စာလုံးပေါင်း
သတ်ပုံဆိုတာ ဘာသာစကား တစ်ခုရဲ့ အခြေခံပဲ။ ဒါကြောင့် သတ်ပုံ မမှန်တာဟာ
အခြေခံ မရှိတာ သို့မဟုတ် အခြေခံ မကောင်းတော့တာကို သက်သေပြနေတာပဲ ဖြစ်တယ်။
နေ့စဉ် မသုံးဖြစ်တဲ့ ခက်ခဲတဲ့ စကားလုံးမျိုးကို မပေါင်းတတ်တာ၊ သတ်ပုံ
မှားရေးတာမျိုးကတော့ လူတိုင်း ဖြစ်တတ်ကြတယ်။ ဒါပေမယ့် နေ့စဉ် သုံးနေတဲ့
စကားလုံးမျိုးကိုတောင် သတ်ပုံအမှန် မရေးတတ်တော့ခြင်းဟာ အဲဒီ မိခင်ဘာသာကို
သုံးနေတဲ့ လူတွေအတွက် အင်မတန် ရင်လေးဖွယ် အခြေအနေကို ရောက်နေပြီဆိုတာကို နားလည်သူကတော့ အရမ်း ရှားပါးသွားပြီ။
ဘာသာစကားရဲ့ စာလုံးပေါင်းသတ်ပုံဟာ ဘာကြောင့် အရေးပါသလဲဆိုတာကို နားမလည်တဲ့ သူတွေကတော့ ဒီလောက်လေးကို ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောတယ် ထင်ကောင်း ထင်ကြမယ်။ ဘာလို့ဆို ကမ္ဘာပေါ်မှာ နှစ်ပတ်ကို တစ်ဘာသာနှုန်းနဲ့ ဘာသာစကားတွေ ကွယ်ပျောက်နေတယ်ဆိုတာကို သူတို့တွေ မသိကြဘူးလေ။ ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း ၇၀၀၀ခန့် ရှိပြီး၊ ကိုယ်ပိုင် အရေးအသား ရှိတဲ့ ဘာသာကတော့ ဘယ်လောက်မှ မရှိဘူးဆိုတာကိုလည်း သူတို့ မသိကြဘူး။ ကိုယ့်ရဲ့ မိခင်ဘာသာစကားက ဘယ် ဘာသာစကား အုပ်စုကြီးထဲမှာ ပါဝင်လို့၊ ဘယ် ဘာသာစကား အုပ်စုခွဲကနေ ကွဲထွက်လာသလဲဆိုတာလည်း မသိကြဘူး။ ဘယ်ဘာသာကို အခြေခံပြီး ကိုယ့် ကိုယ်ပိုင်စာပေ အရေးအသား ဖြစ်ထွန်းလာသလဲဆိုတာလည်း မသိကြသလို၊ အခု လက်ရှိ ကိုယ့်မိခင်ဘာသာစကားရဲ့ အခြေအနေ အမှန်နဲ့ မိခင်ဘာသာရဲ့ ထူးခြားချက်တွေကိုလည်း မသိကြတော့ဘူး။
ဒီတော့ ရယ်စရာလိုလို၊ ဟာသလိုလိုနဲ့ စကားတွေကို ထွင်ပြီး သုံးလာကြပြီး၊ အဲဒါတွေကို အချိန်နဲ့ နေရာကို မရွေးဘဲ စည်းမရှိ၊ ကမ်းမရှိနဲ့ ပေါ်ပင် သုံးလာကြတော့ ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန် ခွဲခြားဖို့လည်း မတတ်ကြတော့ဘူး။ ဘာဖြစ်လို့ ခွဲခြားပြီး သုံးရမလဲဆိုတာကိုလည်း အထက်က ပြောထားတဲ့ အချက်တွေကို ဘယ်တုန်းကမှ မသိခဲ့ကြတဲ့အတွက် ဘယ်လိုမှ နားမလည်နိုင်ကြတော့ဘူး။
‘ညီမလေး’ကို ‘ညလေး’၊ ‘ငါ’ကို ‘နာ’၊ ‘နင်’ကို ‘နိ’လို့ လုပ်ပြောမှ ခေတ်မီတယ် ထင်ကြတယ်။ သူများက ‘မသိဘူး ချစ်တယ်’ ပြောရင် အခုချက်ချင်း ‘မသိဘူး ဘာဖြစ်တယ်၊ ညာဖြစ်တယ်’ လိုက်ပြောမှ လူရာဝင်တယ် ထင်ကြတယ်။ မေးခွန်း ‘လဲ’ကို ‘လည်း’လို့ မှားသုံးပြီး၊ ‘လည်း’ကို သုံးရမယ့် နေရာမှာတော့ ‘လဲ’ကို သုံးလာကြတာကို မသိကြတော့ဘူး။ ‘မယ်’့ နေရာမှာ ‘မဲ့’ကို သုံးတယ်။ ‘တတ်’နဲ့ ‘တက်’ကို မခွဲတတ်ဘဲ စာတွေ ရေးပြီး ပို့စ်တွေ တင်တယ်။ ဒါကို ရှက်ရကောင်းမှန်း မသိကြတော့သလို လိုက်နာရကောင်းမှန်း၊ လေ့လာရကောင်းမှန်းလည်း မသိကြတော့တဲ့ အပြင် ထောက်ပြပေးတဲ့ သူ ရှိလာရင်တောင် အဲဒီလူကို ထူးဆန်းလူသား တစ်ယောက်လို ဟာသလုပ်၊ နောက်ပြောင်ဖို့တော့ အားသန်လာကြတယ်။ ဘာလို့ဆို မိုးခါရေ သောက်လာတာ ကြာလာပြီး၊ မိုးခါးရေ သောက်လာတဲ့ လူဦးရေကလည်း ပို များလာတော့ မိုးခါးရေ မသောက်တဲ့ လူကောင်းကို သောက်တဲ့ အများစုက အရူးလို့ ထင်လာကြတာကိုး။
ဒီနေ့ခေတ်မှာ မြန်မာစာ၊ မြန်မာစကားဟာ အရှိုန်အဟုန်နဲ့ ပျက်စီးပြောင်းလဲလာနေတာကို သတိမမူကြသလို၊ သတိချပ်ရကောင်းမှန်းလည်း မသိကြတော့ဘူး။ ထစ်ကနဲ ရှိရင် မကျိ၊ တိဝူး၊ ဟုဟု၊ ပြောကျိကျိ၊မန့်ကျိကျိတို့ ပြောရတာကို ဂုဏ်ယူသာယာနေကြတဲ့ မိုးခါးရေ ကြိုက်သူတွေ များလာတဲ့ ယနေ့ခေတ်ကာလကြီး။ လွန်ခဲ့တဲ့ နှစ်၂၀၀အတွင်း အမေရိက၊ ကယ်လီဖိုးနီးယားဒေသရဲ့ ဘာသာစကား ၁၀၀ခန့် ပျောက်ကွယ်သွားတာတွေ၊ နောက် လာမယ့် ရှေ့နှစ် ၁၀၀အတွင်းမှာ လက်ရှိ ကမ္ဘာ့ဘာသာစကားတွေထဲက ဘာသာစကားပေါင်း ၂၅၀၀ကနေ ၃၀၀၀လောက်အထိ ကွယ်ပျောက်သွားနိုင်တယ်ဆိုတာတွေကို
မသိကြတဲ့ မိုးခါးရေ သောက်သူများကတော့ ဒီလို စာမျိုးကို ဖတ်ပြီးရင်လည်း
ရယ်နေကြဦးမှာပဲ။ နောင် တစ်ချိန် သူတို့ရဲ့ မျိုးဆက်တွေအတွက် သုံးစရာ
ဘာသာစကား မရှိတော့လို့ သူများ ဘာသာကို အငှား ယူသုံးရမယ့် အခြေအနေတွေကို
သူတို့ ကြိုမမြင်ကြသလို၊ စိတ်လည်း မပူကြဘူးလေ။
ကဲ ဒီလိုတွေ ဘာကြောင့် ဖြစ်သလဲ။ တကယ်တော့ ရှင်းရှင်းလေးပါ။ စာဖတ်ကြရဲ့လား။ မြန်မာ့ စာရေးဆရာကြီးတွေ ရေးသားထားတဲ့ စာအုပ်မျိုးကို ရှာဖွေ ဖတ်သေးရဲ့လား။ တစ်နေ့နဲ့ တစ်နေ့ ဖုန်းလေးပဲ ကိုင်ပြီး အာရုံထဲ ပေါ်လာတာလေး ကောက်ရေးဖြစ်တာက ပို များနေသလား။ မြန်မာသတ်ပုံစာအုပ် အသေးလေး ၀ယ်ပြီး ဆောင်ထားဖြစ်ရဲ့လား။ အဲဒီအတွက် အဖြေကတော့ ကိုယ့်ဆီမှာ ရှိတယ်ဆိုတာကို သဘောပေါက်ကြဖို့ လိုပြီလေ။
ချမ်းမြမြသော် KHU, Seoul, South Korea.
Chan Chan & Rostam
ဘာသာစကားရဲ့ စာလုံးပေါင်းသတ်ပုံဟာ ဘာကြောင့် အရေးပါသလဲဆိုတာကို နားမလည်တဲ့ သူတွေကတော့ ဒီလောက်လေးကို ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောတယ် ထင်ကောင်း ထင်ကြမယ်။ ဘာလို့ဆို ကမ္ဘာပေါ်မှာ နှစ်ပတ်ကို တစ်ဘာသာနှုန်းနဲ့ ဘာသာစကားတွေ ကွယ်ပျောက်နေတယ်ဆိုတာကို သူတို့တွေ မသိကြဘူးလေ။ ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း ၇၀၀၀ခန့် ရှိပြီး၊ ကိုယ်ပိုင် အရေးအသား ရှိတဲ့ ဘာသာကတော့ ဘယ်လောက်မှ မရှိဘူးဆိုတာကိုလည်း သူတို့ မသိကြဘူး။ ကိုယ့်ရဲ့ မိခင်ဘာသာစကားက ဘယ် ဘာသာစကား အုပ်စုကြီးထဲမှာ ပါဝင်လို့၊ ဘယ် ဘာသာစကား အုပ်စုခွဲကနေ ကွဲထွက်လာသလဲဆိုတာလည်း မသိကြဘူး။ ဘယ်ဘာသာကို အခြေခံပြီး ကိုယ့် ကိုယ်ပိုင်စာပေ အရေးအသား ဖြစ်ထွန်းလာသလဲဆိုတာလည်း မသိကြသလို၊ အခု လက်ရှိ ကိုယ့်မိခင်ဘာသာစကားရဲ့ အခြေအနေ အမှန်နဲ့ မိခင်ဘာသာရဲ့ ထူးခြားချက်တွေကိုလည်း မသိကြတော့ဘူး။
ဒီတော့ ရယ်စရာလိုလို၊ ဟာသလိုလိုနဲ့ စကားတွေကို ထွင်ပြီး သုံးလာကြပြီး၊ အဲဒါတွေကို အချိန်နဲ့ နေရာကို မရွေးဘဲ စည်းမရှိ၊ ကမ်းမရှိနဲ့ ပေါ်ပင် သုံးလာကြတော့ ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန် ခွဲခြားဖို့လည်း မတတ်ကြတော့ဘူး။ ဘာဖြစ်လို့ ခွဲခြားပြီး သုံးရမလဲဆိုတာကိုလည်း အထက်က ပြောထားတဲ့ အချက်တွေကို ဘယ်တုန်းကမှ မသိခဲ့ကြတဲ့အတွက် ဘယ်လိုမှ နားမလည်နိုင်ကြတော့ဘူး။
‘ညီမလေး’ကို ‘ညလေး’၊ ‘ငါ’ကို ‘နာ’၊ ‘နင်’ကို ‘နိ’လို့ လုပ်ပြောမှ ခေတ်မီတယ် ထင်ကြတယ်။ သူများက ‘မသိဘူး ချစ်တယ်’ ပြောရင် အခုချက်ချင်း ‘မသိဘူး ဘာဖြစ်တယ်၊ ညာဖြစ်တယ်’ လိုက်ပြောမှ လူရာဝင်တယ် ထင်ကြတယ်။ မေးခွန်း ‘လဲ’ကို ‘လည်း’လို့ မှားသုံးပြီး၊ ‘လည်း’ကို သုံးရမယ့် နေရာမှာတော့ ‘လဲ’ကို သုံးလာကြတာကို မသိကြတော့ဘူး။ ‘မယ်’့ နေရာမှာ ‘မဲ့’ကို သုံးတယ်။ ‘တတ်’နဲ့ ‘တက်’ကို မခွဲတတ်ဘဲ စာတွေ ရေးပြီး ပို့စ်တွေ တင်တယ်။ ဒါကို ရှက်ရကောင်းမှန်း မသိကြတော့သလို လိုက်နာရကောင်းမှန်း၊ လေ့လာရကောင်းမှန်းလည်း မသိကြတော့တဲ့ အပြင် ထောက်ပြပေးတဲ့ သူ ရှိလာရင်တောင် အဲဒီလူကို ထူးဆန်းလူသား တစ်ယောက်လို ဟာသလုပ်၊ နောက်ပြောင်ဖို့တော့ အားသန်လာကြတယ်။ ဘာလို့ဆို မိုးခါရေ သောက်လာတာ ကြာလာပြီး၊ မိုးခါးရေ သောက်လာတဲ့ လူဦးရေကလည်း ပို များလာတော့ မိုးခါးရေ မသောက်တဲ့ လူကောင်းကို သောက်တဲ့ အများစုက အရူးလို့ ထင်လာကြတာကိုး။
ဒီနေ့ခေတ်မှာ မြန်မာစာ၊ မြန်မာစကားဟာ အရှိုန်အဟုန်နဲ့ ပျက်စီးပြောင်းလဲလာနေတာကို သတိမမူကြသလို၊ သတိချပ်ရကောင်းမှန်းလည်း မသိကြတော့ဘူး။ ထစ်ကနဲ ရှိရင် မကျိ၊ တိဝူး၊ ဟုဟု၊ ပြောကျိကျိ၊မန့်ကျိကျိတို့ ပြောရတာကို ဂုဏ်ယူသာယာနေကြတဲ့ မိုးခါးရေ ကြိုက်သူတွေ များလာတဲ့ ယနေ့ခေတ်ကာလကြီး။ လွန်ခဲ့တဲ့ နှစ်၂၀၀အတွင်း အမေရိက၊ ကယ်လီဖိုးနီးယားဒေသရဲ့ ဘာသာစကား ၁၀၀ခန့် ပျောက်ကွယ်သွားတာတွေ၊ နောက် လာမယ့် ရှေ့နှစ် ၁၀၀အတွင်းမှာ လက်ရှိ ကမ္ဘာ့ဘာသာစကားတွေထဲက ဘာသာစကားပေါင်း ၂၅၀၀ကနေ ၃၀၀၀လောက်အထိ ကွယ်ပျောက်သွားနိုင်တယ်ဆိုတ
ကဲ ဒီလိုတွေ ဘာကြောင့် ဖြစ်သလဲ။ တကယ်တော့ ရှင်းရှင်းလေးပါ။ စာဖတ်ကြရဲ့လား။ မြန်မာ့ စာရေးဆရာကြီးတွေ ရေးသားထားတဲ့ စာအုပ်မျိုးကို ရှာဖွေ ဖတ်သေးရဲ့လား။ တစ်နေ့နဲ့ တစ်နေ့ ဖုန်းလေးပဲ ကိုင်ပြီး အာရုံထဲ ပေါ်လာတာလေး ကောက်ရေးဖြစ်တာက ပို များနေသလား။ မြန်မာသတ်ပုံစာအုပ် အသေးလေး ၀ယ်ပြီး ဆောင်ထားဖြစ်ရဲ့လား။ အဲဒီအတွက် အဖြေကတော့ ကိုယ့်ဆီမှာ ရှိတယ်ဆိုတာကို သဘောပေါက်ကြဖို့ လိုပြီလေ။
ချမ်းမြမြသော် KHU, Seoul, South Korea.
Chan Chan & Rostam
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။