အလိုအပ်ဆုံးအရာ
ယိုးဒယားသဘောင်္သီးထောင်းကိုစားပြီး မွေထိုင်းလက်ဝှေ့ကို ကြည့်ဖို့ ကျနော် ထိုင်းလူမျိုး ဖြစ်နေစရာ မလိုဘူး။
အာရေဗျကော်ဖီကောင်းကောင်းရဲ့  အရသာ ကို ကောင်းကောင်းခံစားဖို့ အတွက် ကျနော် အာရပ်လူမျိုး တစ်ယောက်ဖြစ်စရာ မလိုဘူး။
ကချင်ပုဆိုးနဲ့ ကချင်ခေါင်ရည်ကို ကြိုက်ဖို့အတွက် ကျနော် ကချင်လူမျိုးဖြစ်စရာမလိုဘူး ။
ရှမ်းခေါက်ဆွဲနဲ့ အင်းလေးဒေသကို ချစ်ဖို့အတွက် ကျနော် ရှမ်းလူမျိုး ဖြစ်စရာ မလိုဘူး။
ဟုတ်တယ်။ ကျနော် ဘာမှ မလိုပါဘူး။
ကဲ ဒါဆို ပါလက်စတိုင်းမှာ အပြစ်မဲ့ ကလေးငယ်တွေ ဗုံးကြဲခံရလို့ သေကြေနေရတာကို ဝမ်းနည်းတတ်ဖို့ ကျနော် ပါလက်စတိုင်းသား တစ်ယောက်ဖြစ်ဖို့ လိုပါသေးလား ?
ကချင်လူမျိုးတွေ မတရားတဲ့ စစ်ပွဲ ဆင်နွှဲခံရတာကို လက်မခံပဲ ဆန့်ကျင်ကြောင်း ရဲရဲ ပြောဖို့ ကျနော် ကချင်လူမျိုး တစ်ယောက် ဖြစ်ဖို့ လိုပါသေးလား?
မြန်မာနိုင်ငံမှာ လူနည်းစု မွတ်စလင် တွေ နိုင်ငံသားအချင်းချင်း၊လူအချင်းချင်း အဖိနှိပ်ခံ၊ ခွဲခြားခံနေရတာ ကို ဆန့်ကျင်ဖို့ ကျနော် မွတ်စလင် တစ်ယောက် ဖြစ်နေစရာ လိုပါသေးလား?
အမှန်ကို တည့်တည့်ကြည့်ပြီး လူလူချင်း ကိုယ်ချင်းစာတတ်၊သနားတတ်ဖို့ က သင်ဟာလည်း ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့၊ မွတ်စလင် ဖြစ်ဖို့ မလိုအပ်ပါဘူး။
တကယ်တမ်း သင်လိုအပ်နေတာက လူပီသတဲ့ လူတစ်ယောက်ဖြစ်ဖို့ပဲ..။
( အတီးဝါးလုံးရှည် ရေးထားတာကို ပြန်တည်းဖြတ် ဖော်ပြတာပါ)
ယိုးဒယားသဘောင်္သီးထောင်းကိုစ
အာရေဗျကော်ဖီကောင်းကောင်းရဲ
ကချင်ပုဆိုးနဲ့ ကချင်ခေါင်ရည်ကို ကြိုက်ဖို့အတွက် ကျနော် ကချင်လူမျိုးဖြစ်စရာမလိုဘူး
ရှမ်းခေါက်ဆွဲနဲ့ အင်းလေးဒေသကို ချစ်ဖို့အတွက် ကျနော် ရှမ်းလူမျိုး ဖြစ်စရာ မလိုဘူး။
ဟုတ်တယ်။ ကျနော် ဘာမှ မလိုပါဘူး။
ကဲ ဒါဆို ပါလက်စတိုင်းမှာ အပြစ်မဲ့ ကလေးငယ်တွေ ဗုံးကြဲခံရလို့ သေကြေနေရတာကို ဝမ်းနည်းတတ်ဖို့ ကျနော် ပါလက်စတိုင်းသား တစ်ယောက်ဖြစ်ဖို့ လိုပါသေးလား ?
ကချင်လူမျိုးတွေ မတရားတဲ့ စစ်ပွဲ ဆင်နွှဲခံရတာကို လက်မခံပဲ ဆန့်ကျင်ကြောင်း ရဲရဲ ပြောဖို့ ကျနော် ကချင်လူမျိုး တစ်ယောက် ဖြစ်ဖို့ လိုပါသေးလား?
မြန်မာနိုင်ငံမှာ လူနည်းစု မွတ်စလင် တွေ နိုင်ငံသားအချင်းချင်း၊လူအခ
အမှန်ကို တည့်တည့်ကြည့်ပြီး လူလူချင်း ကိုယ်ချင်းစာတတ်၊သနားတတ်ဖို
တကယ်တမ်း သင်လိုအပ်နေတာက လူပီသတဲ့ လူတစ်ယောက်ဖြစ်ဖို့ပဲ..။
( အတီးဝါးလုံးရှည် ရေးထားတာကို ပြန်တည်းဖြတ် ဖော်ပြတာပါ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။