#လုပ်ငန်းခွင် ဝင်တော့မယ့် လူငယ်အတွက် အမှာစကား
တစ်ရက်မှာ မကြာခင် တက္ကသိုလ်နောက်ဆုံးနှစ်မှာ တက်နေတဲ့ လူငယ်တစ်ယောက် အိမ်ကို ရောက်လာပါတယ်။ သူ မကြာခင် ဘွဲ့ရပြီး အလုပ်ဝင်တော့မှာမို့ ဘာတွေ သိထားသင့်သလဲဆိုတာ အကြံပေးပါလို့ ပြောလာပါတယ်။ ကျွန်တော်ဟာ ဆရာကြီးတစ်ယောက် မဟုတ်ပေမယ့် အသက်အရွယ် လုပ်ငန်းအတွေ့အကြုံ အများကြီးရှိထားခဲ့လို့ သူ့ကို ခုလို အချက် ၁၀ ချက်ကို ပြောပြလိုက်ပါတယ်။
၁။ ဘဝဆိုတာ တရားမျှတမှုမရှိဘူးဆိုတာကို လက်ခံထားပါ။
၂။ ကမ္ဘာကြီးက မင်း ဘာကောင်လဲဆိုတာကို ဂရုမစိုက်ဘူး။ မင်း ဘာလုပ်နိုင်တယ်ဆိုတာကိုပဲ ဂရုစိုက်တယ်။
၃။ အလုပ်ဝင်တာနဲ့ လစာ ၁၀ သိန်းရပြီး ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်မယ်လို့ မှန်းမထားနဲ့။
၎။ ကျောင်းက တက္ကသိုလ်က ဆရာတွေကို ဆိုးလှပြီလို့ ထင်နေတယ် မဟုတ်လား။ အလုပ်ထဲမှာ သူတို့ထက် အများကြီး ဆိုးတဲ့ Boss နဲ့ တွေ့ရလိမ့်မယ်။
၅။ အလုပ်ထဲမှာ သင်္ချာလို ဖြေရှင်းမရတဲ့ ပြဿနာတွေ အများကြီးနဲ့ ကြုံရလို့ စိတ်ဆင်းရမယ်။ ဒါပေမဲ့ အဲဒါတွေဟာ အခွင့်အလမ်းတွေပါလားဆိုတာ မင်း နောက်ပိုင်းကျမှ သိလိမ့်မယ်။
၆။ တသက်လုံး မင်းကို ကျွန်လို ပြုစုပေးခဲ့တဲ့ မိဘနှစ်ပါး အခုမှ ဒီဝဋ္ဋ်က ကျွတ်တော့မယ်။ မင်းရဲ့ဝဋ္ဋ်က မကြာခင် စတော့မယ်။
၇။ ကျောင်းမှာ မင်းရဲ့ အရည်အချင်းကို စာမေးပွဲ အောင်တာ ရှုံးတာနဲ့ ဆုံးဖြတ်တယ်။ အခု အလုပ်ထဲမှာ မင်းရဲ့ အရည်အချင်းကို ကျရှုံးမှုတွေကနေ ဘယ်နှစ်ကြိမ် ရုန်းထနိုင်တယ်ဆိုတာနဲ့ ဆုံးဖြတ်ကြလိမ့်မယ်။
၈။ ကျောင်းမှာ စာမေးပွဲကျရင် မင်းကို အားပေးနှစ်သိမ့်မယ့် မိဘတွေ အနားမှာ ရှိတယ်။ အလုပ်ထဲမှာ ကျရှုံးရင် မင်းကို လက်ခုတ်တီးပျော်ကြမယ့် အပေါင်းအသင်းတွေ အနားမှာ ရှိတယ်။
၉။ ဘဝဆိုတာ စာသင်နှစ်တွေလို ပိုင်းခြားထားတာ မဟုတ်ဘူး။ အမြဲတမ်း လေ့လာသင်ယူနေရမယ်။ မလေ့လာ မသင်ယူရင် သူများခိုင်းဖတ်ပဲ ဖြစ်နေလိမ့်မယ်။
၁၀။ အတန်းထဲမှာ စာမတော်တဲ့သူတွေကို လှောင်ပြောင်တာ နှိမ်တာ လုပ်ခဲ့မိရင် သူတို့နဲ့ အမြန်ဆုံး မိတ်ဆွေ ဖြစ်အောင် ပြန်လုပ်ပါ။ မင်း သူ့ကုမ္ပဏီမှာ အလုပ်မလုပ်ရဘူးလို့ မပြောနိုင်ဘူး။
ဗန်းမော်သိန်းဖေ
၂၂-၀၁-၂၀၁၈

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။