Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 29, 2014

“သံမဏိဝါး Guadua Angustifolia Kunth ”


“သံမဏိဝါး Guadua Angustifolia Kunth ”
Guadua Angustifolia Kunth မိတ်ဆက် ဆိုပြီးရေးလိုက်တဲ့နောက်မှာ Comment ကမေးကြတာရော Message ကမေးကြတာရော စိတ်ဝင်စားတဲ့သူတော်တော်များလာလို့ ဒီအကြောင်းဆက်ပြောဖို့ တာဝန်ကြီးတစ်ခုလို ထပ်ဖြစ်သွားရပြန်တယ်။ ကျနော်က ၀ါးကျွမ်းကျင်သူ ပညာရှင်မဟုတ်တဲ့အတွက် တော်တော်လေ့လာတီးခေါက်ရပါတယ်။ တရုတ်နဲ့ ထိုင်းက ၀ါးပညာရှင်တွေရဲ့ အကူအညီကိုလည်းအများကြီးယူရပါတယ်။ အင်္ဂလိပ်စာ မဖြစ်ညစ်ကျယ်မို့ ဘာသာပြန်မှားခဲ့သော် စေတနာအမှားလို့သာ သဘောထားပေးကြပါ။ Review ပြန်ရေးပေးပါ့မယ်လို့ ကတိခံထားတာကြောင့် ရေးပေးလိုက်ပါတယ်။ အမှန်က ကျနော့်အနေနဲ့ မြန်မာ့အဖိုးတန်ဝါးတွေအကြောင်းရေးချင်တာပါ။
သို့သော်လည်း အခြေအနေအရ လက်ထဲအကိုးအကားမရှိတာကြောင့် ရှိတဲ့အကိုးအကားနဲ့ အကောင်းဆုံးဆိုတဲ့ ၀ါးမျိုးတစ်ခုကို မိတ်ဆက်ပေးလိုက်တာလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာ့ဝါးတွေအကြောင်း ဖြည်းဖြည်းချင်းမိတ်ဆက်ပေးသွားနိုင်အောင် ကြိုးစားပါဦးမယ်ဗျာ။
Guadua Angustifolia Kunth
မိတ်ဆက်မှာတုန်းက သူ့အကြောင်းသိသင့်သလောက် သိပြီးဖြစ်မှာပါ။ အခုကတော့ အတတ်နိုင်ဆုံး အသေးစိတ်ပေါ့။
ဒီဝါးတွေကို ကမ္ဘာ့အကောင်းဆုံးဝါးမျိုး ၂၀ ထဲမှာ စာရင်းသွင်းထားပါတယ်။ မျိုးရင်းက ကိုလံဘီယာနဲ့ အက်ကွေဒေါနိုင်ငံတွေပဲဖြစ်ပါတယ်။ မက္ကဆီကိုလို့ မိတ်ဆက်မှာတုန်းက မှားသွားပါတယ်။ ဒီ ကမ္ဘာ့အကောင်းဆုံးဝါးမျိုး ၂၀ ထဲမှာမှ အခိုင်မာဆုံးဝါးအဖြစ် စံချိန်တင်သတ်မှတ်ထားပါတယ်။ ၀ါးကို အမျိုးမျိုးအထွေထွေသုံးကြတဲ့အထဲမှာ Guadua Angustifolia Kunth ကိုတော့ သုံးထပ်သား၊ ကြမ်းခင်းပြား၊ ကြမ်းခင်းကော်ဇောနဲ့ အိမ်ဆောက်ရာတွေမှာ အဓိကကုန်ကြမ်းအဖြစ်သုံးပါတယ်။ ဒီဝါးတွေဟာ အမေရိကားနဲ့ လက်တင်အမေရိကားနိုင်ငံတွေရဲ့ အဓိကအရေးပါတဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်နေပါတယ်။ ၀ါးတွေရဲ့ အရည်အချင်းကိုသတ်မှတ်ကြတဲ့အခါ အမှန်တကယ် အသုံးဝင်ရမယ်၊ ပေါ့ပါးရမယ်၊ ပျော့ပြောင်းရမယ်၊ ခံနိုင်ရည်ပြည့်ဝရမယ်၊ ခိုင်ရမယ်၊ မာရမယ်၊ သဘာဝပတ်ကျင်နဲ့ လိုက်လျောညီထွေဖြစ်ရမယ်၊ နေရာဒေသမရွေး ပေါက်နိုင်ရမယ်၊ လူတွေအသုံးပြုဖို့ အလျဉ်မီအောင် ကြီးထွားနှုန်းမြန်ရမယ်၊ လွယ်လွယ်ကူကူ ကိုင်တွယ်အသုံးပြုနိုင်ပြီး အပူအအေးကို ထိန်းညှိနိုင်တဲ့ အရည်အသွေးကောင်းတွေရှိနေရမယ်ဆိုပါတယ်။ Guadua Angustifolia Kunth မှာတော့ ဒီအရည်အသွေးတွေ ကောင်းကောင်းပြည့်စုံတယ်လို့ ကမ္ဘာ့နိုင်ငံအသီးသီးက ၀ါးကျွမ်းကျင်သူများက တညီတညွတ်တည်း မှတ်ချက်ပြုထားပါတယ်။
ဒီဝါးတွေဟာ ထူးထူးခြားခြား ကြီးထွားမြန်တဲ့ဝါးတွေဖြစ်ပါတယ်။ နောက်ပြီး ရုံနဲ့အုံနဲ့ပေါက်တာမဟုတ်ဘဲ မျက်တောင်မွှေးပေါက်သလို ဖြာထွက်ပြီးပေါက်တာဖြစ်လို့ စိုက်ပျိုးရေးခြံကြီးတွေရဲ့ ပတ်ပတ်လည်မှာ ခြံစည်းရိုးသဘောမျိုးချစိုက်ရင် အကောင်းဆုံးပဲလို့ အကြံပြုကြပါတယ်။ ၀ါးရုံကြီးလို ပြွတ်သိပ်ပေါက်တာမဟုတ်တဲ့အတွက် ခုတ်ယူရတာလည်း လွယ်ကူတာပေါ့။ ဒီဝါးတွေနဲ့ ၀က်သစ်ချပင်တွေနဲ့ နှိုင်းယှဉ်ချက်အရဆိုရင် ၀က်သစ်ချထက် ၃ ဆ ပိုအထွားမြန်ပြီး တစ်ဟက်တာ (2.47105 ဧက) ကြီးထွားနှုန်းချင်းယှဉ်တဲ့အခါမှာလည်း ဒီဝါးက ၂ ဆ သာပါသေးတယ်။ ဒါ့အပြင် ၀က်သစ်ချထက် ၄ ဆ လောက် ပိုပြီးထွက်နှုန်းကောင်းပါတယ်။
Guadua Angustifolia Kunth ၀ါးတွေဟာ အချင်းအားဖြင့် ၂၅ စင်တီမီတာရှိနိုင်ပြီး ပျမ်းမျှအားဖြင့် ၉ စင်တီမီတာကနေ ၁၃ စင်တီမီတာ ရှိတတ်ကြပါတယ်။ မြေကြီးပေါ် ချစိုက်ပြီး ၆ လအတွင်းမှာ တစ်နေ့ကို ၁၂ စင်တီမီတာအထိ အမြင့်ဆုံးရှည်ထွက်နိုင်ပြီး ၁၅ မီတာကနေ ၃၀ မီတာအထိ မြင့်တက်သွားကြပါလိမ့်မယ်။ ဒါပေမယ့် ခုတ်ယူသုံးစွဲဖို့ကတော့ ၄ နှစ်ကနေ ၅ နှစ်အတွင်း သက်တမ်းရှိတဲ့ဝါးကို ခုတ်ယူသုံးစွဲမှသာ အကောင်းဆုံးအရည်အသွေးကို ရနိုင်ပါလိမ့်မယ်။ ဒီဝါးတွေကိုစိုက်တဲ့အခါ ထူးထူးခြားခြားကြီး ဂရုစိုက်နေစရာမလိုဘူး။ စိုက်ပျိုးပြီး ခုတ်လှဲသက်တမ်းပြည့်တာနဲ့ အဆက်မပြတ် ထုတ်လုပ်နိုင်တယ်။ ၁၀% ခုတ်၊ ၃၀% အသစ်ပေါက်၊ ၆၀% ရာနှုန်း ခုတ်လှဲသက်ပြည့်အောင်ထား ဒီနည်းနဲ့သွားမယ်ဆိုရင်တောင် တစ်ဟက်တာ (2.47105 ဧက) ကို တစ်နှစ် အလုံးရေ ၁၂၀၀ ကနေ ၁၃၅၀ အထိ အသာလေးခုတ်ယူနိုင်မယ်တဲ့။
ပေါက်ရောက်ရာဒေသ
ကိုလံဘီယာ၊ အက်ကွေဒေါနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက အဓိက ပေါက်ရောက်ရာနေရာတွေဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၉၀၀ မီတာကနေ ၁၆၀၀ မီတာအကြား၊ အပူချိန် ၂၀ံ - ၂၆ံ စင်တီဂရိတ်၊ တစ်နှစ် မိုးရေချိန် ၂၀၀၀ မီလီမီတာကနေ ၂၅၀၀ မီလီမီတာ၊ လေထုစိုထိုင်းဆ ၇၅ - ၈၅ % အတွင်းဒေသတွေမှာ မစိုက်ပျိုးဘဲဖြစ်ထွန်းနိုင်ပါတယ်။ ဒီနေရာမှာ စောဒကတက်စရာဖြစ်လာတာက ပင်လယ်ရေမျက်နှာပြင်အမြင့်။ ဒါပေမယ့် ယူနန်က ၀ါးပညာရှင်အမျိုးသမီးရော ထိုင်းက ၀ါးပညာရှင်ကပါ ဒီကိစ္စကို ထည့်စဉ်းစားစရာမလိုဘူးတဲ့။ အခု သူတို့ထိုင်းနိုင်ငံမှာ ဒီဝါးတွေ လက်တွေ့ဖြစ်ထွန်းနေတာကိုကြည့်ရင် ဒါအဖြေပဲတဲ့။ အဓိကကတော့ အပူချိန်နဲ့ မိုးရေချိန်လက်မ အနီးစပ်ဆုံးအခြေအနေရှိရင် အိုကေပြီတဲ့။ စိုက်ပျိုးတဲ့အခါမှာ ရေမ၀ပ်ဖို့တော့ လိုတာပေါ့။ စကားမစပ် မြန်မာနိုင်ငံရဲ့ Climate, Average Weather ကို ဒေသအလိုက်ပြထားတဲ့ အချက်အလက်တွေhttp://www.myanmar.climatemps.com/ မှာ သွားကြည့်နိုင်တယ်။ ကိုယ့်ဒေသမှ စိုက်လို့ဖြစ်မဖြစ် လေ့လာကြည့်လို့ရပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ Guadua Angustifolia Kunth
ဒီဝါးအပါအ၀င် ၀ါးတွေအားလုံးဟာ သဘာဝပတ်ဝန်းကျင်အတွက် အများကြီးအထောက်အကူဖြစ်နေပါတယ်။ မြေဆီပျက်ဆီးမှုကို ကာကွယ်နိုင်တယ်။ လေထု ရေထု မြေထုကို ထိန်းညှိပေးတယ်။ မြစ်တွေ စမ်းချောင်းတွေ ချောင်းတွေ မတိမ်ကောအောင် အများကြီးအကာအကွယ်ပေးတယ်။ အော်ဂဲနစ်ဓါတ်ပေါင်းမျိုးစုံကို ကြွယ်ဝစေတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် မွန်းကြပ်လာမှုကို ဖယ်ရှားပေးနိုင်တယ်။ Guadua ၀ါးပင် တစ်ပင်တိုင်းဟာ သူတို့စုပ်ယူလိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပဏာမရဲ့ ၃၅% ကို အောက်ဆီဂျင် ပြန်လည်အသွင်ပြောင်းပေးနိုင်တယ်။ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ Guadua ၀ါး တစ်ဟက်တာဟာ တစ်နှစ်ကို အောက်ဆီဂျင် ၅၄ မက်ထရစ်တန် ထုတ်လုပ်ပေးနိုင်ပါတယ်တဲ့။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလို့ပြောရင်လည်းဖြစ်ပါတယ်။
ဒါကြောင့် ၀ါးစိုက်ပျိုးခြင်းဟာ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနဲ့ ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီးအကျိုးရှိပါတယ်။ ပြည်ပ၀ါးမျိုးကောင်းတွေကိုဖြစ်ဖြစ် ပြည်တွင်းက ၀ါးမျိုးကောင်းတွေကိုဖြစ်ဖြစ် စနစ်တကျစိုက်ပျိုးပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ သစ်တောပြုန်းတီးမှုနဲ့ ရာသီဥတုဖောက်ပြန်လာမှုတွေကို တားဆီးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ခေါင်းစဉ်ကို သံမဏိဝါးလို့ ပေးလိုက်ရတာနဲ့ပတ်သက်လို့ အထူးမရှင်းတော့ဘဲ ပုံတွေတစ်ဝကြီးတင်ပေးလိုက်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။