စစ်ကျင့်စစ်ကြံ တလွဲစီမံခန့်ခွဲမှုကိုမှ ယုံပေးခိုင်းသေးတဲ့သူတွေ
သူများတွေ အကောင်တေဘဲလ်လတီပြ နှုတ်ထွက်ပြကြတော့ ဒီကဇာတ်လိုက်တွေနဲ့ နှိုင်းထိုး
စရာက ဖြစ်လာတော့တာပေါ့ ။ ပြောရရင် သူတို့ရင်ထဲက ဗီဇစိတ်မှာကိုက အဖျက်မျိုးစေ့က
ပါပြီးသားလို့ ပြောရမှာပဲ ။ ရွားရွားကြေ ဖျက်ဆီးပြီးတာတောင်မှပဲ တင်းမတိမ်အားမရတာသာ
ကြည့် ။ အခု သုံးနှစ်သက်တမ်းလည်း ကောင်းကျိုးဆိုးပြစ်က အသိသာကြီးတွေပါ ။
ဘာသာပြန်တစ်ပုဒ်ထဲ ဖတ်ဖူးသဗျ ။ သူတို့က အော်ပရေးရှင်း ဗစ်ထရီဖို့က ငယ်ထိပ်တက်
နေတော့တာပဲ ။ စစ်မြေပြင်မယ် ၁၈နှစ်သားလောက် ရန်သူလူငယ်က ဒဏ်ရာနဲ့ မသေချင်လို့
ရှိခိုးဦးတင်လည်း နှလုံးတည့်တည့် ဘဲနက်နဲ့ ထိုးလိုက်ရတာမျိုး ၊ ရန်သူလက်ထဲကျလို့မှ
အချုပ်ကျနေတုန်း ရေဆာလွန်းလို့ တောင်းလို့ အနားကပ် ရေလာပေးသူကို သတ် လွတ်အောင်
ရုန်းရတဲ့ အလေ့ စစ်ရေးအမြင်ကတော့ သူ့မသတ် ကိုယ်မလွတ်နိုင် ဒါကြောင့် ရေအသက်
ကျေးဇူးဘာညာထောက်ထားစရာမလို ၊ဒီလောက်ဆို စစ် အနိဌါရုံနဲ့ သဘောသဘာဝကရှင်း
နေရော ။ အငြိမ်းစားတော့မှ မွေးမိတဲ့ခွေးကလေး အအေးမိလို့ သေတော့မှ ဒုတ်ဒုတ်ထိ
ကြေကွဲတတ်ရတာမှ အသက်ဓါတ်ကိုခုံမင် ရှင်လိုနေသေးတဲ့ ခွေးကလေး မျက်ဝန်းတွေက
သူ့ကို ပြောင်းလဲသွားစေပါသတဲ့လေ ။ အခုလည်း မြန်မာပြည်သူတွေရဲ့ မျက်ဝန်းတွေ
တည့်တည့် မြင်နိုင်ကြပြီလား မြင်ကြတဲ့တစ်နေ့ တိုင်းပြည်သက်သာရာရဖို့ပဲ ။
နောက်တစ်ခုက ဗျူရိုကရေစီထဲက ပညာဒတ်တွေ.. စနစ်က သူရို့ ပညာထက် လည်နေတဲ့
ဗျူရိုကရေစီထဲက အထက်ကိုလည်းကြည့် အောက်ကိုလည်းကြည့် ပညာဘေးချိတ်ဆိုတာထဲ
ကိုယ်မဗျင်းရင် ကိုယ့်ဗျင်းသွားမယ်ဆိုတဲ့ အဆိုးကျော့ထဲ တတ်တဲ့ပညာအသာထား အသုံးချ
ရတာထဲ ဂရုဏာမပါတာ အဆိုးဆုံးပါပဲတဲ့ ။ ဂျန်တဲမင်းဖို့ ဝေလာဝေး မိုးခါးရေချည့် လှိမ့် မျို
ကြရတာပါပဲ ။ ဒီ စစ်မင်းတွေနဲ့ ဒီပညာဒတ်တွေနဲ့ကတော့ မစ်စ်မန်းနေ့ဂ်ျမန့်ပဲ ။ နေဇင်လတ်
တို့ ဘာတို့ ဒါသေချာတယ် တိုင်းဖျက်ပြည်ဖျက် စီမံခန့်ခွဲမှုတွေဆိုတာ တိုင်းပြည်အညွှန်းကိန်း
တွေက သက်သေပြနေတာပဲလေ ။ သူရို့ ကောင်းမွန်သော စီမံခန့်ခွဲမှုမှသေချာရင် ဂလိုတွေ
ဖြစ်လာစရာအကြောင်းမှ မရှိတာလေ..။ ဆိုးတာက ဒီဂုရုကြီင်္းတွေလုပ်နေသူတွေပဲ ကွက်
ဆထက်တပိုး ကြီးပွားလာကြတာပါပဲ ။ ဒါ သူရို့ စီမံခန့်ခွဲမှုပေါ့ ။
ချုပ်ရင် ဒိလောက် ရာစုဝက်ကြာ ဆိုးသွမ်းတလွဲတွေနဲ့ ဒီလူတွေကို ယုံပေးရဦးမယ်ဆိုတဲ့သူတွေ
က ကာယကံရှင်တွေထက် ပို ကြောက်စရာကောင်းပါတယ် ။ ကြောင်ချီးတွေလိုပါပဲ တစ်ဘ၀စာ
နဲ့ ကိုယ်တတ်ထားတဲ့ပညာတွေမှ အားမနာ တကယ်ကြီး ယုံပြနေကြတာ ကြက်သည်းတောင်
ထဖို့ကောင်းတယ် ။ သန်း ၆၀ သော ကံကြမ္မာကိုလည်း ပြစ်မှားနေကြတာပါပဲ ။
-------------------------- -------------------------- -------------------------- --
Khaing Soelynn
သူများတွေ အကောင်တေဘဲလ်လတီပြ နှုတ်ထွက်ပြကြတော့ ဒီကဇာတ်လိုက်တွေနဲ့ နှိုင်းထိုး
စရာက ဖြစ်လာတော့တာပေါ့ ။ ပြောရရင် သူတို့ရင်ထဲက ဗီဇစိတ်မှာကိုက အဖျက်မျိုးစေ့က
ပါပြီးသားလို့ ပြောရမှာပဲ ။ ရွားရွားကြေ ဖျက်ဆီးပြီးတာတောင်မှပဲ တင်းမတိမ်အားမရတာသာ
ကြည့် ။ အခု သုံးနှစ်သက်တမ်းလည်း ကောင်းကျိုးဆိုးပြစ်က အသိသာကြီးတွေပါ ။
ဘာသာပြန်တစ်ပုဒ်ထဲ ဖတ်ဖူးသဗျ ။ သူတို့က အော်ပရေးရှင်း ဗစ်ထရီဖို့က ငယ်ထိပ်တက်
နေတော့တာပဲ ။ စစ်မြေပြင်မယ် ၁၈နှစ်သားလောက် ရန်သူလူငယ်က ဒဏ်ရာနဲ့ မသေချင်လို့
ရှိခိုးဦးတင်လည်း နှလုံးတည့်တည့် ဘဲနက်နဲ့ ထိုးလိုက်ရတာမျိုး ၊ ရန်သူလက်ထဲကျလို့မှ
အချုပ်ကျနေတုန်း ရေဆာလွန်းလို့ တောင်းလို့ အနားကပ် ရေလာပေးသူကို သတ် လွတ်အောင်
ရုန်းရတဲ့ အလေ့ စစ်ရေးအမြင်ကတော့ သူ့မသတ် ကိုယ်မလွတ်နိုင် ဒါကြောင့် ရေအသက်
ကျေးဇူးဘာညာထောက်ထားစရာမလို
နေရော ။ အငြိမ်းစားတော့မှ မွေးမိတဲ့ခွေးကလေး အအေးမိလို့ သေတော့မှ ဒုတ်ဒုတ်ထိ
ကြေကွဲတတ်ရတာမှ အသက်ဓါတ်ကိုခုံမင် ရှင်လိုနေသေးတဲ့ ခွေးကလေး မျက်ဝန်းတွေက
သူ့ကို ပြောင်းလဲသွားစေပါသတဲ့လေ ။ အခုလည်း မြန်မာပြည်သူတွေရဲ့ မျက်ဝန်းတွေ
တည့်တည့် မြင်နိုင်ကြပြီလား မြင်ကြတဲ့တစ်နေ့ တိုင်းပြည်သက်သာရာရဖို့ပဲ ။
နောက်တစ်ခုက ဗျူရိုကရေစီထဲက ပညာဒတ်တွေ.. စနစ်က သူရို့ ပညာထက် လည်နေတဲ့
ဗျူရိုကရေစီထဲက အထက်ကိုလည်းကြည့် အောက်ကိုလည်းကြည့် ပညာဘေးချိတ်ဆိုတာထဲ
ကိုယ်မဗျင်းရင် ကိုယ့်ဗျင်းသွားမယ်ဆိုတဲ့ အဆိုးကျော့ထဲ တတ်တဲ့ပညာအသာထား အသုံးချ
ရတာထဲ ဂရုဏာမပါတာ အဆိုးဆုံးပါပဲတဲ့ ။ ဂျန်တဲမင်းဖို့ ဝေလာဝေး မိုးခါးရေချည့် လှိမ့် မျို
ကြရတာပါပဲ ။ ဒီ စစ်မင်းတွေနဲ့ ဒီပညာဒတ်တွေနဲ့ကတော့ မစ်စ်မန်းနေ့ဂ်ျမန့်ပဲ ။ နေဇင်လတ်
တို့ ဘာတို့ ဒါသေချာတယ် တိုင်းဖျက်ပြည်ဖျက် စီမံခန့်ခွဲမှုတွေဆိုတာ တိုင်းပြည်အညွှန်းကိန်း
တွေက သက်သေပြနေတာပဲလေ ။ သူရို့ ကောင်းမွန်သော စီမံခန့်ခွဲမှုမှသေချာရင် ဂလိုတွေ
ဖြစ်လာစရာအကြောင်းမှ မရှိတာလေ..။ ဆိုးတာက ဒီဂုရုကြီင်္းတွေလုပ်နေသူတွေပ
ဆထက်တပိုး ကြီးပွားလာကြတာပါပဲ ။ ဒါ သူရို့ စီမံခန့်ခွဲမှုပေါ့ ။
ချုပ်ရင် ဒိလောက် ရာစုဝက်ကြာ ဆိုးသွမ်းတလွဲတွေနဲ့ ဒီလူတွေကို ယုံပေးရဦးမယ်ဆိုတဲ့သူတွေ
က ကာယကံရှင်တွေထက် ပို ကြောက်စရာကောင်းပါတယ် ။ ကြောင်ချီးတွေလိုပါပဲ တစ်ဘ၀စာ
နဲ့ ကိုယ်တတ်ထားတဲ့ပညာတွေမှ အားမနာ တကယ်ကြီး ယုံပြနေကြတာ ကြက်သည်းတောင်
ထဖို့ကောင်းတယ် ။ သန်း ၆၀ သော ကံကြမ္မာကိုလည်း ပြစ်မှားနေကြတာပါပဲ ။
--------------------------
Khaing Soelynn
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။