Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 14, 2018

Goals တွေကို ဘာကြောင့်ချရေးဖို့လိုတာလဲ ?

Goals တွေကို ဘာကြောင့်ချရေးဖို့လိုတာလဲ ?


လူတိုင်းနီးပါး ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ ရှိလားလို့ မေးကြည့်တဲ့အခါ "ရှိတာပေါ့ " ဆိုတဲ့အဖြေကို သင်ကြားရလိမ့်မယ်။ ဒါပေမယ့် အသေအချာ စာအုပ်ထဲမှာ ချရေးထားတဲ့သူဆိုတာ အရမ်းနည်းပါတယ် လို့ ပညာရှင်တစ်ဦးကဆိုတယ်။ ဒါဟာ ဖြစ်ချင်စိတ် တစ်ခုသာဖြစ်ပြီး ဖြစ်လာအောင်လုပ်ချင်စိတ်မရှိသေးတာ ဖြစ်ပါတယ်။ Wish တစ်ခုသာ ဖြစ်နေပီး Goal ဖြစ်မလာသေးပါဘူး။ တိကျသေချာတဲ့ ပန်းတိုင် Goal တစ်ခုကို သတ်မှတ်ဖို့လိုပါတယ်။ ထို့မှသာ ချမှတ်လိုက်တဲ့ ပန်းတိုင်ကို စတင်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Goals တွေ ချရေးခြင်းဟာ တိကျတဲ့ ပန်းတိုင်တွေကိုချမှတ်လိုက်ခြင်းဖြစ်ပါတယ်။
Goal list ထဲမှာ Health, fitness, family, leisure, financial and business, social နဲ့ အခြားသော သင့်ရဲ့ ရည်မှန်းချက်တွေလဲ ဖြစ်နိုင်ပါတယ်။
ဒီလို Goal တွေသတ်မှတ်တဲ့ Process ဟာ ကျွန်ုပ်တို့ ခရီးရဲ့ အဆုံးမှတ်မဟုတ်ပဲ အစမှတ်ပါ။ Goals တွေ ချရေးခြင်းဟာ ကျွန်ုပ်တို့ရဲ့ ပန်းတိုင် ခရီးလမ်းကို စတင်လျှောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။ Goals တွေကို ချရေးဖို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ကတိပေးသင့်သလဲ ဆိုတာကို အောက်ပါ အချက် ၅ ချက်မှာလေ့လာကြည့်ပါ။

(၁) သင်ဘာကို တကယ်လိုချင်လဲဆိုတာကို သိလာမယ်။

စိတ်ထဲမှာ ဘယ်သွားမလဲဆိုတာကို အတိအကျမသိဘဲ ခရီးတစ်ခုသွားဖို့ တွေးကြည့်ပါဦး? သင် ဘာတွေသယ်ဆောင်သွားမလဲ? ဘာနဲ့ခရီးသွားမလဲ? ဘယ်လမ်းက ခရီးစမလဲ? ဘယ်အချိန်မှာ ခရီးရောက်မလဲ ? ဘယ်အရာကိုမှ သင်ဆက်တွေးလို့ စီစဉ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အရင်ဆုံး ကျွန်တော်တို့ သွားချင်တဲ့ ခရီးကို အတိအကျရွေးချယ်သတ်မှတ်ရပါတယ်။ ပြီးမှသာ ကားနဲ့သွားမယ်၊ လေယာဉ်နဲ့သွားမယ်။ မနက် ၉နာရီသွားမယ် ။ ငွေကြေးတွက်ချက်ယူဆောင်မယ်။ ရေကူးဖို့ ဝတ်စုံလဲယူမယ်။ ဘယ်အချိန်ဆို သတ်မှတ်ခရီးကိုရောက်မယ်။ ဘယ်ဟိုတယ်မှာတည်းမယ် ဆိုပြီး စတာတွေကို စဉ်စားပြီး Plan ချမှတ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် သွားချင်တဲ့ ခရီး Goal တစ်ခုကို အတိအကျချရေးလိုက်ခြင်းဟာ ကိုယ်တကယ်သွားချင်တဲ့ခရီး ဘယ်လဲဆိုတာကို ရှင်းလင်းစွာ သိသွားစေပါတယ်။
သင်တကယ် လိုချင်တာတွေကို သိလာသလို တကယ်မလိုချင်တဲ့ အရာတွေကိုလဲ သိလာစေပါတယ်။


(၂) Action ကို ဖြစ်လာစေတယ်။

သင့်ရဲ့ သွားချင်စိတ်၊ ဖြစ်ချင်စိတ်က အရေးကြီးပါတယ် ဒါပေမယ့် သွားချင်စိတ်နဲ့တင် မလုံလောက်ပါဘူး။ Goal တစ်ခုကို အတိအကျချရေးဖို့လိုပါတယ်။ Goals တွေချရေးခြင်းဟာ ခရီးတစ်ခုကို စတင်စေပါတယ်။ သွားရမယ့် ခရီးကို အတိအကျသိပြီဆိုတဲ့အခါ လိုအပ်မယိ့အရာတွေကို တွက်ချက်စီစဉ်လို့ရလာပါတယ်။ Goal ကိုချရေးတယ်ဆိုတာဟာ ခရီးကို အစပျိုးလိုက်ခြင်းပါ။ နောက်ထပ် လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့လဲ တွန်းအားဖြစ်စေပါတယ်။
အရမ်းသွားချင်ပါတယ်ဆိုတဲ့ ခရီးတွေတောင် အသေအချာ ချမရေးဖြစ်လို့ မသွားဖြစ်တော့တာမျိုး ကြုံဖူးကြမယ်လို့ထင်ပါတယ်။ ကျွန်ုပ်ကတော့ ကြုံဖူးပါတယ်။ တချို့ ခရီးတွေဆို စိတ်ကူးထဲကနေတောင် ပျောက်သွားပြီး ပြန်ပုံဖော်ကြည့်လို့တောင် မရတော့ပါဘူး။ လုပ်မယ်ဆိုတဲ့ အလုပ်တွေလဲ ချမရေးဖြစ်လို့ မလုပ်ဖြစ်တော့တာတွေလဲအများကြီးပါ။ ဒါကြောင့် တကယ်လိုချင်တဲ့ Goal မှန်ရင် ချရေးလိုက်ပါ။ တကယ်လုပ်ဆောင်မှု action ကိုဖြစ်လာစေပါလိမ့်မယ်။

(၃) အခြားသော အခွင့်အလမ်များကို သိရှိနိုင်တယ်။

သင် အောင်မြင်လာလေ အခွင့်အလမ်း (Opportunities) များလာလေလေဖြစ်ပါတယ်။ ဒီလို အခွင့်အလမ်းအသစ်တွေ ဖြစ်ပေါ်လာခြင်းကိုလဲ ချရေးထားတတ်သည့် အလေ့အကျင့်ကြောင့် အခွင့်အလမ်းတွေဟာ မှေးမှိန်ပျောက်ပျက်မသွားဘဲ သေချာစွာ တည်ရှိနေပါတယ်။ ဒါကြောင့် အခွင့်အလမ်းများကိုလဲ လက်လွှတ်ဆုံးရှုံးရခြင်းမရှိဘဲ လိုအပ်သည်များကို ဖမ်းဆုပ်လာနိုင်ပါတယ်။

(၄) အတားအဆီးတွေကို ဖြတ်ကျော်လာနိုင်တယ်။

Dream or Goal တွေ intention ( ရည်ရွယ်ချက်တွေ) တိုင်းမှာ အတားအဆီးဆိုတာဟာ ရှိမြဲပါ။ Goal တစ်ခုကို ချမှတ်လိုက်ပြီးတဲ့နောက်မှာ အတားအဆီးဆိုတာကို သင်ခံစားမိလာမယ်။ ကြုံလာရမယ်။ စိတ်ညစ်စရာမလိုပါဘူး။ ဒါပေမယ့် သင်ဟာ အခက်အခဲပေါ်မှာပဲ အာရုံစိုက်လိုက်မယ်ဆိုရင်တော့ ထိုအခက်အခဲဟာ ပိုပြီးကြီးမားလာတယ်လို့သင်ခံစားရမယ်။ ဒီအခက်အခဲကို ဖြတ်ကျော်အနိုင်ယူဖို့ အကောင်းဆုံး နည်းလမ်းကတော့ သင့်ရဲ့ Goal ပေါ်မှာပဲ အာရုံစိုက်ခြင်းဖြစ်ပါတယ်။ အခက်အခဲပေါ်မှာ စိတ်ဖိစီးမနေသင့်ပဲ ကိုယ့်ချမှတ်ထားတဲ့ ပန်းတိုင် Goal ကိုသာ အာရုံစိုက်ပြီးလုပ်ဆောင်နေဖို့ လိုပါတယ်။
သင့်ရဲ့ မျက်လုံးတွေကို ခေတ္တမှိတ်လိုက်ပါ။ ခံစားကြည့်ပါ။ သင့်ရဲ့ ချမှတ်ထားတဲ့ Goals တွေကိုမြင်ယောင်ကြည့်ပါ။ စိတ်အာရုံထဲမှာ သင်ဘာကို ဝတ်ဆင်ထားလဲ? သင့်ဘေးနားမှာ ဘယ်သူတွေရှိနေလဲ? သင်ဘယ်လိုရနံ့တွေကို ခံစားမိနေလဲ? သင်ဘယ်လိုခံစားနေရလဲ? ရယ်မောနေတာလား? ပြုံနေတာလား? .... သင့်ရဲ့အာရုံထဲမှာ အတိအကျပုံဖော်လို့ရနေပြီဆိုရင် သင်ချမှတ်လိုက်တဲ့Goals တွေကိုလဲ သင်ဖမ်းဆုပ်လာနိုင်တော့မယ်လို့ ကျွန်ုပ်ယုံကြည်တယ်။ တစ်စုံတစ်ရာ အဆင်မပြေမှုကို စိတ်မပူပါနဲ့ သင်ရဲ့ Goals တွေအမှန်တကယ်ဖြစ်လာမယ်လို့သာ ယုံကြည်ထားပါ။ မြင်ယောင်ကြည့်ပါ။ အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။ လို့ ပညာရှင်တစ်ဦးက ဆိုထားပါတယ်။

(၅) သင်ရဲ့ တိုးတက်မှုကို တိုင်းတာနိုင်တယ်။

သင်ဟာ သင့်ရဲ့တိုးတက်မှုကို မမြင်ရတဲ့အခါ ဘဝဟာ ခက်ခဲတယ်လို့ခံစားလာရမယ်။ တနေ့ သေဆုံးဖို့အတွက် အလုပ်လုပ်နေရပြီး ကိုယ့်ကိုယ်ကို ဘယ်သွားနေမှန်းလဲမသိတဲ့ ခံစားချက်မျိုးတွေနဲ့ ပြည့်နှက်လာပါတယ်။ ဒါကိုဖြေရှင်းဖို့ Goals တွေကို ချရေးကြည့်လိုက်ပါ။
Goals တွေချရေးလိုက်တာဟာ သင်သွားမယ့် Highway လမ်းမကြီးမှာ မိုင်တိုင်တွေ စိုက်ထူးလိုက်ခြင်းနဲ့တူပါတယ်။ သင်လျှောက်လှမ်းခဲ့တဲ့ ခရီး ဘယ်ကိုရောက်နေပြီလဲ ဆိုတာကို မိုင်တိုင်တွေက သက်သေထူပေးပါလိမ့်မယ်။ သင်ရဲ့ ( Progress )တိုးတက်လာမှုတွေကို သင်သိလာပါတယ်။ ဖြတ်သန်းခဲ့တဲ့ ခရီးမှတ်တိုင်တွေက သင့်ရဲ့ တိုးတက်မှုပါ။ ထို့အပြင် ပန်းတိုင်ကို ဆက်လျှောက်နိုင်ဖို့လဲ ခွန်အားတွေ ဖြစ်လာစေပါတယ်။

" If you write your goal down, one day you'll make it happen"

Sai H
Content contributor
Dream Lab

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။