စာတော်တဲ့ကျောင်းသား
.......................... ...
Q : စစ်သူကြီး မဟာဗန္ဓူလသည် မည့်သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သနည်း ။
A : သူ၏ နောက်ဆုံးတိုက်ပွဲတွင် ကျဆုံးခဲ့ပါသည် ။
ှQ : ပင်လုံစာချုပ်ကို မည်သည့်နေရာတွင် လက်မှတ်ရေးထိုးခဲ့ကြသနည်း ။
A : စာချုပ်၏ အောက်ခြေတွင် ရေးထိုးခဲ့ကြပါသည် ။
ှQ : ကွာရှင်း ပြတ်ဆဲကြခြင်း၏ အကြောင်းပြချက်ကို ရေးပါ ။
A : နောက်ထပ် တကြိမ် လက်ထပ်ရန် ဖြစ်သည် ။
Q : သင်မစားဘူးသော မနက်စာ အမျိုးအစားကိုဖြေပါ ။
A : နေ့လည်စာနှင့် ညစာတို့ ဖြစ်ကြပါသည် ။
Q : ထက်ခြမ်းခွဲထားသော ပန်းသီးသည် မည်သည့် အရာနှင့်တူသနည်း ။
A : ကျန်တဲ့ အခြမ်းနှင့် တူပါသည် ။
Q : အနီရောင် ကျောက်ခဲတလုံးအား အပြာရောင် ပင်လယ်ထဲသို့ ပြစ်ချသည့်အခါ ဘာဖြစ်လာမည် ထင်ပါသနည်း ။
A : ကျောက်ခဲအား ရေစိုပါလိမ့်မည် ။
Q : လက်တဖက်ထဲနှင့် ဆင်ကောင်ကြီးအား သင်မည်သို့ မ မည်နည်း ။
A : လက်တဖက်ထဲ ရှိသော ဆင် မရှိသောကြောင့် ပူစရာမလိုပါ ။
Q : သင်၏ညာဘက်လက်တွင် လိမ္မော်သီး သုံးလုံးနှင့် ပန်းသီးလေးလုံး ၊ သင်၏ ဘယ်ဘက်လက်တွက် လိမ္မော်သီး သုံးလုံးနှင့် ပန်းသီး ငါးလုံးရှိ၏ ။
စုစုပေါင်း မည်မျှရှိသနည်း ။
A : စုစုပေါင်း အလွန်ကြီးမားသော လက်ကြီး နှစ်ဖက်ရှိပါသည် ။
ှQ : ကြက်ဥတလုံးအား ကွန်ကရစ် ကြမ်းပြင်တခုပေါ်သို့ မကွဲအောင် မည်သို့ ပြစ်ချမည်နည်း ။
A : ကွန်ကရစ်ကြမ်းပြင်သည် မကွဲနိုင်အောင် မာကြောသောကြောင့် အလွယ်တကူပင် ပြစ်ချနိုင်ပါသည် ။။
Q : ဧရာဝတီမြစ်သည် မည်မျှ ရှည်လျားသနည်း ဖြေဆိုပါ ။
A : ဧရာဝတီမြစ်သည် မြေပုံထဲတွင် ၅ လက်မ ခန့် ရှည်လျားပါသည် ။
ရဲသူရိန်မင်း ( မြန်မာမှုပြုသည် )
010514
..........................

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။