"ဥပဒေနဲ့ပတ်သက်ပြီး သိစရာ၊ မှတ်စရာရှိစေမယ့် ဇာတ်လမ်းတွဲနဲ့ ဆုပန်ထွာ"
ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတဲ့ "နေရယ်၊လရယ်၊အမှန်တရား ရယ်" ဇာတ်လမ်းတွဲမှာ ဆုပန်ထွာက ဘုဏ်းသိုက်၊ နန္ဒတို့နဲ့ အတူ ရိုက်ကူး လျက်ရှိပါတယ်။ ဒီဇာတ်လမ်းတွဲထဲ မှာ ရှေ့နေမလေး အဖြစ် ပါဝင် သရုပ် ဆောင်ထားတဲ့ ဆုပန်ထွာက..
"အစ်မက ရှေ့နေတစ်ယောက် အနေနဲ့ ဒီဇာတ်လမ်းတွဲထဲမှာ သရုပ် ဆောင် ထားတယ်။ ပိုက်ဆံမရှိတဲ့၊ ရှေ့နေ မငှားနိုင်တဲ့သူတွေ အတွက် အစ်မ က အခမဲ့ လိုက်ပေးတယ်။ အစ်မရဲ့ ချစ်သူအဖြစ် သရုပ်ဆောင်ထားတဲ့ ဘုဏ်းသိုက် ပါတယ်။ အစ်မက ရှေ့နေ့ မလေး တစ်ယောက် အဖြစ်နဲ့ပါဝင် သရုပ် ဆောင် ထားပါတယ်။ ဒီဇာတ်လမ်းတွဲ လေးထဲမှာ အစ်မရဲ့သရုပ်ဆောင်ခွင့်ရ တဲ့ အပိုင်းတွေ အများကြီးပါတယ်။ဖြစ် တဲ့ အမှုတိုင်းတွေကို လိုက်ဖြေရှင်း တဲ့ ရှေ့နေ မလေးနေရာက သရုပ်ဆောင်ရ တာဆိုတော့ ကိုယ့် အတွက် လုပ်ခွင့်ရ တဲ့ဇာတ်လမ်းတွဲပါ။
Happy Beach တုန်းကတော့ တစ် ပိုင်းလောက်ပဲပါ တာပေါ့။ ကိုယ်နဲ့ လိုက်တဲ့ ကာရိုက် တာပိုင်းကိုပဲ ပါဝင် ဖြစ် တယ်။ ဒီမှာကျတော့ အများဆုံး လုပ်ခွင့်ရတယ်။ ဒီဇာတ်လမ်းတွဲကို ရိုက်တဲ့ ဒါရိုက်တာအောင်ကိုလတ် က လည်း သူမကြိုက်မချင်း ဒီကားလေး ကိုကြိုးစားပြီး ရိုက်တယ်။ အစ်မ တို့က ကျတော့ ဒါရိုက်တာ ပြောတဲ့ အတိုင်း အကောင်း ဆုံးဖြစ်အောင်သေချာ လုပ် တယ်။ ဒီကားလေး ထွက်လာရင်လည်း မပန် ထင်ပါတယ်။တချို့တွေက ဥပဒေ အကြောင်းအရာတွေကို မသိ ကြဘူး ။ဒါကြောင့်ဥပဒေ အကြောင်း အရာမသိသေးတဲ့ ဥပဒေ နဲ့ပတ် သက်ပြီး အထောက်အကူပြု စေမယ့် သိစရာ မှတ်စရာရှိ စေမယ့် အကျိုးပြု ကားလေး တော့ ဖြစ်မယ်လို့မပန် သေ ချာပေါက်ပြောနိုင် တယ်။
ဘာဖြစ်လို့လဲ ဆို တော့မပန်တို့ ဇာတ်လမ်း တွဲရိုက်ဖို့ ဇာတ်ကိုစဖတ် လိုက်တယ် ဆိုကတည်း က ဒီဇာတ်ထဲကို စီးမျောသွားတယ်။ တရားစွဲခံ ထားရတဲ့ သူတွေအတွက် မပန် ကကြိုးစားပြီးလုပ်၊ အစ်မရဲ့ရှေ့နေ လက်ထောက် ကလည်းကြိုး စား၊ အစ်မရဲ့ ချစ်သူအဖြစ် သရုပ်ဆောင် ထားတဲ့ကို ဘုဏ်းသိုက်ကလည်း အိုင်ဒီ ယာတွေပေးပေါ့။ အဲဒီလိုသရုပ်ဆောင် ရတယ်။ ဝိုင်း ဝန်းပြီးတော့ အမှုတစ်ခု ကိုနိုင်အောင် လုပ်ရတဲ့အခါ ကျတော့ ဒီဇာတ်ကို ဖတ်ရင်းနဲ့ ကို စီးဝင်သွားပြီး တစ်ခါတလေ ကျရင်ဆက်ဖတ်ပြီးတာနဲ့ မျက်ရည် တွေဝဲပြီး ကျန်ခဲ့တယ်။ မု(ဒ်)ပေါ့လေ။ မပန်တို့ ကိုယ်တိုင်လည်း ဥပဒေ နဲ့ပတ်သက်လို့ ဘာမှထဲ ထဲဝင်ဝင် သိထားတာ မရှိဘူးလေ။ မပန်ရဲ့အခက် အခဲက ဒီကားမှာကျတော့ ဖတ်လိုက်ရင်တောင် နားမလည်နိုင်တဲ့ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ စကားလုံးတွေ ဖြစ်တဲ့အတွက် အစ်မက အဲဒီ ဒိုင်ယာလော့ စကားလုံး အတိုင်း တစ်ထပ် တည်းကျအောင်ပြောပေးရတယ်။ ဒီကားလေး ကို အားလုံး က သေချာ စိတ်နှစ်ပြီး ကြိုးစား ထားကြပါတယ်" လို့ ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။