Facebook ရဲ့ Save button စနစ်ကို အကောင်းဆုံး အသုံးချရမယ်
====================================
Facebook ရဲ့ Save button စနစ်ကို အကောင်းဆုံး အသုံးချရမယ်ဆိုရင်တော့ မိမိကြိုက်နှစ်သက်တဲ့ page တွေကို အလွယ်တကူပဲ list တစ်ခုလိုမျိုးသိမ်းထားနိုင်ပါတယ်။ ဒါကြောင့် ယခင်ကလိုမျိုး Like လုပ်ထားတယ်။ ဒါပေမယ့် ကိုယ်လိုချင်လို့ ကြည့်ချင်လို့ ပြန်ရှာတဲ့အခါမှာ မတွေ့တော့တဲ့ အဖြစ်မျိုးမဖြစ်တော့ပါဘူး။
မိမိ Save လုပ်သိမ်းထားချင်တဲ့ page ကို သွားပြီး timeline cover ရဲ့ ညာဘက်ထောင့် လေးနားမှာ အစက်လေး သုံးစက်နဲ့ more setting ကို တစ်ချက်နှိပ်လိုက်မယ်ဆိုရင် ယခင်တုန်းက မပါသေးပဲ ယခုမှ အသစ်ပါဝင်လာတဲ့ Save ဆိုတာလေးကို အပေါ်ဆုံးမှာ တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် မိမိသိမ်းထားချင်တဲ့ တစ်နည်း မိမိအမြဲတမ်းဝင်ရောက်ဖတ်ရှုချင်တဲ့ Facebook page တွေကို Save လုပ်ထားနိုင်ပါတယ်။
နောက်တစ်ချိန်ပြန်ကြည့်ချင်တဲ့ အချိန်မှာတော့ အလွယ်တကူပဲ မိမိရဲ့ Timeline Home page ကို ၀င်ရောက်လိုက်မယ်ဆိုရင် Save လုပ်ထားတဲ့ Save ဆိုတဲ့ Button လေးကို တွေ့ပါလိမ့်မယ်။ အဲဒီ Save လေးကို ၀င်လိုက်တာနဲ့ မိမိသိမ်းထားတဲ့ Page တွေရဲ့ စာရင်းကို တွေ့နိုင်ပါတယ်။
အခြားလုပ်ဆောင်နိုင်တဲ့ အချက်တွေ များစွာကျန်နေပါသေးတယ်။ နောက်ရက်တွေမှာ ဆက်လက်တင်ပြပေးသွားပါ့မယ်။
=========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com
=========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။