၁၈၉၂ခုနှစ်ရဲ့ အမေရိကန်နိုင်ငံ စတန်းဖို့ ဒ်တက္ကသိုလ်မှာ စတင်ဖြစ်ပျက်ခဲ့တဲ့
ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်ပါတယ်။
ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်ပါတယ်။
ဒါကတော့
၁၈နှစ်အရွယ် မိဘမဲ့ကျောင်းသားလေးတစ်ယောက်သူပေးရမယ့်
ကျောင်းစရိတ်စကတွေအတွက် ခက်ခက်ခဲခဲ လှုပ်ရှားရုန်းကန်နေရတဲ့အချိန်မှာ
ဘာအလုပ်မှလည်းမယ်မယ်ရရမလုပ်တတ်သေးတာကြောင့် အကြံမျိုးစုံနဲ့ ငွေရှာရန်
စဉ်းစားနေတဲ့အချိန်မှာ နောက်ဆုံးသူငယ်ချင်းတစ်ယောက်နှင့်ပေါင်းပြီး
ကျောင်းဂီတဖျော်ဖြေပွဲတစ်ခုကိုကြီးကြပ်စီစဉ်ဖို့ အတွက် အလုပ်ရခဲ့ပါတယ်။

ဒီလိုနဲ့ စန္ဒယားတီးသူတွေကိုငှားရမ်းရန်အတွက် အေဂျင်စီတစ်ခုသို့ သွားရောက်ခဲ့တယ်။
အေဂျင်စီမှ ဂျေ.ပပက်ဒရာစကီ ဆိုတဲ့လူနဲ့ တွေ့ ဆုံတော့ သူတို့ ရဲ့ဖျော်ဖြေပွဲအကြောင်းကို
ပြောပြီးငှားရမ်းလိုကြောင်းပြောတော့ ဂျေရဲ့ မန်နေဂျာက ဒီဖျော်ဖြေပွဲအတွက်
အာမခံ ဒေါ်လာ ၂၀၀၀ယူထားရန်ပြောလိုက်ပါတယ်။
ဒီလိုနဲ့ အဆင်ပြေသွားပြီး ကံဆိုးချင်တာဖြစ်လာပြန်တော့ကျောင်းမှာလက်မှတ်တွေကို
လိုက်ရောင်းပြီးတာတောင်မှ ဒေါ်လာ ၁၆၀၀ပဲရလို့ ဒေါ်လာ ၄၀၀ အလျင်လိုနေတာပဲဖြစ်တယ်။

နောက်ဆုံး ဂျေ့ စီမှာငွေစာရင်းရှင်းတော့ဖြစ်ကြောင်းကုန်စင်ပြောပြီး ဒေါ်လာ ၄၀၀တန်
ချက်လက်မှတ်တစ်စောင်ကိုယူထားရန်နှင့် ခတ္တစောင့်ဆိုင်းရန်တောင်းဆိုခဲ့ပေမယ့်
ဂျေကတော့ သူတို့ ပေးတဲ့ချက်လက်မှတ်ကိုယူကာဆွဲဖြဲလိုက်ပါတယ်။
ထို့ နောက် သူတို့ ရဲ့ဒေါ်လာ ၁၆၀၀ကိုလည်းပြန်ပေးလိုက်ပြီး အဲ့ဒီ့၁၆၀၀ထဲက
သူတို့ ကုန်ကျစရိတ်ရှင်းရန်ကျန်သေးသည်များကို နှုတ်ပြီးအခြားပေးစရာရှိသေးသည်များကို
ပေးရန်သာမှာကြားလိုက်တော့ သူငယ်ချင်းနှစ်ယောက်လည်းကျေးဇူးတင်မဆုံးဖြစ်နေမိပါတယ်။
ဂျေအနေနဲ့ လည်း ဒီကောင်လေးနှစ်ယောက်ကိုဘယ်အကြောင်းကြောင့်များ
ကူညီမိခဲ့တယ်ဆိုတာ မိမိကိုယ်ကိုတောင်နားမလည်နိုင်ဖြစ်နေမိပါတယ်။

နှစ်တွေလည်းကြာမြင့်လာတော့ အေဂျင့် ဂျေဟာ ပိုလန်နိုင်ငံရဲ့ ၀န်ကြီးချုပ်ဖြစ်လာတယ်။
ပြီးတော့အရင်ကလိုပဲမြင့်မြတ်ကောင်းမွန်တဲ့ စိတ်ဓာတ်ကလည်းလုံးဝမပျောက်သေးပဲ
ကောင်းမွန်တဲ့နည်းလမ်းနဲ့ အုပ်ချုပ်မှုကို စီရင်ပါတယ်။
ကံဆိုးတာကတော့ သူ့ လက်ထက်မှာ ဒုတိယကမ္ဘာစစ်ဖြစ်နေတာကြောင့် ပိုလန်နိုင်ငံလည်း
အတော်လေးကိုအထိနာခဲ့ပြီး လူပေါင်းတစ်သိန်းခွဲလောက်
ငတ်မွတ်မှုဘေးအပြေးတွေ့ နေရပါတယ်။
ဒါ့ကြော်င့ဝန်ကြီးချုပ်ဂျေလည်း ပြည်သူတွေငတ်မွတ်မှုကိုဖြည့်စီးပေးနိုင်ရန်အတွက်
အမေရိကန် စားနပ်ရိက္ခာနှင့်သက်သာချောင်ချိရေးဝန်ကြီးဌာနကိုသွားရောက်ကာ
ဌာနရဲ့အကြီးအကဲဖြစ်သူ ဟာဘတ်ဟူဗာ(နောက်ပိုင်းမှာ အမေရိကန်သမ္မတဖြစ်လာ)နဲ့ 
တွေ့ ဆုံပြီး အခက်အခဲများကိုတင်ပြကာ အကူအညီတောင်းဆိုခဲ့ပါတယ်။
ဌာန၀န်ကြီးကလည်းကူညီသောကြောင့် ပိုလန်ပြည်သူတွေငတ်မွတ်မှုဘေးမှ ဝေးခဲ့ရတယ်။

ကျေးဇူးတင်မဆုံးဖြစ်လို့  ပုဂ္ဂိုလ်ရေးအရတွေ့ ရန် ပိုလန်ဝန်ကြီးချုပ်ဂျေက
အမေရိကန်မှ ၄င်းဝန်ကြီးကိုတောင်ဆိုပြီးတွေ့ ကြတဲ့အခါမှာ ၀န်ကြီးချုပ်ဂျေက
အလွန်အလေးအမြပြု (ရှိခိုးမတတ်)တော့မယ်အနေအထားမှာ
ဟူဗာက အဲ့သလိုမပြုဖို့ တားမြစ်ပြီး
"မစ္စတာဝန်ကြီးချုပ်အနေနဲ့ ကျွန်တော့်ကိုကျေးဇူးမတင်သင့်ပါဘူးခင်ဗျ...
ဝန်ကြီးချုပ်ဂျေကတော့မမှတ်မိပေမယ့် နှစ်အတန်ကြာက အေးဂျင့်ဂျေကူညီလို့ 
ကောလိပ်ကျောင်းဆက်တက်ခွင့်ရတဲ့ ကျောင်းသားလေးနှစ်ယောက်ထဲက
တစ်ယောက်ကတော့ ကျွန်တော်ပါပဲ"

လည်နေတဲ့ဒီကမ္ဘာကြီးကိုက ကြည်နူးဖို့ ကောင်းလွန်းနေတာပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။