Martin Swe added 3 new photos.
စလုံးမှာ
ဂက်စ်မထွက်ဘူး
ရွှေမထွက်ဘူး
ကျောက်စိမ်းမထွက်ဘူး
ကျွန်းသစ်မထွက်ဘူး
ရေတောင်မထွက်ဘူး
နောက်ပြီး... သူခိုးလည်းမထွက်ဘူး
ဒါကြောင့် တိုင်းပြည်ချမ်းသာတယ်
မြန်မာပြည်မှာ
ဂက်စ်လည်းထွက်တယ်
ရွှေလည်းထွက်တယ်
ကျောက်စိမ်းထွက်တယ်
ကျွန်းသစ်ထွက်တယ်
ပတ္တမြားတောင် ထွက်တယ်
နောက်ပြီး...သူခိုးလည်းထွက်တယ်
ဒါကြောင့် တိုင်းပြည်မွဲတယ်
သယံဇာတ ဆူဖြိုးကြွယ်ဝပါလျှက်
နောက်ဖေးလမ်းကြားထဲက မသန်မစွမ်း
ခွေးလို တစ်ပိန်ပိန်တစ်လိန်လိန်
ဖြစ်နေတဲ့တိုင်းပြည်ကို
"သယံဇာတကျိန်စာ"သင့်တဲ့တိုင်း
ပြည်လို့ ကမ္ဘာက ခေါ်ကြတယ်
ကျနော်ကတော့ အဲဒါ
"လူသားကျိန်စာ" သင့်တာလို့
ခေါ်ချင်တယ်
ဟုတ်တယ်လေ...တိုင်းပြည်မှာ
သယံဇာတ ဘယ်လောက်ထွက်ထွက်
သူခိုးခေါင်းဆောင်တစ်ယောက်
ထွက်လာလိုက်တာနဲ့ ကိစ္စပြတ်ပြီကိုး
ပြောင်ပြီကိုး
အဓိကကတော့
ခွေးကတက်လို နေရာမျိုးမှာပဲ
ဘဝဆုံးသွားရမယ့်လူမျိုးကို
မကိုဋ်သရဖူ ဆောင်းပေးပြီး
တိုင်းပြည်ရဲ့ အဓိပတိနေရာ
ပေးလိုက်မိတာမျိုးပေါ့
ဦးနေဝင်းတစ်ယောက်နဲ့
တိုင်းပြည်မွဲဖို့လုံလောက်နေပြီးသားကို
သူ့ထက် လက်သံပြောင်တဲ့
ဦးသန်းရွှေတစ်ယောက် ထပ်ရပြန်တယ်
ဦးသန်းရွှေတစ်ယောက်နဲ့
တိုင်းပြည်ပျက်ဖို့လုံလောက်နေပြီးသားကို
သူ့လက်စလက်နကို
ဆက်လက်အကောင်အထည်ဖော်တဲ့
ဦးသိန်းစိန်တစ်ယောက် ထပ်ရပြန်တယ်
ဆိုတော့ ဒီတိုင်းပြည်မှ မမွဲသေးရင်
ဘယ်တိုင်းပြည်မွဲမလဲ
ခုထိတောင့်ခံနိုင်သေးတာ
ခုထိ ငတ်မသေကုန်သေးတာ
ဒီတိုင်းပြည်
အင်မတန်ကံကောင်းတယ်လို့ မှတ်ရမယ်
ဗမာပြည်လိုတိုင်းပြည်မျိုးမပြောနဲ့
နေဝင်း သန်းရွှေ သိန်းစိန်
သုံးယောက်ကို အမေရိကန်လို နိုင်ငံမျိုးမှာ
တစ်ယောက်တစ်နှစ်စီလောက်ပဲ
အုပ်ချူ ပ်ခိုင်းကြည့်လိုက်
သုံးနှစ်ကြာပြီးလို့
အမေရိကန်တစ်နိုင်ငံလုံး
ခွက်ဆွဲတောင်းစားရတဲ့ဘဝ
မရောက်ရင် ကံကောင်းပဲ
ဒီအတိုင်းနေရင် မိသားစုတစ်စု
နှစ်စုစာလောက်ပဲ ဖျက်ဆီးနိုင်မယ့်လူမျိုးဟာ
တိုင်းပြည်ရဲ့အထွတ်အထိပ်နေရာ ရသွားတော့
တိုင်းပြည်လည်းကံဆိုးပြီပေါ့
အဲဒါ သိပ်ကြောက်ဖို့ကောင်းတဲ့
သိပ်ဖျက်ဆီးအားကောင်းတဲ့
"လူသားကျိန်စာ"လို့ ကျနော်သတ်မှတ်တယ်
Credit ကွီးဝင်း
Via - U Zin Shwe
ZN.H
.
Credit.... via ZarniTike TikeZN
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
MartinSwe
10-01-2018
ဂက်စ်လည်းထွက်တယ်
ရွှေလည်းထွက်တယ်
ကျောက်စိမ်းထွက်တယ်
ကျွန်းသစ်ထွက်တယ်
ပတ္တမြားတောင် ထွက်တယ်
နောက်ပြီး...သူခိုးလည်းထွက်တယ်
ဒါကြောင့် တိုင်းပြည်မွဲတယ်
သယံဇာတ ဆူဖြိုးကြွယ်ဝပါလျှက်
နောက်ဖေးလမ်းကြားထဲက မသန်မစွမ်း
ခွေးလို တစ်ပိန်ပိန်တစ်လိန်လိန်
ဖြစ်နေတဲ့တိုင်းပြည်ကို
"သယံဇာတကျိန်စာ"သင့်တဲ့တိုင်း
ပြည်လို့ ကမ္ဘာက ခေါ်ကြတယ်
ကျနော်ကတော့ အဲဒါ
"လူသားကျိန်စာ" သင့်တာလို့
ခေါ်ချင်တယ်
ဟုတ်တယ်လေ...တိုင်းပြည်မှာ
သယံဇာတ ဘယ်လောက်ထွက်ထွက်
သူခိုးခေါင်းဆောင်တစ်ယောက်
ထွက်လာလိုက်တာနဲ့ ကိစ္စပြတ်ပြီကိုး
ပြောင်ပြီကိုး
အဓိကကတော့
ခွေးကတက်လို နေရာမျိုးမှာပဲ
ဘဝဆုံးသွားရမယ့်လူမျိုးကို
မကိုဋ်သရဖူ ဆောင်းပေးပြီး
တိုင်းပြည်ရဲ့ အဓိပတိနေရာ
ပေးလိုက်မိတာမျိုးပေါ့
ဦးနေဝင်းတစ်ယောက်နဲ့
တိုင်းပြည်မွဲဖို့လုံလောက်နေပြီးသားကို
သူ့ထက် လက်သံပြောင်တဲ့
ဦးသန်းရွှေတစ်ယောက် ထပ်ရပြန်တယ်
ဦးသန်းရွှေတစ်ယောက်နဲ့
တိုင်းပြည်ပျက်ဖို့လုံလောက်နေပြီးသားကို
သူ့လက်စလက်နကို
ဆက်လက်အကောင်အထည်ဖော်တဲ့
ဦးသိန်းစိန်တစ်ယောက် ထပ်ရပြန်တယ်
ဆိုတော့ ဒီတိုင်းပြည်မှ မမွဲသေးရင်
ဘယ်တိုင်းပြည်မွဲမလဲ
ခုထိတောင့်ခံနိုင်သေးတာ
ခုထိ ငတ်မသေကုန်သေးတာ
ဒီတိုင်းပြည်
အင်မတန်ကံကောင်းတယ်လို့ မှတ်ရမယ်
ဗမာပြည်လိုတိုင်းပြည်မျိုးမပြောနဲ့
နေဝင်း သန်းရွှေ သိန်းစိန်
သုံးယောက်ကို အမေရိကန်လို နိုင်ငံမျိုးမှာ
တစ်ယောက်တစ်နှစ်စီလောက်ပဲ
အုပ်ချူ ပ်ခိုင်းကြည့်လိုက်
သုံးနှစ်ကြာပြီးလို့
အမေရိကန်တစ်နိုင်ငံလုံး
ခွက်ဆွဲတောင်းစားရတဲ့ဘဝ
မရောက်ရင် ကံကောင်းပဲ
ဒီအတိုင်းနေရင် မိသားစုတစ်စု
နှစ်စုစာလောက်ပဲ ဖျက်ဆီးနိုင်မယ့်လူမျိုးဟာ
တိုင်းပြည်ရဲ့အထွတ်အထိပ်နေရာ ရသွားတော့
တိုင်းပြည်လည်းကံဆိုးပြီပေါ့
အဲဒါ သိပ်ကြောက်ဖို့ကောင်းတဲ့
သိပ်ဖျက်ဆီးအားကောင်းတဲ့
"လူသားကျိန်စာ"လို့ ကျနော်သတ်မှတ်တယ်
Credit ကွီးဝင်း
Via - U Zin Shwe
ZN.H
.
Credit.... via ZarniTike TikeZN
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
MartinSwe
10-01-2018
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။