အရစ္စတိုတယ်ပြောတဲ့ပညာရေး
++++++++++++++++++++
တစ်နေ့မှာ အရစ္စတိုတယ်ရဲ့ တပည့်တစ်ယောက် ရောက်လာပြီးတော့ သူ့ကိုမေးပါတယ်။ဘာလို့ ကျွန်တော်တို့ ပင်ပင်ပန်းပန်းနဲ့ ပိုက်ဆံအကုန်ခံပြီး ပညာသင်ယူနေကြရတာလဲ။ တကယ်လို့ ပညာမသင်ဘဲ ဆိပ်ကမ်းမှာ ကုန်ထမ်းရင်တောင် အခုလောက်ဆို ငွေကြေးတော်တော် စုမိဆောင်းမိနေလောက်ပြီလို့ ပေါ့
အရစ္စတိုတယ်ကတော့ "ကောင်းပြီတပည့် မင်းစပြစ်ပင်တွေကို ကြည့်လိုက်စမ်း။ စပြစ်ပင်တွေဟာ ခက်ခက်ခဲခဲနဲ့ မြေကြီးထဲကို အမြစ်တွေ ထိုးဖောက်ကုပ်ယူပြီးတော့ နေရတယ်။ အချိန်ကြာလာတော့ အသီးတွေ ထွက်လာတဲ့အခါမှာလဲ အသီးတွေက အလွန်ချိုလှတယ်။
ပညာဆိုတာလဲ အဲဒီလိုပဲ။ သင်ယူတဲ့အချိန်မှာ ခက်ခဲသလောက် ပြန်လည်အသုံးချတဲ့အချိန်မှာ များစွာသော အကျိုးစီးပွားကို ခံစားရပါလိမ့်မယ်။
ပညာမဲ့တဲ့သူကတော့ မြက်ပင်လိုဘဲ။ မြက်ပင်တွေဟာ အမြစ်ကလေး သေးသေးလေးနဲ့လဲ ရှင်သန်နိုင်တယ်။ ဒါပေမယ့် မြက်ပင်ကြီးထွားလာပြီး အလွန် ထိုးထိုးထောင်ထောင်ဖြစ်လာရင်တော့ အဲဒီမြက်ပင်ကို နှုတ်ပြစ်ကြမှာပဲ။
ပညာမဲ့တဲ့လူကလဲ သူသိတဲ့ အပိုင်းအစလေးတွေနဲ့ ဆက်လက်ရှင်သန်ပြီးတော့ လူ့အောက်မှာပဲ နေရတယ်။ တကယ်လို့ ထောင်ထလာရင်တောင်မှ အခြားသူတွေရဲ့ နှိပ်ကွပ်ခြင်းကို ခံရနိုင်တယ် " လို့ သူ့တပည့်ကို ဆုံးမလိုက်သတဲ့
မောင်စိုင်း
by နည်းစနစ်ကျကျအတွေးအခေါ်
++++++++++++++++++++
တစ်နေ့မှာ အရစ္စတိုတယ်ရဲ့ တပည့်တစ်ယောက် ရောက်လာပြီးတော့ သူ့ကိုမေးပါတယ်။ဘာလို့ ကျွန်တော်တို့ ပင်ပင်ပန်းပန်းနဲ့ ပိုက်ဆံအကုန်ခံပြီး ပညာသင်ယူနေကြရတာလဲ။ တကယ်လို့ ပညာမသင်ဘဲ ဆိပ်ကမ်းမှာ ကုန်ထမ်းရင်တောင် အခုလောက်ဆို ငွေကြေးတော်တော် စုမိဆောင်းမိနေလောက်ပြီလို့
အရစ္စတိုတယ်ကတော့ "ကောင်းပြီတပည့် မင်းစပြစ်ပင်တွေကို ကြည့်လိုက်စမ်း။ စပြစ်ပင်တွေဟာ ခက်ခက်ခဲခဲနဲ့ မြေကြီးထဲကို အမြစ်တွေ ထိုးဖောက်ကုပ်ယူပြီးတော့ နေရတယ်။ အချိန်ကြာလာတော့ အသီးတွေ ထွက်လာတဲ့အခါမှာလဲ အသီးတွေက အလွန်ချိုလှတယ်။
ပညာဆိုတာလဲ အဲဒီလိုပဲ။ သင်ယူတဲ့အချိန်မှာ ခက်ခဲသလောက် ပြန်လည်အသုံးချတဲ့အချိန်မှာ
ပညာမဲ့တဲ့သူကတော့ မြက်ပင်လိုဘဲ။ မြက်ပင်တွေဟာ အမြစ်ကလေး သေးသေးလေးနဲ့လဲ ရှင်သန်နိုင်တယ်။ ဒါပေမယ့် မြက်ပင်ကြီးထွားလာပြီး အလွန် ထိုးထိုးထောင်ထောင်ဖြစ်လာရင
ပညာမဲ့တဲ့လူကလဲ သူသိတဲ့ အပိုင်းအစလေးတွေနဲ့ ဆက်လက်ရှင်သန်ပြီးတော့ လူ့အောက်မှာပဲ နေရတယ်။ တကယ်လို့ ထောင်ထလာရင်တောင်မှ အခြားသူတွေရဲ့ နှိပ်ကွပ်ခြင်းကို ခံရနိုင်တယ် " လို့ သူ့တပည့်ကို ဆုံးမလိုက်သတဲ့
မောင်စိုင်း
by နည်းစနစ်ကျကျအတွေးအခေါ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။