ရွှေရောင်ပြတင်းပေါက်နဲ့ အိမ်ကလေး
တစ်ခါကကောင်မလေးတစ်ယောက်ဟာ တောင်အောက်က အိမ်လေးတစ်ခုမှာနေသတဲ့။ သူတို့ရဲ့ တောင်ပေါ်မှာ အိမ်လေးတစ်လုံးရှိတယ်။ တောင်ပေါ်က အိမ်ကလေးရဲ့ ပြတင်းပေါက်တွေဟာ ရွှေရောင်တွေ ဖြစ်နေပါတယ်။ ကောင်မလေးကလဲ အဲဒီလို ရွှေရောင်ပြတင်းပေါက်နဲ့ အိမ်ကလေးကို နေချင်တာပေါ့။ သူ့အိမ်လေးကတော့ ရွှေရောင်တောက်ဖို့ နေနေသာသာ ဖုံတွေတက်ပြီးတော့ ဟောင်းနွမ်းနေသတဲ့။
ကောင်မလေးဟာ တောင်ပေါ်က အိမ်ကို သွားချင်သတဲ့။ ရွှေရောင်ပြတင်းပေါက်တွေကိုလဲ ကိုင်ကြည့်ချင်တယ်။ နေ့တိုင်းအဲဒီအိမ်လေးကို သွားဖို့ စဉ်းစားနေသတဲ့။ တစ်ရက်တော့ သူဟာ သူ့အမေကို ခွင့်ပန်ပြီးသွားချင်ပေမယ့် အဲဒီနေရာက လူပြတ်တဲ့အတွက် သူ့အမေက မလွှတ်ပါဘူး။ ဒီလိုနဲ့ ရက်တွေလပြောင်း လတွေနှစ်ပြောင်း ကောင်မလေးကလဲ အသက်ကြီးလာတာပေါ့။ဒါပေမယ့် ကောင်မလေးဟာ တစ်ချိန်လုံးရွှေရောင်ပြတင်းပေါက်နဲ့ အိမ်ကလေးကို စိတ်ကူးယဉ်နေတာပေါ့။
တစ်နေ့တော့ သူ့အမေဆီမှာ ခွင့်တောင်းတယ် သူ့အမေကလဲ ခွင့်ပြုလိုက်တယ်။ ကောင်မလေးဟာ စက်ဘီးစီးပြီးတော့ ရွှေရောင်ပြတင်းပေါက်နဲ့ အိမ်ကို အမြန်နင်းလာတာပေါ့။ တကယ်တမ်းအိမ်ရှေ့လဲ ရောက်ရေ ရွှေရောင်ပြတင်းပေါက်တွေဟာ ဘာရွှေရောင်မှ မသုတ်ထားပဲ ၀က်သစ်ခြသစ်သားတွေ အဟောင်းအနွမ်းတွေဖြစ်နေပြီးတော့ အိမ်ဟာ သူတို့အိမ်ထက်တောင် ယိုယွင်းနေတယ်။အဲဒီတော့မှ သူခံစားမိတယ် ၀က်သစ်ခြသစ်သားတွေကို နေရောင်ထိုးလို့ရွှေရောင်တွေ တလက်လက်တောက်ပနေတာကို သူမြင်ခဲ့တာပဲ။
တကယ်တော့ သူနှစ်နဲ့ချီပြီး စိတ်ကူးတွေဟာ ပုံရိပ်ယောင်သက်သက်သာဖြစ်နေတယ်။ အဲဒီအချိန်မှာပဲ ကောင်မလေးလဲ စိတ်ဓါတ်ကျပြီးတော့ ပြန်ဆင်းလာတယ်။ တောင်ဆင်းလမ်းလေးကနေ လှမ်းကြည့်လိုက်တော့ သူမျက်စိမှားသွားတယ်။ တောင်ကြားထဲက အိမ်လေးတစ်အိမ်က တစ်အိမ်လုံးလိုလို ရွှေရောင်တွေ တောက်ပနေပြီးတော့ ပြတင်းပေါက်တွေက ပိုမိုတောက်ပနေလေရဲ့။ ဒါသူ့အိမ်လေ။ သူလဲ ရွှေရောင်ပြတင်းပေါက်တွေရှိတဲ့ အိမ်မှာနေယုံမက တစ်အိမ်လုံးလဲ ရွှေရောင်တွေ တောက်နေလေရဲ့။ သူလဲ အိမ်ကို အမြန်နင်းပြီးပြန်ခဲ့တယ်။
ဒီပုံပြင်လေးကတော့ ရှင်းပါတယ်။ ကိုယ့်မှာရှိတဲ့အရာကို မမြင်ဘဲ သူများမှာ ရှိနေတာကို မြင်ပြီးတော့ တကယ်တမ်းကျတော့ ကိုယ့်မှာရှိတဲ့ အရာကို မြင်တတ်တဲ့အခါမှာတော့ သူများတွေထက်အရာရာသာလွန်ကြောင်းကို အထင်အရှားမြင်တွေ့နိုင်ပါတယ်။
မောင်စိုင်း
www.kanaung.net
www.kanaung.net
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။