Facebook ကို အထာကျကျသုံးဖို့ နည်းလမ်း ၅ ခု
-----------------
Facebook ကို လူပေါင်းတစ်ဘီလီယံလောက်က ပုံမှန်အသုံးပြုနေမဲ့လည်း အသုံးပြုသူတိုင်းက Facebook ရဲ့ မြှုပ်ကွက်တွေအားလုံးကို သိနေတယ်လို့ မဆိုနိုင်ပါဘူး။ Facebook နဲ့ သူ့ရဲ့အဖော် Messenger တို့ကို အထာကျကျ အသုံးပြုနိုင်ဖို့ နည်းလမ်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ့်ကို လာ Tag ထားတဲ့ ပို့စ်တွေကို ကိုယ် Approve ပေးမှ ကိုယ့် Timeline ပေါ်မှာ ပေါ်စေဖို့
-------------------
Facebook မှာ ကိုယ့်ကိုလာပြီး Tag တွဲထားတဲ့ ပို့စ်တွေထဲမှာ ကိုယ့် Timeline ပေါ်မှာ မပေါ်စေချင်တဲ့ ပို့စ်တွေ ရှိနေနိုင်ပါတယ်။ ကိုယ့်ရဲ့ ဂွတီးဂွကျပုံတွေ၊ ဗီဒီယိုတွေနဲ့ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့
ပို့စ်တွေမှာ တစ်စုံတစ်ယောက်က ကိုယ့်ကိုလာပြီး Tag တွဲထားတာမျိုး
ကြုံဖူးမှာပါ။ Desktop နဲ့ အသုံးပြုတဲ့အခါ Screen ရဲ့
အပေါ်ဖက်ညာဖက်ထောင့်နားမှာ View Activity Log ဆိုတာ တွေ့ပါမယ်။ အဲဒီဘေးနားက
အစက် ၃ စက်ကို နှိပ်ပြီး Timeline Settings ဆိုတာကို ရွေးပါ။ Timeline
& Tagging Setting ဆိုတဲ့နေရာကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ Review
posts friends tag you in before they appear on your timeline? ဆိုတာကို
On ထားပေးရမှာ ဖြစ်ပါတယ်။ Smartphone ထဲက Facebook App ကနေ
လုပ်ချင်တယ်ဆိုရင်တော့ Privacy Shortcuts ထဲက More Settings ကို ရွေးပါ။
Timeline and Tagging ကို ထပ်ပြီးရွေးပါ။ အဲဒီမှာ Review posts friends tag
you in before they appear on your timeline? ဆိုတာကို On ထားပေးလိုက်ပါ။
၂။ Message ဖတ်ပြီးသော်လည်း Seen လို့ မပေါ်အောင်
----------------
Messenger မှာ တစ်ဖက်က ပို့လိုက်တဲ့ Message ကို ကိုယ့်ဖက်က ၀င်ဖတ်ပြီးပေမဲ့ ဖတ်ပြီးကြောင်းကို Seen ဆိုပြီး နေ့ရက်နဲ့ အချိန်ကို မပေါ်စေချင်ဘူးဆိုရင် Third Party Application တွေကို အသုံးပြုနိုင်ပါတယ်။ Chrome နဲ့ Android User တွေအတွက်ဆိုရင်တော့ Facebook Unseen App တွေ ရှိပါတယ်။ ဒီ Feature က Facebook မှာ Built-in ပါလာတာ မဟုတ်တဲ့အတွက်ကြောင့် အသုံးပြုမယ်ဆိုရင် ကိုယ့် Risk ကို ကိုယ်ယူရမှာ ဖြစ်ပါတယ်။
၃။ Photo Privacy ကို မြှင့်တင်ခြင်း
-----------
သင့်ရဲ့ Facebook Profile ဆီကိုသွားပါ။ Cover Photo ရဲ့ ညာဖက်အောက်ထောင့်နားက View Activity Log ဘေးက အစက် ၃ စက်ကိုနှိပ်ပြီး View as ... ကိုရွေးပါ။ အဲဒီမှာ View as Public ၊ ဒါမှမဟုတ် View as Friends ဆိုပြီး ရွေးနိုင်ပါတယ်။ ကိုယ့် Account ထဲက Friend တစ်ယောက်ရဲ့နာမည်ကိုလည်း ရိုက်ထည့်နိုင်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ Profile ကို Public ၊ Specific Friends၊ ဒါမှမဟုတ် Friend တစ်ယောက်ယောက်က မြင်ရတဲ့အတိုင်း သင်မြင်ရမှာဖြစ်ပါတယ်။
Facebook မှာ Photos of John Doe လို့ ရိုက်ထည့်ကြည့်လိုက်ပါ (John Doe နေရာမှာ ကိုယ့် Account ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အမည်ကို ရိုက်ထည့်ပါ)။ တခြားသူတွေက John Doe ကို Tag လာတွဲထားတဲ့ ပုံတွေကို John Doe က သူ့ Profile မှာ မပေါ်စေချင်လို့ Private လုပ်ထားရင်တောင်မှ သင်က အဲဒီပုံတွေကို မြင်ရနိုင်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် John Doe ကို Tag တွဲပြီး ပုံတွေတင်တဲ့သူဟာ ပုံတင်တုန်းက Privacy ကို Public ၊ ဒါမှမဟုတ် Friends of Friends နဲ့ တင်လိုက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
တကယ်လို့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်ယောက်က ကိုယ့်ကို Tag ပြီး ကိုယ့်ရဲ့ရုပ်ဆိုးပန်းဆိုးပုံတွေ၊
ကိုယ့်ရဲ့ မနှစ်မြို့စရာပုံတွေ၊ ကိုယ်နဲ့မသက်ဆိုင်တဲ့ ပုံတွေကို Public ၊
ဒါမှမဟုတ် Friends of Friends နဲ့ တင်လိုက်တယ်ဆိုရင် သင်လုပ်နိုင်တာက
အဲဒီသူကို Friends Only ပြန်လုပ်ခိုင်းဖို့ ဖြစ်ပါတယ်။ တအားကို
ဆိုးဆိုးရွားရွားဖြစ်နေတဲ့ ပုံတွေဆိုရင်တော့ Only Me လုပ်ခိုင်းတာ၊
ဒါမှမဟုတ် တစ်ခါတည်း ဖျက်ပစ်ခိုင်းတာတွေ လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း
အဲဒီဓာတ်ပုံတွေကနေ ကိုယ့်ကိုယ်ကိုယ် Untag လုပ်လိုက်နိုင်ပါတယ်။
၎။ ကိုယ့်ရဲ့ News Feed မှာ ပေါ်မယ့်ပို့စ်တွေကို ဦးစားပေးအဆင့် သတ်မှတ်ခြင်း
---------------------
သင့် News Feed မှာ ပေါ်လာတဲ့ပို့စ်တွေက သင်နဲ့ အများဆုံး အပြန်အလှန်အဆက်အသွယ်ရှိတဲ့သူတွေရဲ့ ပို့စ်တွေ၊ Like တွေ၊ Comment တွေ များများရထားတဲ့ပို့စ်တွေ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေ၊
မိသားစုဝင်တွေရဲ့ ပို့စ်တွေကို မမြင်လိုက်မရှိရလေအောင် သင့်ရဲ့ News Feed
မှာ ပေါ်လာမယ့် ပို့စ်တွေကို ဦးစားပေးအဆင့် သတ်မှတ်ထားနိုင်ပါတယ်။
Smart-phone မှာ Facebook App နဲ့ အသုံးပြုတာဆိုရင် Menu Button
ကိုနှိပ်ပြီး Setting ထဲက News Feed Preferences ကိုရွေးပါ။
Desktop နဲ့ အသုံးပြုတာဆိုရင်တော့ အပေါ်ညာဖက်ထောင့်နားက Down Arrow လေးကိုနှိပ်ပြီး News Feed Preferences ကိုရွေးပါ။ အဲဒီမှာ သင့်အနေနဲ့ See First ထားချင်တဲ့သူတွေ၊ ဒါမှမဟုတ် Page တွေကို ရွေးထားလိုက်မယ်ဆိုရင် သင့်ရဲ့ News Feed မှာ သင် See First ထားထားတဲ့ သူတွေရဲ့ ပို့စ်တွေ၊ Page တွေက ပို့စ်တွေ အရင်ဆုံးတက်လာမှာ ဖြစ်ပါတယ်။
၅။ Message Request ထဲမှာ ရောက်နေတဲ့စာတွေကို စစ်ကြည့်ခြင်း
---------------
Facebook မှာ သင်နဲ့ Friend မဖြစ်တဲ့သူတွေက ပို့လာတဲ့ Message တွေက Messenger Inbox ထဲမှာ မပြဘဲနဲ့ သီးခြား Folder တစ်ခုထဲမှာ ရောက်နေတတ်ပါတယ်။ လူအများစုက အဲဒီ Folder ထဲက Message တွေက ကိုယ့်ကိုအနှောင့်အယှက်ဖြစ် စေမယ့်
စာတွေပဲဆိုပြီး ဖွင့်ကြည့်လေ့မရှိကြပါဘူး။ Messenger ထဲက Message Requests
ထဲသွားပြီး Facebook မှာ ကိုယ်နဲ့ Friend မဖြစ်သေးတဲ့
ကိုယ့်ရဲ့အသိအကျွမ်းတွေ၊ မိတ်ဆွေဟောင်းတွေကများ Message ပို့ထားတာ
ရှိနေမလား စစ်ကြည့်လိုက်ပါ။
Bonus!
---------
လူတော်တော်များများက Facebook ကို PC/ Laptop တွေမှာသုံးရင် Facebook.com ဆိုတာကိုပဲ ဖွင့်သုံးတတ်ကြပါတယ်။ တကယ်လို့ ကိုယ်က လုပ်ငန်းသုံးအတွက်ပဲ၊ ဒါမှမဟုတ် အများသူငါနဲ့ ချိတ်ဆက်ရုံလောက်ပဲ တစ်နေ့တာ အတွင်းသုံးချင်ရင်၊ သူငယ်ချင်းတွေ Facebook ပေါ်တင်သမျှ မသိချင်ရင် messenger.com သီးသန့်ပဲ ဖွင့်သုံးနိုင်ပါတယ်။
ဒါဆိုရင် အပြန်အလှန် ဆက်သွယ်မှုတချို့ကလွဲလို့ မျက်စိနောက်စရာ ဘာမှမတွေ့ရတော့ပါဘူး။ သဘောတရားကတော့ Mobile/Tablet တွေမှာ Facebook App နဲ့ Messenger App ခွဲသုံးထားသလိုပါပဲ။
#CEO_November_Issue
-----------------
Facebook ကို လူပေါင်းတစ်ဘီလီယံလောက်က ပုံမှန်အသုံးပြုနေမဲ့လည်း အသုံးပြုသူတိုင်းက Facebook ရဲ့ မြှုပ်ကွက်တွေအားလုံးကို သိနေတယ်လို့ မဆိုနိုင်ပါဘူး။ Facebook နဲ့ သူ့ရဲ့အဖော် Messenger တို့ကို အထာကျကျ အသုံးပြုနိုင်ဖို့ နည်းလမ်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ့်ကို လာ Tag ထားတဲ့ ပို့စ်တွေကို ကိုယ် Approve ပေးမှ ကိုယ့် Timeline ပေါ်မှာ ပေါ်စေဖို့
-------------------
Facebook မှာ ကိုယ့်ကိုလာပြီး Tag တွဲထားတဲ့ ပို့စ်တွေထဲမှာ ကိုယ့် Timeline ပေါ်မှာ မပေါ်စေချင်တဲ့ ပို့စ်တွေ ရှိနေနိုင်ပါတယ်။ ကိုယ့်ရဲ့ ဂွတီးဂွကျပုံတွေ၊ ဗီဒီယိုတွေနဲ့ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့
၂။ Message ဖတ်ပြီးသော်လည်း Seen လို့ မပေါ်အောင်
----------------
Messenger မှာ တစ်ဖက်က ပို့လိုက်တဲ့ Message ကို ကိုယ့်ဖက်က ၀င်ဖတ်ပြီးပေမဲ့ ဖတ်ပြီးကြောင်းကို Seen ဆိုပြီး နေ့ရက်နဲ့ အချိန်ကို မပေါ်စေချင်ဘူးဆိုရင် Third Party Application တွေကို အသုံးပြုနိုင်ပါတယ်။ Chrome နဲ့ Android User တွေအတွက်ဆိုရင်တော့ Facebook Unseen App တွေ ရှိပါတယ်။ ဒီ Feature က Facebook မှာ Built-in ပါလာတာ မဟုတ်တဲ့အတွက်ကြောင့် အသုံးပြုမယ်ဆိုရင် ကိုယ့် Risk ကို ကိုယ်ယူရမှာ ဖြစ်ပါတယ်။
၃။ Photo Privacy ကို မြှင့်တင်ခြင်း
-----------
သင့်ရဲ့ Facebook Profile ဆီကိုသွားပါ။ Cover Photo ရဲ့ ညာဖက်အောက်ထောင့်နားက View Activity Log ဘေးက အစက် ၃ စက်ကိုနှိပ်ပြီး View as ... ကိုရွေးပါ။ အဲဒီမှာ View as Public ၊ ဒါမှမဟုတ် View as Friends ဆိုပြီး ရွေးနိုင်ပါတယ်။ ကိုယ့် Account ထဲက Friend တစ်ယောက်ရဲ့နာမည်ကိုလည်း ရိုက်ထည့်နိုင်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ Profile ကို Public ၊ Specific Friends၊ ဒါမှမဟုတ် Friend တစ်ယောက်ယောက်က မြင်ရတဲ့အတိုင်း သင်မြင်ရမှာဖြစ်ပါတယ်။
Facebook မှာ Photos of John Doe လို့ ရိုက်ထည့်ကြည့်လိုက်ပါ (John Doe နေရာမှာ ကိုယ့် Account ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အမည်ကို ရိုက်ထည့်ပါ)။ တခြားသူတွေက John Doe ကို Tag လာတွဲထားတဲ့ ပုံတွေကို John Doe က သူ့ Profile မှာ မပေါ်စေချင်လို့ Private လုပ်ထားရင်တောင်မှ သင်က အဲဒီပုံတွေကို မြင်ရနိုင်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် John Doe ကို Tag တွဲပြီး ပုံတွေတင်တဲ့သူဟာ ပုံတင်တုန်းက Privacy ကို Public ၊ ဒါမှမဟုတ် Friends of Friends နဲ့ တင်လိုက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
တကယ်လို့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်ယောက်က ကိုယ့်ကို Tag ပြီး ကိုယ့်ရဲ့ရုပ်ဆိုးပန်းဆိုးပ
၎။ ကိုယ့်ရဲ့ News Feed မှာ ပေါ်မယ့်ပို့စ်တွေကို ဦးစားပေးအဆင့် သတ်မှတ်ခြင်း
---------------------
သင့် News Feed မှာ ပေါ်လာတဲ့ပို့စ်တွေက သင်နဲ့ အများဆုံး အပြန်အလှန်အဆက်အသွယ်ရှိတဲ့သ
Desktop နဲ့ အသုံးပြုတာဆိုရင်တော့ အပေါ်ညာဖက်ထောင့်နားက Down Arrow လေးကိုနှိပ်ပြီး News Feed Preferences ကိုရွေးပါ။ အဲဒီမှာ သင့်အနေနဲ့ See First ထားချင်တဲ့သူတွေ၊ ဒါမှမဟုတ် Page တွေကို ရွေးထားလိုက်မယ်ဆိုရင် သင့်ရဲ့ News Feed မှာ သင် See First ထားထားတဲ့ သူတွေရဲ့ ပို့စ်တွေ၊ Page တွေက ပို့စ်တွေ အရင်ဆုံးတက်လာမှာ ဖြစ်ပါတယ်။
၅။ Message Request ထဲမှာ ရောက်နေတဲ့စာတွေကို စစ်ကြည့်ခြင်း
---------------
Facebook မှာ သင်နဲ့ Friend မဖြစ်တဲ့သူတွေက ပို့လာတဲ့ Message တွေက Messenger Inbox ထဲမှာ မပြဘဲနဲ့ သီးခြား Folder တစ်ခုထဲမှာ ရောက်နေတတ်ပါတယ်။ လူအများစုက အဲဒီ Folder ထဲက Message တွေက ကိုယ့်ကိုအနှောင့်အယှက်ဖြစ်
Bonus!
---------
လူတော်တော်များများက Facebook ကို PC/ Laptop တွေမှာသုံးရင် Facebook.com ဆိုတာကိုပဲ ဖွင့်သုံးတတ်ကြပါတယ်။ တကယ်လို့ ကိုယ်က လုပ်ငန်းသုံးအတွက်ပဲ၊ ဒါမှမဟုတ် အများသူငါနဲ့ ချိတ်ဆက်ရုံလောက်ပဲ တစ်နေ့တာ အတွင်းသုံးချင်ရင်၊ သူငယ်ချင်းတွေ Facebook ပေါ်တင်သမျှ မသိချင်ရင် messenger.com သီးသန့်ပဲ ဖွင့်သုံးနိုင်ပါတယ်။
ဒါဆိုရင် အပြန်အလှန် ဆက်သွယ်မှုတချို့ကလွဲလို့ မျက်စိနောက်စရာ ဘာမှမတွေ့ရတော့ပါဘူး။ သဘောတရားကတော့ Mobile/Tablet တွေမှာ Facebook App နဲ့ Messenger App ခွဲသုံးထားသလိုပါပဲ။
#CEO_November_Issue
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။