Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 22, 2014

အရင်းရှင်စနစ် မုန်တိုင်းဒဏ်ကြံ့ကြံ့ခံနေရပြီးလား

အရင်းရှင်စနစ် မုန်တိုင်းဒဏ်ကြံ့ကြံ့ခံနေရပြီးလား

နေဇင်လတ်

JOB Seekers Journal vol.2,No.42

ရှောင်းမက်ဘဲလ်ဝီးရေးသော “မာက္ခစ်မှန်ခဲ့တယ်” ဆောင်းပါးကို ဖတ်မိသောအခါယနေ့တစ်ကမ္ဘာလုံးပြန့်နှံ့နေသောအရင်းရှင်စနစ်အနေဖြင့် မုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံနေရချိန်ရောက်နေပြီလားဟု တွေးမိသည်။ လွန် ခဲ့သောနှစ်ပေါင်း (၁၆၀) ကျော် (၁၈၄၈) တွင် Karl Marx ဆိုသူက အရင်းရှင် စနစ်နှင့်ပတ်သက်၍ ဖြစ်လာနိုင်ဖွယ်ရှိသည်တို့ကို ဟောကိန်း ထုတ်ရေးသား ခဲ့သည်။ ကားလ်မာက္ခစ်နှင့် ဖရက်ဒရစ်အိန်ဂျယ်လ်ဟုဆို လျှင် ကွန်မြူနစ် စနစ်၏ ခေါင်းကိုင်ဖခင်ကြီးများဟူသည်ကို မည်သူမျှ ငြင်းကြမည်မဟုတ်။ သူတို့၏ ကွန်မြူနစ်အတွေးအခေါ် အယူအဆများ မှာ အရင်းရှင်နိုင်ငံများ အတွက် အိပ်မက်တစ္ဆေအဖြစ် နှစ်ပေါင်းများစွာ ခြောက်လှန့်ခြင်း ခံခဲ့ကြရ သည်မှာ စစ်အေးကာလတစ်လျှောက်လုံးအထိ ဖြစ်သည်။ စစ်အေးလွန်တွင် ကွန်မြူနစ်ကမ္ဘာကျဆုံးသွားသည်ဟု ဆိုနိုင်သော်လည်း အသက်ပြင်း တတ်သော သဘာဝရှိ၍ ယနေ့တိုင် အရင်းရှင် တို့ စိတ်ဒုန်းဒုန်းမချနိုင် တတ်ကြသေးချေ။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုမကြာခဏဖြစ်လာ

အရင်းရှင်တို့၏လောဘကို မာက္ခစ်ကထောက်ပြသည်။ တီထွင် ဆန်းသစ် မှုသည် အရင်းရှင်စနစ်၏ မောင်းနှင်အားဖြစ်လာပြီး၊ ထိုမောင်း နှင် အားနှင့် ၀ယ်လိုအား ဟန်ချက်ပျက်သည့်အခါ၊ လူသားလောဘတို့၏ ထိန်း သိမ်းနိုင်မှု ထိန်းချုပ်မှုကင်းလွတ်သွားသည့်အခါတွင် အရင်းရှင်များ မုန်တိုင်း ဆင်ခံရလိမ့်မည့်သဘောကိုထောက်ပြထားသည်။ မှတ်မှတ်ရရ ၁၉၂၉- ကမ္ဘာ့စီးပွားပျက်ကပ်တွင် အမေရိကန်ရှိဘဏ်များ၏ တစ်ဝက် ခန့်မှာ အချိန် တိုအတွင်း ကျဆုံးသွားခဲ့သည်။ အတော်ကြာကြာ ပြန်၍ နာလန်ထူအောင် ကြိုးစားခဲ့ရ၏။ ထိုသည်၏နောက်အထူးသဖြင့် ၁၉၇၀-နောက်ပိုင်းတွင် ကမ္ဘာ့ စီးပွားရေးအခြေအနေမှာ မကြာခဏမုန်တိုင်းအဆင်ခံခဲ့ရသည်။ ၁၉၇၃-ရေနံဈေးနှုန်း ရုတ်တရက်တက်သွားခြင်းဖြင့် ကမ္ဘာ့စီးပွားရေး တစ္ဆေ အခြောက်ခံလိုက်ရသလိုများမကြာသေးမီ ၂၀၀၈-ကမ္ဘာ့စီးပွားပျက်ကပ်က လည်း အထူးသတိပေးဖြစ်ခဲ့သည်။

ဥရောပသမဂ္ဂတွင်ဖြစ်ခဲ့သော ဂရိစီးပွားရေးဆိုလျှင် ကမ္ဘာ့သမိုင်း တွင် ဖြစ်ရပ်တစ်ခုပင်။ စီးပွားရေးသဘောတရားအရဆိုလျှင် နိုင်ငံ အဆင့် ဒေ၀ါလီဟု တင်စားသည်။ ထိုစီးပွားကျဆင်းမှုက ဒိုမီနိုသက်ရောက် မှုဖြင့် အခြားနိုင်ငံများသို့ကူးစက်သွားခဲ့လျှင် ကမ္ဘာ့စီးပွားရေးကိုပင် အခြေမှ ကိုင် လှုပ်သွားနိုင်၍အရပ်ကယ်ပါ။ လူကယ်ပါဖြစ်ခဲ့ရပါသေးသည်။ ကံကောင်း ထောက်မစွာ စီးပွားရေးတောင့်တင်းကြသော ဂျာမနီ၊ ပြင်သစ် တို့၏ သက်ကယ်ဆေးများဖြင့် နာလန်ပြန်၍ထနိုင်ခဲ့ကြသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ထို့ထက်ဆိုရလျှင် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ် ပွားမှုမှာ နောက်ပိုင်းတွင် အတော်အတန်စိပ်လာသည်ဟုဆိုကြသည်။ ဤ သည်မှာကောင်းမွန်သည့်လက္ခဏာတစ်ရပ်မဟုတ်ဟု ပညာရှင်များက သတိပေးကြပါသည်။ အချိန်မရွေးပေါက်ကွဲနိုင်သော စနက်တံတပ်ထား သည့် မိုင်းတစ်လုံးကဲ့သို့ရှိနေဆဲဟု ထောက်ပြခဲ့ပါသည်။ အထူးသဖြင့် ကမ္ဘာ့ စီးပွားရေးကို အဓိကမောင်းနှင်ပေးသော အင်ဂျင်ကြီးဖြစ်သည့်အမေရိကန် စီးပွားရေးကို အချိန်နှင့်အမျှ လေ့လာစောင့်ကြည့်သင့်သည်။ ဖြစ်လာခဲ့လျှင် လည်း ကုထုံးများအဆင်သင့်ရှိနေသင့်ပါသည်။

ဆင်းရဲချမ်းသာကွာဟမှုပိုလာ

ဒုတိယကမ္ဘာစစ်အတွင်း လက်နက်ရောင်းရာမှ ချမ်းသာလာသော အမေရိကန်သူဌေးကြီးဟိုးဝပ်ဟူးခ်ျသည် ထိုစဉ်က (၃) ဘီလီယံဖြင့်ကမ္ဘာ့ အချမ်းသာဆုံးသူကြွယ်ဘွဲ့ကိုရရှိခဲ့သည်။ ယနေ့ကမ္ဘာ့အချမ်းသာဆုံးက (၇၀) ဘီလီယံပိုင်ဆိုင်ထားသည်။အဆပေါင်း (၂၀)ကျော်ပို၍ ချမ်းသာလာခဲ့၏။ သို့သော်လည်း အခြေခံလူတန်းစားတို့၏ လုပ်ခလစာမှာအဆ (၂၀) မတိုး တက်လာခဲ့၊ ဆိုလိုသည်မှာ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားလာ ခြင်းဖြစ် သည့်အရင်းရှင်စနစ်၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံသည်လည်း ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင် နေ ပြီဖြစ်၍ တစ်ချိန်ချိန်တွင် ဤအချက်ကိုရှောင်လွှဲ၍ရမည် မဟုတ်ချေ။ မည်သို့ ဆိုစေ အရင်းရှင်စီးပွားရေးစနစ်က အများအတွက် ရွေးချယ်စရာ ပို၍ရှိလာပြီး၊ အခွင့်အလမ်းတန်းတူဖြစ်နေသဖြင့် လောလောဆယ်တွင် ငြင်းပယ်၍မရသောစနစ်တစ်ခုလည်းဖြစ်နေသဖြင့် မြန်မာတို့ ရှောင်ကွင်း ၍ရမည်မဟုတ်ချေ။ အရင်းရှင်စနစ်တွင် လုပ်နိုင်ကိုင်နိုင်ခွင့်ကို လူတိုင်း အားရရှိစေခြင်းသည် ထိုစနစ်၏အားသာချက်ဖြစ်ပြီး၊မတူသောကြိုးစားမှု များအရဖြစ် ထွန်းနိုင် မှုသည်လည်း ထိုစနစ်၏ အားသာချက်တစ်ခုဖြစ် ပြန်ပါသည်။ ဤတွင် ထွန်းထွန်းပေါက်ပေါက်လုပ်နိုင်သူတို့ကများစွာ ခရီးပေါက်နိုင်ကြမည်ဖြစ်ပြီး၊ မလုပ်နိုင်မကိုင်နိုင်ကြသူတို့က နောက်တွင် ကျန်ရစ်ခဲ့ကြမည်ဖြစ်သဖြင့် လူတန်းစားကွာခြားမှုက ပို၍ကြီးမားလာရ မည့်သဘောဖြစ်သွားသည်။ ဤသဘောကိုမြင်၍ Karl Marx က "The proletarians have nothing to lose but their chains" ဟုဆိုခဲ့ခြင်း ဖြစ်ဟန်တူသည်။ လူတန်းစားတိုက်ပွဲ တစ်ချိန်ချိန်ကြီးမားလာမည့် နိမိတ်ကို မာ့က်္ခစ်ကဆိုလိုဟန်ဖြစ်သည်။ တိုးတက်သွားပြီးသောနိုင်ငံများ၌ ထိုအရိပ် လက္ခဏာခပ်ပါးပါးရှိနေပြီး အခြေခံစားဝတ်နေရေးကို ကာမိရန် စီစဉ်နိုင်ကြသဖြင့် ပြဿ နာကို တစ်စုံ တစ်ရာငြိမ်းသတ်ထားနိုင်ကြသော်လည်း ဟိုမရောက် သည်မရောက်နိုင်ငံ များအတွက် ဤပြဿ နာကို ကြီးကြီးမားမားရင်ဆိုင်ရဖွယ်ရှိသည်။

လုပ်ငန်းရှင်များကလည်း မတိုးတက်နိုင်သေး၊ တစ်ဖက်က အထွေထွေ အသုံးစရိတ်ကကြီးမားလာသည်။ ထို့အတွက် လုံလောက်သော အ ခြေခံ လစာကိုမပေးနိုင်၊ဒုံးပျံတစ်စင်း ကမ္ဘာ့ဆွဲအားမှ မလွတ်မြောက်သေး မီ တွန်း အားကို သာမန်ထက်ပို၍သုံးပေးရမည့်အခြေအနေမျိုး ဖြစ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆန္ဒပြမှုများဖြစ်ပွားနေရခြင်းဖြစ်သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်လုပ်ငန်း၌အခြေခံလစာ တိုးပေး ရေးညှိနှိုင်း မှုကို အတော်ပြင်းပြင်း ထန်ထန်ဆောင်ရွက်ပေးနေရသည်ဟူသောသတင်း ကိုဖတ်ဖြစ်လိုက်ရ၏။

ဇီးရိုးဆမ်းဂိမ်း
မြန်မာ့နိုင်ငံရေး Zero Sum မဖြစ်ပါစေနှင့်ဟုဆုတောင်းနေရသည်။ ဇီးရိုးဆမ်း၏ အရသာကအတော်ဆိုးဝါးလှမည်ကို မခံစားကြရမီ တွေး ကြည့် ရုံဖြင့်သိနိုင်၏။ဘေးထွက်ဆိုးကျိုးလည်း များလှပေမည်။ နိုင်ငံတကာ စီးပွားရေးမှာမူ မလွှဲသာမရှောင်သာ ဇီးရိုးဆမ်းဖြင့် ယှဉ်ပြိုင်နေကြရသည်။ ကမ္ဘာ့အထင်ကရနံပါတ် (၁) ဖြစ်ခဲ့သော Nokia လုပ်ငန်းကြီးမှာ ယှဉ်ပြိုင် နိုင် မှုစွမ်းရည်ကျဆင်းခဲ့သောကြောင့် အောက်ဈေးဖြင့် ရောင်းချခဲ့လိုက်ရသည်။ မကြာမီနာမည်ကြီး SONY မှာလည်း သူ၏ ကွန်ပျူတာထုတ်လုပ် ရေးလုပ်ငန်း ကို ရောင်းချရန်ညှိနှိုင်းမှုပြုနေပြီဖြစ်သည်။ ဈေးကွက် စီးပွားရေး တစ်နည်းဆိုရ လျှင် အရင်းရှင်စီးပွားရေး၏ အခြေခံသဘောမှာ ယှဉ်ပြိုင်စွမ်းရည်အပေါ် လုံးလုံးလျားလျား အခြေခံထားခြင်း ဖြစ်သည်။ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မကျသေးသမျှ ဈေးကွက်ထဲတွင် နေရာတစ်ခုရနေ မည်ဖြစ်သော်လည်း ယှဉ်ပြိုင်စွမ်းရည်ကျဆင်းသည်နှင့် နောက်နေ့တွင် ဈေးကွက်ထဲမှ အခြားသူတစ်ဦးကို နေရာပေးရတတ်ပါသည်။ အရင်းရှင် စီးပွားရေးတွင် “ညှိနှိုင်းမှု” (Compromise)ဟူသော သီအိုရီမရှိ၊

စာရေးသူ၏ ကုမ္ပဏီမှလုပ်ငန်းခွဲတစ်ခုဖြစ်သော စားသောက်ကုန် ဆိုင်ရာ အမှတ်တံဆိပ်တစ်ခုပင်ဈေးကွက်ထဲမှ ရက်ပိုင်းအတွင်းက ထွက် ပေးခဲ့လိုက်ရပါသည်။ စားသောက်ကုန်ဖြစ်သဖြင့် ထည့်သွင်းရသော ပစ္စည်းများမှာ Food Grade ဖြစ်ရပါသည်။ အကျိုးအမြတ်တစ်ခုထဲအ ပေါ်သာ အခြေခံကြသောကြောင့် စက်မှုကုန်ကြမ်းပစ္စည်း (Industrial Grade) ဖြင့် အချို့ကထုတ်လုပ်ကြသည်။ Food Grade ကုန်ကြမ်းက Industrial Grade ကုန်ကြမ်းထက် (၃)ဆမကဈေးကြီးပါသည်။ စားသုံးသူ တို့ကို ကိုယ့်ကုန် ပစ္စည်းကြောင့် ကျန်းမာရေးမထိခိုက်စေလိုသောကြောင့် (၁၈) နှစ်မ က ဈေး ကွက်ထဲရှိနေခဲ့သော အမှတ်တံဆိပ်တစ်ခု ရက်ပိုင်း အတွင်းက ထွက်ခွာခဲ့ လိုက်ရပါ၏။(စားသောက်ကုန်စစ်ဆေးရေး-FDA အနေဖြင့်လည်း လောလော ဆယ်တွင် ဈေးကွက်အတွင်း ထုတ်ကုန်အားလုံးကို စစ်ဆေးနိုင်ဦးမည် မဟုတ်သေးပါ။ သို့သော်လည်း တစ်ချိန်တွင် အမျိုးသားအဆင့်ကျန်းမာရေး အတွက် စစ်ဆေးရန်တာဝန်ရှိနေပါသည်)။

မည်သို့ဆိုစေ၊ ယှဉ်ပြိုင်နိုင်မှုမရှိသဖြင့် ဈေးကွက်ထဲမှခွာစစ်ဆင်ခဲ့ ရခြင်းသာဖြစ်သည်။ ဤသည်မှာ ဇီးရိုးဆမ်းသဘောဖြစ်သည်။ အရင်းရှင် စီးပွားရေးစနစ်သည် မျက်မှောက်ခေတ်တွင်တစ်ခုထဲသော ရွေးချယ်စရာ ရှိသည့် စနစ်ဖြစ်သော်လည်း၊ ဘေးထွက်ဆိုးကျိုးများကိုလည်း ပြန်၍ ကာကွယ်နိုင်ရန်ပြင်ဆင်ရမည့်စနစ်ဖြစ်ပါ၏။ များမကြာမီ နိုင်ငံတကာ အရင်း အနှီးများ၊ နည်းပညာများနှင့်အတူ မြန်မာ့ဈေးကွက်အတွင်း ၀င် ရောက် ကြတော့မည်ဖြစ်သဖြင့် မြန်မာတို့များစွာပြင်ဆင်ထားနိုင်ကြရန် လိုသည်။ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို အမြဲဖြည့်ဆည်းထားရန်လည်း ဖြစ်သည်။

တီထွင်မှုနှင့်ဈေးကွက်ချဲ့ထွင်၊ သိမ်းယူ

မာ့က္ခစ်က အရင်းရှင်တို့သည် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ ဈေး ကွက်ပိုမိုရရှိရေးအတွက် နေရာအနှံ့သွားရောက်နေကြရပြီး ကုန်ပစ္စည်းများ ကိုလည်း အဆက်မပြတ်တီထွင်နေကြရသည်။ ထို့ကြောင့် အရင်းရှင်တို့ အနေဖြင့် ကမ္ဘာ့နေရာအနှံ့အိမ်ရာပြုခြင်း၊ အခြေချနေထိုင်ခြင်း တို့ကို ပြု နိုင် ကြသည်ဟုရေးခဲ့သည်။ နိုင်ငံတိုင်း၌ တိုင်းတစ်ပါးတို့နှင့် အိမ်ထောင် ပြုခဲ့ သည့်ဖြစ်ရပ်များကို မျက်မှောက်ခေတ်၌ ပို၍ပေါများစွာတွေ့လာနိုင်ပါသည်။ တစ်ဖက်က ကုန်ပစ္စည်းတီထွင်မှုများကလည်း အတောမသတ်၊ အထူးသဖြင့် အီလက်ထရောနစ်ပစ္စည်းများမှာ မိုဒယ်များပင် မမှတ်မိနိုင် လောက်အောင် အမျိုးမျိုးထွက်လာခဲ့ပါသည်။

အမေရိကန်ပန်းသီးကုမ္ပဏီမှထုတ်လုပ်သော iPhone များမှာ ကမ္ဘာ့ သုံးစွဲသူများကို အရူးအမူးဖြစ်စေခဲ့ပါသည်။ နောက်ပိုင်း Android ဖြင့် မောင်းနှင်သော Samsung နှင့် HTC တို့က တီထွင်မှု များ စွာ၊ ဈေးနှုန်း သက်သာစွာဖြင့် အပြင်းအထန်တိုက်ခိုက်ကြသည်။ လွန်ခဲ့သော “လ” ဈေးကွက်စစ်တမ်းများအရ ကမ္ဘာ့လက်ကိုင်ဖုန်းဈေးကွက်တွင်Samsung က iPhone ကို ကျော်တက်သွားပြီဟု သိလိုက်ရသည်။ အိုင်ဖုန်းမှာ အမေရိ ကန်ဈေးကွက်ကိုသာ ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီး ဥရောပဈေးကွက် အနည်း အကျဉ်းကိုသာ ဆုပ်ကိုင်ထားနိုင်တော့သည်။ ကျန်ကမ္ဘာ့ဈေးကွက် ကို တောင်ကိုရီးယားတို့က တစ်စတစ်စ၊ တစ်နှစ်ထက်တစ်နှစ် သိမ်းယူ သွားခဲ့ကြပါတော့၏။

ယခင်က လက်လီအရောင်းဆိုင်လေးများ ရေပန်းစားခဲ့သည်။ စီမံခန့် ခွဲသောနည်းပညာ၊ ထုတ်ကုန်ဈေး ချုပ်ကိုင်မှု၊ အရင်းအနှီး၊ ဖြန့်ချိရေးစသော ဘက်ပေါင်းစုံအသုံးပြုနိုင်သည် Walmart က နောက် ပိုင်းတွင် တဖြည်းဖြည်းဈေးကွက်ကို နိုင်ငံတိုင်း၌ လက်ဝါးကြီးအုပ်ယူ သွားပါတော့ သည်။

လုပ်ခ၊ အမြတ်တို့၏ ပွတ်တိုက်မှု

ကမ္ဘာ့စီးပွားရေးနှင့် အရင်းရှင်စနစ်သည် ယှဉ်ပြိုင်မှုအပေါ် များစွာ အခြေခံထားသည်။ ယှဉ်ပြိုင်မှုတစ်စတစ်စပို၍ ပြင်းထန်လာသဖြင့် ကုန် ပစ္စည်းတို့၏ဈေးနှုန်းအပေါ်လျော့ချလာခဲ့ရသည်။ ဤတွင် အရေ အတွက်ရောင်းချနိုင်မှုမများပါကထုတ်လုပ်သူတို့အနေဖြင့် ရှင်သန်ရန် မလွယ် ကူ တော့။ ထို့ကြောင့်လုပ်ခလစာကို များစွာမတိုးမြှင့်နိုင်၊ တစ်ဖက်တွင်လည်း လုပ်သားတို့အနေဖြင့် လုံလောက်သော လုပ်ခလစာမရကြပါက ရပ် တည် နိုင်ရေးအတွက် ခက်ခဲနိုင်ပြန်ပါသည်။ အလွန်တရာအောင်မြင်သော အမှတ်တံဆိပ်ထုတ်ကုန်ပစ္စည်းများအတွက် ပြဿ နာမရှိသော်လည်း သာမန်သင့်ရုံအမှတ်တံဆိပ်တို့အတွက် လုပ်ခနှင့်ကုန်ထုတ်လုပ်သူတို့၏ အမြတ်အစွန်းတို့မှာတွန်းမှု၊တိုက်မှုများ မလွဲသောမရှောင်သာ တွေ့ကြုံ ကြရပါတော့သည်။ မြန်မာနိုင်ငံ အရေးယူပိတ်ဆို့မှုခံရသောကာလ တွင် ပြည် ပထုတ်ကုန်ပစ္စည်းများကို တဆင့်ခံပို့ဆောင်ရသဖြင့် အမြတ်အစွန်း နည်းပါး ပါက ထိုစိန်ခေါ်မှုကို ပြင်းပြင်းထန်ထန်ကျော်လွှားခဲ့ရသည်ကို လုပ်ငန်းရှင် တစ်ဦးအနေဖြင့် ကောင်းစွာသိရှိခံစားနိုင်ခဲ့ပါသည်။

ယခုအခါစီးပွားရေးပိတ်ဆို့မှုများ တစ်စတစ်စဖြေလျော့လာခဲ့၍ လုပ် ငန်းရှင်အများစုအနေဖြင့် အတော်အတန်သက်သာမှုရရှိခဲ့ကြသော်လည်း မကြာမီမှာပင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီး၊ သူတို့၏ နည်းပညာ၊ စီမံခန့်ခွဲရေးအတတ်ပညာ၊ဈေးကွက်ပညာများနှင့် ဆက်လက် ယှဉ်ပြိုင်ကြရဦးမည်ဖြစ်သဖြင့် မြန်မာ့လုပ်ငန်းရှင်များ များစွာကြိုးစား၊ အသင့်ပြင်ဆင်ထားကြရန်လိုပါလိမ့်ဦးမည်။

တစ်ချိန်ကကွန်မြူနစ်နှင့် အရင်းရှင်တို့ ဘတစ်ပြန်၊ ကျားတစ်ပြန် အားပြိုင်ခဲ့ကြသည်။ စစ်အေးလွန်ကာလပြတ်ပြတ်သားသား ဖြစ်သွားခဲ့ပြီး၊ အရင်းရှင်စနစ်အနေဖြင့် ကမ္ဘာ့မိသားစုကြီး၏ အားထားရာ ဖြစ်ခဲ့သည်။ မည်သည့်စနစ်တိုင်းမျှခြောက်ပစ်ကင်းကြမည်မဟုတ်။ ခေတ်တစ်ခေတ် အချိန်အခါတစ်ခုတွင် အများလိုက်ပါကျင့်သုံးရာကိုကိုယ်ကလည်း လိုက် ပါကျင့်သုံးနိုင်ရမည်သာဖြစ်သည်။ အရင်းရှင်စနစ်ကို ကာလရှည်ကြာစွာ ကျင့်သုံးခဲ့ကြပြီး၊ ပြိုင်ဆိုင်မှုအစွမ်းကုန်မြှင့်တင်လာချိန်မှာ ... မြန်မာ တို့အနေဖြင့်လည်း ထိုပြေးလမ်းကြောင်းပေါ်သို့ တက်ခွင့်ရလာခဲ့ကြပါသည်။

မိမိတို့အနေဖြင့် အခြားရွေးချယ်စရာလမ်းကြောင်း မရှိသေးပါ။ ထိုလမ်းကြောင်းမှပင် အများထက်ပို၍သွက်သွက်ပြေးကြရမည်သာဖြစ် ပါသည်။ ကြံ့ခိုင်ကြဖို့၊ တီထွင်ကြံဆနိုင်ကြဖို့၊ ယှဉ်ပြိုင်နိုင်စွမ်းများ ပြည့်ဝ ကြဖို့သာလိုပါသည်။ ထို့ထက်ပို၍စုပေါင်းလုပ်ကိုင်နိုင်သော ယဉ်ကျေးမှုရှိ ရန်လိုပါသည်။ မြန်မာတို့အနေဖြင့် ငွေကြေး၊ ပညာ၊ လုပ်အား စသော အရာများ၌ စုပေါင်းအားကို ယူ၍လုပ်တတ်ကိုင်တတ်သော အလေ့အ ကျင့်ကောင်းစွာမထွန်းကားသေးပါ။ ထိုယှဉ်ကျေးမှုကို မွေးရာပါအလေ့အ ကျင့်တစ်ခုကဲ့သို့ လုပ်ကိုင်ဆောင်ရွက်တတ်သင့်ပါသည်။

မည်သည့်အရာ၊ မည်သည့်စနစ်မျှပြည့်စုံကုံလုံသည်ဟူ၍ မရှိပါ။ အချိန်အခါတစ်ခုတွင်မှန်ကန်သည်ဟု ယူဆသောအမှန်တရားပေါ်တွင် သာအကောင်းဆုံးရလဒ်ထွက်ရှိနိုင်ရေးကို ဆောင်ရွက်နိုင်ကြရန်သာဖြစ် သည်။

နေဇင်လတ်
၁၂-၂-၂၀၁၄ (၁၂၂၇)
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။