ကမ္ဘာ့အသားအညိုဆုံး Model ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်
.
.
“နင်နဲနဲလေး သွား တွေတွေ့အောင် ပြုံးလိုက်အုံး ၊ ငါတို့နင့်ကိုရှာမတွေ့လို့ ဟားဟားဟား”
“နင့်အိမ်မှာ ချိုးဖို့ရေမရှိဘူးလား ၊ ဘာဖြစ်လို့အဲ့လောက်တောင် ကြည့်ရတာညစ်ပတ်နေသလဲ?”
“ဆရာမ ဘယ်သူနဲ့စကားပြောနေလဲ ၊ သမီးတို့သူ့ကိုမတွေ့ရလို့ ဟားဟားဟား”
.
.
ဒီစကားကတော့ Nyakim Gatwech လို့ခေါ်တဲ့အသက် 14 နှစ် Sudanese မိန်းကလေးတစ်ယောက် Sudanese စစ်ပြေးပြီး ပထမရက်ကျောင်းရောက်တဲ့ချိန်မှာ ကြားရတဲ့စကားတွေပဲဖြစ်ပါတယ်။
.
တကယ်ဆိုရင် Nyakim က Sudan မှာစစ်ဒဏ်ကြောင့် အမေရိကန်ကိုထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူများသိမှာလဲ Nyakim အမေရိကားရောက်တာက ငရဲတစ်သွင်းကနေ တစ်သွင်းကိုပြောင်းလာတဲ့အတိုင်းပါပဲ
.
.
သူ 14 နှစ်ကတည်းက အရွယ်နဲ့မညီအောင်တခြားသူတွေရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်။ အသားဖြူတဲ့အမေရိကန်သားတွေကြားထဲလှောင်ပြောင်ခြင်းခံရရုံတင်မကဘူး ၊ ဒီထက်ဆိုးတာက အသားအရေတူတဲ့လူအုပ်စုထဲမှာတောင်မှလှောင်ပြောင်ခြင်းခံရပါတယ်။ တကယ်တည့်တည့်ပြောရမယ်ဆိုရင် သူမရဲ့အသားအရေက အများစုထက်ပိုပြီးတော့ မဲပါတယ်
.
.
တစ်ရက်ကြတော့ ဆရာမက Nyakim ကိုမေးလိုက်ပါတယ်။ ကြီးလာရင်ဘာဖြစ်ချင်တာလဲ ?
ဒီချိန်ကြတော့ Nyakim က Model ဖြစ်ချင်တယ်လို့ပြောလိုက်တဲ့အတွက်ကြောင့် အရင်ကထက်ပိုပြီးတော့ သူမလှောင်ပြောင်ခြင်းကို ပိုခံခဲ့ရပါတယ်။ များသောအားဖြင့် သူမကို ကိုယ်နဲ့မတန်တဲ့အရာကိုအိပ်မက်မက်တယ်လို့ပြောတယ်။ ကိုယ့်ကိုကိုယ်ပြန်မကြည့်ဘူးလို့ပြောတာကိုလဲ ခံရပါတယ်။
.
.
နောက်ဆုံး Nyakim ကပိုက်ဆံစုပြီးကိုယ့်အသားရေကိုပြောင်းလဲချင်တဲ့စိတ်တောင်ပေါ်လာပါတယ် ။ အဲ့ဒီတော့ အစ်မဖြစ်သူကို အသားအရေပြောင်းလဲဖို့တိုင်ပင်တဲ့ချိန်မှာ အဲ့ဒီ ညက အမဖြစ်သူရဲ့စကားက သူ့ဘဝကိုပြောင်းလဲစေခဲ့ပါတယ်
.
.
အဲ့ဒီည အစ်မဖြစ်သူက
“နင့်အသားအရေတွေပြောင်းလဲစရာမလိုပါဘူး ၊ နင့်ရဲ့အတွေးအခေါ်နဲ့စိတ်နေသဘောထားကိုပြောင်းလဲလိုက်ရင်ရပါပြီ”
.
.
အဲ့ဒီညနောက်ပိုင်း Nyakim ကသူ့ကိုလှောင်ပြောင်တဲ့သူရှိရင်လက်ခံပြီး မေတ္တာနဲ့တုန့်ပြန်လိုက်ပါတယ်။ နောက်ဆုံးကြတော့ သူ့ကိုလှောင်ပြောင်တဲ့သူက သူ့ဟာနဲ့သူရပ်သွားတာပါပဲ ။
.
ဘာဖြစ်လို့လဲဆိုတော့ သူများကိုလှောင်ပြောင်တတ်တဲ့သူတစ်ယောက်က တခြားတစ်ဖက်မတုန့်ပြန်ဘူးဆိုရင် သူ့အလိုလိုနဲ့ ငြီးငွေ့ပြီးရပ်သွားကြတာပါပဲ
.
.
ဒီထက်ပိုတဲ့အချက်တစ်ချက်ကတော့ Nyakim ကသူ့ရဲ့အိပ်မက်အတိုင်း Model ဖြစ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အကယ်၍ Model လောကကသူတွေဆိုရင်သိမှာပါ။ နိုင်ငံကြီး ဥပမာအမေရိကန်နိုင်ငံမှာ Model ဖြစ်ဖို့ဆိုတာကအရမ်းခက်ခဲတဲ့အကြောင်းအရာလေးတစ်ခုပါ
.
.
အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ အပြင်ပိုင်းအားကိုသုံးရတာလဲခက်ခဲနေပါပြီ။ ဒါပေမဲ့ ဒီထက်ပိုခက်တာက တကြိမ်တုန်းက လှပတဲ့အိပ်မက်ကိုပိုင်ဆိုင်ထားတဲ့စိတ်ကို သူများရဲ့အောက်တန်းကျတဲ့တံတွေးတွေရဲ့ ဖျက်ဆီးမှုဒဏ်မခံရအောင်တားဆီးဖို့ကပိုခက်ပါတယ်။ ဒါပေမဲ့ Nyakim ကခံနိုင်ပြီးကံကောင်းတယ်လို့ပြောလို့ရမှာလား..သူရဲ့အိပ်မက်တွေပိုင်ဆိုင်ထားတဲ့စိတ်ကလေးကို ထွေးပိုက်ပြီးနောက်ဆုံးသူမဖြစ်ချင်ခဲ့တဲ့ Model တစ်ယောက်ဖြစ်ခဲ့ပါတယ်။
.
.
ပြောလိုက်ရင်ဘယ်သူကယုံမှာလဲ ?
Nyakim ရဲ့အသားအရေညိုမဲမှုက သူ့ရဲ့ Model လမ်းကြောင်းရဲ့ ပြဿနာမဟုတ်ပဲနဲ့ သူ့ရဲ့တောက်ပတဲ့သူများနဲ့မတူတဲ့အရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဓာတ်ပုံဆရာအများစုက သူ့ရဲ့အသားအရေက ပုံထွက်အရမ်းလှပြီး smooth ဖြစ်နေတယ်လို့ချီးမွမ်းကြပါတယ်
.
.
အခုလက်ရှိ Nyakim က အသက် 25နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ့ကို “Queen Of The Dark” လို့နာမည်ပေးကြပါယတ်။ နာမည်ကြီး model တစ်ယောက်ဖြစ်ပြီး 1 နှစ်ဝင်ငွေ ဒေါ်လာ 700,000 အထက်ရှိနေပြီး လူအများစုသဘောကျနှစ်သက်တဲ့ အသားအရေထက် Nyakim ရဲ့ကြားရတဲ့လူတိုင်းသဘောကျနှစ်သက်မယ့် စိတ်ထားကို သဘောကျနှစ်သက်ကြပါတယ်။
.
.
Nyakim ကအမြဲတမ်းပြောပါတယ် ။ သူမဒီနေ့နေရာရောက်လာတယ်ဆိုတာက အမဖြစ်သူရဲ့စကားကြောင့်ပါ။ အရင်တုန်းက ကိုယ့်ကိုကိုယ်အထင်သေးပြီးလုံးဝကြိုက်နှစ်သက်ခြင်းမရှိရကနေ တဖြည်းဖြည်းကိုယ့်ကိုကိုယ်သဘောကျနှစ်သက်လာတယ်။ အခုဆိုရင် ကိုယ့်ကိုကိုယ် ၊ ကိုယ့်ဘဝကိုအရမ်းနှစ်သက်မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်တယ်လို့ပြောပါတယ်
.
.
Nyakim Gatwech ရဲ့အကြောင်းကိုနန်းဖတ်ရတဲ့ချိန်မှာ အရမ်းကိုနှစ်သက်ခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နန်းဘဝကိုရောင်ပြန်ဟပ်သလိုဖြစ်နေလို့ပါ။
နန်းယုံတာက နန်းတင်မကဘူး ၊ အခုဒီစာဖတ်နေတဲ့သူငယ်ချင်းအများစုလဲ
Nyakim Gatwech နဲ့ခပ်ဆင်ဆင် အတွေ့အကြုံလေးတွေ့ဖူးမှာပါ။
.
ဒီလိုနဲ့ ဝမ်းနည်းလားလို့မေးတဲ့သူတွေရှိမယ်။ အကယ်၍ နန်းကဝမ်းမနည်းဘူးလို့ပြောရင်တော့ လိမ်သလိုမျိုးဖြစ်နေမှာပါ။ ဒါကြောင့်တခါတလေတော့ဝမ်းနည်းပါတယ်
.
ဒါပေမဲ့ ဘာဖြစ်သွားလဲလို့မေးရင်တော့ ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ နန်းက Naykim လိုမျိုးကိုယ့်ကိုကိုယ်ချစ်တဲ့သူတစ်ယောက်ပါ။
.
ကိုယ့်ကိုကိုယ်တကယ်နှစ်သက်မြတ်နိုးခြင်းက ကိုယ်ကြိုက်နှစ်သက်တဲ့အရာကိုပိုပြီးတော့အချိန်ပေးနိုင်ပါလိမ့်မယ်
ကိုယ့်ဖြစ်တဲ့သဘာဝကိုကြိုက်နှစ်သက်တဲ့ချိန်ကြတော့ ဟန်ဆောင်စရာမလိုပဲကိုယ်လိုချင်တဲ့ဘဝကိုတည်ဆောက်လို့ရပါတယ်
.
.
ဒီတော့ ကိုယ်ဖြစ်ချင်တဲ့ဘဝကိုကိုယ်နေတဲ့ချိန်မှာ ကိုယ့်ကိုတွေ့တဲ့သူက လမ်း (၂) လမ်းပဲရွေးစရာရှိပါတယ်
တစ်လမ်းက ကိုယ့်ကိုသဘောကျနှစ်သက်မယ်။ နောက်တစ်မျိုးက ဆဲပြီးတော့ ကိုယ့်ဘဝထဲကနေထွက်သွားမယ်
.
.
နန်းတို့ဆီမှာလဲရွေးစရာ (၂) လမ်းပဲရှိပါတယ် ။ သူများပြောသလိုမျိုးလိုက်ပြီးတော့ ကိုယ့်ကိုကိုယ်အမြင်ကပ်အထင်သေးမယ်။ ပြီးတော့ နောက်တစ်လမ်းကတော့ ကိုယ့်ဖြစ်တဲ့အတိုင်းကိုယ့်ကိုကိုယ်ချစ်ခင်မြတ်နိုင်းတဲ့သူဖြစ်ရပါမယ်
.
.
ဒါကြောင့်လူတိုင်းမှာ အားနည်းချက်ရှိပါတယ်။ အဲ့ဒါကို နန်းက လူတိုင်းကိုယ့်ကိုကိုယ်ချစ်ပြီးမြတ်နိုးတတ်တဲ့သူတစ်ယောက်ဖြစ်စေချင်ပါတယ်။ ကိုယ်ချစ်တဲ့အရာကိုလုပ်သာလုပ်ပါ(သူများကိုတော့မထိခိုက်စေနဲ့ပေါ့) ။ ကိုယ်ဖြစ်ချင်သလိုမျိုးကိုယ့်ဘဝကိုတည်ဆောက်ပါ။
.
.
ဘဝလေးကတိုတိုလေးပါပဲ ကိုယ်မဟုတ်တဲ့အရာကိုဟန်ဆောင်ပြီးမနေပါနဲ့
ဟန်ဆောင်နေတယ်ဆိုရင် ကိုယ့်ကိုမကြိုက်တဲ့သူကို ကိုယ့်ဘေးနားမှာစုထားသလိုမျိုးပဲဖြစ်နေမှာပါ
ဟုတ်တယ်မလား?
.
.
#justpractice #mindset #skill
#marketing #digitalmarketing
#facebookmarketing #onlinecrouse
#success #inspiration #BlackBin
.
.
“နင်နဲနဲလေး သွား တွေတွေ့အောင် ပြုံးလိုက်အုံး ၊ ငါတို့နင့်ကိုရှာမတွေ့လို့ ဟားဟားဟား”
“နင့်အိမ်မှာ ချိုးဖို့ရေမရှိဘူးလား ၊ ဘာဖြစ်လို့အဲ့လောက်တောင် ကြည့်ရတာညစ်ပတ်နေသလဲ?”
“ဆရာမ ဘယ်သူနဲ့စကားပြောနေလဲ ၊ သမီးတို့သူ့ကိုမတွေ့ရလို့ ဟားဟားဟား”
.
.
ဒီစကားကတော့ Nyakim Gatwech လို့ခေါ်တဲ့အသက် 14 နှစ် Sudanese မိန်းကလေးတစ်ယောက် Sudanese စစ်ပြေးပြီး ပထမရက်ကျောင်းရောက်တဲ့ချိန်
.
တကယ်ဆိုရင် Nyakim က Sudan မှာစစ်ဒဏ်ကြောင့် အမေရိကန်ကိုထွက်လာခဲ့ပါတယ်။
.
.
သူ 14 နှစ်ကတည်းက အရွယ်နဲ့မညီအောင်တခြားသူတွေ
.
.
တစ်ရက်ကြတော့ ဆရာမက Nyakim ကိုမေးလိုက်ပါတယ်။ ကြီးလာရင်ဘာဖြစ်ချင်တာလဲ ?
ဒီချိန်ကြတော့ Nyakim က Model ဖြစ်ချင်တယ်လို့ပြောလိုက်တဲ
.
.
နောက်ဆုံး Nyakim ကပိုက်ဆံစုပြီးကိုယ့်အသားရေ
.
.
အဲ့ဒီည အစ်မဖြစ်သူက
“နင့်အသားအရေတွေပြောင်းလဲစရ
.
.
အဲ့ဒီညနောက်ပိုင်း Nyakim ကသူ့ကိုလှောင်ပြောင်တဲ့သူရိ
.
ဘာဖြစ်လို့လဲဆိုတော့ သူများကိုလှောင်ပြောင်တတ်တဲ
.
.
ဒီထက်ပိုတဲ့အချက်တစ်ချက်ကတေ
.
.
အိပ်မက်ကိုအကောင်အထည်ဖော်ဖိ
.
.
ပြောလိုက်ရင်ဘယ်သူကယုံမှာလဲ
Nyakim ရဲ့အသားအရေညိုမဲမှုက သူ့ရဲ့ Model လမ်းကြောင်းရဲ့ ပြဿနာမဟုတ်ပဲနဲ့ သူ့ရဲ့တောက်ပတဲ့သူများနဲ့မတ
.
.
အခုလက်ရှိ Nyakim က အသက် 25နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ့ကို “Queen Of The Dark” လို့နာမည်ပေးကြပါယတ်။ နာမည်ကြီး model တစ်ယောက်ဖြစ်ပြီး 1 နှစ်ဝင်ငွေ ဒေါ်လာ 700,000 အထက်ရှိနေပြီး လူအများစုသဘောကျနှစ်သက်တဲ့ အသားအရေထက် Nyakim ရဲ့ကြားရတဲ့လူတိုင်းသဘောကျန
.
.
Nyakim ကအမြဲတမ်းပြောပါတယ် ။ သူမဒီနေ့နေရာရောက်လာတယ်ဆိုတ
.
.
Nyakim Gatwech ရဲ့အကြောင်းကိုနန်းဖတ်ရတဲ့ခ
ဘာဖြစ်လို့လဲဆိုတော့ နန်းဘဝကိုရောင်ပြန်ဟပ်သလြို
နန်းယုံတာက နန်းတင်မကဘူး ၊ အခုဒီစာဖတ်နေတဲ့သူငယ်ချင်းအ
Nyakim Gatwech နဲ့ခပ်ဆင်ဆင် အတွေ့အကြုံလေးတွေ့ဖူးမှာပါ။
.
ဒီလိုနဲ့ ဝမ်းနည်းလားလို့မေးတဲ့သူတွေ
.
ဒါပေမဲ့ ဘာဖြစ်သွားလဲလို့မေးရင်တော့
.
ကိုယ့်ကိုကိုယ်တကယ်နှစ်သက်ြ
ကိုယ့်ဖြစ်တဲ့သဘာဝကိုကြိုက်
.
.
ဒီတော့ ကိုယ်ဖြစ်ချင်တဲ့ဘဝကိုကိုယ်
တစ်လမ်းက ကိုယ့်ကိုသဘောကျနှစ်သက်မယ်။
.
.
နန်းတို့ဆီမှာလဲရွေးစရာ (၂) လမ်းပဲရှိပါတယ် ။ သူများပြောသလိုမျိုးလိုက်ပြ
.
.
ဒါကြောင့်လူတိုင်းမှာ အားနည်းချက်ရှိပါတယ်။ အဲ့ဒါကို နန်းက လူတိုင်းကိုယ့်ကိုကိုယ်ချစ်
.
.
ဘဝလေးကတိုတိုလေးပါပဲ ကိုယ်မဟုတ်တဲ့အရာကိုဟန်ဆောင
ဟန်ဆောင်နေတယ်ဆိုရင် ကိုယ့်ကိုမကြိုက်တဲ့သူကို ကိုယ့်ဘေးနားမှာစုထားသလိုမျ
ဟုတ်တယ်မလား?
.
.
#justpractice #mindset #skill
#marketing #digitalmarketing
#facebookmarketing #onlinecrouse
#success #inspiration #BlackBin
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။