“စံပြပုဂ်္ဂိုလ်”
Q. လူငယ်တွေအနေနဲ့ လေးစားစံပြုတဲ့ပုဂ်္ဂိုလ် အရွေးမမှားဖို့အတွက် ဘယ်လိုလုပ်သင့်ပါသလဲဆရာ။
A. လူငယ်တွေမှာ အရွယ်နဲ့အမျှ စံပြပုဂ်္ဂိုလ်ကတော့ ပြောင်းနေမှာပဲ။ စံပြပုဂ်္ဂိုလ်က ပုံသေမရှိဘူး။ သူ့အရွယ်နဲ့သူ စံပြပုဂ်္ဂိုလ်တွေ ရှိတတ်ကြတယ်။ သူထားတဲ့ စံပြပုဂ်္ဂိုလ်က သူ့ရဲ့ပန်းတိုင်၊ သူ့ရဲ့ဘ၀ပဲ။ ဒီကလေးဟာ ဘယ်သူ့ကိုအားကျသလဲ၊ စာသင်ခန်းထဲမှာ ဒီကလေးက ဘယ်သူနဲ့ပေါင်း သလဲဆိုတာကိုကြည့်ပြီး ဒီကလေးရဲ့ မနက်ဖြန်နဲ့ အနာဂတ်ကို ပြောလို့ ရတယ်။
ရည်းစားထားနေတဲ့မိန်းကလေးနဲ့ ပေါင်းတဲ့မိန်းကလေးဟာ မကြာခင် ရည်းစားထားမှာပဲ။ ဆေးလိပ်သောက်တဲ့သူနဲ့ ပေါင်းတဲ့ ကလေးဟာလည်း မကြာခင် ဆေးလိပ်သောက်တတ်သွားမှာပဲ။A. လူငယ်တွေမှာ အရွယ်နဲ့အမျှ စံပြပုဂ်္ဂိုလ်ကတော့ ပြောင်းနေမှာပဲ။ စံပြပုဂ်္ဂိုလ်က ပုံသေမရှိဘူး။ သူ့အရွယ်နဲ့သူ စံပြပုဂ်္ဂိုလ်တွေ ရှိတတ်ကြတယ်။ သူထားတဲ့ စံပြပုဂ်္ဂိုလ်က သူ့ရဲ့ပန်းတိုင်၊ သူ့ရဲ့ဘ၀ပဲ။ ဒီကလေးဟာ ဘယ်သူ့ကိုအားကျသလဲ၊ စာသင်ခန်းထဲမှာ ဒီကလေးက ဘယ်သူနဲ့ပေါင်း သလဲဆိုတာကိုကြည့်ပြီး ဒီကလေးရဲ့ မနက်ဖြန်နဲ့ အနာဂတ်ကို ပြောလို့ ရတယ်။
ဒါကြောင့်မို့လို့ ကျောင်းသင်ရိုးတွေမှာ တကယ့်စံပြုထိုက်တဲ့ ပုဂ်္ဂိုလ်တွေ အကြောင်းကို ထည့်သင့်တယ်။ ဥပမာ မာသာထရီဇာ အကြောင်းကို ထည့်သင့်တယ်။ မာသာထရီဇာဆိုတာ အိန်္ဒိယနိုင်ငံသူ မဟုတ်ဘူး။ ယူဂိုဆလားဗီးယားနိုင်ငံသူ။ ခရစ်ယာန်ဘာသာဝင်။ ဒါပေမဲ့ အိန်္ဒိယနိုင်ငံမှာ လူတွေ ဆင်းရဲဒုက္ခရောက်နေတာကို သူ ကယ်တင်ခဲ့တယ်။ သူ့အကြောင်း ကို မသင်သင့်ဘူးလား။ ဒီအကြောင်းတွေကို ကလေးတွေသိသွားရင် တခြားဘာသာဝင်တွေကိုလည်း လေးစားတတ်လာမယ်။ ဒီလိုပဲ ဆရာကြီး ဦးရာဇတ်အကြောင်း မသင်သင့်ဘူးလား။ သူဟာ အစ္စလာမ်ဘာသာဝင်၊ အထက်မြန်မာပြည်ပညာရေးရဲ့ဖခင်ကြီး။ ဆရာကြီးဦးဖေမောင်တင် အကြောင်းရော မသင်သင့်ဘူးလား။ ခရစ်ယာန်ဘာသာဝင်ဖြစ်သော်လည်းပဲ ၀ိသုဒ်္ဓိမဂ်ကို ဘာသာပြန်သွားတယ်။ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး အတွက် ခေတ်ဆန်းစာပေရဲ့တကယ့်ခေါင်းဆောင်ကြီးပဲ။ မြန်မာ
အမျိုးသားကျောင်းအုပ်ကြီးလည်း ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ပုဂ်္ဂိုလ်မျိုးတွေ ဖြစ်လာဖို့၊ သခင်နု ဆိုတဲ့ ပုဂ်္ဂိုလ်မျိုးတွေ ဖြစ်လာဖို့က ဆရာကြီးဦးဖေမောင်တင်က အဓိကကျတယ်။ ဦးဖေမောင်တင် သာ ကျောင်းအုပ်ကြီးမဖြစ်ခဲ့ရင် ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံရေးကို ဒီလောက်ထိ လုပ်ခွင့်ရမှာ မဟုတ်ဘူး။ လွတ်လပ်ရေးရဖို့လည်း ဒီလောက်ထိ လုပ်ခွင့်ရမှာ မဟုတ်ဘူး။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ဆရာတို့က ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပဲ ပြောနေကြတာ။ ဆရာကြီးဦးဖေမောင်တင်သာ မားမားမတ်မတ်မရပ်ခဲ့ရင် ဒီနေ့ခေတ် သမိုင်းကြီး မဖြစ်နိုင်ဘူး။ ဒါကြောင့် အဲဒီလို သူရဲကောင်းတွေ ရဲ့အကြောင်းကို ဆရာတို့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေထဲမှာ မသင်သင့်ဘူးလား။ ဒါမှသာလျှင် စစ်မှန်တဲ့၊ မှိုင်း မပါတဲ့ ပညာရေးဖြစ်မှာပါ။

“ပြောသမျှကို ခေါင်းညိတ်တတ်တဲ့သူက မှိုင်းမိနေတဲ့သူပဲ၊ ခေါင်းဆိုတာက ညိတ်ဖို့ထားတာမဟုတ်ဘူး၊ စဉ်းစားဖို့ထားတာ၊ တွေးခေါ်ဖို့ထားတာဆိုတဲ့ ဦးဘုန်း(ဓာတု)နှင့် တွေ့ဆုံခြင်း”
Eternal Light Magazine
April 2014
“လူငယ်နှင့် ၀ါဒမှိုင်း”
April 2014
“လူငယ်နှင့် ၀ါဒမှိုင်း”
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။