Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 26, 2014

ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ

ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ
.............................................................................

မပျင်းနဲ့

ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။

မတွေဝေနဲ့

လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။

မစိုးရိမ်နဲ့

ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။

အားမငယ်နဲ့

ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။

အချစ်ဆိပ် မတက်နဲ့

ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံး နဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။ စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။

စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းဆက်၊ မအိပ်လည်းဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။ ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။ သို့ပေမယ့် Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။

အပျော်မမက်နဲ့

စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။

ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။

အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။

အောင်ခမ်း (ရိုးရာလေး)

www.yoyarlay.com/local-news/education/40649-what-to-do-for-success-in-life.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။