.....................................................................................
အားလုံးတွက် ရင်ခုန်စရာ မီးဖိုချောင်သုံး ပစ္စည်း များအကြောင်း
(Things you should not Refrigerate)
.....................................................................................
ရေခဲသေတ္တာဆိုတာ လိုအပ်သောပစ္စည်းများသာ အအေးခံ၊
အထားခံအောင် ထားသင့်ပါတယ်။ ဘာလာ လာ ရေခဲသေတ္တာထဲသာ
ပစ်ထည့်ထားလိုက်လို့ မရပါဘူး။ တချို့အစားအစာတွေက
အအေးဓာတ်ထိသွားလျှင် အရသာပျက်သွားသလို ရရှိနိုင်တဲ့
ဗီတာမင်ဓာတ်တွေလည်း ပျက်ပျယ်သွားတတ်ပါတယ်။
ရေခဲသေတ္တာ ထဲမှာ အစားအစာများ ပြွတ်သိပ်ပြီးထားလျှင်
အကြာကြီး မခံပါဘူး။ ပျက်လွယ်ပါတယ်။ အစားအစာများ
ကာလာ ပြောင်းလွဲတတ်ပါတယ်။ မတူညီသော
အနံ့တွေကြောင့် ဆိုးဝါးသော အနံ့ဆိုးကြီး ရေခဲသေတ္တာထဲမှာ
စွဲသွား နိုင်ပါတယ်။ တချို့လူတွေ ရေခဲသေတ္တာကို
ကြောင်အိမ်လိုမျိုးသတ်မှတ်ပြီး ၀ယ်လာသမျှကို
ထည့်ထားတတ် ပါတယ်။ မှားယွင်းစွာအသုံးပြုချင်းဟာ
တစ်ခါတလေ အစားအစာများကို အဆိပ်ဖြစ်စေပါတယ်။

ဒါကြောင့် အားလုံး သတိရှိနိုင်စေဖို့ ဒီလရဲ့
This & That မှာ What not to store in your fridge tips လေးများ
မျှဝေလိုက်ပါတယ်။
၁။ ငရုတ်ဆီ၊ ဆော့စ်ကို မီးဖိုချောင်ဗီရို တွေထဲမှာပဲထားပါ။
၁ နှစ်မှ ၃ နှစ် ထိအထားခံပါတယ်။ Tabasco, Frank’s Red Hot ဆော့စ်တွေဆို
ပိုတောင်ခံပါ သေးတယ်။ Worchestershire, Heinz, Soy Sauce ဆော့စ်တွေ
အားလုံးနီးပါး မီးဖိုချောင်ဗီရိုထဲ မှာပဲ ထားလို့ရပါတယ်။

၂။ အာလူးကို ရေခဲသေတ္တာထဲမှာ ထည့်ထားခြင်းဖြင့်
အာလူးအရသာကို ပျောက်သွားစေနိုင်ပါတယ်။
တခြားမုန့်ဖုတ်သော ဂျူံမှုန့်၊ မုန့်ဖုတ်ဆော်ဒါများကို
စက္ကူအိတ်ဖြင့် သေချာလေလုံအောင်ပိတ်ပြီး မီးဖို ချောင်ဗီရိုထဲမှာထားပါ။
ပလတ်စတစ်အိတ်နဲ့ထား လျှင် ချွေးပြန်ပြီး မှိုတက်တတ်ပါတယ်။

၃။ ပေါင်မုန့်များကို ရေခဲသေတ္တာထဲထည့်ထားလျှင်
ပေါင်မုန့်သား မြန်မြန်ခြောက်ပြီး မာလွယ်ပါတယ်။ ၃-၄ ရက်အတွင်း
စားနိုင်မည့်လောက်ပဲ ဗီရိုထဲမှာ အခန်းအပူနဲ့ထားပါ။
ကျန်တာကို ရေခဲသေတ္တာထဲ မှာထည့်ပြီး ခဲထားပါ။

၎။ ကြက်သွန်နီကို ရေခဲသေတ္တာထဲမှာထားရင် ကြက် သွန်ရဲ့
စပ်ရှတဲ့အရသာတစ်မျိုး ပြောင်းသွားတတ်ပါ တယ်။ လေပေါက်ရှိသော
မီးဖိုချောင်ဗီရိုထဲမှာထား ပါ။ အာလူးနဲ့ အဝေးဆုံးမှာတော့ထားပါ။
ဘာကြောင့် လဲဆိုတော့ မြန်မြန်ပုပ်လွယ်ပါတယ်။

၅။ ရေခဲသေတ္တာထဲမှာ ခရမ်းချဉ်သီးထားလျှင် အနံ့ အရသာ
လုံးဝပျက်စီးသွားစေပါတယ်။ မြန်မြန် မြည့် စေချင်ရင် စက္ကူအိတ်ထဲထည့်ထားပါ။

၆။ ထောပတ်သီးမမှည့်သေးရင် ရေခဲသေတ္တာထဲ မထည့်ထားသင့်သော
အသီးဖြစ်ပါတယ်။ ကောင်းကောင်း မှည့်နေလျှင်တော့ ရေခဲသေတ္တာထဲမှာ
တစ်ပတ် လောက် အထားခံပါတယ်။

၇။ ကော်ဖီမှုန့်များကိုလည်း ရေခဲသေတ္တာထဲမှာကော၊ ခဲတာကော မလုပ်သင့်ပါဘူး။
ကာလာအရောင်နဲ့ အရသာ ပြောင်းသွားတတ်ပါတယ်။ ကော်ဖီစေ့ ကြိတ်ထားတာမျိုးဆိုရင်တော့
ထားလို့ရပါတယ်။ ရိုးရိုးကော်ဖီမှုန့်များကို လေလုံသော ဘူးထဲမှာထည့် ပြီး မီးဖိုချောင်ဗီရိုထဲမှာ ပဲထားသင့်ပါတယ်။

၈။ ကြက်သွန်ဖြူကို အပြင်မှာထားလျှင် ၂ လလောက် အထားခံပါတယ်။
ရေခဲသေတ္တာထဲမှာ ထားမိလျှင် တော့ သူ့ရဲ့အရသာ လျှော့သွားစေနိုင်ပြီး မှိုတက်ပြီး
အစိုပြန်ကာ ပုပ်လွယ်ပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူ ကြိတ်ထားတာကိုတော့
ရေခဲသေတ္တာထဲမှာ ထည့် ထားသင့်ပါတယ်။ ရက်အကြာကြီးထားပြီး မသုံးပါနဲ့။

၉။ ပျားရည်ကို ရေခဲသေတ္တာထဲမှာထားလျှင် အရမ်း ပျစ်ခဲပြီး
စားသုံးလို့မကောင်းတော့ပါဘူး။ ပျားရည် ဆိုတာ သဘာဝအရသာအတိုင်း
အသုံးပြုတာ အကောင်းဆုံးပါ။ ဒါကြောင့် မီးဖိုချောင်ဗီရိုထဲမှာ ထားသင့်ပါတယ်။

၁၀။ ခမသီး (သို့) သခွားမွှေးမသီးများကို ရေခဲသေတ္တာ ထဲ မထားသင့်ပါ။
အလုံးလိုက် အပြင်မှာ အခန်းအပူ ချိန်အတိုင်းထားခြင်းဟာAntioxidants တွေ မထိ ခိုက်စေပါ။
ခြမ်းပြီး၊ စိတ်ပြီးလျှင်သာ ရေခဲသေတ္တာ ထဲမှာ ၃-၄ ရက်ထားလို့ရပါတယ်။

၁၁။ ဆီဆိုလျှင် ဘာဆီမှ ရေခဲသေတ္တာထဲမထားတာ ကောင်းပါတယ်။
ထားမိလျှင် ပျစ်ပြီး အရောင် မကြည်လင်တော့ပါဘူး။ ရေခဲသေတ္တာထဲမှာ
ထား သင့်သောဆီ တစ်မျိုးပဲရှိပါတယ်။ အခွံမာသီးအဆီ တစ်မျိုးပဲရှိပါတယ်။
ကျန်ဆီများကို မီးဖိုချောင် ဗီရို ထဲမှာပဲ သိမ်းဆည်းထားသင့်ပါတယ်။

မစည်ရဲ့ ကျောင်းတုန်းကသင်ခဲ့ရတဲ့ Kitchen Safety ဘာသာမှ
စိတ်ဝင်စားစရာ အကြောင်းလေးများ နဲ့ ehow.com မှ information နှင့်အတူ
ပူးတွဲ ဖော်ပြ လိုက်ပါတယ်။ Have a safe kitchen!!

မှတ်ချက်- ဖော်ပြထားသည့် Information သည် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ
အနည်းငယ် ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။

.................................................
Syi Lwin (Foods Garden)
www.facebook.com/pages/Syilwin-Foodsgarden

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။