Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 28, 2014

ဒေါ်လာရရင် အကုန်လုပ် နအဖရဲ့ စစ်ဗိုလ်ချုပ်

ဒေါ်လာရရင် အကုန်လုပ် နအဖရဲ့ စစ်ဗိုလ်ချုပ်
======================

နအဖဟာ စစ်တပ်၏ စစ်လက်နက်နှင့် အပိုပစ္စည်းများ ၀ယ်ယူဖြည့်တင်းခြင်းနှင့် အစိုးရစီမံကိန်းများတွင် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများအား ပြည်ပမှ ၀ယ်ယူရန်အတွက် လိုအပ်နေသည့် ဒေါ်လာငွေကို Dive Money ခေါ် နိုင်ငံတကာ မူးယစ်ဆေးဝါးလုပ်ငန်း ကွန်ယက်မှ သိုဝှက်ထားသည့် တရားမ၀င်ငွေမဲများကို အသုံးပြုပါတယ်။ သက်တမ်း (၂) နှစ်မှ (၃) နှစ်အထိ ဆိုင်းငံ့ကာလငွေပေးချေစနစ် Differed Payment System ဖြင့် စိုက်ထုတ်ဝယ်ယူစေပါတယ်။ စစ်လက်နက်ပစ္စည်းများကို အစိုးရပိုင်ငွေဖြင့် လက်ငင်းပေးချေရန် မလိုဘဲ Differed Payment System ဆိုင်းငံ့ကာလဖြင့် ငွေပေးချေစနစ်အရ (၆)လ တစ်ကြိမ်အရစ်ကျ ပြန်လည်ငွေပေးချေခြင်းဖြင့် ငွေပေးချေကာလ (၂) နှစ်မှ (၃) နှစ်အတွင်း ပြန်လည်ပေးချေခြင်းဖြစ်ပါတယ်။ ခွန်ဆာနှင့် ယာကူဇာဂိုဏ်းက ဆိုင်းငံ့ကာလ ငွေပေးချေစနစ်ဖြင့် စိုက်ထုတ်ပေးချေထားသည့် ငွေမဲတန်ဖိုးများကို နိုင်ငံတော် အစိုးရငွေများဖြင့် ပြန်လည်ပေးဆပ်လိုက်သည့်အခါ တရားဝင်ငွေဖြူများအဖြစ် ပြောင်းလဲလက်ခံ ရရှိပြီးသား ဖြစ်သွားပါတယ်။ စစ်တပ်အတွက် လိုအပ်နေသည့် ထိုလုပ်ငန်းကွန်ယက်တွင် စစ်လက်နက်ပစ္စည်း များ ၀ယ်ယူခြင်းမှ တရားမ၀င်ရသည့် ပွဲခကော်မရှင်ငွေ၊ ငွေမဲများ လွှဲပြောင်းစိုက်ထုတ်ပေး ချေခြင်း နှင့် အစိုးရပိုင်ဘတ်ဂျက်ငွေဖြင့် ပြန်လည်ပေးချေရာမှ အတိုးနှုန်းပေါ်တွင်ရသည့် ကော်မရှင် ပွဲခငွေတို့ ကို နအဖ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး၊ ဒု-ဗိုလ်ချုပ်မှူးကြီး နှင့် စစ်လက်နက်ပစ္စည်းတင်သွင်းသူ ကန်ထရိုက်ပွဲစား ကိုတေဇတို့ အကျိုးအမြတ်ရပါတယ်။
၂၀၀၀ ခုနှစ် ဇွန်လကတည်းက နအဖ ဗိုလ်ချုပ်ကြီးများနှင့် Dive Money Inflow Network တို့ကို ဦးစွာ လမ်းပြမိတ်ဆက်ပေးခဲ့သူမှာ နိုင်ငံတကာတွင် ဘိန်းဘုရင်ဟု နံမည်ဆိုးဖြင့် ကျော်ကြားသည့် ဦးခွန်ဆာကိုယ်တိုင် ဖြစ်ပါတယ်။ နအဖစစ်တပ်အတွက် ရုရှားလုပ် ရဟတ်ယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများ ရောင်းချသည့် ရုရှား MAPO and Rostvertol ၏ ကိုယ်စားလှယ် ကိုတေဇ Htoo Trading ကို Dive Money Inflow Network အတွင်း အကျိုးတူ ကြားခံ ပါဝင်ဆောင်ရွက်စေရန် ဦးခွန်ဆာ၏ နောက်ကွယ်မှ စီစဉ် အကွက်ချပေးသည်ကို နအဖ ဗိုလ်ချုပ်ကြီးများက သဘောတူ လက်ခံပါတယ်။ Dive Money ဆိုတာဟာ ဂျပန်မူးယစ်ဆေးဝါး ကုန်သည် ယာကူဇာများနှင့် လက်တင်အမေရိက မူးယစ်ဆေးဝါးလုပ်ငန်းကွန်ယက်တို့မှ အသုံးပြုသော ဝေါဟာရတခုဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုရောင်းချခြင်း လုပ်ငန်းများမှ ရထားသည့် ပမာဏကြီးမားသည့် ငွေမဲများကို ငွေဖြူအဖြစ် ပြောင်းလဲရန် ခေတ္တသိုဝှက် သိမ်းဆည်းထားခြင်း ဖြစ်ပါတယ်။
ဦးခွန်ဆာနှင့် သူ၏ မွန်ထိုင်း တပ်ဖွဲ့တို့ နအဖထံ ချွင်းချက်မရှိ လက်နက်ချပြီး အလင်းဝင်လာစဉ်က ဦးခွန်ဆာမှာ ငွေကြေးအမြောက်အမြား ပါမလာခဲ့ကြောင်း နအဖ မူးယစ်ရဲမှူးကြီး ခမ်းအောင် အပါအ၀င် ထိပ်တန်း အရာရှိကြီးများက ပြောကြပါတယ်။ နအဖအရာရှိကြီးများ ပြောစကား မှန်ပါတယ်။ ဦးခွန်ဆာက သူရဲ့ တပ်ဖွဲ့များ နှင့်အတူ Sam7 ကဲ့သို့ ခေတ်မှီလေယာဉ်ပစ် ဒုံးကျည်လက်နက်များ ပါလာခဲ့သော်လည်း ငွေကြေး အမြောက်အမြား ယူဆောင်မလာခဲ့ပါ။ သူရဲ့ ငွေကြေး ပိုင်ဆိုင်မှုအတွင်းရေးကို သိနေတဲ့ မွန်ထိုင်းတပ်မှူးကြီး စိုင်းလူးကို "ငါတို့အခု အချိန်မှာ မိကျောင်းလို နေရမယ်" လို့ ပြောခဲ့ဖူးပါတယ်။ ဗိုလ်မှူးကြီး စိုင်းလူး ကိုယ်တိုင်မှာ လည်း အမေရိကန်တရားရုံးတော်က မူးယစ်ဆေးဝါး တရားခံပြေး အဖြစ် ကြေညာခြင်း ခံထားရသူ ဖြစ်ပါတယ်။ ဦးခွန်ဆာပိုင် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရထားတဲ့ ဒေါ်လာငွေအများစုကို သူရဲ့ စီးပွားဖက် ဂျပန်ယာကူဇာများရဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများနှင့် Tanaka Foods Enterprise ကဲ့သို့သော ယာကူဇာပိုင် လုပ်ငန်းများမှာ အပ်နှံမြုပ်နှံထားခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်၊ သြဂုတ်လမှာ ဦးခွန်ဆာရဲ့ နောက်ကွယ်မှ စီစဉ်ပေးချက်အရ Dive Money US$ 2 millionကို စကာင်္ပူ OCBC ဘဏ်မှ ကိုတေဇရဲ့ ဘဏ်စာရင်းသို့ လုပ်ငန်းပြ လွှဲပြောင်းပေးခဲ့ပြီး၊ မြန်မာလေတပ်ရှိ Bell 205A1 နှင့် Mi 17 ရဟတ်ယာဉ်Propeller Blade, Gear Box and Spare Parts များ ၀ယ်ယူ တင်သွင်းပေးလာတော့မှ နအဖထိပ်သီး ဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီးများ အနေဖြင့် Dive Money Inflow နှင့် သူတို့အတွက် နောက်ကွယ်မှ တိတ်တဆိတ်ရလာတဲ့ ကော်မရှင်အကျိုးအမြတ်ကို လက်တွေ့သဘောပေါက်လာကြပါတယ်။

MI – 17= ပုံ(၄)
=====

စကာင်္ပူ နိုင်ငံရှိ OCBC ဘဏ် အဆောက်အဦး=ပုံ(၁)
အဲဒီကာလက လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်သန်းကိုယ်တိုင်မှာလည်း လေတပ်မှာ အသုံးပြုနေတဲ့ Bell 205 နှင့် Mi 17 ရဟတ်ယာဉ်များ အတွက် မဖြစ်မနေ လိုအပ်တဲ့ အပိုပစ္စည်းများ ၀ယ်ယူဖြည့်တင်းရန် ဒေါ်လာငွေဘတ်ဂျက် အခက်အခဲ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒါ့အပြင် Mi 17 ရဟတ်ယာဉ်နှင့် အပိုပစ္စည်းများတင်သွင်းပေးသည့် ကိုယ်စားလှယ် ကိုတေဇရဲ့ OCBC ဘဏ်စာရင်းမှာ မလေးရှားသို့ ကျွန်းသစ်များကို စက်လှေဖြင့် မှောင်ခိုရောင်းထားသည့် ဒေါ်လာငွေတစ်သန်းကျော်ကိုသာ လုပ်ငန်းအားလုံး လည်ပတ်နေရပါတယ်။ လေတပ်ရဟတ်ယာဉ် အပိုပစ္စည်းများအတွက် ဒေါ်လာနှစ်သန်းဖိုး စိုက်ထုတ် ၀ယ်ယူတင်သွင်းပေးရန် အခက်အခဲ ဖြစ်နေခဲ့ပါတယ်။ ဦးခွန်ဆာကိုယ်တိုင်ကလည်း သူရဲ့ စီးပွားဖက် ဂျပန်ယာကူဇာ လုပ်ငန်းကွန်ယက်မှ Dive Money များဖြင့် နအဖစစ်အစိုးရရဲ့ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းရေးတွင် ကိုတေဇရဲ့ လုပ်ငန်းကို ကြားခံ အသုံးပြုလျက် ငွေကြေး စိုက်ထုတ် Finance လုပ်ပေးပြီး၊ အစိုးရက ဆိုင်းငံ့ကာလ ငွေပေးချေစနစ် သဘောတူ စာချုပ်ဖြင့် ပြန်လည်ပေးဆပ်ငွေကို တရားဝင်အဖြစ် ပြန်လည်ရရှိစေ၇န်စီစဉ်နေချိန်ဖြစ်ပါတယ်။ နအဖရဲ့ ကာကွယ်စောင့်ရှောက်မှု ထီးရိပ်မှာ ချွင်းချက်မရှိ လက်နက်ချခြင်းဖြင့် ငြိမ်းချမ်းရေးရယူကာ ၀င်ရောက်ခိုလှုံလာတဲ့ နိုင်ငံတကာမူးယစ်ဆေးဝါး တရားခံပြေး မာဖီးယားသန်းကြွယ် သူဌေးကြီး ခွန်ဆာနှင့် သူရဲ့ စီးပွားဖက် ဂျပန်ယာကူဇာထိပ်ပိုင်းရဲ့ လျှို့ဝှက်အစီအစဉ်ဖြင့် ၂၀၀၀ခုနှစ် ဇွန်လမှာ ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Tanaka Foods Enterprise ရဲ့ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mr.Tanaka ဟာ ရန်ကုန်သို့ ရောက်လာခဲ့ပါတယ်။ နအဖ ဗိုလ်ချုပ်ကြီးများနဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးလုပ်ငန်းကွန်ယက်မှ ၀င်လာတဲ့ Dive Money တို့ဟာ အချိန်အခါနှင့် အခြေအနေ လိုအပ်ချက်အရ မသူတော်ချင်း အကျိုးတူ ဆက်စပ်ပေါင်းဖက်မိကြခြင်း ဖြစ်ပြီး၊ နအဖဗိုလ်ချုပ်မှူးကြီးတို့ အုပ်စုဟာ သူတို့ အတွက် အကျိုးရှိရင် နိုင်ငံတကာရာဇ၀တ်မှုကိုပါ လက်ရဲဇက်ရဲ ကျူးလွန်ရဲကြသူများ ဖြစ်ပါတယ်။
ဂျပန်ယာကူဇာ ကွန်ယက်အတွင်းမှ Middle Class Businessman ကို အလျင် ဦးဆုံးအနေဖြင့် ကိုတေဇနဲ့ တွေ့ဆုံစေပြီးမှ Dive Money US$ 2 million ကို နအဖလေတပ် ရဟတ်ယာဉ် အပိုပစ္စည်းများ ၀ယ်ယူတင်သွင်းရေး လုပ်ငန်းတွင် ဂျပန်ယာကူဇာ ကွန်ယက်ဘက်မှ လွှဲပြောင်းပေးမဲ့ လုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြဆွေးနွေးစေခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်းတာဝန်ရှိသူများနဲ့ အပြီးသတ် မဆွေးနွေးရသေးခင်မှာ အလယ်အလတ်အဆင့် တာဝန်ခံတစ်ဦး (သို့မဟုတ်) လုပ်ငန်းအဖွဲ့နှင့် အခြေခံအားဖြင့် နှစ်ဘက် သဘောတူညီမှု ရရှိအောင် ရှေ့ပြေးတွေ့ဆုံ ဆွေးနွေးစေခြင်းဟာ ဂျပန်ယာကူဇာတို့၏ လုပ်နည်းလုပ်ဟန် တစ်ခုဖြစ်ပါတယ်။ Mr. Tanaka ကို ရန်ကုန်လေဆိပ်မှာ ခွန်ဆာ၏ လူယုံတပ်မှူး ဗိုလ်မှူးကြီး စိုင်းလူးကိုယ်တိုင် သွားရောက် ကြိုဆိုပြီး အင်ယားလိပ် ဟော်တယ်မှာ တည်းခိုစေခဲ့ပါတယ်။ သူ၏ ရန်ကုန်သို့ လာရောက်သည့် ခရီးစဉ်အား ခွန်ဆာ၏ ညွှန်ကြားချက်အရ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ လှမ်း(၁) ဌာနကြီးမှူး ဗိုလ်မှူးချုပ် ကျော်သိန်းနဲ့ ဗိုလ်မှူးကြီး စန်းပွင့်တို့ကို ဗိုလ်မှူးကြီး စိုင်းလူးက ကြိုတင် အသိပေးထားခဲ့ပါတယ်။ ကိုတေဇဘက်ကလည်း လေတပ်ဦးစီးချုပ်ကို နှုတ်အားဖြင့် ကြိုတင်အသိပေးထားခဲ့ပါတယ်။ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၏ နောက်ကွယ်မှ ကြိုတင်စီစဉ်ပေးချက်အရ အမှတ်(၂) တပ်မတော်ဧည့်ရိပ်သာမှာ ခွန်ဆာဟာ Mr.Tanaka နဲ့ ကိုတေဇ တို့ကို မိတ်ဆက်သဘော တွေ့ဆုံပေးခဲ့ပါတယ်။ လုပ်ငန်းအသေးစိတ်ကိစ္စတွေကို ရန်ကုန်ပြည်လမ်း (၆)မိုင်မှာ ရှိတဲ့ ကိုတေဇရဲ့ Htoo Trading Co,Ltd အဆောက်အဦး ဆင်ဝင်အပေါ်ထပ်မှာ ရှိတဲ့ ကိုတေဇရဲ့ ရုံးခန်းမှာ ဆက်လက်ဆွေးနွေးခြဲ့ကပါတယ်။ အဲဒီလို အသေးစိတ် ဆက်လက်ဆွေးနွေးကြရာမှာ ကိုတေဇရဲ့ အကိုဖြစ်သူ ကိုသီဟ ( Htoo Trading Co,Ltd ၏ ဘဏ္ဍာရေးနဲ့ ငွေစာရင်း ဒါရိုက်တာ) လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။
အသေးစိတ်ဆွေးနွေးကြရာမှာ ဦးစွာ ပထမ Mr.Tanaka က ကိုတေဇရဲ့ စင်ကာပူမှာ ရှိတဲ့ OCBC Bank မှာ လုပ်ငန်း လည်ပတ်နေတဲ့ အထောက်အထားများ၊ Bank Documents များကို ကြည့်ရှုစစ်ဆေး မေးမြန်းခဲ့ပါတယ်။ Mr.Tanaka က Dive Money US$ 2 million ကို လွှဲပြောင်းပေးနိုင်ရေးအတွက် နအဖ အစိုးရ စီစဉ်ပေးမှုနဲ့ ရေနက်ကွင်း ရင်းနှီးမြှပ်နှံမှု စီမံကိန်း လုပ်ငန်းပြထားတဲ့ Loan Proposal တင်ပြရန်နဲ့ အဆိုပါ Loan Proposal တွင် Cash Flow Requirements များပါ ထည့်သွင်းရေးဆွဲပေးရန် တိုက်တွန်းပြောကြား ခဲ့ပါတယ်။ ၄င်းက ဆက်လက်ပြီး လုပ်ငန်းပြ Proposal ၏ လုပ်ငန်းလိုအပ်ချက်အရ Business Loan အနေဖြင့် ယာကူဇာပိုင် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းပြ ကုမ္ပဏီဘက်မှ Business Loan အနေဖြင့် လွှဲပြောင်းပေးမည် ဖြစ်ကြောင်းနဲ့ ငွေလွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်တဲ့ Bank Guarantee ကိစ္စများကို သူတို့ ဂျပန်ဘက်မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ကိုတေဇတို့ဘက်က Loan Proposal ကို မြန်နိုင်သမျှ အမြန်ဆုံး တင်ပြပါက ဂျပန်ဘက်မှ ဆက်လက်ဆောင်ရွက်ပေးမည့် ကိစ္စများကို ဆက်လက်လုပ်ဆောင် သွားမည်ဟု ကတိပေးခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် သြဂုတ်လမှာ Dive Money US$ 2 million ကို ယာကူဇာလုပ်ငန်း ကွန်ယက်ဘက်မှ ၀ိနည်းလွတ်ဆောင်ရွက်သည့် အနေဖြင့် ဟောင်ကောင်ရှိ HSBC ဘဏ်မှ Zencard Finance Industry အမည်ဖြင့် စကာင်္ပူ OCBC ဘဏ်ရှိ ကိုတေဇဘဏ်စာရင်းများ သို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ယခုကဲ့သို့ လေတပ်လိုအပ်ချက် ရဟတ်ယာဉ်အပိုပစ္စည်းများ ၀ယ်ယူတင်သွင်းရန် လွဲပြောင်းပေးမည့် ဒေါ်လာ (၂) သန်းသည်လုပ်ငန်းစတင်သည့် First Package Transfer ဖြစ်နေသဖြင့် အရေးကြီးကြောင်း၊ ပထမတဆင့် အလုပ်ဖြစ်အောင် လုပ်ငန်းစတင်နိုင်ပါက Second Package Transfer ,Third Package Transfer များ အဆင်ပြေလွယ်ကူနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန်လည်း ဆွေးနွေးခဲ့ကြပါတယ်။ Mr.Tanaka ဟာ ရန်ကုန်အခြေစိုက် ဂျပန်ကုန်သွယ်ရေး ကော်ပိုရေးရှင်း ရုံးခွဲများဖြစ်ကြတဲ့ Nichimen Corportion မှ အထွေထွေ မန်နေဂျာများ ဖြစ်သူ Mr.Y.Kondo, Mr.K.Susa နဲ့ Marubeni Corporation ရဲ့ ရန်ကုန်ရုံးခွဲ မန်နေဂျာ Mr.KojiIjiri တို့နှင့်ပါ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာစစ်အစိုးရရဲ့ တည်ဆောက်ရေး စီမံကိန်းများအတွက် လုပ်ငန်းသုံး အကြီးစား စက်ကိရိယာ ပစ္စည်းများ၊ ဘိလပ်မြေနဲ့ ပိုးသတ်ဆေးများအပြင် စီမံကိန်း လုပ်ငန်းသုံး ပစ္စည်းတွေကို Differed Payment System နဲ့ တင်သွင်းရေးတို့ကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

ဟောင်ကောင်ရှိHSBCဘဏ်အဆောက်အဦး=ပုံ(၂)

အဲဒီအချိန်ကာလ (၂၀၀၀-၂၀၀၁)ခုနှစ်က ကိုတေဇရဲ့ ထူးကုမ္ပဏီဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လမ်းညွှန်ချက်နဲ့ ဧရာဝတီတိုင်းအတွင်း Myanmar Billion Group အမည်နဲ့ ရေနက်ကွင်း စိုက်ပျိုးရေးလုပ်ကွက်တွေ ဖော်ထုတ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်း (ကမ္ဘောဇဘဏ်)ရယ် ဗိုလ်ချုပ်ကြီး ရွှေမန်းရဲ့ သားအကြီးဖြစ်တဲ့ အောင်သက်မန်း (ဧရာရွှေဝါ ကုမ္ပဏီ)နဲ့ ဦးဇော်မင်းခေါ် ဦးလှ (မိုးကုတ်ပတ္တမြားတွင်း ပိုင်ရှင်နဲ့ ကျောက်မျက်ကုန်သည်) တို့ဟာလည်း ပူးပေါင်းလျက် လုပ်ကိုင်နေကြပါတယ်။ Mr.Tanaka က တင်ပြရန် တောင်းဆိုလာတဲ့ Loan Proposal ကို ကိုတေဇနဲ့ ကိုသီဟ တို့ဟာ Myanmar Billion Group အမည်နဲ့ ရေနက်ကွင်း ဖော်ထုတ်ရေး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းမှာ အကြီးစား စက်ယန္တယားများ ၀ယ်ယူရန်အတွက် ဒေါ်လာ ငွေတွေ လိုအပ်နေတဲ့အကြောင်း Cash Flow များနှင့်တကွ နိုင်ငံတကာ ဘဏ်များနှင့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနဲ့ ဘောင်ဝင် အောင် စင်ကာပူမှာ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ တွေကို လုပ်ငန်းဆောင်ရွက်ခ ပေးကာ Loan Proposal ကို ရေးဆွဲခဲ့ပါတယ်။
၂၀၀၀ ခုနှစ် သြဂုတ်လမှာ ကိုတေဇကိုယ်တိုင် ဂျပန်ကို သွားရောက်ပြီး Loan Proposal ကို Mr.Tanaka ထံ တင်ပြခဲ့ပြီး တိုကျိုမြို့ Okuya Hotel မှာ Mr.Tanaka အပါအ၀င် ယာကူဇာလုပ်ငန်းကွန်ယက်မှ ထိပ်ပိုင်း တာဝန်ခံများဖြစ်ကြတဲ့ Mr.Matsushima, Mr,Habara နဲ့ Mr.Chinonae စတဲ့ လုပ်ငန်းရှင်အမည်ခံ ယာကူဇာ အကြီးစားတွေနဲ့ ဆက်လက်ဆောင်ရွက်မဲ့ လုပ်ငန်းတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ခွန်ဆာရဲ့ ထောက်ခံတင်ပြချက်နဲ့ ကိုတေဇရဲ့ လျင်မြန်ပါးနပ်တဲ့ Business Performace တို့ကို ယာကူဇာတွေက အကဲဖြတ်လေ့လာခဲ့ပါတယ်။ ၂၀၀၀ ခုနစ် စက်တင်ဘာလအတွင်း ဂျပန်ယာကူဇာ လုပ်ငန်းကွန်ယက်ရဲ့ အမည်ခံ လုပ်ငန်းများမှ Business Loan အမည်ခံ အရေခြုံထားတဲ့ Dive Money US$ 2 million သည် ကိုတေဇရဲ့ စင်ကာပူ OCBC ဘဏ် စာရင်းသို့ ဟောင်ကောင် HSBC ဘဏ်မှ တဆင့် လွှဲပြောင်းလက်ခံရရှိပြီး နအဖလေတပ်ရဲ့ ရဟတ်ယာဉ်များ အတွက် လိုအပ်နေတဲ့ စက်အပိုပစ္စည်း ဒေါ်လာ (၂) သန်းဖိုးကို ၀ယ်ယူတင်သွင်းပေးနိုင်ခဲ့ပါတယ်။ ကိုတေဇရဲ့ လုပ်ငန်းကုမ္ပဏီခွဲဖြစ်တဲ့ Myanmar Avia Export နဲ့ နအဖတို့အကြား Differed Payment System ဖြင့် ပြန်လည်ပေးဆပ်ရန် သဘောတူ ကန်ထရိုက်စာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။ နအဖရဲ့ အစိုးရ ဘတ်ဂျက်မှ အရစ်ကျ ပြန်ဆပ်ငွေတွေကို ကိုတေဇမှ တဆင့် ဂျပန်ယာကူဇာများရဲ့ အမည်ခံလုပ်ငန်းများသို့ ငွေဖြူအဖြစ် ပြန်လည်ရောက်ရှိသွားပါတယ်။ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူခြင်းနဲ့ ငွေလွှဲပြောင်းခြင်းမှ ကော်မရှင် ပွဲခများစွာ ရရှိခဲ့ကြပါတယ်။ နအဖရဲ့ စစ်လက်နက် ပစ္စည်း ၀ယ်ယူရေးအစီအစဉ်နဲ့ ဂျပန်ယာကူဇာ အုပ်စုရဲ့ Dive Money များ အကျိုးတူ ဆက်သွယ် ချိတ်ဆက်မိကြ တဲ့အကြောင်း စာဖတ်သူများကို ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီးပေးပို့ လိုက်ရပါတယ်။

တေဇနဲ့ Mr.Tanaka တို့ ဂျပန်တွင် တွေ့ဆုံခဲ့သော Okuya Hotel မြင်ကွင်း=ပုံ(၃)
 — withThunder Pa Yit and 22 others. (4 photos)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။