မေသော် on 2014-04-23 18:11
အဆိုတော် သရုပ်ဆောင် Selena Gomez ရဲ့ အပြင်အဆင်တွေကို ကြည့်လိုက်ရင် များသောအားဖြင့် ကျစ်ဆံမြီးကို ပုံစံမျိုးစုံကျစ်ပြီး ထသွားထလာရော၊ ပွဲတက်တွေမှာရော ပြင်ဆင်ထားတာကို တွေ့ရမှာပါ။ အဲ့ဒါကြောင့်လည်း ခုဆိုရင် သူမကို ကျစ်ဆံမြီးဘုရင်မလို့တောင် တင်စားခေါ်ဝေါ်နေကြပြီလေ။ ကျစ်ဆံမြီးကို ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစံ ကျစ်တတ်တဲ့ သူမရဲ့ဆံပင်အပြင်အဆင်တစ်ချို့ကို ကြည့်လိုက်ကြရအောင်။ ဒါဆို ပျိုမေတွေလည်း သူမရဲ့ကျစ်ဆံမြီးပုံစံတွေအတိုင်း ကိုယ့်ဘာသာကိုယ် ကျစ်ကြည့်လို့ရပြီလေ။
၁။ဆံပင်အားလုံးကို အပြောင်သိမ်းလိုက်ပြီး ခုလိုကျစ်ဆံမြီးကျစ်ကာ ခပ်မြင့်မြင့်စည်းထားတာမျိုးကို မင်းသမီးတော်တော်များများ လုပ်လေ့လုပ်ထ မရှိကြပေမယ့် သူမကတော့ နှစ်သက်စွာကို ပြင်ဆင်လေ့ရှိပါတယ်။
၂။ဆံပင်အဖြောင့်ထက် သူမလို ကောက်သားလှိုင်းတွန့်ဆံပင်မျိုးနဲ့ဆို ခုလိုဆံပင်ခွဲကြောင်းအတိုင်း ကျစ်ပြီးချထားတာမျိုးက ကပိုကရိုနဲ့ ကြည့်ကောင်းလွန်းနေပါတယ်။
၃။ဆံပင်အလည်ခွဲဖြစ်ဖြစ်၊ ဘေးခွဲဖြစ်ဖြစ် ရှေ့ဆံပင်လေးတွေကို ခုလို ကပိုကရိုလေး ကျအောင်ထားပြီး ကိုယ့်စိတ်ကြိုက် ကျစ်ဆံမြီးဒီဇိုင်း ကျစ်ကြည့်လိုက်ပါ။
၎။ရှေ့ဆံပင်ကို အဖောင်းပုံလေးလုပ်ပြီး နောက်မှာကလစ်လေးနဲ့ ညှပ်လိုက်ပါ။ ခေါင်းဘေးသားတွေကို သင်္ကြန်မှာ ကျစ်တဲ့ ကျစ်ဆံမြီးအသေးလေးတွေအစား တစ်ခါတည်းနဲ့အပြီးဖြစ်မယ့် ကျစ်ဆံမြီးအဖြစ် ပြောင်းကျစ်လိုက်ပါ။ အောက်နားက ကျနေတဲ့ ဆံပင်လေးတွေကိုတော့ ဒီအတိုင်းထားလိုက်ပေါ့။
၅။ပေါ့ပေါ့ပါးပါး ထသွားထလာအတွက်ဆိုရင်တော့ ခုလို ပြင်ဆင်သွားလိုက်ရုံပေါ့။ ဘယ်လောက်မိုက်သလဲ ကြည့်။
http://www.trend.com.mm/2014/04/23/beauty-2816
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။