ဘွဲ့ရပြီး နောက် ၅ နှစ်မှာ အားလုံးရဲ့ အကွာအဝေးကို ဆွဲဟသွားစေတဲ့ အကြောင်းရင်းက ဘာတွေလဲ?
တစ်ယောက်ပြောဖူးပါတယ် “ကျနော့အထင် လူတန်းစားတစ်မျိုးရှိတယ်… သူတို့ဟာ အခြားသူတွေနဲ့ အကျိုးအမြတ်ရယ် ပြန်လည်တုန့်ပြန်မဲ့ တန်ဖိုးကို မလုသင့်ဘူး…
အဲဒီလူမျိုးကတော့ အလုပ်ခွင်ထဲကို အသစ်ဝင်လာတဲ့လူတွေ… ပထမဆုံး ၅နှစ်မှာ ကျနော့ကို လခ နည်းနည်းတိုးပေးပါဆိုတာမျိုးကို လုံးဝမပြောမိပါစေနဲ့… အရေးကြီးဆုံးက အလုပ်ခွင် ကနေ ကိုယ်ဘာကို သင်ယူလို့ရမလဲ… တိုးတက်ဖို့အတွက် အားသာချက်တွေရှိသလား ဆိုတာကို ကြည့်ရမယ်…”
လူဆိုတာက…
အေးအေးဆေးဆေးကနေရလာတဲ့ ပညာကနည်းတယ်… ခက်ခက်ခဲခဲ လုပ်ရတာကနေ ရလာတဲ့ ပညာက များတယ်…
အေးအေးဆေးဆေးကနေရလာတဲ့ ပညာက တိမ်တယ်… ခက်ခက်ခဲခဲ လုပ်ရတာကနေ ရလာတဲ့ ပညာက နက်နည်းတယ်…
လူတစ်ယောက်ဟာ ငယ်ရွယ်စဉ်မှာ ဘ၀ရဲ့ ခက်ခဲ ကြမ်းတမ်းမှုတွေကို ဖြတ်ကျော်ပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရှုမြင်နိုင်ခဲ့ရင် ဒီလူဟာ အမှောင်ထုကို ထွင်းပြီး လူအများရိုသေလေးစားထိုက်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်တယ်…
အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ အတွင်း ပိုင်းမှာရှိတဲ့ အရည်အချင်းတွေကို အရင်သွေးပေးဖို့လိုတယ်… ဘွဲ့ယူကျောင်းပြီးတဲ့ ပထမဆုံး ၅ နှစ်ဟာ အသင့်တော်ဆုံးအချိန်ပါဘဲ… ကိုယ့်ရဲ့ အတွင်းပိုင်း အရည်အချင်းတွေကို ကောင်းအောင်သွေးနိုင်လေလေ အပေါ်ကိုရောက်အောင် တက်နိုင်လေလေပါဘဲ…
“ထွက်လမ်းက ဘယ်မှာလဲ? ထွက်လမ်းက ကိုယ့်ရဲ့ အတွေးလမ်းကြောင်းပေါ်မှာရှိတ ယ်…”
အမှန်တကယ်တော့ ပိုက်ဆံမရှိဘူး… အလုပ်အတွေ့အကြုံမရှိဘူး… ဗဟုသုတမရှိဘူး… အချိတ်အဆက်တွေမရှိဘူး… စတာတွေဟာ တစ်ခုမှ ကြောက်ဖို့မကောင်းဘူး…
ပိုက်ဆံမရှိဘူး… ကိုယ့်ရဲ့ အလုပ်ကြိုးစားမှုနဲ့ စုဆောင်းလို့ရတယ်…
အလုပ်အတွေ့မရှိဘူး… ကိုယ့်ရဲ့ အမှန်တကယ် လုပ်ဆောင်ချက်တွေနဲ့ အဆုံးသတ်လို့ရတယ်…
ဗဟုသုတမရှိဘူး… တစ်လှမ်း တစ်လှမ်းချင်းဆီ ရှာဖွေလို့ရတယ်…
အချိတ်အဆက်မရှိဘူး… လူမှုကွန်ရက်ကို တစ်ဖြည်းဖြည်းချင်း ချိတ်ဆက်ရက်လုပ်လို့ရတယ်…
ဒါပေမဲ့…
အိပ်မက်မရှိဘူး… အတွေးလမ်းကြောင်းမရှိဘူး ဆိုရင် ကြောက်စရာအကောင်းဆုံးပါဘဲ… တွန့်ဆုတ်စိတ်တွေဖြစ်စေတယ်… ထွက်ပြေးချင်စိတ်တွေဖြစ်စေတ ယ်…
“လူတစ်ယောက်မှာ မှန်ကန်တဲ့ ဦးတည်ချက်တစ်ခုတော့ရှိရမယ် …”
ခင်ဗျား မှာ စိတ်အားတွေ ဘယ်လောက်ထိဘဲ ထက်သန်နေပါစေ… ခင်ဗျားမှာ အကြံဥာဏ်ကောင်းတွေ ဘယ်လောက်ထိဘဲ များနေပါစေ… ခင်ဗျားမှာ စိတ်ရောကိုယ်ပါ အားအင်တွေ ဘယ်လောက်ထိဘဲ စိုက်ထုတ်ထားရပါစေ… ကိုယ့်မှာ မှန်ကန်တဲ့ ဦးတည်ချက်တစ်ခုမရှိဘူးဆိုရ င် ကိုယ်လျှောက်တဲ့လမ်းဟာ ကင်းမဲ့နေသလိုဖြစ်နေပါလိမ့် မယ်… တစ်ဖြည်းဖြည်းချင်းနဲ့ ရုန်းကန်ချင်စိတ်တွေ ပျောက်ဆုံးသွားပါလိမ့်မယ်…
ကိုယ့်ရဲ့ ပထမဆုံးသော အိပ်မက်များပျောက်ဆုံးပြီး လမ်းလွှဲကို ရောက်သွားနိုင်သလို ပြန်လမ်းမဲ့ လမ်းကြောင်းပေါ်ကိုလဲရောက်သွားနိုင်ပါတယ်… ကိုယ့်ရဲ့ ပင်ကိုယ် ဥာဏ်ပညာအရည်အချင်းတွေ အလဟသ ဖြစ်သွားစေသလို ကိုယ့်ရဲ့ နုပျိုတက်ကြွတဲ့ အချိန်တွေကိုလဲ ဖြုန်းတီးရာ ရောက်စေပါတယ်…
ဂရိ မျက်မမြန်ကဗျာဆရာ Odyssey ကဗျာမှာပြောခဲ့သလို
“ဦးတည်ချက်မဲ့ သွားလာရစ်သီနေတာလောက် လက်မခံနိုင်တာမရှိဘူး…”
ဘွဲ့ရပြီး လို့ ၅ နှစ်တာရဲ့ လမ်းပျောက်နေမှုဟာ ၁၀နှစ်နောက်ပိုင်းမှာ ဖြစ်လာမဲ့ စိုးရိမ်ကြောင့်ကျမှုတွေဖြစ် စေသလို နောက် အနှစ် ၂၀ရဲ့ လူးလွန့်ရုန်းကန်မှုတွေနဲ့ နောက်ဆုံး သာမန်အဆင့် ဘ၀နဲ့ အဆုံးသတ်သွားနိုင်ပါတယ်…
အကယ်၍ ဘွဲ့ယူပြီးတဲ့ နောက် ၅နှစ်မှာ ကိုယ့်ရဲ့ ရှုပ်ထွေးနေတဲ့လမ်းကြောင်း… ဝေမှုန်နေတဲ့ နှင်းထုကနေ ရုန်းမထွက်နိုင်ခဲ့ဘူးဆိုရင် နောက် ၁၀ နှစ် အနှစ် ၂၀မှာ ရှိနေတဲ့ ကိုယ်ကိုယ်ကို မျက်နှာပြ၀ံ့စရာရှိမှာ မဟုတ်ပါဘူး… ဘွဲ့ယူပြီး ဒီ ၅ နှစ်အတွင်း ကျနော်တို့ဆီမှာ မသေချာမှုတွေ အရမ်းများတယ်… ဖြစ်နိုင်ချေတွေလဲ အရမ်းကို များလွန်းပါတယ်…
ဘွဲ့ယူပြီး ၅နှစ်အတွင်းမှာ ကျနော်တို့ကို စောင့်မျှော်နေတာတွေလဲ အများကြီးရှိသလို ဆုံးဖြတ်ချက်ချရမှာတွေလဲ အများကြီးရှိနေနိုင်ပါတယ်…
လမ်းပျောက်နေတာ… ရှုပ်ထွေးနေတာဆိုတာ လူတိုင်း အနည်းနဲ့ အများတော့ကြုံတတ်းစမြဲပါဘဲ… ကြောင်ရွံ့မှုနဲ့ ရှောင်ပြေးမှုတွေကိုလဲ လူတိုင်း ဖြတ်သန်းလာရခဲ့ဖူးတယ်… ဒါပေမဲ့ လမ်းပျောက်နေလို့ ရှုပ်ထွေးနေလို့ဆိုပြီး ကိုယ့်ကိုယ်ကို စွန့်လွတ်လိုက်တာ… သာမန် ဘ၀နဲ့ ဖြတ်သန်းသွားဖို့ အကြောင်းရင်းမဖြစ်စေပါနဲ့…
ကိုယ့် အသက်ကို ကိုယ်သာ ခံစားပိုင်ဆိုင်ခွင့်ရှိတယ် … ကိုယ့်ရဲ့ ကံကြမ္မာဆိုတာလဲ ကိုယ့်ရဲ့ လက်ထဲမှာဘဲ ဖြစ်ရမယ်… ကျောင်းပြီးတဲ့ ၅ နှစ်အတွင်းမှာ ကိုယ်လျှောက်မဲ့လမ်းကြောင်း ကို ကိုယ်မြန်မြန်တွေ့လေလေ ကိုယ့်ရဲ့ ဘ၀လမ်းကြောင်းမှာ ပိုပြီးအောင်မြင်လာလေလေ… ပိုပြီး ထွန်းတောက်လာလေလေ ဖြစ်လာပါလိမ့်မယ်…
ခေါင်းမပါတဲ့ ယင်ကောင်ဟာ လမ်းကြောင်းကို ရှာမတွေ့လို့ နေရာတကာမှာ နံရံနဲ့ စောင့်မိတတ်တယ်…
လူတစ်ယောက်ဟာလဲ ထွက်ပေါက်ကို ရှာမတွေ့ရင် ရှုပ်ထွေးစေသလို နောက်ဆုံး ကြောက်စိတ်တွေလဲ ဖြစ်ပေါ်လာစေတတ်ပါတယ်…
ဘ၀မှာ အခက်အခဲတွေနဲ့ကြုံလာတဲ့အချိ န်မှာ ကျနော်တို့ဟာ လမ်းမရှိတော့သလို ခံစားရတတ်တယ်…
စိတ်မလျှော့ပါနဲ့… အားတင်းထားပါ… လူငယ်တွေအတွက် ရှေ့ဆက်လျှောက်ဖို့လမ်းမရှိ တော့ဘူးဆိုတာ မရှိဘူး… ရှေ့မှာ အခက်အခဲတွေရှိရင်… မျှော်လင့်ချက်ဆိုတာ လမ်းအကွေ့မှာရှိတတ်ပါတယ်…
ကျနော်တို့ဆီမှာ မှန်ကန်တဲ့ အတွေးလမ်းကြောင်းသာရှိမယ်ဆိုရင် ကိုယ့်လျှောက်မဲ့လမ်းဟာ အကွေ့အကောက်နည်းပြီး ထွက်ပေါက်ကို မြန်မြန်ရှာတွေ့နိုင်ပါလိမ့် မယ်…
အောင်မြင်တဲ့လူတွေဟာ တာအထွက်မှာ နိုင်တာမဟုတ်ဘူး… အလှည့်အပြောင်းမှာ အနိုင်ရတာပါ…
ဘွဲ့ရခါစလူငယ်တွေတော်တော်များများဟာ ကိုယ်စိတ်ကူးထားတဲ့ အလုပ်ကောင်းကောင်းမျိုးကိုဘဲ လိုချင်တောင့်တကြတယ်…
နောက်ပြီး… အလုပ်တွေတော်တော်များများဟာ စောင့်မျှော်လို့ရလာတဲ့အရာမ ဟုတ်ဘူး… မင်း အလုပ်တစ်ခုခုကိုရွေးပြီး ကိုယ်အရည်အချင်းတွေကို သွေးဖို့လိုပါလိမ့်မယ်…
လုပ်ငန်းခွင် ခရီးစဉ်ရဲ့ ပထမခြေလှမ်းဟာ ဘ၀သင်ခန်းစာ ဆိုတဲ့ တက္ကသိုလ်ရဲ့ အစပါဘဲ…
ကိုယ့်ရဲ့စိတ်ကူးနဲ့လွှဲချော်နေတဲ့ အလုပ်တစ်ခုခုရခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ဒါပေမဲ့ အဲဒီကနေစပြီး ကိုယ့်ကိုယ်ကို အနည်အနှစ်ကျနိုင်အောင်ကြိုး စားရမယ်… အဲဒီအလုပ်ကနေ ကိုယ့်အတွက် တန်ဖိုးရှိစေမဲ့ အာဟာရဓာတ်တွေကို စုပ်ယူမယ်…
မိုင်ပေါင်းကုဋေရဲ့ ခရီးလမ်းဆိုတာလဲ ကိုယ့်အောက်က ခြေတစ်လှမ်းကနေစတင်တာပါဘဲ…
စထွက်တဲ့နေရာကတူလို့ရတယ်… အချိုးအကွေ့တွေမှာ ပြောင်းလဲသွားရင် အဆုံးမှတ်ဟာမတူညီနိုင်တော့ပါဘူး…
ကျောင်းပြီးတဲ့ ဒီနှစ်ပိုင်းအတွင်းတွေမှာ…
ကျနော်တို့ရဲ့ ဘ၀… အိမ်ထောင်ရေး… အချစ်ရေး… အလုပ်အကိုင် စတာတွေမှာ မသေချာမရေရာတဲ့ အကြောင်းရင်းတွေ အများကြီးပါရှိနေပါတယ်… အနာဂတ်ဟာလဲ ဖြစ်နိုင်ချေမျိုးစုံနဲ့ ပြည့်နက်နေပါတယ်…
အဲဒီအချိန်မှာ ရွေးချယ်မှုကို သင်ယူတတ်မြောက်ဖို့လိုသလို စွန့်လွတ်ဖို့ကိုလဲ နားလည်တတ်ရပါမယ်…
ကိုယ့်ကိုယ်ကို တိကျပြတ်သားတဲ့ နေရာတစ်ခုချထားပေးပါ… အခြေခိုင်လာပါစေ…
အကယ်၍ ကိုယ်ကိုယ်တိုင် နေရာမချဘူးဆိုရင် အခြားသူက လာပြီး ကိုယ့်ကိုယ် ပုံစံ ချပေးသွားပါလိမ့်မယ်…
Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ
တစ်ယောက်ပြောဖူးပါတယ် “ကျနော့အထင် လူတန်းစားတစ်မျိုးရှိတယ်… သူတို့ဟာ အခြားသူတွေနဲ့ အကျိုးအမြတ်ရယ် ပြန်လည်တုန့်ပြန်မဲ့ တန်ဖိုးကို မလုသင့်ဘူး…
အဲဒီလူမျိုးကတော့ အလုပ်ခွင်ထဲကို အသစ်ဝင်လာတဲ့လူတွေ… ပထမဆုံး ၅နှစ်မှာ ကျနော့ကို လခ နည်းနည်းတိုးပေးပါဆိုတာမျို
လူဆိုတာက…
အေးအေးဆေးဆေးကနေရလာတဲ့ ပညာကနည်းတယ်… ခက်ခက်ခဲခဲ လုပ်ရတာကနေ ရလာတဲ့ ပညာက များတယ်…
အေးအေးဆေးဆေးကနေရလာတဲ့ ပညာက တိမ်တယ်… ခက်ခက်ခဲခဲ လုပ်ရတာကနေ ရလာတဲ့ ပညာက နက်နည်းတယ်…
လူတစ်ယောက်ဟာ ငယ်ရွယ်စဉ်မှာ ဘ၀ရဲ့ ခက်ခဲ ကြမ်းတမ်းမှုတွေကို ဖြတ်ကျော်ပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရှုမြင်နိုင်ခဲ့ရင် ဒီလူဟာ အမှောင်ထုကို ထွင်းပြီး လူအများရိုသေလေးစားထိုက်တဲ့
အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ အတွင်း ပိုင်းမှာရှိတဲ့ အရည်အချင်းတွေကို အရင်သွေးပေးဖို့လိုတယ်… ဘွဲ့ယူကျောင်းပြီးတဲ့ ပထမဆုံး ၅ နှစ်ဟာ အသင့်တော်ဆုံးအချိန်ပါဘဲ… ကိုယ့်ရဲ့ အတွင်းပိုင်း အရည်အချင်းတွေကို ကောင်းအောင်သွေးနိုင်လေလေ အပေါ်ကိုရောက်အောင် တက်နိုင်လေလေပါဘဲ…
“ထွက်လမ်းက ဘယ်မှာလဲ? ထွက်လမ်းက ကိုယ့်ရဲ့ အတွေးလမ်းကြောင်းပေါ်မှာရှိတ
အမှန်တကယ်တော့ ပိုက်ဆံမရှိဘူး… အလုပ်အတွေ့အကြုံမရှိဘူး… ဗဟုသုတမရှိဘူး… အချိတ်အဆက်တွေမရှိဘူး… စတာတွေဟာ တစ်ခုမှ ကြောက်ဖို့မကောင်းဘူး…
ပိုက်ဆံမရှိဘူး… ကိုယ့်ရဲ့ အလုပ်ကြိုးစားမှုနဲ့ စုဆောင်းလို့ရတယ်…
အလုပ်အတွေ့မရှိဘူး… ကိုယ့်ရဲ့ အမှန်တကယ် လုပ်ဆောင်ချက်တွေနဲ့ အဆုံးသတ်လို့ရတယ်…
ဗဟုသုတမရှိဘူး… တစ်လှမ်း တစ်လှမ်းချင်းဆီ ရှာဖွေလို့ရတယ်…
အချိတ်အဆက်မရှိဘူး… လူမှုကွန်ရက်ကို တစ်ဖြည်းဖြည်းချင်း ချိတ်ဆက်ရက်လုပ်လို့ရတယ်…
ဒါပေမဲ့…
အိပ်မက်မရှိဘူး… အတွေးလမ်းကြောင်းမရှိဘူး ဆိုရင် ကြောက်စရာအကောင်းဆုံးပါဘဲ… တွန့်ဆုတ်စိတ်တွေဖြစ်စေတယ်…
“လူတစ်ယောက်မှာ မှန်ကန်တဲ့ ဦးတည်ချက်တစ်ခုတော့ရှိရမယ်
ခင်ဗျား မှာ စိတ်အားတွေ ဘယ်လောက်ထိဘဲ ထက်သန်နေပါစေ… ခင်ဗျားမှာ အကြံဥာဏ်ကောင်းတွေ ဘယ်လောက်ထိဘဲ များနေပါစေ… ခင်ဗျားမှာ စိတ်ရောကိုယ်ပါ အားအင်တွေ ဘယ်လောက်ထိဘဲ စိုက်ထုတ်ထားရပါစေ… ကိုယ့်မှာ မှန်ကန်တဲ့ ဦးတည်ချက်တစ်ခုမရှိဘူးဆိုရ
ကိုယ့်ရဲ့ ပထမဆုံးသော အိပ်မက်များပျောက်ဆုံးပြီး လမ်းလွှဲကို ရောက်သွားနိုင်သလို ပြန်လမ်းမဲ့ လမ်းကြောင်းပေါ်ကိုလဲရောက်သွ
ဂရိ မျက်မမြန်ကဗျာဆရာ Odyssey ကဗျာမှာပြောခဲ့သလို
“ဦးတည်ချက်မဲ့ သွားလာရစ်သီနေတာလောက် လက်မခံနိုင်တာမရှိဘူး…”
ဘွဲ့ရပြီး လို့ ၅ နှစ်တာရဲ့ လမ်းပျောက်နေမှုဟာ ၁၀နှစ်နောက်ပိုင်းမှာ ဖြစ်လာမဲ့ စိုးရိမ်ကြောင့်ကျမှုတွေဖြစ်
အကယ်၍ ဘွဲ့ယူပြီးတဲ့ နောက် ၅နှစ်မှာ ကိုယ့်ရဲ့ ရှုပ်ထွေးနေတဲ့လမ်းကြောင်း… ဝေမှုန်နေတဲ့ နှင်းထုကနေ ရုန်းမထွက်နိုင်ခဲ့ဘူးဆိုရင
ဘွဲ့ယူပြီး ၅နှစ်အတွင်းမှာ ကျနော်တို့ကို စောင့်မျှော်နေတာတွေလဲ အများကြီးရှိသလို ဆုံးဖြတ်ချက်ချရမှာတွေလဲ အများကြီးရှိနေနိုင်ပါတယ်…
လမ်းပျောက်နေတာ… ရှုပ်ထွေးနေတာဆိုတာ လူတိုင်း အနည်းနဲ့ အများတော့ကြုံတတ်းစမြဲပါဘဲ…
ကိုယ့် အသက်ကို ကိုယ်သာ ခံစားပိုင်ဆိုင်ခွင့်ရှိတယ်
ခေါင်းမပါတဲ့ ယင်ကောင်ဟာ လမ်းကြောင်းကို ရှာမတွေ့လို့ နေရာတကာမှာ နံရံနဲ့ စောင့်မိတတ်တယ်…
လူတစ်ယောက်ဟာလဲ ထွက်ပေါက်ကို ရှာမတွေ့ရင် ရှုပ်ထွေးစေသလို နောက်ဆုံး ကြောက်စိတ်တွေလဲ ဖြစ်ပေါ်လာစေတတ်ပါတယ်…
ဘ၀မှာ အခက်အခဲတွေနဲ့ကြုံလာတဲ့အချိ
စိတ်မလျှော့ပါနဲ့… အားတင်းထားပါ… လူငယ်တွေအတွက် ရှေ့ဆက်လျှောက်ဖို့လမ်းမရှိ
ကျနော်တို့ဆီမှာ မှန်ကန်တဲ့ အတွေးလမ်းကြောင်းသာရှိမယ်ဆိ
အောင်မြင်တဲ့လူတွေဟာ တာအထွက်မှာ နိုင်တာမဟုတ်ဘူး… အလှည့်အပြောင်းမှာ အနိုင်ရတာပါ…
ဘွဲ့ရခါစလူငယ်တွေတော်တော်မျ
နောက်ပြီး… အလုပ်တွေတော်တော်များများဟာ
လုပ်ငန်းခွင် ခရီးစဉ်ရဲ့ ပထမခြေလှမ်းဟာ ဘ၀သင်ခန်းစာ ဆိုတဲ့ တက္ကသိုလ်ရဲ့ အစပါဘဲ…
ကိုယ့်ရဲ့စိတ်ကူးနဲ့လွှဲချော
မိုင်ပေါင်းကုဋေရဲ့ ခရီးလမ်းဆိုတာလဲ ကိုယ့်အောက်က ခြေတစ်လှမ်းကနေစတင်တာပါဘဲ…
စထွက်တဲ့နေရာကတူလို့ရတယ်… အချိုးအကွေ့တွေမှာ ပြောင်းလဲသွားရင် အဆုံးမှတ်ဟာမတူညီနိုင်တော့ပ
ကျောင်းပြီးတဲ့ ဒီနှစ်ပိုင်းအတွင်းတွေမှာ…
ကျနော်တို့ရဲ့ ဘ၀… အိမ်ထောင်ရေး… အချစ်ရေး… အလုပ်အကိုင် စတာတွေမှာ မသေချာမရေရာတဲ့ အကြောင်းရင်းတွေ အများကြီးပါရှိနေပါတယ်… အနာဂတ်ဟာလဲ ဖြစ်နိုင်ချေမျိုးစုံနဲ့ ပြည့်နက်နေပါတယ်…
အဲဒီအချိန်မှာ ရွေးချယ်မှုကို သင်ယူတတ်မြောက်ဖို့လိုသလို စွန့်လွတ်ဖို့ကိုလဲ နားလည်တတ်ရပါမယ်…
ကိုယ့်ကိုယ်ကို တိကျပြတ်သားတဲ့ နေရာတစ်ခုချထားပေးပါ… အခြေခိုင်လာပါစေ…
အကယ်၍ ကိုယ်ကိုယ်တိုင် နေရာမချဘူးဆိုရင် အခြားသူက လာပြီး ကိုယ့်ကိုယ် ပုံစံ ချပေးသွားပါလိမ့်မယ်…
Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။