ငှက်ပျောသီးနဲ့ ပေါက်တဲ့သူကို ကျေးဇူးတင်ပါတယ်------အဲလ်ဗ က်စ်
ဗီလာရီးရဲလ်ကို (၂-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အဲလ်ဗက်စ်ကို လူမျိုးရေး ခွဲခြားတဲ့အနေနဲ့ ပရိသတ်တစ်ယောက်က ငှက်ပျောသီးနဲ့ ပေါက်ခဲ့ပေမယ့် အဲလ်ဗက်စ်ရဲ့ တုန့်ပြန်မှုက အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ဗီလာရီးရဲလ်က ပွဲချိန် (၅၅)မိနစ်မှာကတည်းက (၂)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် (၇၅)မိနစ်မှာ ဘာစီလိုနာ အသင်းရရှိတဲ့ ထောင့်ကန်ဘောကို အဲလ်ဗက်စ် ကန်တင်ဖို့ ပြင်ဆင်နေတုန်း ပွဲကြည့်စင်ပေါ်က ပရိသတ် တစ်ယောက်က သူ့ကို ငှက်ပျောသီးနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ အဲလ်ဗက်စ်ကို ဒီငှက်ပျောသီးကို ကောက်စားပြီး အေးအေးဆေးဆေး ထောင့်ကန်ဘော ကန်တင်ခဲ့ပါတယ်။
ဒီပွဲမှာ အဲလ်ဗက်စ်ရဲ့ ဖြတ်တင်ဘောတွေကနေ ဗီလာရီးရဲလ်အသင်း ကိုယ့်ဂိုးကိုယ် နှစ်ကြိမ်သွင်းမိခဲ့ပြီး ပွဲပြီးသတင်းစာ ရှင်းလင်းပွဲမှာ အဲလ်ဗက်စ် ပြောခဲ့တာက “ငှက်ပျောသီးနဲ့ ပေါက်ခဲ့တာ ဘယ်သူလဲ မသိပါဘူး။ ဒါပေမဲ့ သူ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ငှက်ပျောသီးစားပြီး ခွန်အားဖြစ်လာခဲ့လို့ ဂိုးဖြစ်စေမယ့် ဖြတ်တင်ဘောတွေကို ကျွန်တော် ကန်တင်နိုင်ခဲ့တာပါ။ စပိန်မှာ ကစားလာတာ (၁၁)နှစ် ရှိပါပြီ။ ဒီလို ကိစ္စလောက်ကိုတော့ ကျွန်တော် ရယ်ပါတယ်”ဆိုတာပါပဲ။
@z (ရိုးရာလေး)
ဗီလာရီးရဲလ်ကို (၂-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အဲလ်ဗက်စ်ကို လူမျိုးရေး ခွဲခြားတဲ့အနေနဲ့ ပရိသတ်တစ်ယောက်က ငှက်ပျောသီးနဲ့ ပေါက်ခဲ့ပေမယ့် အဲလ်ဗက်စ်ရဲ့ တုန့်ပြန်မှုက အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ အဲလ်ဗက်စ်ရဲ့ ဖြတ်တင်ဘောတွေကနေ ဗီလာရီးရဲလ်အသင်း ကိုယ့်ဂိုးကိုယ် နှစ်ကြိမ်သွင်းမိခဲ့ပြီး ပွဲပြီးသတင်းစာ ရှင်းလင်းပွဲမှာ အဲလ်ဗက်စ် ပြောခဲ့တာက “ငှက်ပျောသီးနဲ့ ပေါက်ခဲ့တာ ဘယ်သူလဲ မသိပါဘူး။ ဒါပေမဲ့ သူ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ငှက်ပျောသီးစားပြီး ခွန်အားဖြစ်လာခဲ့လို့ ဂိုးဖြစ်စေမယ့် ဖြတ်တင်ဘောတွေကို ကျွန်တော် ကန်တင်နိုင်ခဲ့တာပါ။ စပိန်မှာ ကစားလာတာ (၁၁)နှစ် ရှိပါပြီ။ ဒီလို ကိစ္စလောက်ကိုတော့ ကျွန်တော် ရယ်ပါတယ်”ဆိုတာပါပဲ။
@z (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။