ကလေးသူငယ် ဝမ်းသွားလျှင် …….
အစားအစာတွေမှာ ကောင်းတာရှိသလို့ ဆိုးကျိုးဖြစ်စေနိုင်သည့်အစားအစာ များစွာလည်းရှိပါတယ် ။ တန်ဆေးလွန်ဘေး ဆိုသည့် မြန်မာ့စကားပုံ သတိဆောင်ရန်လည်းရှိနေပါတယ် ။ အသွားမတော် တစ်လှမ်း ၊ အစားမတော် တစ်လုပ် ဆိုပြီး အသိသတိထပ်မံပေးထားပြန်တာလည်း တွေ့ ရပါသည် ။ တစ်ချို့  မိခင်ဖြစ်သူတွေမှာ အစားသောက်ကိုမြင်လျှင်ပင် မနေနိုင် စားချင်စိတ်ဖောက်ဖွားစားသောက်တက်ကြပါသည် ။ မိမိရင်သွေးကလေးကိုပင် သတိမထားမိဘဲ စားသောက်လိုက်ပေမဲ့ မိခင်နို့ နှင့် မကင်းကွာဖြစ်သည့် ကလေးငယ်တွင် ဝမ်းနှင့်ပတ်သက်သော ဝေဒနာတစ်ရပ်ဖြစ်ပေါ်လာတက်ပါသည် ။ အထူးသတိထား စားသောက်သင့်ပါတယ်လို့ ပြောကြားလို ပါတယ် ။
ကလေးငယ်များတွင် ကျန်းမာရေး အသိများ မသိနားမလည်နိုင်ခြင်းကြောင့် တွေ့ တာ အစားသောက်များကို စားတက်ကြပါတယ် ။ ပူပြင်းသောရာသီဥတုတွင် စားတက်ကြသည်မှာ သရက်သီးကင် ၊ သရက်သီးသုတ် ၊ မုန်လာချဉ် ၊ ဖရဲသီး ၊ ပိန္နဲသီး ၊ ဝက်သားတုတ်ထိုး ၊ အအေးစိမ့်ထားသည့် နို့  ၊ ရေခဲရေများ နှင့် အခြားဝမ်းနူးစေတက်သောအစားသောက်ကို စားတက်ကြပါသည် ။ အဲလို ကလေးများ အစားသောက်မှားခြင်းကြောင့် ရက်မခြားဘဲဝမ်းပျက် ဝမ်းလျှောခြင်းဖြစ်ပေါ်လာတက်သည် ။
ကလေးသူငယ်များ ဝမ်းလျှောခြင်းဖြစ်ပေါ်လျှင် ဓာတ်ဆားရည်ကို တိုက်ပေးရမည့်အပြင် အစားသောက်ကိုလည်းကျွေးရပါမည် ။ အရည်ကိုလည်းပိုတိုက်ရပါမည် ။ ရေကျက်အေးပြု့ လုပ်ထားသော ရေ ၊ အုန်းစိမ်းရည် နှင့် သောက်ေ၇သန့် တို့ ကိုလည်း တိုက်ပေးသင့်ပါသည် ။ ကျွေးရမည်အစားအစာများမှာ အစိမ်းရောင်ရှိသော အရွက်များ ၊ ဆန်ပြုတ် ၊ ကြက်ဥနှစ် ၊ အသား နှင့် အဝါရောင်ရှိသော အသီးအနှံများကို ကျွေးပေးရပါမည် ။
တစ်ကိုယ်ရေသန့် ရှင်းခြင်းလည်း အထူးသတိထားရပါမည် ။ ဝမ်းသွားထားသော အဝတ်အထည်များ နေ၇ာများတွင် ကိုင်တွယ်ထားပါက လက်ကို ချက်ခြင်း ဆပ်ပြာဖြင့် နှစ်ကြိမ်ထက်မနည်း စင်ကြင်အောင်ဆေးကြောပါ ။ကလေးသူများနှင့် လူကြီးများတွင် အစားအသောက်မစားခင် လက်ကို စင်ကြယ်စွာဆပ်ပြာဖြင့် ဆေးကြောပြီးမှာ ကျွေးခြင်း စားသောက်စေခြင်း နှင့် အစားသောက်များကို ယင်နားမှု့ မရှိစေရန် ဂရုစိုက်ပါ ။
ဝမ်းသွားခြင်းကြောင့် ကလေးငယ်များတွင် ပျော့ခွေနေခြင်း ၊ အပြင်းအထန်ဖျားနေခြင်း ၊ မကြာခဏ အန်ခြင်း ၊ ကလေးငယ်တွင် မှေးနေခြင်း ၊ နှိုးရခက်ခြင်း ၊ အစားသောက်မစားခြင်း နှင့် သတိလစ်မှု့ ဖြစ်နေခဲ့ပါက နီးစပ်ရာ ဆေးခန်းနှင့် ဆေးရုံများတွင် ချက်ချင်းပြသ ကုသမှု့ ခံယူသင့်ပါကြောင်း ကလေးငယ်များ ဝမ်းသွားလျှင် အသိပေးစာဖြင့် တင်ပြလိုက်ရပါသည် ။
အသက်ရာကျော် ရှည်ပါစေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။