Guadua Angustifolia Kunth မိတ်ဆက်
အခုပြောမယ့် ၀ါးတွေက မက္ကဆီကို မျိုးရင်း Guadua Angustifolia Kunth ဆိုတဲ့ ၀ါးတွေဖြစ်ပါတယ်။
အသားထူတယ်။ အဆစ်တိုတယ်။ ကြံ့ခိုင်မှုမှာ အဆင့်အတန်းမီတယ်။ ပရိဘောဂလုပ်တဲ့နေရာမှာ လိုသလိုပုံဖော်ပြီး အကောင်းဆုံး တည်ဆောက်နိုင်တယ်။
Moso ၀ါးတွေအကြောင်းပြောခဲ့တုန်းက မြန်မာပြည်မှာ စိုက်လို့ရလိမ့်မယ်လို့ စိတ်ကူးယဉ်မိတယ်။ ဒါပေမယ့် ရာသီဥတုအေးတဲ့ ဒေသတွေဖြစ်တဲ့ ချင်းပြည်နယ် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေလောက်မှာပဲ Moso တွေက စိုက်လို့ရနိုင်တယ်လို့ ယူနန်ပြည်နယ်က ၀ါးပညာရှင်အမျိုးသမီးက ကျနော့်ကို အကြံပြုပါတယ်။ ဒါဖြင့် မြန်မာပြည် ဒေသအနှံ့အပြား တောင်ပေါ်မြေပြန်မရွေးစိုက်လို့ ရနိုင်တဲ့ နိုင်ငံခြားမျိုးရင်းဝါးတွေ မရှိဘူးလားလို့ စောဒကတက်ပြီးမေးကြည့်တော့ မြန်မာပြည်ရဲ့ တစ်နိုင်ငံလုံး ပျမ်းမျှ ရာသီဥတုအခြေအနေနဲ့ဆိုရင် Guadua Angustifolia Kunth တွေ စိုက်ရင်အကောင်းဆုံးပဲလို့ ညွှန်းပါတယ်။
အကျိုးအမြတ်လည်း အများကြီးဖြစ်နိုင်တယ်တဲ့။ ဒီကနေ့ ၀ါးတင်ပို့မှုလုပ်ငန်းတွေမှာ အရောင်းအ၀ယ်အဖြစ်ဆုံးဝါးဖြစ်ပြီး နိုင်ငံတကာက အကြိုက်ဆုံးဝါးပဲတဲ့။ ဆောက်လုပ်ရေးမှာရော အိမ်တွင်းအလှဆင်အနေနဲ့ရော အမာခံအဆင့်နေရာတွေမှာပါ သုံးနိုင်တယ်တဲ့။ ဒီဝါးမျိုးစိပ်ကိုက ပိုးမွှားအန္တရာယ်ကို ခံနိုင်ရည်ရှိလို့ ကြိုက်ကြတာလို့ဆိုပါတယ်။ ဆွေးခဲတဲ့ ၀ါးမျိုးပါပဲတဲ့။ ကွမ်းသီးပင်လို အရင်းကနေ အဖျားအထိ လုံးပတ်ညီတဲ့ဝါးမျိုးလည်းဖြစ်တော့ လူကြိုက်များပါတယ်တဲ့။ အတော် သဘောကောင်းပြီး Professional ဖြစ်တဲ့ အမျိုးသမီးပါ။ ပညာတွေအများကြီးရလိုက်ပါတယ်။
ကျနော်က ၀ါးပညာရှင်မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာ ဒီလိုပဲ အရည်အသွေးကောင်းတဲ့ဝါးတွေ ရှိနိုင်ပါတယ်။ ဒီ Group မှာ မြန်မာ့ဝါးပညာရှင်တွေ လာဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။