုအနားသွားပြီး စာရွက်
ပြားကြီးကို ယူလိုက်သည်။သူ၏ စလင်းဘက်အိတ်ထဲ
မှ ဆော့ဖ်ပန်ကို ထုတ်ပြီး စာရွက်၏အခြားတစ်ဖက်၌
စာရေးလိုက်သည်။ပြီးနောက် အဖိုးအိုထောင်
ထားသည့် နဂိုမူလအတိုင်း စာရွက်ကို ထောင်ထား
လိုက်သည်။ထိုအမျိုးသမီးက ပြုံး၍ သူသွားမည့်လမ်း
အတိုင်း ဆက်၍သွားသည်။
အမျိုးသမီးထွက်သွားပြီး တအောင့်အကြာ၌
ခွက်ထဲသို့ အကြွေစေ့ကျသံ ခဏခဏကြားနေရသည်။
ထိုအမျိုးသမီးက စာရွက်ပေါ်မှာ ဘာတွေများရေးထား
လို့ လူတွေက သူတောင်းစားအဖိုးအို၏ခွက်ထဲ
အကြွေစေ့များ ရက်ရက်ရောရော ပေးကမ်းနေပါလိမ့်။
သိချင်စရာပင်။
နောက်နှစ်နာရီခန့်အကြာ၌ ထိုအမျိုးသမီး အဖိုး
အိုနားပြန်ရောက်လာသည်။အသွား
၏ခွက်ထဲတွင် အကြွေစေ့လေးငါးစေ့သာရှိသော်
အခုအချိန်တွင် ခွက်ထဲ၌ အကြွေစေ့များပြည့်နေသည်။
ထိုအမျိုးသမီးက ကျေနပ်စွာပြုံးပြီး အဖိုးအိုကိုတစ်ချက်
ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။
အဖိုးအိုဘေးနားရှိ ထောင်ထားသောစာရွက်ပြား
ပေါ်တွင် အောက်ပါစာတန်းကို တွေ့ရသည်။
" IT'S A
BEAUTIFUL DAY
AND I CAN'T
SEE IT "
ဦးတိုးအောင်
( YouTube မှ Inspirational Short Film
အား ခံစားတင်ပြသည် )
Aung Moe သူမရေးပေးခဲ့တာက
ဒီနေ့ဟာအရမ်းလှပတဲ့နေ့လေးပါ ဒါကိုငါမြင်တွေ့ခွင့်မရပါ
လို့ရေးထားတာပါ
ဒီနေ့ဟာအရမ်းလှပတဲ့နေ့လေးပါ ဒါကိုငါမြင်တွေ့ခွင့်မရပါ
လို့ရေးထားတာပါ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။