Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Sunday, November 19, 2017

ဘရုစ္လီ ရဲ႕ ဘ၀ဇာတ္ေၾကာင္း


ဘရုစ္လီ (Bruce Lee) ရဲ႕ကြန္ဖူးသိိုင္း ရုပ္ရွင္ကားေတြကို ၾကည့္ဖူးၾကမွာပါ။ တကယ္ေတာ့ ဘရုစ္လီရဲ႕ ရုပ္ရွင္ကားေတြေၾကာင့္ အေနာက္ႏိုင္ငံနဲ႔ ဥေရာပကလူေတြ အေရွ႕တိုင္းသိုင္းပညာကို သိလာျပီး စိတ္ဝင္စားခဲ့ၾကတာပါ။ဘရုစ္လီရဲ႕ ဘဝျဖစ္စဥ္ေလးကို ေလ့လာၾကည့္ရေအာင္လား။
ဘရုစ္လီကို ၁၉၄၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၂၇ ရက္ေန႔က အေမရိကန္ႏိုင္ငံ ဆန္ဖရန္စစၥကိုျမိဳ႕မွာ ေမြးဖြားခဲ့လို႔ ေမြးကတည္းက အလိုအေလ်ာက္ အေမရိကန္ႏိုင္ငံသား ျဖစ္ခဲ့ပါတယ္။ ဘရုစ္ဆိုတဲ့နာမည္ကို ေဆးရံုမွာေမြးေပးတဲ့ သူနာျပဳဆရာမတစ္ေယာက္က ေပးခဲ့တာပါ။ အမည္ရင္းက “Lee Jun Fan” ပါ။ သူ႔အေဖက တရုတ္ရိုးရာကပြဲမွာ သီခ်င္းဆိုသူတစ္ေယာက္ပါ။ ဘရုစ္လီဟာ ေမြးခ်င္း ၃ ေယာက္ထဲက အလတ္ပါ။


ဘရုစ္လီကို အေမရိကန္မွာ ေမြးျပီး မၾကာခင္မွာ သူ႔မိဘေတြဟာ ေဟာင္ေကာင္ကၽြန္းက ေကာင္လြန္ျမိဳ႕ကို ေျပာင္းေရႊ႕သြားၾကတယ္။ အဲဒီအခ်ိန္က ေဟာင္ေကာင္ကၽြန္းဟာ ျဗိိတိသွ်ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာ ရွိိပါတယ္။ ဘရုစ္လီဟာ အသက္ ၅ ႏွစ္အရြယ္မွာပဲ ေဟာင္ေကာင္က ရုပ္ရွင္ကား ၂၀ ေလာက္မွာ ကေလးသရုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ျပီးျပီ။ သူ အသက္ ၁၈ အရြယ္မွာ La Salle College တက္ပါတယ္။ ေက်ာင္းသားဘဝမွာ ေဟာင္ေကာင္လမ္းသူရဲေတြရဲ႕ ထိုးၾကိတ္ရိုက္ႏွက္တာခံလိုက္ရတယ္။ ဘရုစ္လီဟာ တရုတ္သိုင္းဆရာၾကီး “Sifu Yip Man” ဆီမွာ သိုင္းပညာသင္ယူတယ္။ Yip Man ရဲ႕ ဝင္ခၽြန္းသိုင္းပညာကို ဆရာဆီမွာသင္တာ အဲဒီတစ္ခါဘဲရွိပါတယ္။ စိ္တ္ဆတ္ျပီး သိုင္းေတာ္တဲ့ ဘရုစ္လီဟာ ေဟာင္ေကာင္ရဲေတြရယ္၊ ေဟာင္ေကာင္မွာရွိတဲ့ အဂၤလိပ္ေက်ာင္းသားေတြနဲ႔ မၾကာခဏ ရန္ျဖစ္ ျပႆနာတက္ျပီး လမ္းသူရဲအဖြဲ႔ဝင္တစ္ေယာက္လဲ ျဖစ္လာခဲ့တယ္။ သူ႔ေနာင္ေရးကို စိုးရိမ္တဲ့ ဘရုစ္လီရဲ႕အေဖက သူ႔ကိုအေမရိကန္ႏိုင္ငံကို ပို႔လိုက္တယ္။ အဲဒီအခ်ိန္က ၁၉၅၉ ခုႏွစ္ သူ အသက္ ၁၉ ႏွစ္သားေပါ့။

အေမရိကန္ႏိုင္ငံေရာက္ေတာ့ ဘရုစ္လီဟာ ဆန္ဖရန္စၥကိုျမိဳ႕ရဲ႕ခ်ိဳင္းနားေတာင္းက အသိတစ္ေယာက္ရဲ႕ စားေသာက္ဆိုင္တစ္ခုမွာ အလုပ္ဝင္္လုပ္တယ္။ မၾကာခင္ ဝါရွင္တန္ျမိဳ႕က တကၠသိုလ္တစ္ခုမွာ သြားတက္တယ္။ ဒႆနိကဘာသာရပ္ ယူပါတယ္။ ေက်ာင္းဆင္းလို႔ ညေနေရာက္တဲ့အခါ ကြန္ဖူးသိုင္းကို တစ္ေယာက္ထဲ အျပင္းအထန္ ေလ့က်င့္တယ္။ အဲဒီမွာ သူ႔ကိုယ္ပိုင္သိုင္းပညာတစ္မ်ိဳး ထြင္လိုက္ျပီး Jeet Kung Do (ဂ်စ္ကြန္းဒို)လို႔ နာမည္ေပးထားတယ္။ ၁၉၆၃ ခုႏွစ္ေရာက္ေတာ့ တကၠသိုလ္တဝွမ္းမွာ သူ႔ရဲ႕ ဂ်စ္ကြန္ဒိုသိုင္းကို လူသိမ်ားလာတာေၾကာင့္ တကၠသိုလ္နဲ႔ မလွမ္းမကမ္းမွာ သူ႔ရဲ႕ ကြန္ဖူးသင္တန္းေက်ာင္းတစ္ခု ဖြင့္လိုက္တယ္။ ကရာေတး၊ ဂ်ဴဒိုျပိဳင္ပြဲေတြမွာ ဘရုစ္လီဟာ သူ႔ရဲ႕ဂ်စ္ကြန္ဒိုသိုင္းစြမ္းရည္ကို ျပေလ့ရွိတယ္။ ေနာက္တစ္ႏွစ္မွာ သူ႔သင္တန္းလာတက္တဲ့ လင္ဒါအင္မာရီနဲ႔ လက္ထပ္လိုက္တယ္။

သိုင္းျပိဳင္ပြဲတစ္ခုမွာ လာၾကည့္သူေတြထဲက ေဟာလီးဝုဒ္ ရုပ္ရွင္ေလာကမွာ နာမည္ၾကီး ဆံပင္အလွျပဳျပင္သူတစ္ေယာက္နဲ႔ မိတ္ေဆြျဖစ္သြားတယ္။ အဲဒီမိတ္ေဆြရဲ႕ မိတ္ဆက္ေပးမႈေၾကာင့္ တီဗြီရုပ္သံလႊင့္ကုမၸဏီတစ္ခုက ထုတ္လုပ္သူနဲ႔ သိသြားတယ္။ အဲဒီ တီဗြီရုပ္ရွင္အဖြဲ႔က ဘရုစ္လီကို နာမည္ၾကီးဇာတ္လမ္းတြဲျဖစ္တဲ့ “The Green Hornet” အစီအစဥ္မွာ အဓိက ဇာတ္ေဆာင္မင္းသားရဲ႕ ကိုယ္ရံေတာ္အျဖစ္ သရုပ္ေဆာင္ခိုင္းတယ္။ အဲဒီအခ်ိန္မွာပဲ သူဟာ ဒုတိယေျမာက္ ကြန္ဖူးသင္တန္းေက်ာင္းကို ေဟာလီးဝုဒ္နဲ႔နီးတဲ့ အုတ္ကလင္းျမိဳ႕ေလးမွာ ဖြင့္လိုက္ပါတယ္။
“The Green Hornet” ရုပ္သံအစီအစဥ္ဟာ တစ္ႏွစ္ၾကာ အပိုင္း ၂၆ ပိုင္းျပသျပီး ရပ္နားလိုက္ပါတယ္။ အဲဒီအခါမွာ ဘရုစ္လီရဲ႕ ကြန္ဖူးစြမ္းရည္ကို အေမရိကန္က လူေတာ္ေတာ္မ်ားမ်ား သိသြားၾကျပီ။ ဘရုစ္လီရဲ႕ သင္တန္းေက်ာင္းကို ေဟာလီးဝုဒ္မွာ နာမည္ၾကီးေနၾကတဲ့ အက္ရွင္မင္းသားေတြလဲ လာတက္ၾကတယ္။ ဘရုစ္လီဟာ ေနာက္ထပ္ တီဗြီအစီအစဥ္တခ်ိဳ႕မွာလဲ သရုပ္ေဆာင္ခဲ့ပါတယ္။ ဘရုစ္လီရဲ႕ဘဝကို ရုတ္တရက္ေျပာင္းလဲသြားေစခဲ့တာက ၁၉၇၁ ခုႏွစ္မွာပါ။ သူဟာ သူ႔မိဘေတြရွိတဲ့ ေဟာင္ေကာင္ကၽြန္းကို အလည္ျပန္လာခဲ့တယ္။ ေဟာင္ေကာင္ရုပ္ရွင္ေလာက,ကနာမည္ၾကီး ရုပ္ရွင္ထုတ္လုပ္သူ ေရမြန္ေခ်ာင္က ဘရုစ္လီကို ေခါင္းေဆာင္မင္းသားအျဖစ္ တင္ရိုက္ဖို႔ ကမ္းလွမ္းတယ္။ ဘရုစ္လီက လက္ခံလိုက္ျပီး “The Big Boss” ဆိုတဲ့ ကြန္ဖူးသိုင္းရုပ္ရွင္ကားကိုေငြေၾကးမ်ားမ်ား မသံုးဘဲ ရိုက္ျဖစ္တယ္။ အဲဒီရုပ္ရွင္ကားကို ေဟာင္ေကာင္မွာ ရံုတင္တင္ခ်င္း ၾကည့္သူေတြ အရမ္းမ်ားျပီး ဝင္ေငြေကာင္းတဲ့ ရုပ္ရွင္ကားတစ္ခုျဖစ္ခဲ့တယ္။ ဘရုစ္လီတစ္ေယာက္လဲ သူ႔သိုင္းစြမ္းရည္ေၾကာင့္ ေန႔တြင္းခ်င္း နာမည္ၾကီးေဟာင္ေကာင္မင္းသား ျဖစ္သြားခဲ့တယ္။

ဒါေၾကာင့္ ေရမြန္ေခ်ာင္က ဘရုစ္လီနဲ႔ “The Fist of Fury” ဆိုတဲ့ ရုပ္ရွင္ေနာက္တစ္ကား ထပ္ရိုက္တယ္။ ဒီကားကို ေငြေၾကးအေတာ္ အကုန္အက်ခံ ရိုက္လိုက္တယ္။ အဲဒီကားလဲ အရမ္းေအာင္ျမင္သြားျပန္လို႔ ဘရုစ္လီလဲ နာမည္ပိုၾကီးလာခဲ့တယ္။ ေနာက္တစ္ကားျဖစ္တဲ့ “Way of the Dragon” ရုပ္ရွင္ကားကို ၁၉၇၂ ခုႏွစ္မွာ ရိုက္ျပီး ေဟာင္ေကာင္မွာသာမက အေမရိကန္ႏိုင္ငံက ရုပ္ရွင္ေတြမွာ ျပခဲ့တယ္။ ရုပ္ရွင္ကားေကာင္းသလို ဘရုစ္လီရဲ႕ သိုင္းစြမ္းရည္ကို အေနာက္ႏိုင္ငံက သိလာခဲ့ၾကတယ္။
ေနာက္ဆံုးေတာ့ ေဟာလီးဝုဒ္က ရုပ္ရွင္ကုမၸဏီၾကီးေတြက ဘရုစ္လီကို ရုပ္ရွင္ရိုက္ဖို႔ ကမ္းလွမ္းလာခဲ့ၾကတယ္။ “Enter the Dragon” စတဲ့ သိုင္းကားကို ေဟာလီးဝုဒ္က ေဒၚလာတစ္သန္း အကုန္ခံရိုက္ခဲ့တာ ဝင္ေငြ ေဒၚလာသန္း (၂၀၀) ရသြားခဲ့တယ္။ ဘရုစ္လီတစ္ေယာက္အရမ္းနာမည္ၾကီး တက္လာခ်ိန္မွာပဲ ေရတိမ္နစ္သြားခဲ့ရတယ္။ ၁၉၇၃ ခုႏွစ္ ဇူလိုင္လ ၂၀ ရက္ေန႔မွာ ေဟာင္ေကာင္မွာ ရုပ္ရွင္တစ္ကားလာရိုက္ရင္း ေဟာင္ေကာင္ရုပ္ရွင္မင္းသမီးတစ္ေယာက္ရဲ႕အိမ္မွာ ေခါင္းကိုက္လို႔ အကိုက္အခဲေပ်ာက္ေဆးေသာက္ျပီး သတိလစ္သြားတယ္။ ေဆးရံုကို အျမန္ပို႔ေပမဲ့လဲ ဘရုစ္လီတစ္ေယာက္ ကြယ္လြန္ဆံုးပါးသြားခဲ့တယ္။

သူရဲ႕စ်ာပနကို ခ်စ္ခင္ၾကတဲ့ ေဟာင္ေကာင္ပရိသတ္ (၃)ေသာင္းေက်ာ္ တက္ေရာက္ၾကျပီး သူ႔ရုပ္ကလပ္ကို လိုက္ပါပို႔ေဆာင္ခဲ့ၾကတယ္။ အေမရိကန္မွာရွိတဲ့ ေဟာလီးဝုဒ္ ရုပ္ရွင္ေလာက,က လူေတြကလဲ သူ႔အတြက္ ဝမ္းနည္းျခင္း အထိမ္းအမွတ္ေတြ လုပ္ခဲ့ၾကတယ္။ ဘရုစ္လီ ကြယ္လြန္ခ်ိန္မွာ အသက္ ၃၃ ႏွစ္သာ ရွိပါေသးတယ္။ သူ႔ရဲ႕ဇနီး လင္ဒါရယ္၊ သားတစ္ေယာက္၊ သမီးတစ္ေယာက္ က်န္ခဲ့တယ္။ သူ႔သား ဘရင္ဒန္လီဟာလဲ ကြန္ဖူးသိုင္းရုပ္ရွင္မွာ သရုပ္ေဆာင္ရင္း ရိုက္ကြင္းမွာေသနတ္က်ည္ဆံ မေတာ္တဆထိမွန္ျပီး ကြယ္လြန္သြားခဲ့ျပန္တယ္။ ဘရုစ္လီေၾကာင့္ အေရွ႕တိုင္းသိုင္းပညာကို ကမာၻက သိလာခဲ့တာပါ။ သူ႔ရုပ္ရွင္ကားေတြ ၾကည့္ဖူးျပီး သူ႔ကိုခ်စ္တဲ့လူေတြဟာ သူ႔ကို ယေန႔တိုင္ လြမ္းဆြတ္ေနၾကဆဲပါ။
ေအာက္ကအခ်က္ေတြကေတာ့ ဘရုစ္လီရဲ႕ ထူးျခာခ်က္တခ်ဳိ႕ျဖစ္ပါတယ္။
ဘရုစ္လီရဲ႕ နာမည္အရင္းက Li Jun Fan ျဖစ္ၿပီး ၁၉၄၀ခုႏွစ္ ၊ ႏုိ၀င္ဘာ ၂၇ရက္ေန႔မွာ အေမရိကန္ ကယ္လီဖုိးနီးယားမွာေမြးဖြားၿပီး ၁၉၇၃ခုႏွစ္ ဇူလုိင္ ၂၀ ၊ ေဟာင္ေကာင္ မွာ ေသဆုံးခဲ့ပါတယ္။ ဘရုစလီ ရဲ႕ ေမြးခ်ိန္နဲ႔ ေမြးႏွစ္ဟာ နဂါးႏွစ္ျဖစ္ၿပီး ဒါဟာ အလြန္ထူးခြ်န္သူတစ္ေယာက္ျဖစ္လာတဲ့ နိမိတ္လုိ႔ယူဆၾကပါတယ္။
ဘရုစ္လီဟာ ငယ္စဥ္က ေဟာင္ေကာင္မွာႀကီးျပင္းခဲ့ၿပီး အေမရိက ကို သူ႔ရဲ႕မိဘေတြပို႔ခဲ့ရတဲ့အေၾကာင္းကေတာ့ လမ္းေပၚမွာရန္ခဏျဖစ္ခဲ့လုိ႔ပါပဲ။ သူဟာ ကေလးဘ၀က ကေလးဂုိဏ္းတစ္ခုျဖစ္တဲ့ လမ္းဆုံကက်ားရုိင္းမ်ားဂုိဏ္းရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့ပါတယ္။ ဓါးနဲ႔ ခ်ိန္းႀကဳိးေတြေဆာင္ေလ့ရွိသလုိ ၊ အျခားလူမုိက္ေတြကို စိန္ေခၚကာ ရန္ပြဲေတြမၾကာခဏျဖစ္ေလ့ရွိသူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒါကုိရပ္တန္႔ဖုိ႔အတြက္ မိဘေတြဟာ ဘရုစလီကုိ အေမရိကကုိ ပုိ႔ခဲ့ျခင္းျဖစ္ပါတယ္။

ဘရုစ္လီဟာ သုိင္းသမား ရုပ္ရွင္မင္းသားအျဖစ္လူသိမ်ားေပမယ့္ သူဟာ အကကြ်မ္းက်င္သူ တစ္ေယာက္လည္းျဖစ္ပါတယ္။ ခ်ားခ်ားအကကို အလြန္ကြ်မ္းက်င္ၿပီး ၁၉၅၉ခုႏွစ္ ေဟာင္ေကာင္ရဲ႕ ခ်န္ပီယံျဖစ္ခဲ့သူပါ။
ဘရုစလီကုိ ၁၃ႏွစ္သားတည္းက သိုင္းပညာကုိသင္ၾကားခဲ့ၿပီး သရုပ္ေဆာင္ျဖစ္ေနတာကို လူသိမ်ားေပမယ့္ ဘရုစ္လီဟာ ငယ္စဥ္ကတည္းက သရုပ္ေဆာင္ျဖစ္ခဲ့တာကို လူသိနည္းပါတယ္။ ဘရုစ္လီဟာ ၃လ အရြယ္က စလုိ႔ ၅ႏွစ္အရြယ္အတြင္း ေဟာင္ေကာင္ ရုပ္ရွင္ကားေပါင္း ၂၀မွာ ကေလးသရုပ္ေဆာင္အျဖစ္ ပါ၀င္ခဲ့သူျဖစ္ပါတယ္။
ဘရုစ္လီဟာ က်န္းမာႀကံခုိင္ ျမန္ဆန္သူအျဖစ္ အားလုံးသိၾကေပမယ့္ သူဟာအျမင္အာရုံ ျပႆနာရွိသူျဖစ္ပါတယ္။ ပါ၀ါမ်ားတဲ့မ်က္မွန္ကုိ တပ္ဆင္ခဲ့ရၿပီး အေစာပုိင္းမ်က္ကပ္မွန္တပ္သူထဲက တစ္ဦးလည္းျဖစ္ပါတယ္။

ဘရုစ္လီဟာ ကမာၻေက်ာ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္လာခဲ့ေပမယ့္ သူအရမ္းအျဖစ္ခ်င္ဆုံးအရာကေတာ့ ကိုယ္ပုိင္ သုိင္းသင္တန္းေက်ာင္းဆရာျဖစ္ပါတယ္။ အေမရိကန္က ေနရာအႏွံ႔မွာ ဘရုစ္လီသုိင္းသင္တန္းေက်ာင္းေတြ ဖြင့္လွစ္ဖုိ႔ အိပ္မက္မက္ခဲ့သူပါ။ သူဟာ သူ႔ရဲ႕အိပ္မက္ကိုၿပီးေျမာက္ေအာင္ အေကာင္အထည္မေဖာ္ႏုိင္ခင္မွာ ကြယ္လြန္သြားခဲ့ရပါတယ္။
၁၉၆၃ခုႏွစ္ ေႏြရာသီမွာ ဘရုစ္လီဟာ Linda Emery ဆုိတဲ့ မိန္းကေလးကို Gung Fu သင္ေပးရာကေန စိတ္၀င္စားခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ ခ်စ္ႀကဳိက္သြားၾကၿပီး ဘ၀အေျခအေန ကြာျခားခ်က္ႀကီးလြန္းလုိ႔ မိဘေတြသေဘာမတူတဲ့ၾကားထဲက ေနာက္တစ္ႏွစ္မွာပဲ လက္ထပ္လုိက္ၾကပါတယ္။
ဘရုစ္လီဟာ လမ္းရုိးနည္းစနစ္ေတြကို မႀကဳိက္ပဲ အလြန္ဆန္းသစ္တီထြင္သူလုိ႔ ဆုိႏုိင္ပါတယ္။ အခ်ိန္ရွိသေရြ႕ မူရင္းရွိၿပီးသားသုိင္းပညာေတြကုိ ထပ္မံဆန္းသစ္ရင္း သူရဲ႕ကုိယ္ပုိင္တီထြင္ထားတဲ့ သုိင္းပညာေတြ ထည့္သြင္းဖုိ႔ ႀကဳိးစားေနတတ္သူျဖစ္ပါတယ္။ မူရင္းပုံစံေတြက ကြဲထြက္ေနတဲ့ ေလ့က်င့္မႈပုံစံအသစ္ေတြကို တီထြင္ျပဳလုပ္ခဲ့သူလည္းျဖစ္သလုိ Jeet Kune Do ဆုိတဲ့ ပညာရပ္တစ္ခုကို ခ်န္ထားခဲ့သူလည္းျဖစ္ပါတယ္။

လီ ကို သုိင္းပညာရွင္ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ လူသိမ်ားေပမယ့္ တကယ္ေတာ့ သူဟာ အျခားပညာရပ္ေတြမွာလည္း ထူးခြ်န္လြန္းသူျဖစ္ပါတယ္။ အက္ဒီဆင္နည္းပညာေက်ာင္းဆင္းျဖစ္ၿပီး ထူးခြ်န္ၿပီး ဇြဲလုံ႔လေကာင္းလြန္းသူျဖစ္ပါတယ္။ သူ႔အျခားထူးခြ်န္တဲ့ ပညာရပ္ေတြကေတာ့ အေတြးအေခၚပညာ ၊ ကဗ်ာေရးျခင္း ၊ လက္ေ၀ွ႔ ၊ ဓားသုိင္း ၊ အစာအဟာရကြ်မ္းက်င္ျခင္း စတာေတြျဖစ္ပါတယ္။ စာအလြန္ဖတ္သူျဖစ္ၿပီး ေန႔စဥ္ေန႔တုိင္းမွာ သင္ယူမႈတစ္ခုမဟုတ္ တစ္ခုလုပ္ေနတတ္သူလည္းျဖစ္ပါတယ္။
သူ႔ရဲ႕နာမည္ႀကီးကားတစ္ကားျဖစ္တဲ့ Enter the Dragon ကားမွာ သူဟာ အဲဒီတုန္းက လူၾကမ္းသရုပ္ေဆာင္ျဖစ္တဲ့ ဂ်က္ကီခ်မ္းနဲ႔ ဆုံခဲ့ဖူးပါတယ္။ အဲဒီကားမွာ လီရဲ႕လႈပ္ရွားမႈေတြဟာ မထင္မွတ္ေအာင္ ျမန္ဆန္လြန္းတဲ့အတြက္ ကားရုိက္ၿပီးတဲ့အခ်ိန္မွာ ပုံမွန္ speed ကိုေလွ်ာ့ခ်ခဲ့ရပါတယ္။ ဒါမွသာ လူေတြက အတုလုိ႔ မထင္မွာျဖစ္ပါတယ္။

ေန႔စဥ္ လက္သီးခ်က္ေရ ၅၀၀၀ ခန္႔ထုိးေလ့ရွိသူျဖစ္ၿပီး ဒီေလ့က်င့္မႈဟာ သူ႔လက္သီးျပင္းထန္ျခင္းရဲ႕အေၾကာင္းတစ္ရပ္လို႔ ဆုိပါတယ္။ လက္ေခ်ာင္းေတြ အလြန္သန္သူျဖစ္ၿပီး သူ႔ရဲ႕လက္ေခ်ာင္းေတြနဲ႔ စည္သြပ္ဗူးေတြကိုအေပါက္မ်ားျဖစ္ေအာင္ ေဖာက္ႏုိင္ပါတယ္။ သူဟာ ေလေပၚေျမွာက္ပစ္လုိက္တဲ့ ထမင္းေစ့ကို တူနဲ႔ မက်ေအာင္ဖမ္းႏုိင္တဲ့အထိ ေတာ္သူလည္းျဖစ္ပါတယ္။
တုိင္းမ္မဂၢဇင္းရဲ႕ ၂၀ရာစု ကမာၻကုိအလႊမ္းမုိးခဲ့ဆုံးသူ ၁၀၀ ထဲက တစ္ဦးအျဖစ္ေဖာ္ျပျခင္း ခံရသူလည္း ျဖစ္ပါတယ္။ မိတ္ေဆြသိထားတဲ့ ဘရုစ္လီရဲ႕ အခ်က္ေတြရွိရင္လည္း ထပ္ျဖည့္ခဲ့ပါဦး


ဘရုစ်လီရဲ့ ဘ၀ဖြစ်စဉ် နဲ့ ထူးခြားချက်တချို့ (unicode)
ဘရုစ်လီ (Bruce Lee) ရဲ့ကွန်ဖူးသိုင်း ရုပ်ရှင်ကားတွေကို ကြည့်ဖူးကြမှာပါ။ တကယ်တော့ ဘရုစ်လီရဲ့ ရုပ်ရှင်ကားတွေကြောင့် အနောက်နိုင်ငံနဲ့ ဥရောပကလူတွေ အရှေ့တိုင်းသိုင်းပညာကို သိလာပြီး စိတ်ဝင်စားခဲ့ကြတာပါ။ဘရုစ်လီရဲ့ ဘဝဖြစ်စဉ်လေးကို လေ့လာကြည့်ရအောင်လား။
ဘရုစ်လီကို ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ မွေးဖွားခဲ့လို့ မွေးကတည်းက အလိုအလျောက် အမေရိကန်နိုင်ငံသား ဖြစ်ခဲ့ပါတယ်။ ဘရုစ်ဆိုတဲ့နာမည်ကို ဆေးရုံမှာမွေးပေးတဲ့ သူနာပြုဆရာမတစ်ယောက်က ပေးခဲ့တာပါ။ အမည်ရင်းက “Lee Jun Fan” ပါ။ သူ့အဖေက တရုတ်ရိုးရာကပွဲမှာ သီချင်းဆိုသူတစ်ယောက်ပါ။ ဘရုစ်လီဟာ မွေးချင်း ၃ ယောက်ထဲက အလတ်ပါ။
ဘရုစ်လီကို အမေရိကန်မှာ မွေးပြီး မကြာခင်မှာ သူ့မိဘတွေဟာ ဟောင်ကောင်ကျွန်းက ကောင်လွန်မြို့ကို ပြောင်းရွှေ့သွားကြတယ်။ အဲဒီအချိန်က ဟောင်ကောင်ကျွန်းဟာ ဗြိတိသျှရဲ့အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ ဘရုစ်လီဟာ အသက် ၅ နှစ်အရွယ်မှာပဲ ဟောင်ကောင်က ရုပ်ရှင်ကား ၂၀ လောက်မှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီးပြီ။ သူ အသက် ၁၈ အရွယ်မှာ La Salle College တက်ပါတယ်။ ကျောင်းသားဘဝမှာ ဟောင်ကောင်လမ်းသူရဲတွေရဲ့ ထိုးကြိတ်ရိုက်နှက်တာခံလိုက်ရတယ်။ ဘရုစ်လီဟာ တရုတ်သိုင်းဆရာကြီး “Sifu Yip Man” ဆီမှာ သိုင်းပညာသင်ယူတယ်။ Yip Man ရဲ့ ဝင်ချွန်းသိုင်းပညာကို ဆရာဆီမှာသင်တာ အဲဒီတစ်ခါဘဲရှိပါတယ်။ စိ်တ်ဆတ်ပြီး သိုင်းတော်တဲ့ ဘရုစ်လီဟာ ဟောင်ကောင်ရဲတွေရယ်၊ ဟောင်ကောင်မှာရှိတဲ့ အင်္ဂလိပ်ကျောင်းသားတွေနဲ့ မကြာခဏ ရန်ဖြစ် ပြဿနာတက်ပြီး လမ်းသူရဲအဖွဲ့ဝင်တစ်ယောက်လဲ ဖြစ်လာခဲ့တယ်။ သူ့နောင်ရေးကို စိုးရိမ်တဲ့ ဘရုစ်လီရဲ့အဖေက သူ့ကိုအမေရိကန်နိုင်ငံကို ပို့လိုက်တယ်။ အဲဒီအချိန်က ၁၉၅၉ ခုနှစ် သူ အသက် ၁၉ နှစ်သားပေါ့။
အမေရိကန်နိုင်ငံရောက်တော့ ဘရုစ်လီဟာ ဆန်ဖရန်စ္စကိုမြို့ရဲ့ချိုင်းနားတောင်းက အသိတစ်ယောက်ရဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်တယ်။ မကြာခင် ဝါရှင်တန်မြို့က တက္ကသိုလ်တစ်ခုမှာ သွားတက်တယ်။ ဒဿနိကဘာသာရပ် ယူပါတယ်။ ကျောင်းဆင်းလို့ ညနေရောက်တဲ့အခါ ကွန်ဖူးသိုင်းကို တစ်ယောက်ထဲ အပြင်းအထန် လေ့ကျင့်တယ်။ အဲဒီမှာ သူ့ကိုယ်ပိုင်သိုင်းပညာတစ်မျိုး ထွင်လိုက်ပြီး Jeet Kung Do (ဂျစ်ကွန်းဒို)လို့ နာမည်ပေးထားတယ်။ ၁၉၆၃ ခုနှစ်ရောက်တော့ တက္ကသိုလ်တဝှမ်းမှာ သူ့ရဲ့ ဂျစ်ကွန်ဒိုသိုင်းကို လူသိများလာတာကြောင့် တက္ကသိုလ်နဲ့ မလှမ်းမကမ်းမှာ သူ့ရဲ့ ကွန်ဖူးသင်တန်းကျောင်းတစ်ခု ဖွင့်လိုက်တယ်။ ကရာတေး၊ ဂျူဒိုပြိုင်ပွဲတွေမှာ ဘရုစ်လီဟာ သူ့ရဲ့ဂျစ်ကွန်ဒိုသိုင်းစွမ်းရည်ကို ပြလေ့ရှိတယ်။ နောက်တစ်နှစ်မှာ သူ့သင်တန်းလာတက်တဲ့ လင်ဒါအင်မာရီနဲ့ လက်ထပ်လိုက်တယ်။
သိုင်းပြိုင်ပွဲတစ်ခုမှာ လာကြည့်သူတွေထဲက ဟောလီးဝုဒ် ရုပ်ရှင်လောကမှာ နာမည်ကြီး ဆံပင်အလှပြုပြင်သူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ အဲဒီမိတ်ဆွေရဲ့ မိတ်ဆက်ပေးမှုကြောင့် တီဗွီရုပ်သံလွှင့်ကုမ္ပဏီတစ်ခုက ထုတ်လုပ်သူနဲ့ သိသွားတယ်။ အဲဒီ တီဗွီရုပ်ရှင်အဖွဲ့က ဘရုစ်လီကို နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ “The Green Hornet” အစီအစဉ်မှာ အဓိက ဇာတ်ဆောင်မင်းသားရဲ့ ကိုယ်ရံတော်အဖြစ် သရုပ်ဆောင်ခိုင်းတယ်။ အဲဒီအချိန်မှာပဲ သူဟာ ဒုတိယမြောက် ကွန်ဖူးသင်တန်းကျောင်းကို ဟောလီးဝုဒ်နဲ့နီးတဲ့ အုတ်ကလင်းမြို့လေးမှာ ဖွင့်လိုက်ပါတယ်။
“The Green Hornet” ရုပ်သံအစီအစဉ်ဟာ တစ်နှစ်ကြာ အပိုင်း ၂၆ ပိုင်းပြသပြီး ရပ်နားလိုက်ပါတယ်။ အဲဒီအခါမှာ ဘရုစ်လီရဲ့ ကွန်ဖူးစွမ်းရည်ကို အမေရိကန်က လူတော်တော်များများ သိသွားကြပြီ။ ဘရုစ်လီရဲ့ သင်တန်းကျောင်းကို ဟောလီးဝုဒ်မှာ နာမည်ကြီးနေကြတဲ့ အက်ရှင်မင်းသားတွေလဲ လာတက်ကြတယ်။ ဘရုစ်လီဟာ နောက်ထပ် တီဗွီအစီအစဉ်တချို့မှာလဲ သရုပ်ဆောင်ခဲ့ပါတယ်။ ဘရုစ်လီရဲ့ဘဝကို ရုတ်တရက်ပြောင်းလဲသွားစေခဲ့တာက ၁၉၇၁ ခုနှစ်မှာပါ။ သူဟာ သူ့မိဘတွေရှိတဲ့ ဟောင်ကောင်ကျွန်းကို အလည်ပြန်လာခဲ့တယ်။ ဟောင်ကောင်ရုပ်ရှင်လောက,ကနာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ရေမွန်ချောင်က ဘရုစ်လီကို ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ ဘရုစ်လီက လက်ခံလိုက်ပြီး “The Big Boss” ဆိုတဲ့ ကွန်ဖူးသိုင်းရုပ်ရှင်ကားကိုငွေကြေးများများ မသုံးဘဲ ရိုက်ဖြစ်တယ်။ အဲဒီရုပ်ရှင်ကားကို ဟောင်ကောင်မှာ ရုံတင်တင်ချင်း ကြည့်သူတွေ အရမ်းများပြီး ဝင်ငွေကောင်းတဲ့ ရုပ်ရှင်ကားတစ်ခုဖြစ်ခဲ့တယ်။ ဘရုစ်လီတစ်ယောက်လဲ သူ့သိုင်းစွမ်းရည်ကြောင့် နေ့တွင်းချင်း နာမည်ကြီးဟောင်ကောင်မင်းသား ဖြစ်သွားခဲ့တယ်။
ဒါကြောင့် ရေမွန်ချောင်က ဘရုစ်လီနဲ့ “The Fist of Fury” ဆိုတဲ့ ရုပ်ရှင်နောက်တစ်ကား ထပ်ရိုက်တယ်။ ဒီကားကို ငွေကြေးအတော် အကုန်အကျခံ ရိုက်လိုက်တယ်။ အဲဒီကားလဲ အရမ်းအောင်မြင်သွားပြန်လို့ ဘရုစ်လီလဲ နာမည်ပိုကြီးလာခဲ့တယ်။ နောက်တစ်ကားဖြစ်တဲ့ “Way of the Dragon” ရုပ်ရှင်ကားကို ၁၉၇၂ ခုနှစ်မှာ ရိုက်ပြီး ဟောင်ကောင်မှာသာမက အမေရိကန်နိုင်ငံက ရုပ်ရှင်တွေမှာ ပြခဲ့တယ်။ ရုပ်ရှင်ကားကောင်းသလို ဘရုစ်လီရဲ့ သိုင်းစွမ်းရည်ကို အနောက်နိုင်ငံက သိလာခဲ့ကြတယ်။
နောက်ဆုံးတော့ ဟောလီးဝုဒ်က ရုပ်ရှင်ကုမ္ပဏီကြီးတွေက ဘရုစ်လီကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာခဲ့ကြတယ်။ “Enter the Dragon” စတဲ့ သိုင်းကားကို ဟောလီးဝုဒ်က ဒေါ်လာတစ်သန်း အကုန်ခံရိုက်ခဲ့တာ ဝင်ငွေ ဒေါ်လာသန်း (၂၀၀) ရသွားခဲ့တယ်။ ဘရုစ်လီတစ်ယောက်အရမ်းနာမည်ကြီး တက်လာချိန်မှာပဲ ရေတိမ်နစ်သွားခဲ့ရတယ်။ ၁၉၇၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ဟောင်ကောင်မှာ ရုပ်ရှင်တစ်ကားလာရိုက်ရင်း ဟောင်ကောင်ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့အိမ်မှာ ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေးသောက်ပြီး သတိလစ်သွားတယ်။ ဆေးရုံကို အမြန်ပို့ပေမဲ့လဲ ဘရုစ်လီတစ်ယောက် ကွယ်လွန်ဆုံးပါးသွားခဲ့တယ်။
သူရဲ့ဈာပနကို ချစ်ခင်ကြတဲ့ ဟောင်ကောင်ပရိသတ် (၃)သောင်းကျော် တက်ရောက်ကြပြီး သူ့ရုပ်ကလပ်ကို လိုက်ပါပို့ဆောင်ခဲ့ကြတယ်။ အမေရိကန်မှာရှိတဲ့ ဟောလီးဝုဒ် ရုပ်ရှင်လောက,က လူတွေကလဲ သူ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ လုပ်ခဲ့ကြတယ်။ ဘရုစ်လီ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ဇနီး လင်ဒါရယ်၊ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့တယ်။ သူ့သား ဘရင်ဒန်လီဟာလဲ ကွန်ဖူးသိုင်းရုပ်ရှင်မှာ သရုပ်ဆောင်ရင်း ရိုက်ကွင်းမှာသေနတ်ကျည်ဆံ မတော်တဆထိမှန်ပြီး ကွယ်လွန်သွားခဲ့ပြန်တယ်။ ဘရုစ်လီကြောင့် အရှေ့တိုင်းသိုင်းပညာကို ကမ္ဘာက သိလာခဲ့တာပါ။ သူ့ရုပ်ရှင်ကားတွေ ကြည့်ဖူးပြီး သူ့ကိုချစ်တဲ့လူတွေဟာ သူ့ကို ယနေ့တိုင် လွမ်းဆွတ်နေကြဆဲပါ။
အောက်ကအချက်တွေကတော့ ဘရုစ်လီရဲ့ ထူးခြာချက်တချို့ဖြစ်ပါတယ်။
ဘရုစလီရဲ့ နာမည်အရင်းက Li Jun Fan ဖြစ်ပြီး ၁၉၄ဝခုနှစ် ၊ နိုဝင်ဘာ ၂၇ရက်နေ့မှာ အမေရိကန် ကယ်လီဖိုးနီးယားမှာမွေးဖွားပြီး ၁၉၇၃ခုနှစ် ဇူလိုင် ၂၀ ၊ ဟောင်ကောင် မှာ သေဆုံးခဲ့ပါတယ်။ ဘရုစလီ ရဲ့ မွေးချိန်နဲ့ မွေးနှစ်ဟာ နဂါးနှစ်ဖြစ်ပြီး ဒါဟာ အလွန်ထူးချွန်သူတစ်ယောက်ဖြစ်လာတဲ့ နိမိတ်လို့ယူဆကြပါတယ်။
ဘရုစလီဟာ ငယ်စဉ်က ဟောင်ကောင်မှာကြီးပြင်းခဲ့ပြီး အမေရိက ကို သူ့ရဲ့မိဘတွေပို့ခဲ့ရတဲ့အကြောင်းကတော့ လမ်းပေါ်မှာရန်ခဏဖြစ်ခဲ့လို့ပါပဲ။ သူဟာ ကလေးဘဝက ကလေးဂိုဏ်းတစ်ခုဖြစ်တဲ့ လမ်းဆုံကကျားရိုင်းများဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဓါးနဲ့ ချိန်းကြိုးတွေဆောင်လေ့ရှိသလို ၊ အခြားလူမိုက်တွေကို စိန်ခေါ်ကာ ရန်ပွဲတွေမကြာခဏဖြစ်လေ့ရှိသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒါကိုရပ်တန့်ဖို့အတွက် မိဘတွေဟာ ဘရုစလီကို အမေရိကကို ပို့ခဲ့ခြင်းဖြစ်ပါတယ်။
ဘရုစလီဟာ သိုင်းသမား ရုပ်ရှင်မင်းသားအဖြစ်လူသိများပေမယ့် သူဟာ အကကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ ချားချားအကကို အလွန်ကျွမ်းကျင်ပြီး ၁၉၅၉ခုနှစ် ဟောင်ကောင်ရဲ့ ချန်ပီယံဖြစ်ခဲ့သူပါ။
ဘရုစလီကို ၁၃နှစ်သားတည်းက သိုင်းပညာကိုသင်ကြားခဲ့ပြီး သရုပ်ဆောင်ဖြစ်နေတာကို လူသိများပေမယ့် ဘရုစလီဟာ ငယ်စဉ်ကတည်းက သရုပ်ဆောင်ဖြစ်ခဲ့တာကို လူသိနည်းပါတယ်။ ဘရုစလီဟာ ၃လ အရွယ်က စလို့ ၅နှစ်အရွယ်အတွင်း ဟောင်ကောင် ရုပ်ရှင်ကားပေါင်း ၂ဝမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဘရုစလီဟာ ကျန်းမာကြံခိုင် မြန်ဆန်သူအဖြစ် အားလုံးသိကြပေမယ့် သူဟာအမြင်အာရုံ ပြဿနာရှိသူဖြစ်ပါတယ်။ ပါဝါများတဲ့မျက်မှန်ကို တပ်ဆင်ခဲ့ရပြီး အစောပိုင်းမျက်ကပ်မှန်တပ်သူထဲက တစ်ဦးလည်းဖြစ်ပါတယ်။
ဘရုစလီဟာ ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူအရမ်းအဖြစ်ချင်ဆုံးအရာကတော့ ကိုယ်ပိုင် သိုင်းသင်တန်းကျောင်းဆရာဖြစ်ပါတယ်။ အမေရိကန်က နေရာအနှံ့မှာ ဘရုစလီသိုင်းသင်တန်းကျောင်းတွေ ဖွင့်လှစ်ဖို့ အိပ်မက်မက်ခဲ့သူပါ။ သူဟာ သူ့ရဲ့အိပ်မက်ကိုပြီးမြောက်အောင် အကောင်အထည်မဖော်နိုင်ခင်မှာ ကွယ်လွန်သွားခဲ့ရပါတယ်။
၁၉၆၃ခုနှစ် နွေရာသီမှာ ဘရုစလီဟာ Linda Emery ဆိုတဲ့ မိန်းကလေးကို Gung Fu သင်ပေးရာကနေ စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်သွားကြပြီး ဘဝအခြေအနေ ကွာခြားချက်ကြီးလွန်းလို့ မိဘတွေသဘောမတူတဲ့ကြားထဲက နောက်တစ်နှစ်မှာပဲ လက်ထပ်လိုက်ကြပါတယ်။
ဘရုစလီဟာ လမ်းရိုးနည်းစနစ်တွေကို မကြိုက်ပဲ အလွန်ဆန်းသစ်တီထွင်သူလို့ ဆိုနိုင်ပါတယ်။ အချိန်ရှိသရွေ့ မူရင်းရှိပြီးသားသိုင်းပညာတွေကို ထပ်မံဆန်းသစ်ရင်း သူရဲ့ကိုယ်ပိုင်တီထွင်ထားတဲ့ သိုင်းပညာတွေ ထည့်သွင်းဖို့ ကြိုးစားနေတတ်သူဖြစ်ပါတယ်။ မူရင်းပုံစံတွေက ကွဲထွက်နေတဲ့ လေ့ကျင့်မှုပုံစံအသစ်တွေကို တီထွင်ပြုလုပ်ခဲ့သူလည်းဖြစ်သလို Jeet Kune Do ဆိုတဲ့ ပညာရပ်တစ်ခုကို ချန်ထားခဲ့သူလည်းဖြစ်ပါတယ်။
လီ ကို သိုင်းပညာရှင် သရုပ်ဆောင်တစ်ယောက်အဖြစ် လူသိများပေမယ့် တကယ်တော့ သူဟာ အခြားပညာရပ်တွေမှာလည်း ထူးချွန်လွန်းသူဖြစ်ပါတယ်။ အက်ဒီဆင်နည်းပညာကျောင်းဆင်းဖြစ်ပြီး ထူးချွန်ပြီး ဇွဲလုံ့လကောင်းလွန်းသူဖြစ်ပါတယ်။ သူ့အခြားထူးချွန်တဲ့ ပညာရပ်တွေကတော့ အတွေးအခေါ်ပညာ ၊ ကဗျာရေးခြင်း ၊ လက်ဝှေ့ ၊ ဓားသိုင်း ၊ အစာအဟာရကျွမ်းကျင်ခြင်း စတာတွေဖြစ်ပါတယ်။ စာအလွန်ဖတ်သူဖြစ်ပြီး နေ့စဉ်နေ့တိုင်းမှာ သင်ယူမှုတစ်ခုမဟုတ် တစ်ခုလုပ်နေတတ်သူလည်းဖြစ်ပါတယ်။
သူ့ရဲ့နာမည်ကြီးကားတစ်ကားဖြစ်တဲ့ Enter the Dragon ကားမှာ သူဟာ အဲဒီတုန်းက လူကြမ်းသရုပ်ဆောင်ဖြစ်တဲ့ ဂျက်ကီချမ်းနဲ့ ဆုံခဲ့ဖူးပါတယ်။ အဲဒီကားမှာ လီရဲ့လှုပ်ရှားမှုတွေဟာ မထင်မှတ်အောင် မြန်ဆန်လွန်းတဲ့အတွက် ကားရိုက်ပြီးတဲ့အချိန်မှာ ပုံမှန် speed ကိုလျှော့ချခဲ့ရပါတယ်။ ဒါမှသာ လူတွေက အတုလို့ မထင်မှာဖြစ်ပါတယ်။
နေ့စဉ် လက်သီးချက်ရေ ၅၀၀၀ ခန့်ထိုးလေ့ရှိသူဖြစ်ပြီး ဒီလေ့ကျင့်မှုဟာ သူ့လက်သီးပြင်းထန်ခြင်းရဲ့အကြောင်းတစ်ရပ်လို့ ဆိုပါတယ်။ လက်ချောင်းတွေ အလွန်သန်သူဖြစ်ပြီး သူ့ရဲ့လက်ချောင်းတွေနဲ့ စည်သွပ်ဗူးတွေကိုအပေါက်များဖြစ်အောင် ဖောက်နိုင်ပါတယ်။ သူဟာ လေပေါ်မြှောက်ပစ်လိုက်တဲ့ ထမင်းစေ့ကို တူနဲ့ မကျအောင်ဖမ်းနိုင်တဲ့အထိ တော်သူလည်းဖြစ်ပါတယ်။
တိုင်းမ်မဂ္ဂဇင်းရဲ့ ၂ဝရာစု ကမ္ဘာကိုအလွှမ်းမိုးခဲ့ဆုံးသူ ၁၀၀ ထဲက တစ်ဦးအဖြစ်ဖော်ပြခြင်း ခံရသူလည်း ဖြစ်ပါတယ်။ မိတ်ဆွေသိထားတဲ့ ဘရုစလီရဲ့ အချက်တွေရှိရင်လည်း ထပ်ဖြည့်ခဲ့ပါဦး
 http://thutazone.net/

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။