လျှို့ဝှက်ကင်မရာဖြင့် ဓာတ်ပုံရိုက်သည့် မီးယပ်ဆရာဝန်ကြောင့်
ဂျွန်ဟော့ကင်းဆေးရုံ ဒေါ်လာသန်း(၁၉၀)လျှော်ကြေး ပေးရ
သားဖွားမီးယပ် ဆရာဝန်တစ်ဦးက အမျိုးသမီးများကို ရောဂါစစ်ဆေးရာတွင် လျှို့ဝှက်ကင်မရာ အသုံးပြု၍ ဓာတ်ပုံရိုက်ကူးခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံ ဘာတီမိုးမြို့ရှိ ဂျွန်ဟော့ကင်း ဆေးရုံအနေဖြင့် လျှော်ကြေး အမေရိကန် ဒေါ်လာ သန်း(၁၉၀) ပေးဆောင်ရတော့မည် ဖြစ်သည်။ သားဖွားမီးယပ် ဆရာဝန် နီကီတာလီဗိုင်းသည် ဂျွန်ဟော့ကင်း ဆေးရုံတွင် (၂၅)နှစ်ကြာ အလုပ်လုပ်ခဲ့စဉ် ကာလအတွင်း လည်ပင်းတွင် ချိတ်ဆွဲထားသည့် ဘောပင်၌ လျှို့ဝှက်ကင်မရာ ထည့်သွင်း၍ အမျိုးသမီး (၉၀၀၀)ကျော်ကို ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခဲ့သည်။
နီကီတာလီဗိုင်း၏ တွဲဖက်တစ်ဦးက ရောဂါစစ်ဆေးရာတွင် လီဗိုင်း လျှို့ဝှက်ကင်မရာ အသုံးပြုသည်ဟု သံသယဖြစ်မိကြောင်း ဖွင့်ဟခဲ့ပြီးနောက် ၎င်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့နှင့် အမေရိကန် အထူးထောက်လှမ်းရေး တပ်ဖွဲ့က ၎င်း၏အိမ်ကို ၀င်ရောက်ရှာဖွေရာတွင် ယင်းကဲ့သို့ ရိုက်ကူးထားသည့် ဗီဒီယိုကား ၁၄၀၀နှင့် ဓာတ်ပုံ ၁၄၀ စစ်ဆေးတွေ့ရှိခဲ့သည်။ ''အရမ်းရက်စက်တဲ့ လုပ်ရပ်ပါ။ တချို့ဆိုရင် ဒီကိစ္စအတွက် မအိပ်နိုင်၊ မစားနိုင်ဖြစ်နေကြပါတယ်။ တချို့လည်း ပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှု ခံယူရတဲ့အထိပါပဲ။ ဒီလိုဖြစ်သွားတဲ့အတွက် အမျိုးသမီးတွေဟာ အလုပ်ခွင်မှာရော၊ အိမ်မှာရော တမှိုင်မှိုင်၊ တထွေထွေ ဖြစ်နေရှာပါတယ်။ ဒါဟာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သစ္စာဖောက်လိုက်တာပါပဲ''ဟု တရားလိုရှေ့နေက ပြောကြားခဲ့သည်။
လီဗိုင်း၏ လုပ်ရပ်နှင့် ပတ်သက်၍ ဓာတ်ပုံရိုက်ခံရသည့် လူနာများနှင့် ဂျွန်ဟော့ကင်း ဆေးရုံတို့ လျှော်ကြေးကိစ္စ ဆွေးနွေးရာတွင် လပိုင်းများစွာ အချိန်ကြာမြင့်ခဲ့ပြီး ယခုအခါတွင် လူနာများကို လျှော်ကြေး အမေရိကန် ဒေါ်လာသန်း (၁၉၀)ပေးချေရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
@z (ရိုးရာလေး)
ဂျွန်ဟော့ကင်းဆေးရုံ ဒေါ်လာသန်း(၁၉၀)လျှော်ကြေး ပေးရ
သားဖွားမီးယပ် ဆရာဝန်တစ်ဦးက အမျိုးသမီးများကို ရောဂါစစ်ဆေးရာတွင် လျှို့ဝှက်ကင်မရာ အသုံးပြု၍ ဓာတ်ပုံရိုက်ကူးခဲ့ခြင်းကြေ
နီကီတာလီဗိုင်း၏ တွဲဖက်တစ်ဦးက ရောဂါစစ်ဆေးရာတွင် လီဗိုင်း လျှို့ဝှက်ကင်မရာ အသုံးပြုသည်ဟု သံသယဖြစ်မိကြောင်း ဖွင့်ဟခဲ့ပြီးနောက် ၎င်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့နှင့် အမေရိကန် အထူးထောက်လှမ်းရေး တပ်ဖွဲ့က ၎င်း၏အိမ်ကို ၀င်ရောက်ရှာဖွေရာတွင် ယင်းကဲ့သို့ ရိုက်ကူးထားသည့် ဗီဒီယိုကား ၁၄၀၀နှင့် ဓာတ်ပုံ ၁၄၀ စစ်ဆေးတွေ့ရှိခဲ့သည်။ ''အရမ်းရက်စက်တဲ့ လုပ်ရပ်ပါ။ တချို့ဆိုရင် ဒီကိစ္စအတွက် မအိပ်နိုင်၊ မစားနိုင်ဖြစ်နေကြပါတယ်။ တချို့လည်း ပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှု ခံယူရတဲ့အထိပါပဲ။ ဒီလိုဖြစ်သွားတဲ့အတွက် အမျိုးသမီးတွေဟာ အလုပ်ခွင်မှာရော၊ အိမ်မှာရော တမှိုင်မှိုင်၊ တထွေထွေ ဖြစ်နေရှာပါတယ်။ ဒါဟာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သစ္စာဖောက်လိုက်တာပါပဲ''ဟု တရားလိုရှေ့နေက ပြောကြားခဲ့သည်။
လီဗိုင်း၏ လုပ်ရပ်နှင့် ပတ်သက်၍ ဓာတ်ပုံရိုက်ခံရသည့် လူနာများနှင့် ဂျွန်ဟော့ကင်း ဆေးရုံတို့ လျှော်ကြေးကိစ္စ ဆွေးနွေးရာတွင် လပိုင်းများစွာ အချိန်ကြာမြင့်ခဲ့ပြီး ယခုအခါတွင် လူနာများကို လျှော်ကြေး အမေရိကန် ဒေါ်လာသန်း (၁၉၀)ပေးချေရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
@z (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။