တခြားလူတွေ customer ကို ဂရုစိုက်တာထက် ပိုပြီးတော့ ဂရုစိုက်တယ်
ဘလိတ်ကလီဟာ Spanx အတွင်းခံအမှတ်တံဆိပ်ကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့ အတွင်းခံအဝတ်အထည်တွေက လူကြိုက်များပြီး ဒီလုပ်ငန်းကို စဖို့ကို စုထားတဲ့ ဒေါ်လာငါးသောင်းနဲ့ စတင်ခဲ့တာ ခုဆို ဘီလျံနာသူဌေးမကြီးဘဝကို ရောက်နေပြီလေ။ အတွင်းခံလုပ်ငန်းနဲ့သာ သူဌေးဖြစ်နေတာ သူ့မှာ ထုတ်လုပ်ရေးပိုင်းရော ရောင်းချရေးပိုင်းမှာ ဘာအတွေ့အကြုံမှ ရှိခဲ့တာမဟုတ်ဘူး။ Under 30 Summit မှာ ဘလိတ်ကလီပြောသွားတဲ့ မိန့်ခွန်းထဲက အတုယူသင့်တာလေးတွေကို ဖတ်ကြည့်ပါလား။
၁။ မှန်ကန်တဲ့နည်းလမ်းနဲ့လုပ်ရတဲ့အရာတွေကို မစိုးရိမ်နဲ့
" ဘယ်လိုပြီးအောင်လုပ်ရမလဲဆိုတာ မသိခဲ့ဘူး။ ဘယ်လိုပြီးမြောက်အောင်လုပ်ရမလဲဆိုတာ ရှင်လည်း မသိဘူးဆိုရင် ကြေကွဲစရာနဲ့ အဆုံးသတ်ရမှာ။ အဓိကသော့ချက်ကတော့ မသိတာကို လက်ခံလိုက်ဖို့ပဲ"၂။ စိတ်ပျက်မသွားနဲ့
Spanx ရဲ့ လမ်းက ချောချောမွေ့မွေ့နဲ့ အောင်မြင်လာတာတော့မဟုတ်ဘူး။ ဘလိတ်ကလီက ဥပဒေပညာရှင်ဖြစ်ချင်ခဲ့တာ။ စာမေးပွဲနှစ်ခါကျလို့ Disney World မှာ မျောက်ဝံအဖြစ်အလုပ်လုပ်တာနဲ့ အဆုံးသတ်ခဲ့ရတယ်။ နောက်တော့ fax machine တွေကို တစ်အိမ်တက်ဆင်း လိုက်ရောင်းရတာ ၇ နှစ် ကြာတယ်။ ပြီးတော့မှ Spanx ကို စတင်ခဲ့တာ။၃။ တစ်ကိုယ်တော်လှုပ်ရှား
သူမရဲ့အတွင်းခံတွေကို ထုတ်လုပ်ပေးမယ့်လူ မရှိခဲ့ဘူး။ အဲ့တာနဲ့ သူမရဲ့အကြံကို အကောင်အထည်ဖော်ဖို့ မြောက်ကယ်ရိုလိုင်းနားကို တစ်ကိုယ်တော် ထွက်လာခဲ့တယ်။ နှစ်ပတ်ခွဲ/သုံးပတ်လောက် ကြာပြီးတော့မှ မြောက်ကယ်ရိုလိုင်းနား Charlotte မြို့က ထုတ်လုပ်သူတစ်ဦးက ဆက်သွယ်လာတယ်။ Spanx ရဲ့ ပထမဆုံးကုန်ပစ္စည်းကို ထုတ်ပြီးသွားတော့ ဘလိတ်ကလီဟာ ဒါလတ်စ်က ဝယ်သူကို ရောင်းနိုင်ဖို့အတွက် အချိန် ၁၀ မိနစ်လောက် ပေးဖို့တောင်းဆိုခဲ့တယ်။ ရုံးကိုသွားဖို့ လက်မှတ် ဝယ်ပေးမယ်ဆိုရင် ရှင့်အချိန် ၁၀ မိနစ်လောက် ကျွန်မကို ပေးမလားဆိုတဲ့ သဘောတူညီမှုနဲ့ တွေ့ဆုံခဲ့ပြီးမှ ဘလိတ်ကလီရဲ့ပစ္စည်းတွေကို ၀ယ်ဖို့ သဘောတူခဲ့တယ်။
၎။ ဂရုစိုက်တတ်ဆုံးလူ ဖြစ်ပါစေ
" ဒီလုပ်ငန်းထဲမှာ ကျွန်မက ငွေအများဆုံးရှိတာလည်းမဟုတ်ဘူး။ အတွေ့အကြုံရင့်ဆုံးလည်းမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မရဲ့လက်တွေနဲ့ ဂရုစိုက်တယ်။ တခြားလူတွေ customer ကို ဂရုစိုက်တာထက် ပိုပြီးတော့ ဂရုစိုက်တယ်" လို့ ဘလိတ်ကလီက ပြောတယ်။ ဘလိတ်ကလီဟာ အရောင်းဆိုင်တွေမှာ သူကိုယ်တိုင် မတ်တပ်ရပ်ပြီး Spanx ကုန်ပစ္စည်းတွေကို ၂နှစ်လောက် ရောင်းပေးခဲ့တယ်။ ဝယ်သူတွေနဲ့ စကားပြောခဲ့တယ်။၅။ တကယ်လုပ်နိုင်လာတဲ့ထိ အယောင်ဆောင်ပါ
Spanx တွေကို Neiman Marcus မှာ စရောင်းတော့ ဘလိတ်ကလီကို အိုပရာဝင်းဖရေးရဲ့အဖွဲ့က ရိုက်ကူးရေးလုပ်ချင်ကြောင်း ကမ်းလှမ်းလာတယ်။ အဲ့ဒီတုန်းက ဘလိတ်ကလီမှာ အလုပ်သမား တစ်ယောက်မှ မရှိဘူး။ အဲ့တာနဲ့ အလုပ်သမားအတုလုပ်ဖို့ သူမရဲ့ အိမ်နီးနားချင်းတွေကို ခေါ်ခဲ့ရတယ်။ ရိုက်ကူးရေးလုပ်တော့ ခေါ်ထားတဲ့လူတွေနဲ့ ဝန်ထမ်းအစည်းအဝေးလုပ်တဲ့ပုံ ဟန်ဆောင်ရိုက်ခဲ့ရပါတယ်။
http://www.duwun.com.mm/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။