Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 26, 2014

စောင့်နေကြသူများ

စောင့်နေကြသူများ
ဝါရှင်တန်ဒီစီမြို့ တောင်ဘက် ၀ါတာဖရွန်မြေအောက်ရထားဘူတာရုံက ကျမထွက်လာတော့ ည၁၁ နာရီကျော်လာပါပြီ။ ဆောင်းတွင်းဖြစ်တဲ့ အပြင်မိုးကလဲရွာနေတာမို့ လူကအတော်ရှင်းနေပါသည်။ စီးလာခဲ့သည့် ရထားတွဲတတွဲလုံးမှာလည်း ကျမ အပါအ၀င် လူလေးငါး ဆယိယောက်သာရှိပါသည်။ အမျိုးသမီးတချို့ လည်းပါ၏ အမျိုးသမီးများ၏မျက်နှာပေါ်မှာ တနေကုန် အလုပ်ကြောင့် ပင်ပန်းနေကြသော်လည်း ညအချိန်မတော် အမျိုးသမီးတယောက်တည်းဆိုသည့် ကြောက်ရွံမှူတွေ မရှိ။ အေးဆေးစွာရထားပေါ်မှာ အိပ်ငိုက်လာကြသည်။
အမေရိကန် များနှင့်ယှဉ်ပါက ခန္ဓာကိုယ်သေးသေးကွေးကွေး ကျမလိုလူတောင် တယောက်တည်းယခုကဲ့ သို့ ညနက်နက် အိမ်ပြန်လာရတာကို မကြောက်ပါ။ ဘာဖြစ်လို့ လဲဆိုတော့ အမျိုးသားတဦးတယောက်ကများ ညနက်နက်အဖော်မဲ့ တာကို အကြောင်းပြပြီး ကျမကို အနိုင်အထက်ပြုရန်ချဉ်းကပ်လာသည့်ဆိုပါစို့ ငါးမိနစ်အတွင်း မီးရထားရဲ နှင့်အရပ်ဝတ်အစား ၀တ်ထားသည့်လုံခြုံရေးများက ရောက်လာပါလိမ့်မည်။
အပြင်ဘက်ဘူတာရုံတွင် စောင့်နေသည့် ရဲ ကားများ၊ ကင်းလှည့်နေသည့် ရဲကားများကလည်း ထိုအမျိုးသားကိုလက်မလွှတ်အောင် လက်ရဖမ်းဆီးပြီး ရဲစခန်းသို့ ခေါ်ဆောင် သွားပါလိမ့်မည်။ရဲစခန်းရောက်လျှင်လည်း အမျိုးသမီးများကို အနိုင်အထက်ကျင့်မှုနှင့် တရားသူကြီးက ထိထိရောက်ရောက်အပြစ်ပေးအရေးယူမည်
ဒါတင်မပြီးသေးပါ။ အပြစ်ဒဏ်ခံရပြီးလို့ လွှတ်မြောက်သွားလျှင်တောင် သူ၏ မှတ်ပုံတင်နှင့် ဘ၀တသက်သာတွင် ထိုအရိပ်မည်းက အစဉ်အမြဲလိုက်မည်။ ပညာပေးသင်တန်းများလည်း တက်ရအုန်းမည်။ အလုပ်လုပ်သည့်အခါဘဲဖြစ်ဖြစ် ဘာဘဲလုပ်လုပ် လုံခြုံရေးမှတ်တမ်းစစ်သည့်အခါ ထိုအမှုက အမြဲပေါ်နေမည်ဖြစ်သည့်အတွကိ တဘ၀စာလုံး အလုပ်ကောင်းကောင်းရရန် မသေချာတော့။ တခြားနိုင်ငံသားလူမှုအခွင့်အရေးများလည်း ဆုံးရှုံးကုန်သည်။

ထို့ ကြောင့် အပျော်ဘား နိုက်ကလပ်များမှလွှဲပြီး အမေရိကတွင် အမျိုးသမီးများကို မည်သူမှ အနှောင့်အယှက်မပေးရဲ။ စတာပြောင်တာလည်းမရှိ။ အမျိုးသမီးများကို ကြောက်လို့ တော့မဟုတ်။ အမျိုးသမီးတယောက်ကို နှောင့်ယှက်မိလိုက်သောအကျိုးကျေးဇူး ဘ၀တသက်တာ တသီတသန်းကြီးကို ကြောက်ကြ၍ ဖြစ်ပါသည်။
ကျမတို့ မြန်မာပြည်မှာရော ၊ရန်ကုန်မှာတုန်းက ကျမတို့ အိမ်က ဒဂုံမြောက်ပိုင်းတွင်ရှိသည်။ မြို့ ထဲကရုံးမှာအလုပ်လုပ်လျှင် ည ၈နာရီထက်နောက်ကျသညဆိုတာနှင့် ကျမမှာ နေလို့ ထိုင်လို့ မရတော့ပါ။ မီးပြတ်သော မိုးညများဆို ပိုဆိုးသည်။ ကျမအိမ်က ကားမှတိတိုင်နှင့်အလှမ်းဝေးတာမို့  အိမ်ကအဖေနှင့် အမေက ကားဂိတ်မှာ ထိုင်စောင့်နေကြရသည်။ ကျမလိုဘဲ မြို့ ထဲက အလုပ်ပြန်လာသောမိန်းခလေးများ။ စက်ရုံ အလုပ်ရုံတွေက ပြန်လာသော မိန်းခလေးများကို မိဘဆွေမျိုးတွေက ကားမှတိတိုင်မှာ ထိုင်စောင့်နေကြရသည်။ အပိုလုပ်ပြီးအကဲပို စိတ်မချတာမဟုတ် ။တကယ်လိုအပ်လို့ သာစောင့်ရခြင်းဖြစ်၏ ကားဂိတ်မှာက ဆိုက်ကားဂိတ်အပြင် အရက်ဆိုင်ပါရှိသဖြင့် တယောက်တည်းပြန်လာသော အလုပ်ပြန်မိန်းခလေးကို အရက်မူးသမားတွေ က မကြာခဏ နှောင့်ယှက်တတ်၍ဖြစ်သည်။ ကိုယ်ထိလက်ရောက် မနှောင့်ယှက်ရင်တောင် အနည်းဆုံး သားပြောမယားပြောခံရတတ်ကြသည်။ ဒါက ရန်ကုန်ညဘက်မှာ အလုပ်ပြန်သူအမျိုးသမီးတိုင်း ကြုံရသည့်ထုံးစံဖြစ်၏
“ တခါတလေ သိပ်စိတ်တိုဖို့ ကောင်းတယ် ။အဝေးကနေဆိုရင် အမေအရွယ် ဘာအရွယ်တွေတောင် မသိတော့ဘူး အမျိုးသမီးတဦးညဘက်မှာဆိုတဲ့ အသိနဲ့ ပြောင်ကြနောက်ကြ သားပြောမယားပြော အရသာခံပြောကြတာ”
ကျမတို့ လိုဘဲ တောင်ဥက္ကလာဆင်ဖြေဖုံးအရပ်တခုမှာနေသူ သူငယိချင်းအမကြီးတဦးက ပြောပြတာဖြစ်ပါသည်။
လက်တလောအခြေအနေမှာတော့ ကျမ၏သူငယ်ချင်းများအပါအ၀င်မြန်မာအမျိုးသမီးအများစုက ထိုကဲ့ သို့ အမျိုးသမီးများနှင့်ပတ်သတ်သည့် အနိုင်အထက်ကျင့်မှုနှောင့်ယှက်မှုများကို ကိုယ့်နည်းကိုယ်ဟန်နှင့် ဟန့်တားကာကွယ်နေရဆဲဖြစ်သည်။
“ကျမကတော့ အိတ်ထဲမှာ အပ်ချိတ်ဆောင်ထားတယ် ကားပေါ်မှာ လိုအပ်တာထက်ပိုပြီး ကျမနားကို မရိုးမသားမတော်တရော်လုပ်တဲ့ သူဆိုရင် အဲဒိချိတ်နှင့် ထိုးထည့်လိုက်တာဘဲ ဘာမှမပြောနေတော့ဘူး” ရန်ကုန်မြို့ ကနေ ရွေပြည်သာအထိ အလုပ်ဆင်းအလုပ်တက်နေရသူ မိန်းကလေးတယောက်က သူဖြေရှင်းပုံကို ပြောပြသည်။
ထိုမိန်းခလေးသို့ ဆတ်ဆတ်ထိမခံသူများရှိသော်လည်း အချို့ ကတော့ မိန်းခလေးကုနြေ္ဒသိက္ခာပျက်မည်ကို ရှက်ကြောက် ပူပန်ကြပြီး မသိချင်ယောင်ဆောင် ငြိမ်ခံတတ်သူများလည်း ရှိပါသည်။ ကျမသူငယ်ချင်းတဦးမှာ ဘတ်စကားပေါ်တွင် လူကျပ်ကျပ်နှင့် ထိုကဲ့ သို့ အသားကိုထိပါးပြီး စော်ကားမှုမျိုးကိုကြုံရသည့်အခါ ငိုပြီး ကြုံသည့် မှတ်တိုင်မှာဆင်းနေခဲ့ သည်ဟုဆိုပါသည်။
“မတိုင်ရဲပါဘူးဟယ် လူတွေက ငါ့ကိုဝိုင်းကြည့်ကြမှာရှက်တယ်”
ထို့ အတူမြန်မာလူနေမှုစနစ်တွင်လည်း အရှက်ဂုဏ်သိက္ခာနှင့် မတော်မတရားမှုကို ငြိမ်ခံခြင်းက တခါတရံတွင်ရောထွေးနေသည်။ မတရားကိုငုံမခံတတ်သူများကိုလည်း ပတ်ဝန်းကျင်က အားမပေးသည်ကိုတွေ့ ရသည်။
တခါတုန်းက ကားပေါ်တွင်အမျိုးသမီးတဦးကို အမျိုးသားတဦးက ကိုယ်ထိလက်ရောက်လက်သရမ်းမှုပြုသည်။ အမျိုးသမီးက ကျမတို့ ရှေ့ တွင်ပင် ရဲစခန်းမောင်းရန်ပြောသည့်အခါ ဒရိုင်ဘာနှင့် စပယ်ယာက မသိကျိုးကျင်ပြုကြ၏ ကားပေါ်က လူများမှာလည်း သွားလိုရာခရီးနောက်ကျမှာစိုးသဖြင့် ရဲစခန်းမသွားချင်ကြ။ နောက်ဆုံးတော့ ထိုလူကို အမျိုးသမီးက ပါးစပ်နှင့်သာ ဆဲဆိုရန်တွေ့ ခြင်းဖြင့် သာပြီးရလေသည်။
မြန်မာနိုင်ငံတွင် ထိုကဲ့ သို့ အမျိုးသမီးများကို အလွယ်တကူနုတ်ဖြင့် လက်ဖြင်အလွယ်တကူ စော်ကားရဲကြသည်မှာ ကျမတို့ ဆီမှာဥပဒေကောင်းများမရှိ၍ မဟုတ် အမျိုးသမီးများကို လက်ဖြင့်ဖြစ်စေ နုတ်ဖြင့်ဖြစ်စေ ကာယအိနြေ္ဒ ပျက်ယွင်းအောင်လုပ်ပါက ထောင်ဒဏ် ၆လမှ တနှစ်အထိ ချမှတ်အပြစ်ပေးနိုင်သည့်ဥပဒေများ ဟိုတုနိးကတည်းက အခိုင်အမာရှိသည်။ သို့ သော်ဥပဒေအများစုက စာရွက်ထဲမှာသာရှိပြီး လက်တွေ့ အသက်ဝင်မလာသောအခါ အမျိုးသမီးအများစုက ကိုယ့်အန္တရာယ်ကို ကိုယ်သာကာကွယ်ကြရစမြဲဖြစ်သည်။ စွာသည့် အမျိုးသမီးဆိုလူသိပြီး ရှက်သည့်အမျိုးသမီးဆိုလျှင်တော့ ဘာသံမှ မကြားရဘဲပြီးသွားစမြဲ။ လက်စခြေစ နုတ်စရှိသည့် အမျိုးသားများကလည်းပိုအတင့်ရဲလာစမြဲ။
ထိုကဲ့ သို့  အမျိုးသမီးများကို အခိုင်အမာစောင့်ေ၇ှာက်ပေးမှုများအားနည်းသည့်အတွက် ညဘက်အိမ်အပြန်နောက်ကျသော အမျိုးသမီးများဆိုလျှင် တရားဝင်စဆိုပြောင်နောက်ခွင့် ပေးခံထားရသလိုဖြစ်နေသည်။ ထိုမှတဆင့်တိုးပြီး အမျိုးသမီးများကို အနိုင်ကျင့်စော်ကားမှုများလည်း ရန်ကုန်မြို့ လို မြို့ ကြီးပြကြီးမှာပင်မကြာခဏ ကြားနေရဆဲ ဖြစ်သည်။
ထို့ ကြောင့် ညဘက်တယောက်တည်း အနှောင့်အယှက်ကင်းစွာဖြင့် ရုံးကနေ အိမ်ကို ပြန်လာသည့်အခါမျိုးတိုင်း ရန်ကုန်မြို့ ဆင်ခြေဖုံးက ကားမှတ်တိုင်တွေကို သတိရမိသည်။ ပြီးတော့ သက်ဆိုင်သူအမျိုးသမီးလေးများ အိမ်အပြန်ကို စောင့်ကြိုနေကြသည့် သူတို့ ၏ မိဘဆွေမျိုးမောင်နှမများ။ အခုအချိန်ထိလည်း သူတို့ တွေကြိုနေရဆဲပါ။
စာရွက်ထဲမှာသာ ရှိနေသည့်ဥပဒေများ မြန်မာနိုင်ငံမှာ ထိထိရောက်ရောက် အသက်ဝင်မလာသေးသရွေ့  သူတို့ တွေ အခုလို ကားဂိတ်တွေမှာ စောင့်ကြိုနေရဦးမည်သာ။
ထားထားမြင့်
( မဇ္ဇီမသတင်းစာအမျိုးသမီးကဏ္ဍပါဆောငိးပါး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။