''အခြားသော စာမျက်နှာများ''
သြော်... အလုပ်ရှုပ်ရတယ်ဆိုမှဗျာ ပူအိုက်ရတဲ့အထဲ ကျွန်တော့်အကြောင်းများ သိချင်ရ တယ်လို့..။ ကျွန်တော့်အသက် ၂၄ နှစ်ရှိပြီ။ ခုချိန်ထိ ကျွန်တော့်အကြောင်းကို တခုတ်တရ လာမေးတဲ့သူဆိုလို့ တစ်ယောက်မှ မတွေ့ဖူးဘူး။ ဦးလေး ဘာစိတ်ကူးပေါက်လို့ ကျွန်တော့်ကို လာမေးရတာလဲဗျာ။ သြော် ကျွန်တော်တို့ဘဝ အကြောင်းကို စိတ်ဝင်စားလို့ဟုတ်လား။
ကျွန်တော့်ဟာကျွန်တော်တော့ ကျွန်တော်တို့ ဘဝဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ တစ်ခါမှ မထင်ခဲ့မိပါဘူးဗျာ။ မရယ်နဲ့ဦးလေး။ ကျွန်တော် တကယ်ပြောတာ။ ကျွန်တော့်အကြောင်းမှမဟုတ် ပါဘူး။ ကျွန်တော့်အဖေအကြောင်းရော အမေ့ အကြောင်းရော ညီအစ်ကိုမောင်နှမဆွေမျိုးတွေ အကြောင်း သူငယ်ချင်းတွေအကြောင်းရော လူတွေစိတ်ဝင်စားစရာမကောင်းဘူးလို့ထင်တာပဲ။
ဘာဖြစ်လို့လဲ ဟုတ်လား။ အကျိုးနဲ့ အကြောင်းတော့ ခိုင်ခိုင်လုံလုံရှိတာပေါ့ဦးလေးရာ။ ကျွန်တော့်ကိုမွေးတုန်းကတော့  ဧရာဝတီတိုင်း ပင်လယ်ဝမှာရှိတဲ့ ဖျာပုံဆိုတဲ့မြို့မှာ မွေးခဲ့တာ။ အဖေနဲ့အမေပြောတာကတော့ အဲဒီမြို့မှာ ကျွန်တော် ၇ နှစ်သားအရွယ်လောက်ထိ နေခဲ့ တယ်လို့ပြောတာပဲ။ ရေကြည်ရာ မြက်နုရာဆိုပြီး ကျွန်တော် အရွယ်ရောက်တဲ့အချိန်မှာ ရန်ကုန်ကို ပြောင်းလာကြတယ်။ ငွေထုတ်ငွေထည်လည်းမပါ ရွှေစငွေစလည်းမရှိဆိုတော့ အဖေနဲ့အမေ အခြေချ စရာက ရန်ကုန်မြို့ မြောက်ဒဂုံမှာရှိတဲ့ (ထားဝယ်ချောင်) သုဿန်ဘေးက ကျူးကျော် ရပ်ကွက်မှာပေါ့ဗျာ။
ကျွန်တော်ပြောတဲ့ စိတ်ဝင်စားစရာမရှိဘူးဆို တာ အဲဒါပြောတာ။ အဖေနဲ့အမေ ပြောင်းလာပြီး နေတဲ့ နေရာကလည်း လူတွေစိတ်ဝင်စားစရာ နေရာမဟုတ်။ အဲဒီအရပ်ဒေသမှာ တွေ့ကြုံ ပေါင်းသင်းဆက်ဆံရတဲ့ လူတွေကလည်း စိတ်ဝင် စားစရာ တစ်စက်မှမရှိပါဘူးဗျာ။ ဘယ်အထိ အောင် စိတ်ဝင်စားစရာမရှိဘူးလဲဆိုရ င် ကျွန်တော် တို့နေတဲ့အရပ်ဒေသမှာရှိတဲ့လူတွေ အသက် ရှင်ခြင်း သေခြင်းဆိုတာကိုက ကျန်တဲ့ လူတွေ အတွက် စိတ်ဝင်စားစရာမရှိပါဘူး။
ဟော...ကြည့် ဦးလေးက မေးတုန်းကမေးပြီး အခုကျတော့ မျက်လုံးပြူးပြီ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာနေတဲ့လူတွေရဲ့ အသက်ရှင်ခြင်း သေခြင်းဆိုတာက ဆန်ထည့်လာတဲ့ ကျွတ်ကျွတ် အိတ်တစ်လုံးလိုပဲ မမျှော်လင့်ထားတဲ့ အချိန်မှာ ပေါက်ရင်လည်းပေါက်မယ် ပြဲရင်လည်း ပြဲမယ် တစ်စစီ ပွင့်ထွက်သွားရင်လည်း ပွင့်ထွက် သွားလိမ့် မယ်။ လမ်းပေါ်မှာကျနေတဲ့ ဆန်စတွေ ကို ကိုယ်ပိုင်ကားနဲ့သွားနေတဲ့လူတွေက ဂရုမစိုက် သလိုဘဲ ကျွန်တော်နေတဲ့ပတ်ဝန်းကျင်က လူတွေ ရဲ့ ရှင်ခြင်းသေခြင်းတွေကိုလည်း ဘယ်သူကမှ ဂရုမစိုက်ဘူး။
သြော် ဦးလေးက မယုံသလို ကြည့်ပြန်ပြီ။ လူ့အသက်တို့ ဘဝတို့ဆိုတာ ဖူးဖူးမှုတ်ပြီး တရိုတသေထားချင်တဲ့နေရာမှာ ထားတာပါ ဦးလေးရာ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ကျွတ်ကျွတ်အိတ်ထဲမှာရှိတဲ့ ဆန်တစ်ပြည်ရယ် ခွေးတစ်ကောင်ရဲ့အသက်ရယ် လူတစ်ယောက်ရဲ့ ဘဝရယ် အတူတူပဲဗျ။
မင်း ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ ဟုတ်လား။ မဖြစ်နိုင်ပါဘူးကွာ လို့ ဦးလေးက ကားအမည်းကြီးအရိပ်ကိုခိုပြီး ငြင်းနေတယ်နော်။ ကျွန်တော်က တကယ်ကြုံခဲ့ရတာပါ ဦးလေးရယ် ကျွန်တော်နဲ့ ငယ်ငယ်လေးကတည်းက ဆေးလိပ် ဖင်စီခံပစ်ဖက် ဖိုးဇော်ဆိုတဲ့အကောင် သူ့အဖေ နေမကောင်းလို့ သူ့အဖေကိုယ်စား အမှိုက်သိမ်း တဲ့ကားနဲ့လိုက်သွားတာ ညဘက်လည်း ရောက် ရော အိပ်ငိုက်ပြီး အမှိုက်သိမ်းတဲ့ ကားထဲမှာ အိပ်ပျော်နေတာ အဲဒါ ကားကြီးက တံခါးပိတ်ပြီး အမှိုက်တွေရော သူ့ကိုရော လှီးဖြတ် ပစ်လိုက်တာ ဖိုးဇော်ဆိုတာ တစ်စစီပေါ့ဗျာ။
မနက်လည်းရောက်ရော သူ့အဖေက မူးမူးနဲ့ ပြောလိုက်တာ ဒီလောက်အအိပ်မက်တဲ့ကောင် မြန်မြန်သေ အေးရော တဲ့။ မြေပုံတို့ ဂူတို့ဆိုတာ ဝေးလို့ သေစာရင်းလေး ကပျာကယာပြေးလုပ်ပြီး အနားမှာရှိတဲ့ ထားဝယ်ချောင် သုဿန်မှာပဲ အဲဒီကောင် အပိုင်းအစတွေ မီးရှို့ပစ်လိုက်တာ။ သူ့ ညီလေး ညီမလေးတွေဆိုရင် ဒီကောင့်အလောင်း မီးရှို့လိုက်လို့ ထွက်လာတဲ့ မီးခိုးတွေကိုကြည့်ပြီး ဟာ... အစ်ကိုကြီး မိုးပေါ်ရောက်သွားပြီ မိုးပေါ် ရောက်သွားပြီဆိုပြီး ခုန်ပေါက်ပျော်မြူးနေလိုက်ြ က တာဗျာ။ ရှင်ပြုက ကြဲသွားတဲ့ ပိုက်ဆံတွေ ရသလို မျိုးပဲ။
ဦးလေး... မအံ့သြနဲ့ ကျွန်တော် ပြောပြဦး မယ်။ ကျွန်တော်တို့အိမ်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ လမ်းကြိတ်စက်မောင်းတဲ့ ဦးကျော်ရှင်ရဲ့မိန်းမ ဒေါ်အေးမြင့်ကြီးဆိုရင်လည်း ညဘက် ညဘက် မြို့ထဲမှာ အမှိုက်သိမ်းတဲ့အလုပ် လုပ်ရတာ အရမ်း ပိုက်ဆံရတာ။ ဆေးခန်းတို့ ဆေးရုံတို့ရှေ့မှာများ အမှိုက်သိမ်းရတယ်ဆိုရင် ဒေါ်အေးမြင့်ကြီးဆိုတာ ပြုံးလို့။
ဘာဖြစ်လို့လဲ ဟုတ်လား။ ဦးလေးကလည်း ဆေးခန်းတို့ ဆေးရုံတို့ကအမှိုက်တွေကိုသိမ်းရရင် ပုလင်းခွံတို့ ပတ်တီးစတို့လိုမျိုး ပြန်ရောင်းစားလို့ရ တဲ့ အမှိုက်တွေ အများကြီးပါတယ်လေ။ ဒါပေမယ့် အဲဒီပစ္စည်းတွေ သိမ်းတဲ့အခါတိုင်း ဒေါ်အေးမြင့် ကြီးလက်ကို တစ်ခုမဟုတ်တစ်ခုနဲ့ စူးတာပေါ့ဗျာ။ စူးတော့လည်း သွေးထွက်တာပေါ့။ သွေးထွက်ပေ မယ့် ဒေါ်အေးမြင့်ကြီးကတော့ ပျော်လို့။ သူသွေးထွက်တဲ့ညတွေဆိုရင် အမှိုက်ထဲက ရောင်းစားစရာပစ္စည်းတွေပိုရတဲ့ ဆေးရုံတွေမှာ သိမ်းရတာကိုး။
သုံးလေးနှစ်ပဲကြာတယ် ဒေါ်အေးမြင့်ကြီး တပိန်ပိန်တလိမ်လိမ်ဖြစ်ပြီး သေပါလေရော။ ဦးကျော်ရှင်နဲ့ သူ့သားသမီးတွေက ဘာပြောတယ် မှတ်လဲ။ အအိပ်အစားမှမှန်အောင်မနေတာ သေမှာပေါ့တဲ့။ သေစာရင်းတောင် လုပ်မယ့်သူ မရှိလို့ ကျွန်တော့်အဖေပဲသွားလုပ်ပြီး အဲဒီအသုဘကိစ္စ စီစဉ်လိုက်ရတာ။ သူတို့မသာ အိမ်မှာ ဆူညံလို့ပေါ့ဗျာ။ ငိုနေကြတာတော့ မဟုတ်ဘူး။ အသုဘစရိတ်ကျေအောင်ဆိုပြီး ရပ်ကွက်လူကြီးက မျက်နှာလွှဲထားတဲ့ဖဲဝိုင်းမှာ အပြိုင်အဆိုင် ရိုက်နေကြလို့လေ။
သြော်...ကျွန်တော်ပြောပါတယ် ။ လူတစ်ယောက်သေသွားလို့ မိသားစုနဲ့ပတ်ဝန်း ကျင်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ပြီး စိတ်မကောင်းတာတို့ စိတ်ဆင်းရဲတာတို့မရှိပါဘူးလို့။
ဟော...စကားတော့ကောင်းတယ်ဦး လေးရယ် ဟိုမှာ ကျွန်တော့်ကိုခေါ်နေပြီ။ ကျွန်တော့်အလုပ် လား လမ်းပေါ်မှာပေါက်နေတဲ့ အပေါက်တွေကို ကျောက်စလစ်ခင်းတဲ့သူတွေက ခင်းပြီးရင် ကျွန်တော်က ကတ္တရာလောင်းတယ်လေ။ ပြီးတော့ ကျွန်တော့်အဖေတို့ ဦးလေးဦးကျော်ရှင်တို့က လမ်းကြိတ်စက်ကြီးနဲ့ ကြိတ်တာပေါ့။
ဗျာ...ဘာဆုတောင်းသလဲ ဟုတ်လားဦးလေး အလုပ်ကနေ စောစောပြန်လို့ရပြီး ကျွန်တော်မမူး တဲ့ ညတွေဆိုရင်တော့ စွယ်တော်မြတ်စေတီကြီး ကို လှမ်းလှမ်းကြည့်ပြီး ကတ္တရာလမ်းတွေ များများ ပျက်ပါစေ ကျွန်တော်သေရင် အဖေနဲ့အမေ ငိုပါစေ လို့ ဆုတောင်းတာပေါ့ဗျာ။
မင်းအုပ်စိုး
သြော်... အလုပ်ရှုပ်ရတယ်ဆိုမှဗျာ ပူအိုက်ရတဲ့အထဲ ကျွန်တော့်အကြောင်းများ သိချင်ရ တယ်လို့..။ ကျွန်တော့်အသက် ၂၄ နှစ်ရှိပြီ။ ခုချိန်ထိ ကျွန်တော့်အကြောင်းကို တခုတ်တရ လာမေးတဲ့သူဆိုလို့ တစ်ယောက်မှ မတွေ့ဖူးဘူး။ ဦးလေး ဘာစိတ်ကူးပေါက်လို့ ကျွန်တော့်ကို လာမေးရတာလဲဗျာ။ သြော် ကျွန်တော်တို့ဘဝ အကြောင်းကို စိတ်ဝင်စားလို့ဟုတ်လား။
ကျွန်တော့်ဟာကျွန်တော်တော့ ကျွန်တော်တို့ ဘဝဟာ စိတ်ဝင်စားစရာကောင်းတယ်လို့
ဘာဖြစ်လို့လဲ ဟုတ်လား။ အကျိုးနဲ့ အကြောင်းတော့ ခိုင်ခိုင်လုံလုံရှိတာပေါ့ဥ
ကျွန်တော်ပြောတဲ့ စိတ်ဝင်စားစရာမရှိဘူးဆို တာ အဲဒါပြောတာ။ အဖေနဲ့အမေ ပြောင်းလာပြီး နေတဲ့ နေရာကလည်း လူတွေစိတ်ဝင်စားစရာ နေရာမဟုတ်။ အဲဒီအရပ်ဒေသမှာ တွေ့ကြုံ ပေါင်းသင်းဆက်ဆံရတဲ့ လူတွေကလည်း စိတ်ဝင် စားစရာ တစ်စက်မှမရှိပါဘူးဗျာ။ ဘယ်အထိ အောင် စိတ်ဝင်စားစရာမရှိဘူးလဲဆိုရ
ဟော...ကြည့် ဦးလေးက မေးတုန်းကမေးပြီး အခုကျတော့ မျက်လုံးပြူးပြီ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာနေတဲ့လူတွေရဲ
သြော် ဦးလေးက မယုံသလို ကြည့်ပြန်ပြီ။ လူ့အသက်တို့ ဘဝတို့ဆိုတာ ဖူးဖူးမှုတ်ပြီး တရိုတသေထားချင်တဲ့နေရာမှာ ထားတာပါ ဦးလေးရာ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှ
မင်း ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ ဟုတ်လား။ မဖြစ်နိုင်ပါဘူးကွာ လို့ ဦးလေးက ကားအမည်းကြီးအရိပ်ကိုခိုပြီ
မနက်လည်းရောက်ရော သူ့အဖေက မူးမူးနဲ့ ပြောလိုက်တာ ဒီလောက်အအိပ်မက်တဲ့ကောင် မြန်မြန်သေ အေးရော တဲ့။ မြေပုံတို့ ဂူတို့ဆိုတာ ဝေးလို့ သေစာရင်းလေး ကပျာကယာပြေးလုပ်ပြီး အနားမှာရှိတဲ့ ထားဝယ်ချောင် သုဿန်မှာပဲ အဲဒီကောင် အပိုင်းအစတွေ မီးရှို့ပစ်လိုက်တာ။ သူ့ ညီလေး ညီမလေးတွေဆိုရင် ဒီကောင့်အလောင်း မီးရှို့လိုက်လို့ ထွက်လာတဲ့ မီးခိုးတွေကိုကြည့်ပြီး ဟာ... အစ်ကိုကြီး မိုးပေါ်ရောက်သွားပြီ မိုးပေါ် ရောက်သွားပြီဆိုပြီး ခုန်ပေါက်ပျော်မြူးနေလိုက်ြ
ဦးလေး... မအံ့သြနဲ့ ကျွန်တော် ပြောပြဦး မယ်။ ကျွန်တော်တို့အိမ်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ လမ်းကြိတ်စက်မောင်းတဲ့ ဦးကျော်ရှင်ရဲ့မိန်းမ ဒေါ်အေးမြင့်ကြီးဆိုရင်လည်း ညဘက် ညဘက် မြို့ထဲမှာ အမှိုက်သိမ်းတဲ့အလုပ် လုပ်ရတာ အရမ်း ပိုက်ဆံရတာ။ ဆေးခန်းတို့ ဆေးရုံတို့ရှေ့မှာများ အမှိုက်သိမ်းရတယ်ဆိုရင် ဒေါ်အေးမြင့်ကြီးဆိုတာ ပြုံးလို့။
ဘာဖြစ်လို့လဲ ဟုတ်လား။ ဦးလေးကလည်း ဆေးခန်းတို့ ဆေးရုံတို့ကအမှိုက်တွေကိုသိမ
သုံးလေးနှစ်ပဲကြာတယ် ဒေါ်အေးမြင့်ကြီး တပိန်ပိန်တလိမ်လိမ်ဖြစ်ပြီး
သြော်...ကျွန်တော်ပြောပါတယ်
ဟော...စကားတော့ကောင်းတယ်ဦး
ဗျာ...ဘာဆုတောင်းသလဲ ဟုတ်လားဦးလေး အလုပ်ကနေ စောစောပြန်လို့ရပြီး ကျွန်တော်မမူး တဲ့ ညတွေဆိုရင်တော့ စွယ်တော်မြတ်စေတီကြီး ကို လှမ်းလှမ်းကြည့်ပြီး ကတ္တရာလမ်းတွေ များများ ပျက်ပါစေ ကျွန်တော်သေရင် အဖေနဲ့အမေ ငိုပါစေ လို့ ဆုတောင်းတာပေါ့ဗျာ။
မင်းအုပ်စိုး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။