Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 24, 2014

Sugar Man ကိုရှာဖွေခြင်း


Sugar Man ကိုရှာဖွေခြင်း
__________________
"Searching for Sugar Man"ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားတစ်ကားဟာ ၂ဝ၁၃ခုနှစ်မှာ အော်စကာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ရုပ်ရှင်ရဲ့အကြောင်းအရာက ကံမကောင်းတဲ့ အဆိုတော်တစ်ဦးအကြောင်းဖြစ်ပါတယ်။
အဲဒီအဆိုတော်ဟာ နဂိုက လမ်းကြိုလမ်းကြားအရက်ဘားတစ်ခုမှာ သီချင်းသီဆိုသူပါ။ တေးစီးရီးထုတ်လုပ်သူတစ်ဦးက အမှတ်မထင်တွေ့ရှိခဲ့မိပြီး သူ့အသံမှာ နစ်ဝင်မှင်တက်ခဲ့ပါတယ်။ ဒါကြောင့် ချက်ချင်းပဲ သူနဲ့သဘောတူစာချုပ်ချုပ်ဆိုပြီး အဖွဲ့အင်အားအလုံးအရင်းနဲ့ သူ့အတွက်ပထမဆုံးစီးရီးဖြစ်တဲ့ "Cold Fact"ကို စီစဉ်ခဲ့ပါတယ်။ သူဟာ လူတွေကို အံ့သြမှုတွေပေးလိမ့်မယ်လို့ တေးထုတ်လုပ်ရေးကုမ္ပဏီက အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်မကောင်းခဲ့ပါဘူး။ သူ့သီချင်းခွေတွေ ၆ခွေပဲ ရောင်းထွက်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ဒုတိယစီးရီးထပ်ထွက်ခဲ့ပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပြန်ပါဘူး။ ဒါကို ကုမ္ပဏီက စိတ်အနာကြီးနာပြီး သူနဲ့သဘောတူချုပ်ဆိုခဲ့တဲ့စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီကစ သူဟာ လူကြားထဲကနေ အငွေ့ပျံသွားသလို လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်သူမှထပ်မတွေ့ခဲ့တော့သလို သူ့အကြောင်းကိုလည်း ဘယ်သူမှမပြောခဲ့တော့ပါဘူး။ တချို့ကလည်း သူ့ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာ သူ့ကိုယ်သူအဆုံးစီရင်လိုက်ပြီလို့ ကောလဟလလွှင့်ခဲ့ကြပါတယ်။
မတော်တဆတိုက်ဆိုင်မှုလို့ ဆိုရလေမလား..သူ့ရဲ့သီချင်းခွေတစ်ခွေဟာ ဟိုးမိုင်ပေါင်းထောင်ချီဝေးတဲ့၊ အဲဒီအချိန်တုန်းက လူမျိုးခွဲခြားခြင်းခံရတဲ့ တောင်အာဖရိကကို ရောက်သွားခဲ့ပါတယ်။ သီချင်းထဲမှာပါတဲ့ စိတ်ဓာတ်ထကြွမှုသံစဉ်စာသားတွေက အဲဒီဒေသက စိတ်ဝိညာဉ်တော်တော်များများကို စွတ်စိုစေခဲ့တယ်၊ လှုံ့ဆော်နိုင်ခဲ့ပါတယ်။ မတရားမှုကိုတွန်းလှန်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ နောက်ဆုံးမှာ အဲဒီသီချင်းခွေ ၅သိန်းကျော်ကို ရောင်းချနိုင်ခဲ့ပြီး တေးသီချင်းလောကမှာ ထူးဆန်းအံ့သြဖွယ်မှတ်တိုင်ကို စိုက်ထူခဲ့ပါတယ်။ တောင်အာဖရိကမှာရှိတဲ့ သာမန်ပြည်သူပြည်သားတိုင်း သီချင်းခွေမှာပါတဲ့ သီချင်းအပုဒ်တိုင်းကို ဆိုညည်းနိုင်ခဲ့ကြတယ်။ သူဟာ တောင်အာဖရိကလူတွေရဲ့ နှလုံးသားထဲမှာ ထင်ရှားကျော်ကြားခဲ့ပါတယ်။
ဝမ်းနည်းစရာကောင်းတာက အဲဒီခေတ်ကာလတုန်းက တောင်အာဖရိကဟာ ပိတ်ဆို့ခံကာလပါ။ ကိုယ့်နိုင်ငံက အဆိုတော်တစ်ဦးဟာ တောင်အာဖရိကမှာ နတ်ဘုရားသဖွယ်ကိုးကွယ်ခံနေရတယ်ဆိုတာကို အမေရိကန်လူမျိုးတွေမသိခဲ့သလို တောင်အာဖရိကလူတွေကလည်း သူတို့ နှလုံးသားထဲမှာကိုးကွယ်ထားတဲ့ ဒီစူပါစတားအဆိုတော်ကြီးဟာ ဒီလိုအခြေအနေမှာရှိနေတယ်ဆိုတာကို သူတို့မသိခဲ့ပါဘူး။
ဒါပေမယ့် ကံကောင်းစွာနဲ့ တောင်အာဖရိက,က သူ့ပရိသတ်တချို့ဟာ သူ့ကို ဇွဲရှိရှိရှာဖွေခဲ့ကြတယ်။ နောက်ဆုံးမှာ သူ့ကိုတွေ့ခဲ့ပါတယ်။ သူမသေပါဘူး.. သူ့ကိုယ်သူအဆုံးမစီရင်ခဲ့ပါဘူး။ နှစ်ပေါင်း၂ဝလုံးလုံး လက်သမားတစ်ဦးအဖြစ်နဲ့ သူဇာတ်မြုပ်နေခဲ့ပါတယ်။ ချွေးနဲ့ သူ့မိသားစုကို ရှာဖွေကျွေးမွေးခဲ့ပါတယ်။ လက်သမားလုပ်နေတယ်ဆိုပေမယ့် ဒီအနှစ် ၂ဝလုံးမှာ ဂီတကို သူမစွန့်လွှတ်ခဲ့ပါဘူး။ အားလပ်ချိန်မှာ အိမ်သူအိမ်သားမိသားစုတွေနဲ့အတူ ပြတိုက်၊ ပန်းချီပြပွဲတွေကို သူတို့သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဘယ်လောက်ပဲဆင်းရဲဆင်းရဲ လောကရဲ့အလှဆုံးအရာတွေကို မိသားစုကိုပေးမြင်တွေ့စေမယ်လို့ သူ့သမီးကို သူပြောခဲ့ပါတယ်။
သူ့ပရိသတ်က လူ့လောကမှာအသက်ရှင်နေသေးတဲ့သူ့ကို ရှာတွေ့ခဲ့လို့ ဝမ်းသာကြပါတယ်။ သူ့ကို တောင်အာဖရိကမှာဖြေဖျော်ဖို့ ဖိတ်ခေါ်တော့ သူ တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းညိတ်လက်ခံခဲ့ပါတယ်။ သူထင်ထားတာက အဲဒီဒေသက အရက်ဘားတစ်ခုခုမှာ၊ လူ ၂ဝ,၃ဝလောက်ရဲ့ရှေ့မှာပဲ
ဖြေဖျော်ရမယ်လို့ထင်ခဲ့ပါတယ်။ တောင်အာဖရိကကိုရောက်တော့ လေယာဉ်ပေါ်ကဆင်းတာနဲ့ ဇိမ်ခံကားကြီးနဲ့ သူ့ကိုလာကြိုခဲ့ပါတယ်။ ဖြေဖျော်မယ့်စတိတ်စင်ရှေ့မှာ လူတွေအပြည့်ထိုင်နေခဲ့ပါပြီ။ ဂီတဖြေဖျော်ပွဲ ၄ပွဲစလုံး လူပေါင်း၂သောင်းခန့် လာရောက်အားပေးခဲ့ကြပါတယ်။ လူတချို့က ပွဲခင်းထဲမဝင်ခင် စိတ်ထဲမှာ သံသယတစ်ဝက်ရှိနေခဲ့ပါတယ်။ အနှစ် ၂ဝလုံးပျောက်ကွယ်နေခဲ့တဲ့ သူတို့ရဲ့အသည်းကြော်မှဟုတ်ပါလေစ၊ လိမ်လည်မှုတစ်ခုလေလားလို့ မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်ခဲ့ပါတယ်။ စင်ပေါ်ကို သူရောက်လာမှ၊ ရင်းနှီးနေတဲ့သူ့သီချင်းသံကို ကြားလိုက်တဲ့အခါကျမှ ပရိသတ်အားလုံး ဝမ်းသာမျက်ရည်တွေစီးကျခဲ့ပါတယ်။
လူမျိုးခွဲခြားရေးဆိုတဲ့ အမှောင်မိုက်ဆုံးကာလမှာ သူတို့ကိုအဖော်ပြုပြီး ဖြတ်သန်းကျော်လွန်ခဲ့တဲ့အဲဒီအသံ၊ သူ့တို့စိတ်နှလုံးကို နှစ်သိမ့်မှုပေးခဲ့တဲ့အသံ အဲဒီအသံပိုင်ရှင်ကို သူတို့မျက်ဝါးထင်ထင်တွေ့မြင်နေခဲ့ရပါပြီ။
သူတို့ရဲ့စိတ်ဓာတ်ဝိညာဉ်ကို မီးထွန်းပေးခဲ့တဲ့၊ လှုံ့ဆော်မှုပေးခဲ့တဲ့၊ နှစ်သိမ့်မှုပေးခဲ့တဲ့ အဲဒီအဆိုတော်၊ အဲဒီအသံပိုင်ရှင်က Sixto Rodriguezပဲဖြစ်ပါတယ်။ Sixtoဟာ တောင်အာဖရိက,က သူ့ပရိသတ်နဲ့တွေ့ဆုံပွဲအပြီးမှာ မက်ချီကန်ပြည်နယ်က Detroitမြို့ဆင်းရဲသားရပ်ကွက်မှာရှိတဲ့ သူ့အိမ်လေးဆီကို ပြန်ခဲ့ပါတယ်။ နဂိုအတိုင်းပဲ ဆင်းရဲပေမယ့် သူ့ဘဝကို အေးဆေးငြိမ်းချမ်းစွာ ဖြတ်သန်းနေခဲ့ပါတယ်။
မူရင်းရေးသားသူ -- Cài zi qiáng (蔡子强)
မူရင်း --- ၂ဝ၁၄ခုနှစ် အမှတ်စဉ် ၈ ဧပြီလထုတ် Readers မဂ္ဂဇင်းမှ
နိုင်းနိုင်းစနေ (April. 24.2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။