Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 22, 2018

အိပ်မက်တွေကို လွှင့်မပစ်လိုက်ပါနဲ့

အိပ်မက်တွေကို လွှင့်မပစ်လိုက်ပါနဲ့

အိမ်ထောင်သည်ဘ၀ရောက်သွားကြတဲ့ အမျိုးသားအမျိုးသမီးတွေအနေနဲ့ လူပျို၊အပျိုဘ၀တုန်းက ဘ၀နဲ့ပတ်သက်ပြီး ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ စိတ်ကူး အိမ်မက်တွေကို အကြောင်းကြောင်းကြောင့် အကောင်အထည်မဖော်နိုင်တော့ဘဲနဲ့ ဖြစ်ကုန်ကြတာ များတယ်။

ကျွန်မအနေနဲ့လည်း လက်ထပ်တော့မယ်လို့ဆုံးဖြတ်ပြီးတဲ့အခါ မိဘဆရာတွေရဲ့ သွန်သင်မှုကြောင့်အိမ်မက်တွေ ပျောက်ဆုံးမသွားအောင်ကြိုးစားခဲ့ရတာတွေရှိတယ်။

ဖေဖေက ကျွန်မကို ပြောတယ်။

“အိမ်ထောင်ကျသွားလို့ အိမ်ရှင်မ ဘ၀နဲ့ရပ်တန့်သွားမှာကိုတော့မဖြစ်စေချင်ဘူး၊ သမီးဘယ်လောက်ထိ တက်လှမ်းနိုင်မလဲ… အမြင့်ဆုံး၊ ထိပ်ဆုံးကို တက်ချင်သလား၊ တက်ပါ၊ အိမ်ထောင်ရေးကြောင့် မတက်နိုင်တော့ဘူးဆိုတာတော့ အဖြစ်မခံပါနဲ့သမီးရယ်“လို့ဖေဖေက ပြောတော့ ကျွန်မ မျက်ရည်ဝဲခဲ့ရတယ်။

ဒီလိုပဲ အသက် ၂၆ နှစ်အရွယ်မှာ သမီးချစ်သူနဲ့ လက်ထပ်တော့မယ် ဖေဖေ ဆိုတဲ့စိတ်ဆန္ဒကိုလည်း မပြုပါနဲ့သမီးရယ်၊ ငယ်ပါသေးတယ်၊ မျှော်လင့်ချက်တွေ ပြည့်အောင် ကြိုးစားလိုက်ပါဦးလို့ ပြောမထွက်ရက်ဘူး ထင်ပါရဲ့။

ဆရာလူထုစိန်ဝင်းကတော့ ကျွန်မကို ဗြောင်ပဲဖွင့်ပြောပြီး တားမြစ်ပါတယ်။

“မင်း ငယ်ပါသေးတယ်ကွာ၊ မင်းက တစ်စုံတစ်ယောက်ဖြစ်လာနိုင်တဲ့ မိန်းကလေးပဲ။ ဘာဖြစ်လို့အိမ်ထောင်ပြုတော့မှာလဲ၊ အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်အရွယ်ဖြစ်ဖြစ် ပြုလို့ရပါတယ်၊ နောက်ကျတယ်လို့မရှိဘူး ကွ၊ အိမ်ထောင်ပြုပြီးသွားရင် ဂုဏ်ထူးဆောင် အိမ်ရှင်မ ဖြစ်အောင် ကြိုးစားနေရလို့ဘ၀အတွက်ကိုယ့်အိမ်မက်တွေကို အကောင်အထည်မဖော်နိုင်ကြတော့ဘူး၊ မင်းကို ဆရာ နှမြောတယ်“ လို့ဆိုပါတယ်။

ခုချိန်မှာ ပြန်တွေးကြည့်ရင်တော့ဆရာတို့ ဖေဖေတို့ ပြောခဲ့တာ သိပ်မှန်တာပဲလို့သာ ဆိုချင်တော့တယ်။ အပျို၊ လူပျို ဘ၀နဲ့ ဘ၀အတွက် ကြိုးစားအားထုတ်ရတာနဲ့အိမ်ထောင်သည်ဘ၀မှာ ကိုယ့်ဘ၀အတွက် ကြိုးစားရတာ ပိုပြိး ပင်ပန်းဆင်းရဲပါတယ်.

မိဘတွေကလည်း ကြိုးစားနေတဲ့သားသမီးမို့ နောက်ကနေ ပံ့ပိုးပေးဖို့အဆင်သင့်၊ စား စရာ အဆင်သင့်၊ ၀တ်စရာ မီးပူတိုက်ပြီးသား၊ လက်ကိုင်အိတ်ကအစ ဒေါက်ဖိနပ်အဆုံး အားလုံးဟာ အဆင်သင့်ဆိုတဲ့ အခြေအနေပါ။

အိမ်ထောင်သည်ဘ၀ရောက်တဲ့အခါမှာတော့ စာဖတ်ချိန်၊စာရေးချိန်၊ စာရေးဖို့ လေ့လာအားထုတ်ချိန် ဆိုတာတွေက ထမင်းဟင်းဖြစ်လာဖို့မီးဖိုချောင်၊ အ၀တ်လျှော်၊ မီးပူတက်ဖို့အချိန်တွေ ဖြစ်လာခဲ့ရတယ်။

အိမ်အလုပ်တွေပြီးလို့ကိုယ်က ညဘက် စာဖတ်ချင်တဲ့အခါ ကိုယ့်ဘေးနားမှာ အိပ်ပျော်နေနဲ့သူ နိုးသွားမှာစိုးလို့စာဖတ်ချင်စိတ်ကို မြိုသိပ်ပြီး တိတ်တိတ်ကလေး အမှောင်ကြီးထဲမှာ မျက်စိမှိတ်ထားပြီး အိပ်ပျော်အောင် ဇွတ်ကြိုးစားရတဲ့ညတွေ အများကြီးပါ။

ဒါပေမဲ့ အရည်အချင်းရှိပြီး ထက်မြက်တဲ့ မိန်းမတစ်ယောက်အနေနဲ့ အ၀တ်လျှော်၊ ထမင်းဟင်းချက်၊သားသမီးတွေ ကျူရှင်ပို့ကြို ဆိုတဲ့အလုပ်တွေအတွက် အချိန်ပေးရတာ မတန်ဘူးလို့ယူဆမိတယ်။အဲဒီအလုပ်တွေအတွက် ကိုယ့်က အခြားတစ်ဦးကို အခပေးပြီး ငှားရမ်းလို့ရတယ်လေ။

ဒီလို အလုပ်တွေထဲမှာ ကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်၊ အဖိုးတန်တဲ့ အရည်အသွေး၊ စွမ်းရည်တွေ နစ်မြှုပ်သွားရတာဟာ အဲဒီအမျိုးသမီးရဲ့ မိသားစုတိုးတက်ဖွံ့ဖြိုးရေးအတွက်ရေးမှာလည်း ထိခိုက်စေတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းအတွက်ရော နိုင်ငံအတွက်လည်း နစ်နာစေပါတယ်။


ဒါကြောင့် ပင်ကို ထူးချွန်ထက်မြက်တဲ့သူတွေကကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပျောက်မသွားဖို့၊ ကိုယ်ပိုင်ဘ၀လေး ပျောက်မသွားဖိုက အရင်ကထက် ပိုပြီး နှစ်ဆ သုံးဆ ကြိုးစားကြရပါတယ်။ အိမ်ထောင့်တာဝန်တွေကြားက၊ သားသမီးတွေကို မွေးမြူစောင့်ရှောက်ပေးနေရတာတွေကြားက ကြိုးစားကြရတာပါပဲ။

တကယ်တော့ ဘ၀ဆိုတာ ကုန်းတက်ကို စက်ဘီးစီးပြီး တက်နေတဲ့သူနဲ့တူတယ်လို့ဆရာက ပြောခဲ့ဖူးတယ်။ ကိုယ်က စက်ဘီးကို မှန်မှန်နင်းပြီးတက်နေသရွေ့၊ ရှေ့ကို တက်နေမှာပါပဲ၊ စက်ဘီးကို အနင်းရပ်လိုက်တာနဲ့ နောက်ကို ပြန်ပြီး လျှောချသွားပါတယ်။ ဒါကြောင့် နေရာမှာ ရပ်နေလို့မရဘူး၊ ဆက်တက်ဖို့ကြိုးစားနေရမယ်၊ အမြဲတမ်း နင်းနေရမှာ ဒါမှ တက်သွားမှာ၊ တက်ရင်တက် မတက်ရင် ကျမဲ့ဘ၀တွေ လို့ ဆရာက ဆိုခဲ့ဖူးတယ်။

ဒါကြောင့်အိမ်ထောင်သည်ဘ၀ရောက်နေပေမဲ့လည်း အလုပ်တွေ ဆက်လုပ်နေရမယ်၊ အိမ်မက်တွေ ဆက်မက်နေရမယ်၊ ဘ၀ရဲ့ တိုးတက်မှု လမ်းကိုလည်း ဆက်ရှာနေရမယ်လို့ ကျွန်မ နားလည်မိခဲ့တယ်။ အဲဒီလိုနဲ့ ပညာလည်း ရှာတယ်၊ ပိုက်ဆံလည်း ရှာတယ်၊ ဘ၀တိုးတက်မှု လမ်းတွေကိုလည်း ရှာဖွေပြီး ဆက်တိုက်ကြိုးစားလာခဲ့တယ်။

၁၀နှစ်ကျော်လောက် ဆက်တိုက်ကြိုးစားလာခဲ့ပြီးတဲ့ အခါမှာတော့ သူများဝန်ထမ်းဘ၀ကနေ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်။ တစ်ဖက်ကလည်း ကိုယ်ဝါသနာပါတဲ့ စာရေးခြင်းအလုပ်နဲ့စာပေလုပ်ငန်းစုလေးတစ်စုကိုလည်း ထူထောင်ခဲ့တယ်။ အိမ်ထောင်ရေးကိုလည်း သာယာပျော်ရွှင်အောင် တည်ဆောက်နိုင်ခဲ့တယ်။

အဲဒီလုပ်နိုင်ဖို့အတွက် ကျွန်မ ခင်ပွန်းက နားလည်ပေးခဲ့တယ်။ သူရဲ့ နားလည်မှုနဲ့ ကူညီပံ့ပိုးမှုသာ မရခဲ့ဖူးဆိုရင် ကျွန်မရဲ့အိမ်မက်တွေဟာ ဝေးကွာနေရဦးမှာပါပဲ။

အိမ်ရှင်မတစ်ယောက် ဒီလို ကြိုးစားနိုင်ဖို့အတွက် ခင်ပွန်းဖြစ်သူရဲ့ စိတ်သဘောထား ကြီးမြင့်မှုနဲ့အမြင်ကျယ်မှုကလည်း အရေးကြီးလှတယ်။

သဘောထားကျဉ်းမြောင်းပြီး မိန်းမကို ကိုယ်ပိုင်ပစ္စည်းတစ်ခုလိုသာ သတ်မှတ်ချင်တတ်တဲ့အမျိုးသားတွေကတော့ ကိုယ့်မိန်းမက အပြင်အလုပ်လုပ်ပြီး အမြင်ကျယ်နေမှာ၊ အများအတွက် အကျိုးရှိနေတဲ့သူ ဆိုတဲ့ ခံစားချက်မျိုးနဲ့ ကိုယ့်ဘ၀ကိုယ် တန်ဖိုးထားနေမှာမျိုးကို မလိုလားကြပါဘူး။

လင့်လုပ်စာ ထိုင်စားနေရင်း လင်ငယ်နေတဲ့သူလည်း ရှိတာပဲလေ။ယောင်္ကျားမို့၊ မိန်းမမို့ ဖောက်ပြန်တယ် ဆိုတာထက် ကိုယ်ကျင့်တရားမကောင်းတဲ့သူက မကောင်းတဲ့ အတိုင်းပြုမူကြတာပါ။ တစ်ဦးချင်းတစ်ယောက်ချင်းနဲ့သာ သက်ဆိုင်တဲ့ ကိစ္စ လို့ကျွန်မကတော့သုံးသပ်ချင်ပါတယ်။

ကိုယ့်အိမ်ထောင်ဘက် အမျိုးသမီးမှာ ရည်မှန်းချက်ထားတာ ရှိတယ်ဆိုရင် အဲဒီအိမ်မက်ကို အကောင်အထည်ဖော်နိုင်အောင် နားလည်ပေးပြီး စိတ်သဘောထားမြင့်မြင့်ထားပြီး အမြင်ကျယ်ကျယ်နဲ့ကူညီအားပေးသင့်ပါတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ ကိုယ့်ထက်သာသွားမလား ဆိုတဲ့မနာလိုစိတ်နဲ့ အကျဉ်းချထားတယ်ဆိုရင်တော့ အိမ်ထောင်ရေးဆိုတာ အကျဉ်းထောင် တစ်မျိုးပဲ ဖြစ်နေဦးမှာပါပဲ။

အမျိုးသမီးမှာ ၀င်ငွေရှိနေတယ်ဆိုရင် ကိုယ်တစ်ယောက်တည်း ၀င်ငွေကို မှီခိုနေရတာ မဟုတ်တဲ့အတွက် ပိုလို့တောင် ကောင်းပါသေးတယ်။ သူ့ဝင်ငွေဟာ မိသားစုရဲ့ကျန်းမာရေးနဲ့ပညာရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်တယ်လေ။ အလုပ်လုပ်နေတဲ့ သူ့မှာ ဗဟုသုတနဲ့ လောက အမြင်လည်း ပိုပြိး ကျယ်ပြန့်လာတဲ့အတွက် အိမ်တွင်း စီမံခန့်ခွဲမှုတွေ သားသမီးတွေရဲ့ပညာရေး၊ မိသားစု ကျန်းမာရေးအတွက်လည်း ခေတ်မီတဲ့အမြင်ရှိတဲ့အခါ အထောက်အပံ့ဖြစ်စေတယ်လေ။

ကိုယ့်ရဲ့အိမ်မက်တွေကိုလည်းအကောင်အထည်ဖော်နိုင်လာခဲ့တယ်ဆိုရင်တော့ကိုယ့်ရဲ့ဘ၀ခရီးဖော်ရဲ့ ကျေးဇူးကို အသိအမှတ်ပြုပါ၊ သူ့အတွက်လည်း ကိုယ်က အကောင်းဆုံး ခရီးဖော်ဖြစ်စေဖို့တာဝန်ရှိတယ်ဆိုတာကိုလည်း နားလည်ပါနော်။

ဒီလို အပြန်အလှန်တင်ရတဲ့ကျေးဇူးတွေကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်ပြီး ဖြည့်ဆည်းကြတဲ့ အိမ်ထောင်ရေးဟာလည်း ပြည့်စုံပြီး သာယာပျော်ရွှင်ဖွယ်ကောင်းပါတယ်။

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊

မေသင်္ကြန်ဟိန်(မြစ်မခ)
ဝတ်စုံ နွယ်ဥယျာဉ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။