Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 20, 2014

သူရဲကောင်းတို့ရဲ့ ရော့ခ်အင်ရိုးကပွဲ


Scorpion Soup For Soul added 7 new photos — with Sai Zayar Kyaw and 9 others.

သူရဲကောင်းတို့ရဲ့ ရော့ခ်အင်ရိုးကပွဲ
========================
ဂီတချစ်တဲ့တယောက်အနေနဲ့ ဂစ်တာသံတွေ၊ ဒရမ်သံတွေရှိတဲ့နေရာကို အမြဲတမ်းစိတ်ကရောက်နေတတ်တယ်။ အဲသလိုနဲ့ သူငယ်ချင်းအရင်းကြီးတယောက်က အိုင်စီပွဲ သူစီစဉ်နေတာ ပွဲနေ့ကြရင် ဝိုင်းကူဖို့ခေါ်တာနဲ့ အိုင်စီပွဲကိုရောက်ဖို့ဖြစ်လာပါလေရော။ အိုင်စီတီးဝိုင်းနဲ့အတူ မက်ဂါစတားကြီးတွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း နဲ့ အမေရိကန်နိုင်ငံအခြေစိုက်မြန်မာအဆိုတော်မလေး ဒီလွန်တို့ပါဝင်သီဆိုကြမှာဖြစ်ပါတယ်။

မနက်ပိုင်းမှာက ဒေါ်စုက နယူးယောက်က သူတွေနဲ့တွေ့ဆုံပွဲရှိတယ်။ အဲဒီပွဲအတွက်ကလဲ အများကြီးအလုပ်လုပ်ပေးရတော့ အိုင်စီပွဲရှိရာ ကောလိပ်ကျောင်းရဲ့ဇာတ်ရုံကိုရောက်တဲ့အချိန်မှာ ကျွန်တော်အတော်လေးပင်ပမ်းနေပြီဗျ။ အိပ်ရေးပျက်တဲ့နေ့ရက်တွေကလဲ အတော်များတယ်လေ။ ဒေါ်စုပွဲက ပြီးပြီးချင်း ချက်ချင်းအိုင်စီပွဲရှိရာကိုသွားပေမယ့် ဟိုရောက်တော့ အိုင်စီအဖွဲ့သားတွေ စက်စမ်းနေကြပြီ။ သူတို့စားဖို့နေ့လည်စာ အမြန်ဝယ်ရတယ်။ ညနေစာထမင်းကတော့ သူတို့တွေမှာထားပြီးသားဗျ။
ရန်ကုန်မှာအသံဖမ်းစတူဒီယိုပိုင်တဲ့ ဂစ်တာသမားချစ်စမ်းမောင်က ထုံးစံအတိုင်း စက်သမားတွေကို ဘေးမှာထိုင်ခိုင်းပြီး သူကိုယ်တိုင်စက်ချိန်ပါတယ်။ ၂၀၀၃ ခုနှစ်လောက်က နယူးယောက်လာတုန်းကလဲ အဲသလိုပဲ သူကိုယ်တိုင်ချိန်ရမှ သူက အားရတယ်။ ဂစ်တာလေးကိုနောက်ကိုပစ်ထားပြီး ချိန်တာ။ ရီစရာကောင်းတာက သူက စကားနည်းနည်းဝဲတယ်။ ဒရမ်းတီးတဲ့ကိုခရမ်းကို မိုက်ကရိုဖုံးနဲ့လှမ်းပြောတာ ကိုခရမ်းလို့အသံသိပ်မထွက်ပဲ ကိုကန်းကိုကန်းလို့ ခေါ်နေသလိုပဲ။ လေသံဝဲ၀ဲနဲ့ ချစ်ဖို့ကောင်းတယ်ဗျ။ ရီရတယ်။
စက်ချိန်တာ အတော်လေးအထာကျတော့ ဘိုချစ်က စင်ပေါ်တက်တယ်။ (အဲဒီအချိန်အထိ ဇာတ်ရုံထဲကို ပရိတ်သတ်မရောက်သေးဘူးပေါ့ဗျာ။) စက်ကတော့ နည်းနည်းစီထပ်ချိန်ရတုန်းပဲ။ အဲသလိုနဲ့ အဆိုတော်တွေ တယောက်ချင်းစီ မိုက်စမ်း၊ တီးဝိုင်းအစုံအလင်နဲ့ အသံစမ်းကြတာပေါ့။ ပထမဆုံးက ကိုငဲ။ ကိုငဲဆိုတော့ မျိုးကြီးက ဂစ်တာတီးပေးတယ်။ ဘိုချစ်က စက်လိုက်ညှိပေးနေလို့ပါ။ မျိုးကြီးတီးတာ အတော်ကောင်းတာပဲဗျ။ နောက်တယောက်က အမေရိကားက မြန်မာအဆိုတော်မမတယောက်ပါ။ ဒီလွန်တဲ့။ ပြီးတော့ ဝိုင်ဝိုင်း။ မျိုးကြီးစမ်းဆိုနေချိန်မှာ အိပ်ယာကနိုးလာတာကတော့ စူပါစတားလေးဖြူဖြစ်ပါတယ်။ အိပ်မှုန်စုံဖွါးနဲ့ခင်ဗျ။ သရေဂျာကင်နဲ့ဂျင်းဘောင်းဘီအပြာရောင်နဲ့။ စင်ကို တပတ်ပတ်ပြီးလှည့်ကြည့်တယ်။ ဆံပင်ကလဲပွစာကြဲနေတာ။ ပကတိရိုးစင်းစွာနေတတ်တဲ့လူ။ စက်ကတော့ညှိနေတုန်းပဲ။ ဘိုချစ်က အသံစမ်းလိုက် ပီဇာကောက်ဝါးလိုက်နဲ့။ ကိုခရမ်းက ငှက်ပျောသီးမစားချင်တာကို ကိုဗညားက အတင်းလိုက်ကျွေးတယ်။ အတော်ရီရတဲ့လူ။ လူစုံစက်စမ်းပြီးတော့ ကျွန်တော်ရယ် ကိုငဲရယ် ကိုလေးရယ် ၃ ယောက်ဆေးလိပ်ထွက်သောက်ဖြစ်တယ်။ ကိုငဲက ကျွန်တော်တို့မိသားစုက သူ့ကိုဘယ်လိုနှိပ်စက်တဲ့အကြောင်း ဟာသလုပ်ပြောဖြစ်သေးတယ်။ မှတ်မှတ်ရရ ကိုလေးက သူလုပ်နေတဲ့ အခွေအသစ်အကြောင်းပြောဖြစ်သေးတယ်။ တေးရေးတွေက (၁၂)ယောက်လာက်တောင်ဖြစ်နိုင်ကြောင်းလဲပြောသေးတယ်။
အဆိုတော်တွေရေချိုးပြီးတော့ ထမင်းစားကြတယ်။ ကျွန်တော်တို့လဲ စားဖြစ်တယ်။ အဲ..ထမင်းစားရင်းနဲ့ တယောက်တပေါက် ဟာသစကားပြောကြတယ်။ သူတို့က တကယ့်ကိုပေါက်ကရပြောတတ်တဲ့သူတွေဗျ။ နောက်တော့ ရုံဖွင့်လိုက်တယ်ပေါ့။ ပရိတ်သတ်ကအတော်များတယ်။ ပွဲမစခင်မှာ ဘိုချစ်က ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဓလေ့အတိုင်းဆုတောင်းပေးပါတယ်။ အိုင်စီဝိုင်းသားတွေကော အဆိုတော်တွေကော အတူတူဆုတောင်းကြတယ်။
ပွဲဦးထွက်စဆိုတာ ဝိုင်ဝိုင်းဖြစ်ပါတယ်။ ပရိတ်သတ်နဲ့အတော်လေး အတိုင်အဖေါက်ညီညီဆိုသွားတာပါ။ နောက်တော့ ဒီလွန်ဆိုတယ်။ သူဆိုတော့ သူ့အသံကို တီးဝိုင်းက အသံတွေက တအားဖုံးလွှမ်းထားသလိုကြီးဖြစ်နေတယ်။ စက်ကိုင်တဲ့တယောက်ကိုပြောပြဖြစ်တယ်။ သူ့မိုက်ခ်က အသံတအားတိုးထားလို့လားဆိုတော့ ဝိုင်ဝိုင်းဆိုတုန်းက အတိုင်းပဲချိန်ထားတာလေ ဆိုတော့ ကျွန်တော်လဲဘာမှဆက်မပြောတော့ဘူး။ Control Board မှာသွားကြည့်ချင်ပေမယ့် သူများလုပ်နေတာကို သွားပြီးဝင်မပြောကောင်းဘူးလေ။ ပြီးတော့ မျိုးကြီးဆိုတယ်။ ဒေါ်လာ (၁၀၀) ပေးပြီးရှေ့ဆုံးမှာနေရာယူထားကြတဲ့ချာတိတ်တွေက သူတို့ခုန်ပေါက်ကနေတာ နောက်ကလူတွေအနှောက်အယှက်ဖြစ်မှာစိုးလို့ဆိုပြီး ထိုင်ခုံတွေရဲ့အနောက်ဖက်မှာ သွားပြီးခုန်ပေါက်ကြတယ်။ အတော်လေးစားဖို့ကောင်းတဲ့ ချာတိတ်တွေဗျာ။ လုံခြုံရေးတာဝန်ယူထားတဲ့ အမဲလူမျိုးတွေနဲ့ နည်းနည်းပါးပါးငြိကြတယ်။ နောက်ပြီးတော့ ကိုကြီးငဲတက်လာတယ်။ ပရိတ်သတ်ရဲ့အသည်းကျော်ပီပီ စကားလေးပြောလိုက်သီချင်းလေးဆိုလိုက်နဲ့ ရော့ခ်ဂီတညဟာ ပိုမိုလှပမြိုင်ဆိုင်လာတယ်။ ပရိတ်သတ်က သူ့သီချင်းတိုင်းကို အလွတ်ရပြီး လိုက်ဆိုကြတာ အားရကျေနပ်စရာပဲ။ ပထမပိုင်းရဲ့နောက်ဆုံးသီချင်းလေးဆိုခါနီးမှာ သူက ပရိတ်သတ်ကိုစကားခဏပြောတယ်။ (မှတ်မိသလောက်ဖေါက်သည်ချရရင်) ခင်ဗျားတို့နယူးယောက်က မြန်မာတွေက ၂၀၀၃ တုန်းက ကျွန်တော်တို့လာတုန်းက အတိုင်းပဲ အမြဲတမ်းလူငယ်ဒီဇိုင်းနဲ့ ရေလည်လန်းတယ်။ ကျုပ်သာ ရုပ်ကြီးကျသွားတာ။ (ပရိတ်သတ်က ကျေနပ်သွားတယ်)။ ဒါပေမယ့်စိတ်မပူပါနဲ့ ကျုပ်တို့အားလုံး အတူတူသေကြရမှာပဲ။ ပရိတ်သတ်က ဝါးကနဲရီကြတယ်။ သလိုနဲ့ပထမပိုင်းရဲ့နောက်ဆုံးသီချင်းကို သူဆိုတယ်။ ကိုလေးဖြူက ကားလိပ်နောက်မှာ ပြူတစ်ပြူတစ်လုပ်နေတယ်။ လက်ဖဝါးမှာ သူရေးထားတဲ့ သီချင်းခေါင်းစဉ်လေးတွေကို ကျွန်တော့ကိုပြသေးတယ်။ အမဲလိုက်အက ကိုအရင်ဆိုမယ်ပေါ့။
အမှန်က အစီအစဉ်အတိုင်းဆိုရင် ကိုလေးဖြူစမဆိုခင်မှာ ကိုငဲက ဘိုချစ်ဂစ်တာတီးဖို့မိတ်ဆက်ပေးခဲ့ရမှာ။ ကိုငဲကြီးကမေ့သွားပြီး သူ့အစီအစဉ်ပြီးပြီးချင်း ထွက်သွားတော့ ဘိုချစ်က သူ့ကိုလှမ်းကြည့်တယ်။ ကိုငဲမသိသေးဘူး ကြောင်နေတာ။ နည်းနည်းကြတော့မှ ကိုငဲသတိရပြီး မိုက်ကရိုဖုန်းသွားပြန်ဆွဲပြီး ဘိုချစ်ကို မိတ်ဆက်ပေးတယ်။ အဟားး။ အတော်ရီရတဲ့လူ။ လေးဖြူစင်ပေါ်တက်လိုက်ရော ဇာတ်ရုံထဲက ပရိတ်သတ်တွေအားလုံး သြဘာသံပေးပြီး အကုန်လုံးမတ်တပ်ရပ်ပြီး ခုန်ပေါက်ကြတယ်။ လေးဖြူရဲ့အသံပါဝါက စကားပြောတဲ့အချိန်မှာ အေးဆေးဆေးဆေးနဲ့ညက်သလောက် သီချင်းဆိုတဲ့အခါမှာ အတော်ပါဝါကောင်းတာပဲ။ ဇာတ်ရုံတခုလုံး ရော့ခ်အင်ရိုးနတ်ပူးပြီး ဘယ်သူမှ ထိုင်ခုံပေါ်ပြန်ထိုင်ဖို့ သတိမရကြတော့ဘူး။ လေးဖြူဆိုတဲ့ ရော့ခ်နတ်ဘုရားကြီးက အဲသလို ဖမ်းစားထားတာ။
ဒုတိယပိုင်းပြန်စတယ်။ ပထမပိုင်းထက်ပိုပြီး စက်လဲလမိုင်းကိုက်လာသလို။ ပရိတ်သတ်လဲ အဆိုတော်၊ တီးဝိုင်းနဲ့ တသားတည်းပိုကျလာတယ်။ ဝိုင်ဝိုင်းရဲ့ပရိတ်သတ်တွေ အတော်များတာပဲဗျ။ သလိုပဲ မျိုးကြီးအလှည့်ရောက်တော့လဲ သူ့ပရိတ်သတ်တွေ အတော်ကြီးအားရကျေနပ်အောင် သီဆိုနိုင်တာပဲ။ ဒီလိုနဲ့ ပရိတ်သတ်က ဆက်တိုက်တောင်းဆိုနေတဲ့ အဆိပ်ခွက်သီချင်းကို သီဆိုတော့ ပရိတ်သတ်ရဲ့အားရကျေနပ်မှုဟာ အထွဋ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်။ ကိုငဲရဲ့နာမည်ကြီးသီချင်းတွေဟာ အလွန်များပြားလှပေမယ့် သူဆိုတဲ့သီချင်းတိုင်းက ပရိတ်သတ်က တလုံးမကျန်အလွတ်ရကြတယ်။ ဒုတိယအကြိမ်ကိုလေးဖြူစင်ပေါ်တက်လာချိန်မှာ ပရိတ်သတ်ရဲ့ တုံ့ပြန်မှုဟာ အနုပညာရှင်တိုင်းလိုချင်ကြတဲ့ တုံ့ပြန်မှုမျိုးပါ။ စင်ရဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ ကျွန်တော်မြင်တွေ့ရတဲ့ ပရိတ်သတ်တွေရဲ့ မျက်နှာတွေပေါ်မှာ ပြီးပြည့်စုံတဲ့ ကျေနပ်ခြင်းကို အတိုင်းသားမြင်ရတယ်။ ကိုလေးရဲ့နာမည်ကြီး သံယောဇဉ် သီချင်းကိုဆိုတော့ သူကိုယ်တိုင်ဘာဂျာမှုတ်ပါတယ်။ ဒီလောက်အားကောင်းတဲ့လေးဖြူရဲ့အသံကို ပရိတ်သတ်ရဲ့အသံတွေက ဖုံးလုမတတ်ပါပဲ။ စာမျက်နှာ (၁၅) လဲဆိုသေးတယ်။ ပရိတ်သတ်အားအရဆုံးသီချင်းကတော့ ကိုလေးရဲ့နာမည်ကြီး အလင်းရောင်ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးနဲ့သူက ကျေးဇူးတင်ထိုက်သူတွေကို ဒီနေရာကနေပြီး ကျေးဇူးတင်ကြောင်းကို လက်အုပ်ကလေးချီပြီးပြောတော့ ကျွန်တော့စိတ်ထဲမှာ ကျေးဇူးသိတတ်တဲ့ကိုလေးကို ကြိတ်ပြီး ချီးကျူးဖြစ်တယ်။
ပွဲချိန်အတိုင်း ပွဲကိုအောင်အောင်မြင်မြင်ပြီးသွားပေမယ့် ပရိတ်သတ်က မပြန်ချင်ကြသေးဘူး။ လေးဖြူက စင်ပေါ်ကနေ မိုက်ခရိုဖုန်းနဲ့ ပရိတ်သတ်ကိုလှမ်းမှာပါတယ်။ အိမ်ကိုကောင်းကောင်းပြန်ကြဖို့။ အပြင်မှာမိုးရွာနေလို့ ကားကိုဖြေးဖြေးမောင်းဖို့ အစရှိသဖြင့်ပေါ့။ သူဘာပြောပြောပရိတ်သတ်က သြဘာပေးကြတယ်။ အဲသလို အပေးအယူမျှတာ။
အဆိုတော်တွေကော တီးဝိုင်းကသူတွေကော အမေရိကားကိုထွက်လာတာ (၂) လကျော်ကြာတာပေါ့။ ပွဲတွေက ဆက်သလို ခရီးထွက်ကြရတာ သူတို့အတွက် အတော်လေးပင်ပမ်းပါတယ်လို့ ကိုလေးက ကျွန်တော့ကို စင်နောက်မှာပြောပြတယ်။ ဒါပေမယ့် ပထမတခေါက်ကလိုတော့ အအေးဒဏ်သိပ်မခံရဘူးတဲ့။ နောက်တော့ သူနယူးယောက်ရောက်တုန်း သူ့ရဲ့ညာဖက်လက်မောင်းက ဆေးမှင်ကြောင်ကိုနည်းနည်းပါးပါးအရောင်ထပ်တင်ခဲ့ ကြောင်းပြောဖြစ်သေးတယ်။ မက်ဂါစတားတယောက်ရဲ့ ဟန်ပန်မျိုး ဟိတ်ဟန်မျိုးသူ့မှာ အလျှင်းမရှိပဲ တီရှပ်ကိုချွတ်ပြီး ကျွန်တော့ကို Tattoo ပြသေးတယ်။ မှတ်မှတ်ရရ ကန္တာရလမင်းအခွေလုပ်တုန်းက ထိုးထားတာဗျ။ ဘာမှတ်လဲတဲ့။ ပြောပြီးတော့ သူ့ဖာသာသူရယ်သေးတယ်။ အဟားး။
အိုင်စီအဖွဲ့သားတွေက ရန်ကုန်ကနေပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်တူရိယာတွေ ယူမလာကြပါဘူး။ အဲ…ဘိုချစ်ကတော့ သူကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ဂစ်တာနဲ့ပဲတီးပါတယ်။ အဲဒီဂစ်တာလေးတွေကိုလဲသူက တခုခုဖြစ်မှာ အတော်စိုးရိမ်တာပါ။ ကျွန်တော်က သိလို့ သလောက်ဖြစ်တာ လစ်မှခိုးသွားဦးမယ် ဆိုတော့ ကိုငဲတို့ မျိုးကြီးတို့က ရီပေမယ့် ဘိုချစ်က မရီနိုင်ပါဘူး။ အဲသလိုသူက အသည်းအသန်။ စင်ပေါ်မှာတီးနေရင်းနဲ့ ကိုဗညားရဲ့ကီးဘုတ်စင်ကြီး ပြုတ်ကျပါတယ်။ ကိုခရမ်းက ဒရမ်တီးရင်း သွားဝိုင်းဆွဲပေလို့ပေါ့။ မဟုတ်ရင် အရှက်ကွဲမှာ။ အိုင်စီဝိုင်းမှာ ထူးခြားတာကတော့ ဝိုင်းကူပေးနေကြတဲ့လူတွေကို ညီအစ်ကိုလိုဆက်ဆံခြင်းပါပဲ။ ကိုဗညားက သူ့ကီးဘုတ်တွေကို ကျွန်တော်ဝိုင်းသိမ်းပေးတော့ ကျေးဇူးတင်ကြောင်းပြောတာ မပြီးတော့ဘူး။ အဲဒါနဲ့ပြောရတယ်။ အစ်ကို အေးဆေး ကျွန်တော်တို့ကူဖို့လာတာ။ စိတ်မပူနဲ့ပေါ့။ ပွဲပြီးတော့ ဘိုချစ်ကိုမိတ်ဆက်ပေးဖို့ မေ့နေတဲ့ ကိုငဲကြီးကို ဘိုချစ်က အသားကုန်ဟားတယ်။ ကိုငဲက သူက သီချင်းဆိုပြီးရင် ဆေးလိပ်သောက်မယ်လို့စိတ်ထဲမှာ တအားကြီးရောက်နေလို့ မေ့သွားတာပါဆိုပြီး အရှက်ပြေပြောတယ်။ စင်ပေါ်မှာ ကီးဘုတ်ပြုတ်ကျတဲ့ကိုဗညားကြီးကိုလဲ ကိုခရမ်းက အသားကုန်ဟားသေးတယ်။
နယူးယောက်မြို့က မြန်မာလူမျိုးတွေဟာ အိုင်စီအဖွဲ့ရဲ့ရော့ခ်အင်ရိုးမှော်ရုံတောထဲမှာ ကျေနပ်ခြင်းအတိနဲ့ အိမ်ပြန်သွားကြတယ်။ အိုင်စီအဖွဲ့ရဲ့ အမေရိကားတခွင်ဖျော်ဖြေမှုအစီအစဉ်ကို အဲဒီညမှာပဲ ပြီးဆုံးခဲ့ပေမယ့် ကျွန်တော့အတွေးထဲမှာ ဟိတ်ဟန်မရှိပဲ ညီအစ်ကိုစိတ်အပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖျော်ဖြေသွားတဲ့ လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း၊ မျိုးကြီးနဲ့ အိုင်စီအဖွဲ့သားအားလုံးကို အမြဲအသွင်ဆောင်တဲ့ သတိရခြင်းမျိုးနဲ့ သတိရနေတော့မယ်ဆိုတာ ကျွန်တော်သိနေတယ်။
ရော့ခ်အင်ရိုးမှော်ရုံတောထဲက
ကိုဝီ
မှတ်ချက်။ ။ SSFS က အိုင်စီချစ်ပရိတ်သတ်များအတွက် ကိုဝီရဲ့ ၂၀၁၂ ခရစ်စ်မတ်တုန်းက အမှတ်ရစရာ လက်ဆောင်ပါ။
Photos & post credit to : Queen Bee Entertainment & Padonma

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။