၁ နှစ်ဝင်ငွေ ယွမ် ၆၀၀၀၀ ဆိုတော့ စင်္ကာပူဒေါ်လာ ၁၂၀၇၅.၂၃ နဲ့ညီမျှပါတယ်။ တစ်လက စင်္ကာပူ ဒေါ်လာ ၁၀၀၆.၂၇ ရတယ်လို့ သတ်မှတ်ရမှာပါ။
တရုတ်နိုင်ငံသား တွေရဲ့ တလ ပျမ်းမျှ ၀င်ငွေက စင်္ကာပူဒေါ်လာ ၅၀၀ ပတ်ဝန်းကျင် မှာဘဲ ရှိပါတယ်။ အသက် ၃၆ နှစ်နဲ့ ဒေါ်လာ ၁၀၀၀ ၀င်ငွေမျိုးရှိတဲ့ တရုတ်လူမျိုးတစ်ယောက်အတွက် တရုတ်ပြည်မှာ မိန်းမ မရှားပါဘူးဗျ။
ဒါကြောင့် ဒီ ဖိတ်ခေါ်စာ က လိမ်ညာထားတဲ့ ကိစ္စ ဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ တရုတ်လယ်သမား ညီအကို ၃ ယောက် ဆီ ရောင်းစားခံလိုက်ရလို့ ညီအကို ၃ ယောက် နဲ့ တလှည့်စီ မယား လုပ်ပြီး ခလေးမွေးပေး နေရတဲ့ ကမ္ဘောဒီးယား မိန်းခလေးအကြောင်း၊ ကျပ်မပြည့်တဲ့ ဝေဒနာသယ် နဲ့ လက်ထပ်ထားရတဲ့ ရောင်းစားခံ မိန်းခလေးတွေ အကြောင်း၊ ရက်စက်တဲ့ တရုတ်လယ်သမား မိသားစုထဲ ရောက်သွားပြီး ဘုံကျွန်တစ်ယောက်၊ ငွေဝယ်ကျွန် တစ်ယောက်လို ဆက်ဆံခံနေရတဲ့ မိန်းခလေး တွေ အကြောင်း သိထားဖူးတော့၊ ဒီကြော်ငြာမျိုးဟာ ရိုးသားမှု မရှိတာ သိသာနေပါတယ်။
ရှင်းရှင်းဘဲ ပြောလိုက်မယ်ဗျာ။ တလ စင်္ကာပူဒေါ်လာ ၅၀၀ ပေးရင် ပြည်ကြီးတရုတ်မ ကို မယားငယ် ထားလို့ရနေတဲ့ တရုတ် နိုင်ငံက ဒေါ်လာ ၁၀၀၀ ၀င်ငွေရှိတဲ့ ကောင် မြန်မာပြည်က ဖြူသလား မဲသလား မသိတဲ့ မိန်းခလေး ကို လက်ထပ်ချင်တယ်ဆိုတာ သောက်ရူးဘဲ ယုံမယ်။
ဒီကြော်ညာ ထည့်တဲ့ လူကို ဖမ်းပြီး ထောင်ချသင့်တယ်ဗျ။ ဒါ လူကုန်ကူး တဲ့ အမှုဘဲ။ တရုတ်ကြောက် ဦးသိန်းစိန် အစိုးရ က တော့ လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် တို့ နိုင်ငံသား အမျိုးသမီး ငယ်လေးတွေ ကို ကျွန်တော်တို့ရဲ့အသိစိတ်နဲ့ ကာကွယ်ကြရမှာပါဘဲ။
ကျွန်တော် က တော့ ကျွန်တော်တတ်နိုင်တဲ့ဖက်က status ရေးပြီး ကာကွယ်လိုက်ပြီဗျာ။ မိတ်ဆွေ တို့ လဲ အဆင်ပြေသလို လက်လှမ်းမှီသလောက် ၀ိုင်းဝန်း ကာကွယ်ကြပါလို့ တိုက်တွန်းပါရစေ။
တရုတ်နိုင်ငံသား တွေရဲ့ တလ ပျမ်းမျှ ၀င်ငွေက စင်္ကာပူဒေါ်လာ ၅၀၀ ပတ်ဝန်းကျင် မှာဘဲ ရှိပါတယ်။ အသက် ၃၆ နှစ်နဲ့ ဒေါ်လာ ၁၀၀၀ ၀င်ငွေမျိုးရှိတဲ့ တရုတ်လူမျိုးတစ်ယောက်အတွက် တရုတ်ပြည်မှာ မိန်းမ မရှားပါဘူးဗျ။
ဒါကြောင့် ဒီ ဖိတ်ခေါ်စာ က လိမ်ညာထားတဲ့ ကိစ္စ ဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ တရုတ်လယ်သမား ညီအကို ၃ ယောက် ဆီ ရောင်းစားခံလိုက်ရလို့ ညီအကို ၃ ယောက် နဲ့ တလှည့်စီ မယား လုပ်ပြီး ခလေးမွေးပေး နေရတဲ့ ကမ္ဘောဒီးယား မိန်းခလေးအကြောင်း၊ ကျပ်မပြည့်တဲ့ ဝေဒနာသယ် နဲ့ လက်ထပ်ထားရတဲ့ ရောင်းစားခံ မိန်းခလေးတွေ အကြောင်း၊ ရက်စက်တဲ့ တရုတ်လယ်သမား မိသားစုထဲ ရောက်သွားပြီး ဘုံကျွန်တစ်ယောက်၊ ငွေဝယ်ကျွန် တစ်ယောက်လို ဆက်ဆံခံနေရတဲ့ မိန်းခလေး တွေ အကြောင်း သိထားဖူးတော့၊ ဒီကြော်ငြာမျိုးဟာ ရိုးသားမှု မရှိတာ သိသာနေပါတယ်။
ရှင်းရှင်းဘဲ ပြောလိုက်မယ်ဗျာ။ တလ စင်္ကာပူဒေါ်လာ ၅၀၀ ပေးရင် ပြည်ကြီးတရုတ်မ ကို မယားငယ် ထားလို့ရနေတဲ့ တရုတ် နိုင်ငံက ဒေါ်လာ ၁၀၀၀ ၀င်ငွေရှိတဲ့ ကောင် မြန်မာပြည်က ဖြူသလား မဲသလား မသိတဲ့ မိန်းခလေး ကို လက်ထပ်ချင်တယ်ဆိုတာ သောက်ရူးဘဲ ယုံမယ်။
ဒီကြော်ညာ ထည့်တဲ့ လူကို ဖမ်းပြီး ထောင်ချသင့်တယ်ဗျ။ ဒါ လူကုန်ကူး တဲ့ အမှုဘဲ။ တရုတ်ကြောက် ဦးသိန်းစိန် အစိုးရ က တော့ လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် တို့ နိုင်ငံသား အမျိုးသမီး ငယ်လေးတွေ ကို ကျွန်တော်တို့ရဲ့အသိစိတ်နဲ့
ကျွန်တော် က တော့ ကျွန်တော်တတ်နိုင်တဲ့ဖက်က status ရေးပြီး ကာကွယ်လိုက်ပြီဗျာ။ မိတ်ဆွေ တို့ လဲ အဆင်ပြေသလို လက်လှမ်းမှီသလောက် ၀ိုင်းဝန်း ကာကွယ်ကြပါလို့ တိုက်တွန်းပါရစေ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။