သူတို့ ဒီလောက်အထိ စွန့်လွှတ်ခဲ့ရတယ်
-------------------------- --------------------
Deception (ဥပါယ်တံမျဉ်)က မင်းသားရဲ့ငယ်သူငယ်
ချင်း Director of photography ရဲ့အစ်ကို ရေးထား
တာပါဖတ်ကြည့်ကြပါအုံး
...
အစကတော့ ကိုယ့်ညီအရင်းက DOP လုပ်တဲ့ရုပ်ရှင်းကားမို့ ပရိုမို့ ကူလုပ်ပေးမလို့ပဲ။ ခင်တဲ့ဘော်ဒါဂရုထဲသွားပြောေ တာ့ ကိုယ် ပရိုမို့ လုပ်စရာမလိုအောင်ကိုအဲ့ကားကို ကြည့်ဖို့စောင့်နေတဲ့သူတွေ ရှိကြောင်း..ရုပ်ရှင်ကြည့်ပ ရိတ်သတ်တွေကထွေလာ ကြည့်ပြီးက တည်းကကြည့်ချင်နေကြတာဖြစ်ြေ ကာင်း ပြောပြကြတာကြောင့် ဘာမှဝင်မရေးတော့ပဲ သူတို့ ပေ့ကိုပဲရှယ်ပေးလိုက်ဖြစ်တယ်..။
ခေါင်းဆောင်မင်းသားလုပ်တဲ့ ငယ်ပေါင်းဘော်ဒါရယ်..သူ့မဟေ သီဒါရိုက်တာရယ်
ကျနော့ညီရယ် သူတို့အကြောင်းကို သေချာသိတာကြောင့် သူတို့တွေ
ပေါင်းလုပ်ကြတဲ့ ကားဆိုတော့ သေချာပေါက် ကောင်းမယ်လို့ယုံကြည်ပြီးသားပါ..။
ဒါပေမယ့် ခုလိုမျိုးရီဗျူးရေးတာတွေကြ ည့်ပြီးတဲ့သူတွေက
ကောင်းတယ်လို့ ပြောကြတာတွေ ဖတ်ရတော့ ညီ့အတွက် အကိုတယောက်ရဲ့ ဝမ်းသာမှု့
မျိုးဖြစ်ရပါတယ်..။ သူငယ်ချင်းရဲ့ အောင်မြင်မှု့ ကို ဝမ်းသာတဲ့
ဘော်ဒါစိတ်တွေ ဖြစ်မိပါတယ်..။
ကျနော်ကိုယ်တိုင် မကြည့်ရသေးလို့.. ရုပ်ရှင်အကြောင်းတော့ ဘာမှ ရေးမှာမဟုတ်ပါဘူး..။ ရုပ်ရှင်နောက်ကွယ်ကနေ သူတို့ ဘာတွေ အနစ်နာခံပြီးလုပ်ကြလို့ ဒီလို ဖြစ်လာတယ်ဆိုတာလေးကိုသိသလော က်ပြောပြချင်တာပါ..။
တော်တော်များများက ဒါရိုက်တာရယ် DOP ရယ်က နယူးယောက် က ဖလင်ကျောင်း အသီးသီး ကနေ ကျောင်းပြီးကြတယ်..။ မင်းသားက အသံပိုင်းဆိုင်ရာအင်ဂျင်နီယာနဲ့ကျောင်းပြီးတယ်.ဒီလောက် ပဲ သိကြမှာပါ..။
ပထမဆုံး ကျနော်ညီဖြစ်တဲ့ မင်းနိုင် အကြောင်းပြောပြပါ့မယ်..။
ဒီအလုပ်ကိုသူလက်ခံမယ်ဆိုတုန်းက
သူတို့လင်မယား ၂ပတ် ၃ပတ် ဆက်တိုက် ကို ရန်ဖြစ်တဲ့ အထိဖြစ်ပါတယ်..။
ယူအက်မှာ လက်ရှိလုပ်နေတဲ့ ပရောဂျက်တွေကို ဖျက်လိုက်ရမယ်..အလုပ်အသစ်တွေကို
လက်မခံပဲ ရန်ကုန်ကို သားကွဲ မယားကွဲနဲ့ ၂လ ၃လလောက် သွားနေရတဲ့ကိစ ကို
မြန်မာမဟုတ်တဲ့ သူ့ အမျိုးသမီးက လက်မခံတာ မဆန်းပါဘူး..။ မက်လောက်စရာဝင်ငွေ
ရှိလို့လားဆိုတော့လဲ မဟုတ်ပြန်ဘူး..။ ဒါပေမယ့် သူတတ်ထားတဲ့ပညာ
သူလုပ်ချင်ရာအလုပ်ကို သူလိုမျိုး စိတ်ရင်းခံရှိတဲ့သူ ( ရုပ်ရှင်
လုပ်ငန်းကို တပိုင်တနိုင် တော်လှန်ရေးလုပ်တဲ့ သူပုန်တွေပေါ့) သူ့
ယုံကြည်ရတဲ့..သူလေးစားရတဲ့. .သူဘော်ဒါအရင်းတွေလဲဖြစ်တဲ့ ဇဏ်တို့ လင်မယားနဲ့စကားပြောဆိုပြီးတဲ့အချိန်မှာ သူ့အမျိုးသမီးက အတန်တန်တားရင်းကနေ သွားရိုက်ဖြစ်တယ်ဆိုပါတော့. .။ သွားရိုက်လိုက်တဲ့ နောက်ဆက်တွဲအကျိုးကတော့..သူ လက်ခံထားတဲ့ ပရောဂျက် ၃ခုလောက် ဖျက်လိုက်ရတယ်.. သူနဲ့တွဲလုပ်တဲ့ ဒါရိုက်တာတွေက သူမရိုက်နိုင်တော့ နောက် လူတွေကိုရှာလိုက်ပြီးသူ့နေရာကိုအစားထိုးလိုက်တာပေါ့..။ ဒါတွေက တခြားလူတွေကြည့်ရင် အသေးအဖွဲ ဖြစ်ရိုးဖြစ်စဉ်လို့ထင်ရပေမ ယ့် လူကုံတန် မဟုတ်တဲ့ လူလတ်တန်းစား သူ့အတွက်ကတော့ မဟာစွန့်စားမှု့ကြီးပါ..။ဒြီ ပန်လာလို့ သူ့ အရင် သူဌေးက အလုပ်ပြန်မခေါ်ရင် ထမင်းအိုးကွဲမဲ့ကိန်းပါ..။ဒါကတော့ သူရဲ့ ယုံကြည်မှု့နဲ့ရူးသွပ်မှု့..။
သူထက်ပိုပြီး ရူးသွပ်တဲ့လင်မယားလဲရှိပါသေးတယ်..။
ခေတ်သစ် ဘုရင်နောင်ဖောင်ဖျက်ဆိုတာ ဒီလင်မယားမှ အစစ်. ဒီဖက်မှာ
အခြေကျပြီးသား လုပ်အကိုင် အတည်တကျဖြစ်ပြီးသား ကနေ သူတို့ရဲ့ အိပ်မက်တွေကို
လက်တွေ အကောင်အထည်ဖော်ဖို့ ပြည်တော်ပြန်သွားကြတဲ့သူတွေ ပါ..။
ယူအက်ကနေ ပြည်တော်ပြန်တဲ့သူ အများစုက ပြည်တော်ပြန်တယ် ဆိုတာ..မိဘက
လုပ်ချင်ရာလုပ်ဖို့ ငွေထုတ်ကအဆင်သင့် အလုပ်အကိုင်ကအဆင်သင့်
နေစရာအဆင်သင့်တွေ မို့ ပြန်တာပါ..။ ဒီဖက်ကိုအသက် ၁၄-၁၅ နှစ်လောက်ထဲက
ရောက်နေပြီး ဘဝရဲ့ တဝက်ကျော်ကို နယူးယောက်မှာပဲ မိသားစုလိုက် အခြေတကျ
ဖြစ်နေပြီးတဲ့ ရှိနေတဲ့သူအတွက် ပြည်တော်ပြန်တယ်..ဆိုတာတော့ ဖောင်ဖျက်ပြီးမှပြန်ရတာပါ.. ။ ကိုယ့်ဆွေမျိုးသားချင်းတွေအ ကုန်နီးပါးက
ယူအက်မှာ.. ဒီလိုအခြေအနေကနေပြန်ရတာ... စီးပွားလုပ်ဖို့ ၊ အလုပ်
အကိုင်ကောင်းလို့ တို့ မဟုတ်ဘူး.. သူတို့ရဲ့ ရင်ဘတ်ထဲက စေတနာ
တတ်ထားတဲ့ပညာတွေနဲ့ ပရိတ်သတ်ကြီးကိုသူတို့ရဲ့ အနုပညာတွေ ချပြပေးဖို့..။
တနည်းပြောရရင် ပရိတ်သတ်တွေ အားပေးမှ အလုပ်ဖြစ်မဲ့အနုပညာနယ်ပယ်ထဲ ကိုဝင်ဖို့..။ တော်တော်ကြီးကို စွန့်စားပြီးမှပြန်ရတာ..။ ပြန်သွားတာ ၉ နှစ်လောက်ရှိပြီဆိုတော့ ၁၀ စုနှစ်တခုနီးပါးဆိုပါတော့.. ။
၁၀ စုနှစ်ထဲမှာ သူတို့ဘာတွေ ကြံကြံခံ ရင်ဆိုင်ခဲ့ရလဲ..ဘာတွေ ပေးဆပ်ခဲ့ရလဲ
ဆိုတာ လူရင်းတချို့ပဲ သိကြတာ..။ မသိတဲ့သူကတော့ သူတို့ စုမိဆောင်းမိပြီ
အလုပ်ဖြစ်နေပြီ ငွေ တွေ သောက်သောက်လဲရနေပြီလို့ ထင်နေမှာပဲ..။ ပေါ်ပင်တွေ
ရိုက်ဖို့.. ၂ ပတ်တကားနှုန်းရိုက်ဖို့ တွေ ကမ်းလှမ်းခံရတာပဲ...။ အလုပ်ကို
အလုပ်နဲ့ တူအောင်ပီပီပြင်ပြင်လုပ်တတ် တဲ့ သူတို့အတွက်တော့ အလုပ်ကောင်းက ရှားနေဆဲပါ..။ ဒီကြားထဲ ဘယ်လိုရပ်တည်ခဲ့ရသလဲ..။ ဘယ်လိုတောင့်ခံခဲ့ရလဲ..။ ဒါတွေ ကျ သိသူရှားပါတယ်..။
ငွေကြေးကိစကို မကြည့်ပဲ လူမှု့ရေးဖက်ကကြည့်မလား.. သူတို့ ရဲ့ သားဦး ရင်သွေးလေး လသားအရွယ်မှာပဲ နှလုံးရောဂါနဲ့ဆုံးပါးခဲ့တယ်..။
( သူတို့တွေသာ ယူအက်မှာသာရှိနေရင် ကလေးလေး အသက်ဆက်နိုင်မယ်လို့ထင်တယ် (
သင်္ကြန်တွင်းကြီးဖြစ်လို့ ဆရာဝန်မစုံ ခွဲစိတ်ပစည်းမစုံ
အစစအ၇ာရာမပြည့်စုံတာတွေကြော င့် တိမ်းပါးသွားတယ်လို့ပဲ ဆိုရမလား.. )
သားတယောက် ကို နောက်ကွယ်ကနေ အမြဲ ပံ့ပိုးပေးနေပြီး သားအောင်မြင်တာကို အရမ်းတွေ့ချင်မြင်ချင်ခဲ့တဲ့ 
ဖခင်တယောက်ရဲ့ နောက်ဆုံးအချိန်မှာ သားက အဝေးကနေပဲ
ပူဆွေးသောကရောက်ခဲ့ရတာတွေ ဒါတွေက သူတို့ပေးဆပ်ခဲ့တာတွေရဲ့
အစိတ်အပိုင်းလေးတွေပေါ့..။
အောင်မြင်လာမှသာ ဒီကောင်တွေ အောင်မြင်တယ်ကွဆိုပြီး ဝန်းရံတဲ့သူတွေ များကြတာ..။ မအောင်မြင်ခင် ဘယ်သူမှ အဖက်လုပ်ကြတာမဟုတ်ဘူးဗျ..။
ကျနော်ကတော့ သူတို့ အကြောင်းကို ဇတ်လမ်းတပုဒ်ရေးပြီး သူတို့ကိုယ်တိုင် ရုပ်ရှင်ဇတ်ကားအဖြစ် ပြန်ရိုက်သင့်တယ်လို့မြင်တယ်..။ လူတွေ ကြားထဲက လူဇတ်လမ်းစစ်စစ်တပုဒ်ဖြစ်လာ မှာမို့..တခြားလူတွေ
အားကျစရာ အတုယူစရာ.. မလျှော့တဲ့ဇွဲ နဲ့ လုပ်ရင် တနေ့ကျရင် နေရာမှန်
တနေရာရလာမယ်ဆိုတဲ့ သင်ခန်းစာပါပေးလို့ရတာမို့ပါ..။
တမန်လွန် ရောက်သွားပြီဖြစ်တဲ့ မင်းအဖေသာ ခုချိန် သက်ရှိထင်ရှားရှိသေးရင် မင်းအောင်မြင်တာကို မြင်တွေ့ပြီး မိန့်မိန့်ကြီးနဲ့ ပြုံးပြီး ကျေနပ်လိမ့်မယ်လို့ထင်တယ်စိုးချမ်းရာ....။
Credit to ဇီးကွက်
--------------------------
Deception (ဥပါယ်တံမျဉ်)က မင်းသားရဲ့ငယ်သူငယ်
ချင်း Director of photography ရဲ့အစ်ကို ရေးထား
တာပါဖတ်ကြည့်ကြပါအုံး
...
အစကတော့ ကိုယ့်ညီအရင်းက DOP လုပ်တဲ့ရုပ်ရှင်းကားမို့ ပရိုမို့ ကူလုပ်ပေးမလို့ပဲ။ ခင်တဲ့ဘော်ဒါဂရုထဲသွားပြောေ
ခေါင်းဆောင်မင်းသားလုပ်တဲ့ ငယ်ပေါင်းဘော်ဒါရယ်..သူ့မဟေ
ဒါပေမယ့် ခုလိုမျိုးရီဗျူးရေးတာတွေကြ
ကျနော်ကိုယ်တိုင် မကြည့်ရသေးလို့.. ရုပ်ရှင်အကြောင်းတော့ ဘာမှ ရေးမှာမဟုတ်ပါဘူး..။ ရုပ်ရှင်နောက်ကွယ်ကနေ သူတို့ ဘာတွေ အနစ်နာခံပြီးလုပ်ကြလို့ ဒီလို ဖြစ်လာတယ်ဆိုတာလေးကိုသိသလော
တော်တော်များများက ဒါရိုက်တာရယ် DOP ရယ်က နယူးယောက် က ဖလင်ကျောင်း အသီးသီး ကနေ ကျောင်းပြီးကြတယ်..။ မင်းသားက အသံပိုင်းဆိုင်ရာအင်ဂျင်နီယ
ပထမဆုံး ကျနော်ညီဖြစ်တဲ့ မင်းနိုင် အကြောင်းပြောပြပါ့မယ်..။
ဒီအလုပ်ကိုသူလက်ခံမယ်ဆိုတုန
သူထက်ပိုပြီး ရူးသွပ်တဲ့လင်မယားလဲရှိပါသေ
ငွေကြေးကိစကို မကြည့်ပဲ လူမှု့ရေးဖက်ကကြည့်မလား.. သူတို့ ရဲ့ သားဦး ရင်သွေးလေး လသားအရွယ်မှာပဲ နှလုံးရောဂါနဲ့ဆုံးပါးခဲ့တယ
သားတယောက် ကို နောက်ကွယ်ကနေ အမြဲ ပံ့ပိုးပေးနေပြီး သားအောင်မြင်တာကို အရမ်းတွေ့ချင်မြင်ချင်ခဲ့တဲ
အောင်မြင်လာမှသာ ဒီကောင်တွေ အောင်မြင်တယ်ကွဆိုပြီး ဝန်းရံတဲ့သူတွေ များကြတာ..။ မအောင်မြင်ခင် ဘယ်သူမှ အဖက်လုပ်ကြတာမဟုတ်ဘူးဗျ..။
ကျနော်ကတော့ သူတို့ အကြောင်းကို ဇတ်လမ်းတပုဒ်ရေးပြီး သူတို့ကိုယ်တိုင် ရုပ်ရှင်ဇတ်ကားအဖြစ် ပြန်ရိုက်သင့်တယ်လို့မြင်တယ
တမန်လွန် ရောက်သွားပြီဖြစ်တဲ့ မင်းအဖေသာ ခုချိန် သက်ရှိထင်ရှားရှိသေးရင် မင်းအောင်မြင်တာကို မြင်တွေ့ပြီး မိန့်မိန့်ကြီးနဲ့ ပြုံးပြီး ကျေနပ်လိမ့်မယ်လို့ထင်တယ်စိ
Credit to ဇီးကွက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။