စတစ်ဂလဇ်နှင့် လက်ငါးချောင်း
လက်ငါးချောင်းပင်အတိုအရှည် မညီဘူးဆိုတဲ့ တရားတော်တွေနဲ့ လူ့လောက သဘာဝရဲ့မညီမျှမှုတွေ ကို ကျွန်မတို့ ယဉ်ပါးခဲ့ကြသည်။ဆင်းရဲချို့ တဲ့သူတွေကို အလွယ်တ ကူ ကြင်နာသနားခဲ့ကြသည်။ ဒါပေ မဲ့ အဲဒီမညီမျှမူတွေ၊ ဆင်းရဲမွဲတေမူ တွေဟာ အတိတ်ဘ၀ကပြုခဲ့တဲ့ ကု သိုလ်ကံကြောင့်လား၊ တန်ခိုးရှင် တစ်ပါးပါးရဲ့ မျက်နှာလွှဲမှုကြောင့် လားဆိုတာတွေရဲ့အပြင် တခြား အကြောင်းအရင်းခံ ဇာစ်မြစ်တွေကို ကျွန်မတို့ လုံလောက်အောင် စေ့ငုံ မိကြရဲ့လား...။
နိုဘယ်လ်ဆုရှင် စီးပွားရေး ပညာရှင်ကြီး စတစ်ဂလဇ်ကတော့ 'လောကမှာဖြစ်နေတဲ့ မညီမျှမှုတွေ အတွက် လက်ဆုပ်လက်ကိုင် ပြနိုင် တဲ့အကြောင်းရင်းခံဟာ အခွင့်အာ ဏာပဲဖြစ်တယ်လို့ ငြင်းချက်ထုတ် သည်။ အခွင့်အာဏာဆိုတာမှာမှ တစ်ခါတစ်ရံမှာ စစ်ရေးအာဏာဖြစ် နေတတ်ပြီး စစ်နိုင်သူက စစ်ရှုံးသူ ဆီက သိမ်းပိုက်ခွင့်ရလိုက်တဲ့ မညီ မျှမှုမျိုးတွေသာဖြစ်သည်လို့ ' သူ့ရဲ့ နောက်ဆုံးထုတ် Price of Inequalities စာအုပ်ထဲမှာအသေအချာ ထောက်ပြပြောဆိုထားသည်။
ဒီစာအုပ်ကလေးကိုဖတ်ဖြစ်ခဲ့ တာလည်း တကယ်တော့ ကျွန်မ အတွက် ဘာမှရေးကြီးခွင်ကျယ်သိ ဖို့ရယ်မဟုတ်။ အမှန်အတိုင်း ပြော ရရင် ဈေးကွက်စီးပွားရေးစနစ်ရဲ့ ဟာကွက်တွေကို ထောက်ပြစစ် ကြောထားတဲ့ ကမ္ဘာကျော်အရောင်းရ ဆုံးစာအုပ်တစ်အုပ်မှန်းတောင် မသိ ခဲ့။ မြန်မာအစိုးရ ဖိတ်ကြားအကြံ ဥာဏ် တောင်းခံခဲ့တယ်ဆိုတဲ့ ကိုလံ ဘီယာတက္ကသိုလ်က စီးပွားရေးသိပ္ပံ ပညာရှင်နိုဘယ်လ်ဆုရှင်တစ်ယောက် ရဲ့ စာအုပ်ဆိုလို့သာ Kindle Version စာအုပ်ကလေးတွေ စမ်းဝယ် ကြည့်ရင်း ဖတ်မိသွားခြင်း ဖြစ် သည်။ တကယ့်တကယ် ဖတ်ကြည့် တော့ ကမ္ဘာ့ဘဏ်ရဲ့ဒုဥက္ကဋ္ဌလည်း ဖြစ်ခဲ့သူ အမေရိကန်သမ္မတ ကလင် တန်ရဲ့ အကြံပေးလည်း ဖြစ်ခဲ့သူ ပညာရှင်ကြီးရဲ့ဝေဖန်ထားချက် တွေ က အံ့အားသင့်စရာကောင်းလောက် အောင် ဟော့ဟော့ဒိုင်းဒိုင်း ရှိလွန်း လှသလို ဒိုးဒိုးဒေါက်ဒေါက်နဲ့ အား ရှိစရာလည်း ကောင်းလှသည်။ အား ရှိရသည်က ၉၉ ရာခိုင်နှုန်းသော ဆင်းရဲသားတွေနဲ့ သာမန်လူတန်း စားတွေရဲ့ဘက်က စဉ်းစားရေးသား ထားသည်မို့။
စီးပွားရေး နယ်ပယ်ထဲမှာ သီ အိုရီတွေထုတ်လိုက်၊ အကြံတွေပေး လိုက်လုပ်တတ်တဲ့ ပညာရှင်တွေကို လုပ်ငန်းရှင်ကြီးတွေက (Terrorists) အကြမ်းဖက်သမားတွေလို့ သရော် တော်တော် လုပ်တတ်ကြသလိုပဲ ဘာမှန်းမသိ၊ ညာမှန်းမသိ ဈေးကွက်သာအမိ၊ ဈေးကွက်သာအဖ လုပ်နေတဲ့လူတွေကိုလည်း စတစ် ဂလဇ်က (Market Fundamentalists) ဈေးကွက်အခြေခံဝါဒီ အစွန်း ရောက်တွေလို့ နာမည်ပြောင်ပေး လေသည်။ ဒါပေမဲ့ သူက ဈေးကွက် ယှဉ်ပြိုင်မှုရဲ့ ရလဒ်ကောင်းတွေကို မယုံကြည်ခြင်းတော့မဟုတ်။ အဲဒီ ဈေးကွက်ဆိုတာကြီးကို နောက်ကွယ် ကနေ လိုသလိုချုပ်ကိုင်ကစားလို့ ရနေတဲ့ အစိုးရပေါ်လစီတွေကိုသာ သံသယကြီးခြင်းဖြစ်သည်။ တကယ် တော့ သူကဆိုရှယ်လစ်စနစ်နဲ့ ဈေး ကွက်စီးပွားရေးစနစ်ရဲ့ကြားမှာရှိ တဲ့ တတိယလမ်းဆိုတဲ့ လမ်းအသစ် တစ်ခုကို လှုံ့ဆော်ရေးသားနေသူ။ အဲဒါကြောင့်ပဲ ၂၆ နှစ်ကြာအောင် ဆိုရှယ်လစ်အရေကို ခြုံခဲ့ဖူးသလို လက်ရှိမှာလည်း လွတ်လပ်တဲ့ ဈေးကွက်ဆိုတဲ့ တောကြီးမျက်မည်းထဲ ကို မဝင်ရဲ၊ ဝင်ရဲ ဖြစ်နေရှာတဲ့ မြန်မာစစ်အစိုးရဟာ စတစ်ဂလဇ်ကို ခြေကြွတွေ ဈေးကြီးပေးပြီးနှစ်ကြိမ် တိတိ အကြံဥာဏ်တောင်းခဲ့ခြင်း ဖြစ်ပေမည်။ ဒါမှမဟုတ် တတိယလမ်းအကြောင်း ပြောနေတဲ့သူကို မြန်မာပြည်က တတိယအုပ်စုဆိုတဲ့ လူတစ်စုကများ အစိုးရနဲ့ချိတ်ဆက် ပေးကြည့်လေသလားတော့မသိ။
ဒါပေမဲ့ ပညာရှင်ကြီးပြောတဲ့ တတိယလမ်းထဲမှာလည်း မြန်မာ စစ်အစိုးရ မကြားလိုတဲ့စကားတွေ ပါနေပုံပင်။ အင်တာဗျူးတစ်ခုမှာ ဖတ်လိုက်ရသည်က ၂၀၀၉ ခုနှစ် မှာတုန်းက ဆွေးနွေးပွဲဟာ မအောင် မြင်ခဲ့ဘူးလို့ဆိုသည်။ မြန်မာစစ် အစိုးရက စတစ်ဂလဇ်ပြောတဲ့ Poverty ဆိုတဲ့ စကားလုံးကို နားဝင်ခါးခဲ့သည်တဲ့ ။ အမေရိကန်သမ္မတ အိုဘားမားလာပြီးစ ၂၀၁၂ ဖေဖော် ၀ါရီလထဲမှာ နောက်တစ်ခေါက်ထပ် ဖိတ်ကြားခံရသည်။ ဒီတစ်ခါတော့ ဆင်းရဲမွဲတေမှုဆိုတဲ့ စကားရပ်ကို အစိုးရက လက်ခံလာပြီ၊ အများကြီး တိုးတက်လာပြီဟု ခပ်ဖွဖွ မှတ်ချက်ချထားလေသည်။
ပညာရပ်ဆိုင်ရာ နယ်ပယ်က အများအပြား တက်ရောက်ကြတဲ့ နေပြည်တော် ဆွေးနွေးတွေ့ဆုံပွဲ ကြီးမှာ စတစ်ဂလဇ် ပြောသွားတဲ့ စာတမ်းခေါင်းစဉ်က အားလုံးပါ ၀င်ပြီး ရေရှည်တည်တံ့နိုင်မယ့် ဖွံ့ ဖြိုးတိုးတက်ရေး နည်းဗျူဟာများ ဟူ၏။ သူ့စာအုပ်မှာဖတ်ရသလောက် အရဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှု တစ်ခု ရေရှည်တည်တံ့ဖို့အတွက် လူသားအရင်းအမြစ်တွေကို ပြုပြင် ပေါင်းသင် မြေသြဇာ ကျွေးရမယ်။ ဆင်းရဲသားတွေ အများစုဖြစ်နေတဲ့ လူမှုစီးပွား မညီမျှမှုတွေကို တွန်းဖို့ မြေညှိပေးရမယ်ဆိုတာတွေ ပြောခဲ့ မည်လို့သာ ယူဆမိသည်။ လတ်တ လော စစ်အစိုးရ ဦးစားပေးဆောင် ရွက်နေတဲ့ မော်တော်ကားတွေ တင် သွင်းတာမျိုး၊ ခေတ်မီဈေးကြီးတွေ၊ ဟိုတယ်ကြီးတွေ အပြိုင်းအရိုင်းပေး ဆောက်နေတဲ့ တိုးတက်မူမျိုးတွေ ကိုတော့ အကြံပေးခဲ့မည် မဟုတ် လောက်ပေ။
သူ့စာအုပ်က အမေရိကရဲ့ လူမှုစီးပွား မညီမျှမှုတွေကို အခြေခံ ထားခြင်းဖြစ်ပေမယ့် လုပ်အားနဲ့ အရင်းကို တည်မှီနေတဲ့ နိုင်ငံတွေ အားလုံးအတွက်လည်း အကျုံးဝင်နေသည်။ ဒီစာအုပ်ရဲ့ အဓိကအနှစ်ချုပ်ကတော့ မညီမျှမှုတွေ ဖြစ်နေ ခြင်းအတွက် အကြောင်းရင်းခံတွေ၊ အမြောက်အမြား ရှိနိုင်ပေမယ့် အစိုးရရဲ့ အခန်းကဏ္ဍကို မေ့မထား ဖို့ဆိုတဲ့ အချက်ပင်။ အဲဒီအစိုးရ ပေါ်လစီတွေထဲမှာမှ စီးပွားရေးရဲ့ ပင်မဒေါက်တိုင်ကြီးတွေဖြစ်တဲ့ အခွန်အခတွေ၊ ဘဏ်တွေ၊ ငွေ ကြေးဆိုင်ရာ မူဝါဒတွေကစလို့ အခြေခံအလုပ်သမားတွေရဲ့ လုပ်ခ လစာ ပြဿနာတွေအထိ ကျယ် ကျယ်ပြန့်ပြန့် ခေါင်းစဉ်တွေခွဲပြီး ပြောသွားသည်။ အဲဒီအထဲမှာမှ စာတစ်အုပ်လုံးမှာ သူထပ်ကာထပ် ကာ လက်ညှိုးထိုးပြသွားတဲ့ Rent Seeking ဆိုတဲ့ အခေါ်အဝေါ်ကို မြန်မာမှုပြုဖို့ ရုတ်တရက် ကျွန်မ စဉ်းစားလို့မရ။ ဒါနဲ့ မိတ်ဆွေစီးပွား ရေးဘာသာရပ်ကျွမ်းကျင်သူဆရာမ ကြီး တစ်ယောက်ကို မေးကြည့်တော့ အလွဲသုံးစားလုပ်ခြင်းလို့သာ ခပ်ရိုးရိုး ဖလှယ်ပေးလေသည်။ ဆိုတော့ စကားလုံးကသာမြန်မာမှုပြုဖို့ ဆန်း သစ်နေပေမယ့်လို့ လူအများစုရဲ့ ရပိုင်ခွင့်တွေကို လူတစ်စုက အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ မြန်မာပြည်မှာ အသစ်အဆန်းမှ မဟုတ်နေဘဲ။ စတစ်ဂလဇ်ကတော့ မုန့်တစ်ချပ်နဲ့ ဥပမာပေးသွားသည်။ လူအများဝေစားနေကြတဲ့ မုန့်တစ်ချပ် ကို ပိုကြီးလာအောင် လုပ်ယူရမယ့် အစား တစ်ယောက်တည်းက စိတ် ကြိုက်ဖဲ့ယူသွားတဲ့လုပ်ရပ်မျိုးလို့ ဆိုသည်။
အဲဒီမှာ ပုန်းလျှိုးကွယ်လျှိုး ယူသလား၊ ပြောင်ပြောင်တင်းတင်းလား ၊ မသိမသာ ယူသလား ဆိုတာ ပုံစံအမျိုးမျိုးဖြစ်နိုင်သ လို ဘဏ် လုပ်ငန်းတွေ၊ သတ္တုသယံဇာတလုပ် ငန်းတွေကစလို့ ဆေးဝါးလုပ်ငန်း၊ ဆက်သွယ်ရေး နည်းပညာလုပ်ငန်း တွေအထိ နေရာမျိုးစုံမှာအချပ်လိုက် ဖဲ့ယူနေကြသည်လို့အချက်အလက် သက်သေသာဓကတွေနဲ့ထောက်ပြ ထားသည်။ မြန်မာပြည်မှာလည်း ဒီမုန့်ချပ်ကို လူတစ်စုက အစိုးရနဲ့ ပေါင်းပြီး အမဲဖျက်သလို ၀ိုင်းဖဲ့ရွဲ့ နေကြတာ တော်တော်ကို ပုံပျက် ပန်းပျက် ဖြစ်နေခဲ့ပြီ။ လူတစ်စုက ဖဲ့နေတာလား အစိုးရက သဲ့နေတာ လားဆိုတာပင် မကွဲပြားတော့။ လူ တစ်စုက အစိုးရကို အကြောင်းပြ သလို အစိုးရကလည်း လူတစ်စုကို နာမည်ခံသည်။ ဒီကြားထဲမှာ ဗိုက် မှောက်နေရသူကတော့ ပြည်သူ အများစု။
ပိုပြီးဆိုးတာက အဲဒီ ဗိုက်မှောက်နေရတဲ့ ပြည်သူတွေကိုပဲ အလွဲသုံးစားလုပ်ပြီး Public Private Partnership လို့ နာမည်လှလှ လေးတပ်ထားတဲ့အလွဲသုံးစားမူေ တွ။ ဆိုရှယ်လစ်လမ်းစဉ်ခေတ်က ကျန်နေတဲ့မြန်မာပြည် တစ်နံတစ်လျားက ပြည်သူပိုင် (သို့) အစိုးရပိုင်စက်ရုံ အလုပ်ရုံတွေ အမြောက်အမြားဟာ အခုဘယ်သူတွေလက်ထဲ ရောက်ကုန်ကြပြီလဲ။ ဘာတွေ ဆက်လုပ်မှာလဲ။ ပုဂ္ဂလိက လက်ထဲလွှဲမယ် ဆိုရင်လည်း ပုဂ္ဂလိကပိုင်ပြုခြင်း ဥပဒေဆိုတာ ရှိရမည်။ အမေရိကန် စီးပွားရေးပညာရှင်ကြီး စတစ်ဂလဇ် ကို ဖိတ်ခေါ်ပေးခဲ့တဲ့ မြန်မာစီး ပွားရေး ပညာရှင်ကြီး ဦးမြင့်ကပင် မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင်ပြုခြင်း ဥပဒေ မပေါ်ပေါက်လာသေးဘဲနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမူတွေကို အမြန်သွက်သွက်ကြီး လုပ်နေပုံဟာ သိပ်ဒရောသောပါး ဖြစ်နေတယ်လို့ ပြောလာသည်။
အခုက စက်ရုံ၊ အလုပ်ရုံတွေ တင်မက နေပြည်တော်ကိုရွှေ့သွားလို့ ရန်ကုန်မှာ ဟောင်းလောင်း ကျန်ခဲ့တဲ့ အစိုးရပိုင် ရုံးကြီး ကန္နား ကြီးတွေသည်ပင် တစ်ခုပြီးတစ်ခု ဖဲ့ရွဲ့ခံနေကြရသည်။ ကိုလိုနီခေတ် က သမိုင်းဝင်အဆောက်အအုံကြီး တွေသည်လည်း ပြန်လည်မွန်းမံ စရိတ်ကြီးတယ်ဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ ပုဂ္ဂလိကဆိုသူတွေရဲ့ လက်ထဲမှာ ရေအဆုံးကုန်းထက်ဝက် ဖြစ်နေပြီ။ ဘယ်မှာလဲဥပဒေ။ ဘယ် လိုစည်းမျဉ်းတွေ၊ ဈေးနှုန်းတွေနဲ့ ဘယ်လိုလူတွေကို ဘယ်အချိန်တုန်း ကလုပ်ပိုင်ခွင့်တွေပေးလိုက်သလဲ။ ဒါတွေသည် မြန်မာပြည်မှာ အခု လက်ရှိအကြီးအကျယ် ဖြစ်ထွန်းနေ တဲ့ Rent Seeking ကြီးတွေပင်။
ဒီနေရာမှာ သတင်းစာဆရာ ကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ တိုင်းပြည်ကို ဓားပြတိုက်ပြီးမှ တိုင်းသူ ပြည်သားကို ငွေတိုးပြန်ချစားတဲ့ အစိုးရဆိုတဲ့ ကလောင်ဇောင်းထက်တဲ့အရေးက အဓိပ္ပာယ်ဖော်ဖို့ လက်ဝင်နေတဲ့ အဲဒီအင်္ဂလိပ်စာလုံးအတွက် အကောင်းဆုံး ဖွင့်ဆိုချက်ပင် ဖြစ်နေတော့သည်။
Rent ဆိုတဲ့ အခေါ်အဝေါ်ရဲ့ မူလရင်းမြစ်က ဟိုးခေတ်တွေတုန်းက မြေရှင်ကြီးတွေဟာ ဘာမှလုပ်စရာမလိုဘဲ လယ်သမား၊ ယာသမားတွေရဲ့ လုပ်အားပေါ်ကနေ ကောက်ယူတဲ့ အငှားချ လယ်သီး စားခတွေကို ခေါ်ရာကနေစခဲ့သတဲ့။ မြေကြီးနံ့သင်းနေတဲ့ အဲဒီစကားလုံး ရဲ့ အောက်မှာ တိုင်းပြည်တစ်ခုရဲ့ အခြေခံအကျဆုံး ပိုင်ဆိုင်မှုတွေဖြစ် တဲ့ မြေကြီးနဲ့ သယံဇာတတွေဟာ အကာအကွယ်အမဲ့ဆုံးဖြစ်သည်လို့  စတစ်ဂလဇ်က ဆိုသည်။ မြန်မာ ပြည်မှာတော့ မြေကြီးနံ့သင်းနေတဲ့ ပြဿနာတွေဟာ မြေပိုင်ရှင်ခေတ် ကထက်ပင် ပိုပြီးဆိုးရွားနေလေ သည်။ စိုက်ပျိုးရေးကို အခြေခံထား တဲ့ မြန်မာ့လူမှုစီးပွား အဝန်းအဝိုင်းကြီးမှာ ဘယ်တုန်းကနဲ့မှမတူတဲ့ လယ်ယာမြေသိမ်းယူမှုတွေဖြစ်ပေါ်နေသည်။ ဘယ်သူတွေကသိမ်းသလဲ။ ဘာအတွက်သိမ်းတာလဲ။ဘယ် ဥပဒေတွေနဲ့ သိမ်းနေလဲ။ မဖြေနိုင်သေးတဲ့ မေးခွန်းတွေများ သထက်များလာသည်။
သယံဇာတဆိုရင်လည်း ပြည် သူတွေဟာ သူတို့မှာ ရပိုင်ခွင့်ဝေစု တွေရှိတာကိုတောင် မသိနားမလည် နိုင်တော့လောက်အောင် အချက် အလက် မှတ်ဥာဏ်တွေကို ဖျက်ဆီးပစ်ခံခဲ့ကြရသည်။ အခွင့်အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစ်စုက သူတို့ မိသားစုအမွေပိုင်ပစ္စည်းလို အောက်ဈေးနဲ့ ချရောင်းခဲ့ကြသည်။ သူတို့ စည်းစိမ်တွေနဲ့ အလိုက်ပေးလဲလှယ် ပစ်ခဲ့ပြီးပြီ။ ထားပါတော့။ ထိပ် ပိုင်းကလူတွေမို့ ထိပ်ပိုင်းဖြစ်နေတာ မဆန်းဘူးဘဲထား။ သယံဇာတရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကြွယ်ဝ လို့ မြန်မာပြည်သူတွေရော ဝမ်းဝ ခါးလှကြပြီလား။ ချက်ချင်း လက်ငင်း မြင်ရဖို့ဆိုတာ မြက်ပင်တွေ ရှည်လာတာကို ထိုင်စောင့်ကြည့်လို့ မရဘူးလို့ ပြောတတ်ကြသည်။ ဒါပေမဲ့ မြန်မာပြည်မှာ စစ်ပြီးခေတ်က စလို့ ဆိုရှယ်လစ်ခေတ်၊ စစ်အုပ်ချုပ် ရေးခေတ်၊ ဘယ်ခေတ်နဲ့မှ မတူ အောင် ကနေ့ခေတ်ဒီမိုကရေစီအကူး အပြောင်းဆိုတဲ့ကာလကြီးမှာ လူ တန်းစားကွာဟမှုကအဆိုးဆုံးအြေ ခ အနေကို ထိုးဆင်းလာနေသည်။ ဆင်းရဲတဲ့သူတွေက ပိုပိုဆင်းရဲလာ သလို ချမ်းသာတဲ့လူတွေက ပိုပို ချမ်းသာလာသည်။ ကျူးကျော်တို့၊ စက်မှုဇုန်တို့လို လူတန်းစားတွေ တိုးပွားလာသလို ခရိုနီတို့၊ အော်လီ ဂါ့ခ်ျတို့ဆိုတဲ့ လူအုပ်စုတစ်မျိုး လည်း လျင်လျင်မြန်မြန် ပေါက်ဖွား လာနေသည်။ IMF ကတော့ မြန်မာ ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက မယုံ နိုင်လောက်အောင် အလားအလာ ကောင်းနေပြီး ဂျီဒီပီ ၇ ဒသမ ၅ ဟာ မကြာခင်မှာ တရုတ်ကိုတောင် ကျော်သွားဦးမယ်လို့ ခန့်မှန်းနေ လေသည်။ ဆိုတော့ အဲဒီဂျီဒီပီက ဘယ်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်မလဲ။ အဲဒါကြောင့်ပင် ကမ္ဘာ့ ဘဏ်မှာ လုပ်ခဲ့ဖူးတဲ့ စတစ်ဂလဇ်က GDP ဆိုတဲ့ အာပလာအညွှန်း ကိန်းကြီးကို မယုံကြည်ကြဖို့ သူ့စာအုပ်မှာ ပြတ်ပြတ်သားသား ပြောထားခြင်း ဖြစ်မည်။
သူထောက်ပြတဲ့ နောက်တစ်ချက်ကတော့ ၉၉ ရာခိုင်နှုန်းသော ပြည်သူတွေ အများဆုံးခါးစည်းခံရတာက လုပ်အားဈေးကွက်နဲ့ အိုးအိမ်ပြဿနာလို့ဆိုတယ်။ တစ်နည်း ပြောရရင်တော့ နေရေးနဲ့ စားရေး ပေါ့။ သူကတော့ အမေရိကရဲ့ Mortgage အိမ်ပေါင်အရစ်ကျစနစ်ထဲမှာ တစ်သက်စာ ကြိုတင်ချေး ငွေတွေနဲ့ ရှိစုမဲ့စုတွေ ပုံအောပြီး အနာဂတ်ကို အလောင်းအစားလုပ် နေရတဲ့ လူလတ်တန်းစားတွေကို ဦးတည်ပြောသွားသည်။ အာမခံချက်မရှိ အတက်အကျဖြစ်နေတဲ့လုပ်အားဈေးကွက်ထဲမှာ တစ်ခါတလေ သူတို့ရဲ့ မပိုင်ဝက်မွေးအိမ်တွေကနေ ခရုအဆန်ကျွတ်ဖြစ်ချင်လည်း ဖြစ် သွားနိုင်သည်။ မြန်မာပြည်မှာလည်း တန်ဖိုးနည်းအိမ်ရာဆိုတဲ့ ဈေးကွက် တစ်ခုကို ပုဂ္ဂလိကလုပ်ငန်းရှင်တချို့ လက်ထဲ မျက်နှာလွှဲခဲပစ် လုပ်ပိုင် ခွင့်တွေ ပေးနေပြီ။ နေရေးထက် စားရေးက ပိုခက်ခဲနေတဲ့ မြန်မာ ၉၉ ရာခိုင်နှုန်းတွေကတော့တန်ဖိုး နည်း အိမ်ရာဆိုတာကိုပင် အိပ်မက် မမက်နိုင်ဘဲ ကြုံရာကျပန်း၊ လက် လုပ်လက်စား၊ ကျူးကျော်ဆိုတဲ့ နာမပုဒ်တွေနဲ့ အမှိုက်ဒိုက်သရော တွေလို ဆိုက်ချင်တဲ့ကမ်း ဆိုက်နေရ တော့သည်။
စာအုပ်ရဲ့ နောက်ဆုံးမှာတော့ စတစ်ဂလဇ်က လူမှုစီးပွားမညီမျှမှု ကြီးကြောင့်ဖြစ်နေတဲ့ ဆင်းရဲမွဲတွေ မှု ကပ်ရောဂါဆိုးကြီးဟာ ကုသ ပျောက်ကင်းဖို့ မျှော်လင့်ချက်ရော ရှိပါရဲ့လားလို့ မေးခွန်းထုတ် နိဂုံးချုပ်လိုက်သည်။ သူပြောတာ တစ်ရာခိုင်နှုန်းနဲ့ ၉၉ ရာခိုင်နှုန်းကို အတင်းပေါင်းပြီး ပျမ်းမျှပြန်ချဖို့ မဟုတ်။ ဒါပေမဲ့ ၁ နဲ့ ၉၉ အကြား က အကွာအဝေးကြီးကို သဘာဝ တရားတစ်ခုလို ဒီအတိုင်းလက်ခံ ထားဖို့လည်း မဖြစ်နိုင်။ တစ် ရာခိုင် နှုန်းတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေ ဟာ ၉၉ ရာခိုင်နှုန်းတွေရဲ့ ဆင်းရဲ ချို့တဲ့မှုတွေနဲ့တိုက်ရို က်ချိတ်တွယ် ဆက်စပ်နေတယ်ဆိုတာကိုလည်း ကျယ်ကျယ်လောင်လောင်ကြီးသတိ ပေးထားလေသည်။
Price of Inequality ကိုဟို ဒီကျော် ပေါက်ဖတ်ပြီးသွားတော့ လက်ဝါးပေါ်က Kindle စာဖတ် ကိရိယာလေးကို အံ့သြစရာတစ်ခုလို ငေးပြီး ကြည့်နေမိတယ်။၊ သိမှတ် စရာ တွေးတောစရာတွေ အပြည့်နဲ့ လေးထောင့်မျက်နှာပြင်ငယ်လေး ရဲ့ဘေးမှာ လက်ကလေးငါးချောင်း ကိုပါ တစ်စွန်းတစ်စ မြင်နေရတယ်။ တကယ်ဆိုတော့ ကျွန်မတို့ရဲ့ လက်ငါးချောင်းဟာ တစ်ခုနဲ့တစ်ခု မညီ ဘူးဆိုပေမယ့်လို့ မကွာခြားလှပါ ဘူး။ မဝေးကွာလှပါဘူး။ အရာ ၀တ္ထုတစ်ခုခုကို ဟန်ချက်ညီညီ ကိုင်ဆောင်ထားဖို့လည်း မခက်ခဲပါ ဘူး။ အဲဒီအရာဝတ္ထုကို လှမ်းယူနိုင် တဲ့ လက်တံကြီးတွေကသာ ထူးခြား ရှည်လျားလွန်းမနေဘူးဆိုရင်လ က် ၀ါးကြီးတွေကသာ ဆန်းပြားပြန့် ကားလွန်းမနေဘူးဆိုရင်ပေါ့ေ လ။ဘာရယ်လည်းမဟုတ် စာကိုင်ဖတ် လို့ ညောင်းနေတဲ့ လက်ငါးချောင်း ကို အသာအယာ ကွေးချည် ဆန့် ချည်လုပ်ရင်း စတစ်ဂလဇ်ကြီး တစ် ယောက် မြန်မာပြည်ကို တတိယ အကြိမ်မှ ရောက်လာပါတော့မလား လို့ ပူပန်နေမိတယ်။
ရေးသားသူ - ကေသွယ်
စာညွှန်း
The Price of Inequality,
Joseph Stiglitz
လက်ငါးချောင်းပင်အတိုအရှည် မညီဘူးဆိုတဲ့ တရားတော်တွေနဲ့ လူ့လောက သဘာဝရဲ့မညီမျှမှုတွေ ကို ကျွန်မတို့ ယဉ်ပါးခဲ့ကြသည်။ဆင်းရဲချို့
နိုဘယ်လ်ဆုရှင် စီးပွားရေး ပညာရှင်ကြီး စတစ်ဂလဇ်ကတော့ 'လောကမှာဖြစ်နေတဲ့ မညီမျှမှုတွေ အတွက် လက်ဆုပ်လက်ကိုင် ပြနိုင် တဲ့အကြောင်းရင်းခံဟာ အခွင့်အာ ဏာပဲဖြစ်တယ်လို့ ငြင်းချက်ထုတ် သည်။ အခွင့်အာဏာဆိုတာမှာမှ တစ်ခါတစ်ရံမှာ စစ်ရေးအာဏာဖြစ် နေတတ်ပြီး စစ်နိုင်သူက စစ်ရှုံးသူ ဆီက သိမ်းပိုက်ခွင့်ရလိုက်တဲ့ မညီ မျှမှုမျိုးတွေသာဖြစ်သည်လို့
ဒီစာအုပ်ကလေးကိုဖတ်ဖြစ်ခဲ့ တာလည်း တကယ်တော့ ကျွန်မ အတွက် ဘာမှရေးကြီးခွင်ကျယ်သိ ဖို့ရယ်မဟုတ်။ အမှန်အတိုင်း ပြော ရရင် ဈေးကွက်စီးပွားရေးစနစ်ရဲ့ ဟာကွက်တွေကို ထောက်ပြစစ် ကြောထားတဲ့ ကမ္ဘာကျော်အရောင်းရ ဆုံးစာအုပ်တစ်အုပ်မှန်းတောင
စီးပွားရေး နယ်ပယ်ထဲမှာ သီ အိုရီတွေထုတ်လိုက်၊ အကြံတွေပေး လိုက်လုပ်တတ်တဲ့ ပညာရှင်တွေကို လုပ်ငန်းရှင်ကြီးတွေက (Terrorists) အကြမ်းဖက်သမားတွေလို့ သရော် တော်တော် လုပ်တတ်ကြသလိုပဲ ဘာမှန်းမသိ၊ ညာမှန်းမသိ ဈေးကွက်သာအမိ၊ ဈေးကွက်သာအဖ လုပ်နေတဲ့လူတွေကိုလည်း စတစ် ဂလဇ်က (Market Fundamentalists) ဈေးကွက်အခြေခံဝါဒီ အစွန်း ရောက်တွေလို့ နာမည်ပြောင်ပေး လေသည်။ ဒါပေမဲ့ သူက ဈေးကွက် ယှဉ်ပြိုင်မှုရဲ့ ရလဒ်ကောင်းတွေကို မယုံကြည်ခြင်းတော့မဟုတ်။ အဲဒီ ဈေးကွက်ဆိုတာကြီးကို နောက်ကွယ် ကနေ လိုသလိုချုပ်ကိုင်ကစားလို့
ဒါပေမဲ့ ပညာရှင်ကြီးပြောတဲ့ တတိယလမ်းထဲမှာလည်း မြန်မာ စစ်အစိုးရ မကြားလိုတဲ့စကားတွေ ပါနေပုံပင်။ အင်တာဗျူးတစ်ခုမှာ ဖတ်လိုက်ရသည်က ၂၀၀၉ ခုနှစ် မှာတုန်းက ဆွေးနွေးပွဲဟာ မအောင် မြင်ခဲ့ဘူးလို့ဆိုသည်။ မြန်မာစစ် အစိုးရက စတစ်ဂလဇ်ပြောတဲ့ Poverty ဆိုတဲ့ စကားလုံးကို နားဝင်ခါးခဲ့သည်တဲ့ ။ အမေရိကန်သမ္မတ အိုဘားမားလာပြီးစ ၂၀၁၂ ဖေဖော် ၀ါရီလထဲမှာ နောက်တစ်ခေါက်ထပ် ဖိတ်ကြားခံရသည်။ ဒီတစ်ခါတော့ ဆင်းရဲမွဲတေမှုဆိုတဲ့ စကားရပ်ကို အစိုးရက လက်ခံလာပြီ၊ အများကြီး တိုးတက်လာပြီဟု ခပ်ဖွဖွ မှတ်ချက်ချထားလေသည်။
ပညာရပ်ဆိုင်ရာ နယ်ပယ်က အများအပြား တက်ရောက်ကြတဲ့ နေပြည်တော် ဆွေးနွေးတွေ့ဆုံပွဲ ကြီးမှာ စတစ်ဂလဇ် ပြောသွားတဲ့ စာတမ်းခေါင်းစဉ်က အားလုံးပါ ၀င်ပြီး ရေရှည်တည်တံ့နိုင်မယ့် ဖွံ့ ဖြိုးတိုးတက်ရေး နည်းဗျူဟာများ ဟူ၏။ သူ့စာအုပ်မှာဖတ်ရသလောက် အရဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှု တစ်ခု ရေရှည်တည်တံ့ဖို့အတွက် လူသားအရင်းအမြစ်တွေကို ပြုပြင် ပေါင်းသင် မြေသြဇာ ကျွေးရမယ်။ ဆင်းရဲသားတွေ အများစုဖြစ်နေတဲ့ လူမှုစီးပွား မညီမျှမှုတွေကို တွန်းဖို့ မြေညှိပေးရမယ်ဆိုတာတွေ ပြောခဲ့ မည်လို့သာ ယူဆမိသည်။ လတ်တ လော စစ်အစိုးရ ဦးစားပေးဆောင် ရွက်နေတဲ့ မော်တော်ကားတွေ တင် သွင်းတာမျိုး၊ ခေတ်မီဈေးကြီးတွေ၊ ဟိုတယ်ကြီးတွေ အပြိုင်းအရိုင်းပေး ဆောက်နေတဲ့ တိုးတက်မူမျိုးတွေ ကိုတော့ အကြံပေးခဲ့မည် မဟုတ် လောက်ပေ။
သူ့စာအုပ်က အမေရိကရဲ့ လူမှုစီးပွား မညီမျှမှုတွေကို အခြေခံ ထားခြင်းဖြစ်ပေမယ့် လုပ်အားနဲ့ အရင်းကို တည်မှီနေတဲ့ နိုင်ငံတွေ အားလုံးအတွက်လည်း အကျုံးဝင်နေသည်။ ဒီစာအုပ်ရဲ့ အဓိကအနှစ်ချုပ်ကတော့ မညီမျှမှုတွေ ဖြစ်နေ ခြင်းအတွက် အကြောင်းရင်းခံတွေ၊ အမြောက်အမြား ရှိနိုင်ပေမယ့် အစိုးရရဲ့ အခန်းကဏ္ဍကို မေ့မထား ဖို့ဆိုတဲ့ အချက်ပင်။ အဲဒီအစိုးရ ပေါ်လစီတွေထဲမှာမှ စီးပွားရေးရဲ့ ပင်မဒေါက်တိုင်ကြီးတွေဖြစ်တ
အဲဒီမှာ ပုန်းလျှိုးကွယ်လျှိုး ယူသလား၊ ပြောင်ပြောင်တင်းတင်းလား ၊ မသိမသာ ယူသလား ဆိုတာ ပုံစံအမျိုးမျိုးဖြစ်နိုင်သ
ပိုပြီးဆိုးတာက အဲဒီ ဗိုက်မှောက်နေရတဲ့ ပြည်သူတွေကိုပဲ အလွဲသုံးစားလုပ်ပြီး Public Private Partnership လို့ နာမည်လှလှ လေးတပ်ထားတဲ့အလွဲသုံးစားမူေ
အခုက စက်ရုံ၊ အလုပ်ရုံတွေ တင်မက နေပြည်တော်ကိုရွှေ့သွားလို့ ရန်ကုန်မှာ ဟောင်းလောင်း ကျန်ခဲ့တဲ့ အစိုးရပိုင် ရုံးကြီး ကန္နား ကြီးတွေသည်ပင် တစ်ခုပြီးတစ်ခု ဖဲ့ရွဲ့ခံနေကြရသည်။ ကိုလိုနီခေတ် က သမိုင်းဝင်အဆောက်အအုံကြီး တွေသည်လည်း ပြန်လည်မွန်းမံ စရိတ်ကြီးတယ်ဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ ပုဂ္ဂလိကဆိုသူတွေရဲ့ လက်ထဲမှာ ရေအဆုံးကုန်းထက်ဝက် ဖြစ်နေပြီ။ ဘယ်မှာလဲဥပဒေ။ ဘယ် လိုစည်းမျဉ်းတွေ၊ ဈေးနှုန်းတွေနဲ့ ဘယ်လိုလူတွေကို ဘယ်အချိန်တုန်း ကလုပ်ပိုင်ခွင့်တွေပေးလိုက
ဒီနေရာမှာ သတင်းစာဆရာ ကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ တိုင်းပြည်ကို ဓားပြတိုက်ပြီးမှ တိုင်းသူ ပြည်သားကို ငွေတိုးပြန်ချစားတဲ့ အစိုးရဆိုတဲ့ ကလောင်ဇောင်းထက်တဲ့အရေးက အဓိပ္ပာယ်ဖော်ဖို့ လက်ဝင်နေတဲ့ အဲဒီအင်္ဂလိပ်စာလုံးအတွက် အကောင်းဆုံး ဖွင့်ဆိုချက်ပင် ဖြစ်နေတော့သည်။
Rent ဆိုတဲ့ အခေါ်အဝေါ်ရဲ့ မူလရင်းမြစ်က ဟိုးခေတ်တွေတုန်းက မြေရှင်ကြီးတွေဟာ ဘာမှလုပ်စရာမလိုဘဲ လယ်သမား၊ ယာသမားတွေရဲ့ လုပ်အားပေါ်ကနေ ကောက်ယူတဲ့ အငှားချ လယ်သီး စားခတွေကို ခေါ်ရာကနေစခဲ့သတဲ့။ မြေကြီးနံ့သင်းနေတဲ့ အဲဒီစကားလုံး ရဲ့ အောက်မှာ တိုင်းပြည်တစ်ခုရဲ့ အခြေခံအကျဆုံး ပိုင်ဆိုင်မှုတွေဖြစ် တဲ့ မြေကြီးနဲ့ သယံဇာတတွေဟာ အကာအကွယ်အမဲ့ဆုံးဖြစ်သည်လို
သယံဇာတဆိုရင်လည်း ပြည် သူတွေဟာ သူတို့မှာ ရပိုင်ခွင့်ဝေစု တွေရှိတာကိုတောင် မသိနားမလည် နိုင်တော့လောက်အောင် အချက် အလက် မှတ်ဥာဏ်တွေကို ဖျက်ဆီးပစ်ခံခဲ့ကြရသည်။ အခွင့်အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစ်စုက သူတို့ မိသားစုအမွေပိုင်ပစ္စည်းလို အောက်ဈေးနဲ့ ချရောင်းခဲ့ကြသည်။ သူတို့ စည်းစိမ်တွေနဲ့ အလိုက်ပေးလဲလှယ် ပစ်ခဲ့ပြီးပြီ။ ထားပါတော့။ ထိပ် ပိုင်းကလူတွေမို့ ထိပ်ပိုင်းဖြစ်နေတာ မဆန်းဘူးဘဲထား။ သယံဇာတရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကြွယ်ဝ လို့ မြန်မာပြည်သူတွေရော ဝမ်းဝ ခါးလှကြပြီလား။ ချက်ချင်း လက်ငင်း မြင်ရဖို့ဆိုတာ မြက်ပင်တွေ ရှည်လာတာကို ထိုင်စောင့်ကြည့်လို့ မရဘူးလို့ ပြောတတ်ကြသည်။ ဒါပေမဲ့ မြန်မာပြည်မှာ စစ်ပြီးခေတ်က စလို့ ဆိုရှယ်လစ်ခေတ်၊ စစ်အုပ်ချုပ် ရေးခေတ်၊ ဘယ်ခေတ်နဲ့မှ မတူ အောင် ကနေ့ခေတ်ဒီမိုကရေစီအကူး အပြောင်းဆိုတဲ့ကာလကြီးမှာ လူ တန်းစားကွာဟမှုကအဆိုးဆုံးအြေ
သူထောက်ပြတဲ့ နောက်တစ်ချက်ကတော့ ၉၉ ရာခိုင်နှုန်းသော ပြည်သူတွေ အများဆုံးခါးစည်းခံရတာက လုပ်အားဈေးကွက်နဲ့ အိုးအိမ်ပြဿနာလို့ဆိုတယ်။ တစ်နည်း ပြောရရင်တော့ နေရေးနဲ့ စားရေး ပေါ့။ သူကတော့ အမေရိကရဲ့ Mortgage အိမ်ပေါင်အရစ်ကျစနစ်ထဲမှာ တစ်သက်စာ ကြိုတင်ချေး ငွေတွေနဲ့ ရှိစုမဲ့စုတွေ ပုံအောပြီး အနာဂတ်ကို အလောင်းအစားလုပ် နေရတဲ့ လူလတ်တန်းစားတွေကို ဦးတည်ပြောသွားသည်။ အာမခံချက်မရှိ အတက်အကျဖြစ်နေတဲ့လုပ်အားဈေ
စာအုပ်ရဲ့ နောက်ဆုံးမှာတော့ စတစ်ဂလဇ်က လူမှုစီးပွားမညီမျှမှု ကြီးကြောင့်ဖြစ်နေတဲ့ ဆင်းရဲမွဲတွေ မှု ကပ်ရောဂါဆိုးကြီးဟာ ကုသ ပျောက်ကင်းဖို့ မျှော်လင့်ချက်ရော ရှိပါရဲ့လားလို့ မေးခွန်းထုတ် နိဂုံးချုပ်လိုက်သည်။ သူပြောတာ တစ်ရာခိုင်နှုန်းနဲ့ ၉၉ ရာခိုင်နှုန်းကို အတင်းပေါင်းပြီး ပျမ်းမျှပြန်ချဖို့ မဟုတ်။ ဒါပေမဲ့ ၁ နဲ့ ၉၉ အကြား က အကွာအဝေးကြီးကို သဘာဝ တရားတစ်ခုလို ဒီအတိုင်းလက်ခံ ထားဖို့လည်း မဖြစ်နိုင်။ တစ် ရာခိုင် နှုန်းတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေ ဟာ ၉၉ ရာခိုင်နှုန်းတွေရဲ့ ဆင်းရဲ ချို့တဲ့မှုတွေနဲ့တိုက်ရို
Price of Inequality ကိုဟို ဒီကျော် ပေါက်ဖတ်ပြီးသွားတော့ လက်ဝါးပေါ်က Kindle စာဖတ် ကိရိယာလေးကို အံ့သြစရာတစ်ခုလို ငေးပြီး ကြည့်နေမိတယ်။၊ သိမှတ် စရာ တွေးတောစရာတွေ အပြည့်နဲ့ လေးထောင့်မျက်နှာပြင်ငယ်လေး
ရေးသားသူ - ကေသွယ်
စာညွှန်း
The Price of Inequality,
Joseph Stiglitz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။