ဘယ်သူမှားနေတာလဲ
ကူညီခဲ့ပေးဖူးတဲ့ ညီမလေးတစ်ယောက်နဲ့
ပြန်ဆုံတယ်..
သူက တက္ကသိုလ် Final မှာ ကိုယ်ဝန်ရသွားတယ်..
ကောင်လေးက တာဝန်မယူဘူး..
နိုင်ငံခြားကို ထွက်ပြေးသွားတယ်..
ကျောင်း တစ်နှစ်နားပြီး ကလေးမွေးတယ်..
" ကလေးကို အကို့ဆီထားခဲ့..သွား..
အိမ်ပြန်...ကျောင်းပြန်တက်.." ဆိုတော့ သူငိုတယ်..
အမေက သူ့ကိုပြန်လက်မခံဘူးတဲ့..
သူတို့က အမေတစ်ခု သမီးတစ်ခုရယ်..
"သွားမှာသာ သွားစမ်းဘာဟယ်..
နင့်အမေ နင့်ကို မသတ်ဘူး..စိတ်ချ.."
သူ အားတင်းပြီး အိမ်ကိုပြန်သွားတယ်..
သူထင်ထားသလိုပဲ သူ့အမေက သူ့ကို
မခေါ်ဘူး..လုံးဝမခေါ်ဘူး..
ထားတော့..
(သူကျောင်းပြန်တက်ဖို့ စရိတ် ကျွန်တော်
လှမ်းထောက်ပံ့တယ်..)
သူကျောင်းပြီးသွားတယ်..
အလုပ်ဝင်သွားတယ်..
ဒါ ကိုယ်သိထားတဲ့အပိုင်း..
အခု ပြန်တွေ့ကြတယ်..
သူ့ပုံစံကြည့်ထဲက တစ်ခုခု မှားနေပြီ..
မေးကြည့်တော့ သူအိမ်မှာနေနေတာ မဟုတ်ဘူး..
သူ့အမေက သူ့ကို အိမ်ပေါ်က နှင်ချထားတာ ကြာပြီ..
ရှက်လို့တဲ့..
ပတ်ဝန်းကျင်မှာ သူ့ကြောင့် သူ့အမေ အရှက်ရတယ်ပေါ့..
အဲဒါကြောင့် သူ့ကို အိမ်ပေါ်က နှင်ချထားတာ..
သူအမှားတစ်ခုလုပ်မိတိုင်း
သူ့ရဲ့ အတိတ်ကိုပြန်ဖော်ပြီး ဆူတယ်..
နောက်ဆုံး အိမ်ပေါ်က နှင်ချတယ်..
အခု သူက အဆောင်မှာ နေနေတယ်..
အလုပ်ကလည်း ပင်ပန်း ၊
မိဘကလည်း ပစ်ထားတာဆိုတော့
လုံးဝကို ဒေါင်းခါနီး သံပတ်ရုပ်လိုပဲ..
မျှော်လင့်ချက်မဲ့ပြီး အားကုန် ဖြူဖျော့နေတာပဲ..
(စိတ်မကောင်းလိုက်တာလေ ..)
ဒီပိုစ့်က သမီးမွေးထားတဲ့ မိဘတွေအတွက်
ရည်ရွယ်ပါတယ်..
ကိုယ့်သမီးဟာ
ဘ၀ရဲ့ အမှား အယွင်းတစ်ခုကြောင့် ကိုယ်ဝန်ရသွားပြီး
ကလေးမွေးတယ်..တာဝန်ယူသူ ကမရှိဘူး..
ဒါပေမဲ့ သူ့ဘ၀ကို အရှုံးမပေးဘဲ ကြိုးစားနေတယ်..
ကိုယ်ကပါ ဘာလို့သူ့ကို စိတ်ဒဏ်ရာတွေ ပေးနေမှာလဲ..
သူများပစ္စည်းခိုးလို့လား..
သူများ လင်လုလို့လား..
တာဝန်ယူသူမရှိဘဲ
(မြန်မာတွေ ပြောပြောနေကျ လင်ကောင်မပေါ်ဘဲ
ကလေးမွေးတာ..) အပြစ်တစ်ခုလို့
ဘယ်ဘုရားမှ ဟောမထားဘူး..
ဗုဒ္ဓပေတံနဲ့ပဲ တိုင်းကြည့်..
ကလေးဖျက်ချတာကမှ ဘာသာရေးအရ တားမြစ်
ထားသေးတယ်..
ကိုယ့်သားသမီး လက်ကိုဆွဲလို့ ဘ၀ကိုရဲရဲရင့်ရင့်
ရင်ဆိုင်မယ့် ဒီ Single Mother သမီးတွေကို
မိဘတွေက ဘာလို့ ခွင့်မလွှတ်နိုင်ရမှာလဲ..
ဘာလို့ မဖေးမနိုင်ကြတာလဲ..
ဗုဒ္ဓဘာသာနိုင်ငံတဲ့..
ယဉ်ကျေးတဲ့ နိုင်ငံတဲ့..
မေတ္တာတရားကြီးတဲ့ နိုင်ငံတဲ့..
တစ်ခါ တစ်လေ..ရီချင်တယ်ကွယ်. .
ဟိုး ရိုင်းစိုင်းပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေမှာ
Single Mother တွေဟာ အပျိုတွေထက်တောင်
လူအများရိုသေလေးစားမှုကို ရကြသေးတယ်..
ဒီနိုင်ငံမှာတော့ Single Mother ဆိုတာ
အများက ၀ိုင်းကျဉ်စရာ ၊
မိဘကို သိက္ခာချသူ ၊
အလုပ်ရဖို့ ခက်ခဲသူ ၊
သွေးတိုးစမ်းချင်စရာ စော်တစ်ပွေ ....
ဒါ့အပြင်မပိုဘူး..
မွေးကင်းစ ကလေးငယ်တွေ လမ်းဘေး အမှိုက်ပုံမှာ
ချက်ကြိုးတန်းလန်းနဲ့ လာပစ်ထားတာတွေ့ရင်
ကျွန်တော်တို့ အရင်ဆုံးဆဲတဲ့ အသံက
"စောက်ကောင်မတွေ ဖင်သရမ်းတုန်းက သရမ်းပြီး
ဗိုက်ကြီးတော့ ကလေးကို တာဝန်မယူဘူး.."
အဲ့ဒီလိုမျိုး
ခင်ဗျားလည်း ဆဲသလို..ကျွန်တော်လည်း ဆဲခဲ့မိပါတယ်..
ကဲဗျာ..
တာဝန်ယူသူက ရှောင်ခွာသွားလို့
အခက်အခဲတွေမျိုးစုံနဲ့ ကလေးကိုမွေးပြီး
မိခင်စိတ်အပြည့်နဲ့ ကလေးလက်ကိုဆွဲလို့
လူ့လောကမှာ ပြန်ရပ်တည်မယ့် Single Mother
ညီမလေးတွေကိုရော ခင်ဗျားတို့ ကျွန်တော်တို့
ဖေးမရဲ့လား..
စာနာရဲ့လား..
ကူညီကြရဲ့လား..
အားပေးကြရဲ့လား..
(ကိုယ်မွေးခဲ့တဲ့ ကလေးကို
လမ်းဘေးမှာ လွှင့်ပစ်ရလောက်တဲ့ စိတ်ယုတ်မာတွေ
ဒီမိခင်မှာ ကိန်းအောင်းလာအောင်
ဘာတွေက တွန်းပို့နေတာလဲ..)
ဘေးသူစိမ်းတွေ မပြောပါနဲ့လေ..
မိဘအရင်းတွေကပါ မိဘမျက်နှာ အိုးမည်းသုတ်တဲ့သမီး
ဆိုပြီး ကျဉ်ထားကြသေးတာပဲ..
ဒီစော်ကြီးက ကိုယ်ဝန်ဖျက်ချထားတာကွ..
မသကာ ၀ိုင်းကဲ့ရဲ့နိုင် ၁လ..၁နှစ် အလွန်ဆုံး..
(အချိန်တန်ရင် လင်ကောင်း သားကောင်း
ရနိုင်သေးတယ်..)
ဒီစော်ကြီးက လင်ကောင်မပေါ်ဘဲ ကလေးမွေးထားတာဟေ့..
သွားပြီ..တစ်သက်လုံး..
အထင်အသေးခံရပြီ..တစ်သက် လုံး..
ဘယ်လောက်လွဲလိုက်တဲ့ ယဉ်ကျေးမှုတွေလဲ..
ကျွန်တော့်သမီးသာ ဒီလိုမျိုးကြုံခဲ့ရင်လေ..
ကျွန်တော် သူ့ကို ခွင့်လွှတ်မယ်..
လုံးဝ မဆူဘူး..
ကျွန်တော် အသုံးမကျခဲ့လို့ သမီး ဗိုက်ကြီးတာ..
(ကျွန်တော် ဆုံးမမှု ညံ့ဖျင်းခဲ့လို့သာ သမီးဗိုက်ကြီးတာ..)
ဒါကြောင့်
သမီးကို ကျွန်တော် ဖေးမမယ်..အားပေးမယ်..
သမီး တစ်ခါ နစ်ပြီးပြီလေ..နှစ်ခါ အနစ်မခံတော့ဘူး..
သူ့ကို
ဘ၀မှာ နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးမယ်..
ဒါပါပဲ..
ကိုစိုးထိုက်(ဖဒို)
ကူညီခဲ့ပေးဖူးတဲ့ ညီမလေးတစ်ယောက်နဲ့
ပြန်ဆုံတယ်..
သူက တက္ကသိုလ် Final မှာ ကိုယ်ဝန်ရသွားတယ်..
ကောင်လေးက တာဝန်မယူဘူး..
နိုင်ငံခြားကို ထွက်ပြေးသွားတယ်..
ကျောင်း တစ်နှစ်နားပြီး ကလေးမွေးတယ်..
" ကလေးကို အကို့ဆီထားခဲ့..သွား..
အိမ်ပြန်...ကျောင်းပြန
အမေက သူ့ကိုပြန်လက်မခံဘူးတဲ့..
သူတို့က အမေတစ်ခု သမီးတစ်ခုရယ်..
"သွားမှာသာ သွားစမ်းဘာဟယ်..
နင့်အမေ နင့်ကို မသတ်ဘူး..စိတ်ချ.."
သူ အားတင်းပြီး အိမ်ကိုပြန်သွားတယ်..
သူထင်ထားသလိုပဲ သူ့အမေက သူ့ကို
မခေါ်ဘူး..လုံးဝမခေါ်ဘူး..
ထားတော့..
(သူကျောင်းပြန်တက်ဖို့ စရိတ် ကျွန်တော်
လှမ်းထောက်ပံ့တယ်..)
သူကျောင်းပြီးသွားတယ်..
အလုပ်ဝင်သွားတယ်..
ဒါ ကိုယ်သိထားတဲ့အပိုင်း..
အခု ပြန်တွေ့ကြတယ်..
သူ့ပုံစံကြည့်ထဲက တစ်ခုခု မှားနေပြီ..
မေးကြည့်တော့ သူအိမ်မှာနေနေတာ မဟုတ်ဘူး..
သူ့အမေက သူ့ကို အိမ်ပေါ်က နှင်ချထားတာ ကြာပြီ..
ရှက်လို့တဲ့..
ပတ်ဝန်းကျင်မှာ သူ့ကြောင့် သူ့အမေ အရှက်ရတယ်ပေါ့..
အဲဒါကြောင့် သူ့ကို အိမ်ပေါ်က နှင်ချထားတာ..
သူအမှားတစ်ခုလုပ်မိတိုင်
သူ့ရဲ့ အတိတ်ကိုပြန်ဖော်ပြီး ဆူတယ်..
နောက်ဆုံး အိမ်ပေါ်က နှင်ချတယ်..
အခု သူက အဆောင်မှာ နေနေတယ်..
အလုပ်ကလည်း ပင်ပန်း ၊
မိဘကလည်း ပစ်ထားတာဆိုတော့
လုံးဝကို ဒေါင်းခါနီး သံပတ်ရုပ်လိုပဲ..
မျှော်လင့်ချက်မဲ့ပြီး အားကုန် ဖြူဖျော့နေတာပဲ..
(စိတ်မကောင်းလိုက်တာလေ
ဒီပိုစ့်က သမီးမွေးထားတဲ့ မိဘတွေအတွက်
ရည်ရွယ်ပါတယ်..
ကိုယ့်သမီးဟာ
ဘ၀ရဲ့ အမှား အယွင်းတစ်ခုကြောင့် ကိုယ်ဝန်ရသွားပြီး
ကလေးမွေးတယ်..တာဝန်ယူသူ
ဒါပေမဲ့ သူ့ဘ၀ကို အရှုံးမပေးဘဲ ကြိုးစားနေတယ်..
ကိုယ်ကပါ ဘာလို့သူ့ကို စိတ်ဒဏ်ရာတွေ ပေးနေမှာလဲ..
သူများပစ္စည်းခိုးလို့လား..
သူများ လင်လုလို့လား..
တာဝန်ယူသူမရှိဘဲ
(မြန်မာတွေ ပြောပြောနေကျ လင်ကောင်မပေါ်ဘဲ
ကလေးမွေးတာ..) အပြစ်တစ်ခုလို့
ဘယ်ဘုရားမှ ဟောမထားဘူး..
ဗုဒ္ဓပေတံနဲ့ပဲ တိုင်းကြည့်..
ကလေးဖျက်ချတာကမှ ဘာသာရေးအရ တားမြစ်
ထားသေးတယ်..
ကိုယ့်သားသမီး လက်ကိုဆွဲလို့ ဘ၀ကိုရဲရဲရင့်ရင့်
ရင်ဆိုင်မယ့် ဒီ Single Mother သမီးတွေကို
မိဘတွေက ဘာလို့ ခွင့်မလွှတ်နိုင်ရမှာလဲ..
ဘာလို့ မဖေးမနိုင်ကြတာလဲ..
ဗုဒ္ဓဘာသာနိုင်ငံတဲ့..
ယဉ်ကျေးတဲ့ နိုင်ငံတဲ့..
မေတ္တာတရားကြီးတဲ့ နိုင်ငံတဲ့..
တစ်ခါ တစ်လေ..ရီချင်တယ်ကွယ်.
ဟိုး ရိုင်းစိုင်းပါတယ်ဆိုတဲ့
Single Mother တွေဟာ အပျိုတွေထက်တောင်
လူအများရိုသေလေးစားမှုကို ရကြသေးတယ်..
ဒီနိုင်ငံမှာတော့ Single Mother ဆိုတာ
အများက ၀ိုင်းကျဉ်စရာ ၊
မိဘကို သိက္ခာချသူ ၊
အလုပ်ရဖို့ ခက်ခဲသူ ၊
သွေးတိုးစမ်းချင်စရာ စော်တစ်ပွေ ....
ဒါ့အပြင်မပိုဘူး..
မွေးကင်းစ ကလေးငယ်တွေ လမ်းဘေး အမှိုက်ပုံမှာ
ချက်ကြိုးတန်းလန်းနဲ့ လာပစ်ထားတာတွေ့ရင်
ကျွန်တော်တို့ အရင်ဆုံးဆဲတဲ့ အသံက
"စောက်ကောင်မတွေ ဖင်သရမ်းတုန်းက သရမ်းပြီး
ဗိုက်ကြီးတော့ ကလေးကို တာဝန်မယူဘူး.."
အဲ့ဒီလိုမျိုး
ခင်ဗျားလည်း ဆဲသလို..ကျွန်တော်လည်း ဆဲခဲ့မိပါတယ်..
ကဲဗျာ..
တာဝန်ယူသူက ရှောင်ခွာသွားလို့
အခက်အခဲတွေမျိုးစုံနဲ့ ကလေးကိုမွေးပြီး
မိခင်စိတ်အပြည့်နဲ့ ကလေးလက်ကိုဆွဲလို့
လူ့လောကမှာ ပြန်ရပ်တည်မယ့် Single Mother
ညီမလေးတွေကိုရော ခင်ဗျားတို့ ကျွန်တော်တို့
ဖေးမရဲ့လား..
စာနာရဲ့လား..
ကူညီကြရဲ့လား..
အားပေးကြရဲ့လား..
(ကိုယ်မွေးခဲ့တဲ့ ကလေးကို
လမ်းဘေးမှာ လွှင့်ပစ်ရလောက်တဲ့ စိတ်ယုတ်မာတွေ
ဒီမိခင်မှာ ကိန်းအောင်းလာအောင်
ဘာတွေက တွန်းပို့နေတာလဲ..)
ဘေးသူစိမ်းတွေ မပြောပါနဲ့လေ..
မိဘအရင်းတွေကပါ မိဘမျက်နှာ အိုးမည်းသုတ်တဲ့သမီး
ဆိုပြီး ကျဉ်ထားကြသေးတာပဲ..
ဒီစော်ကြီးက ကိုယ်ဝန်ဖျက်ချထားတာကွ..
မသကာ ၀ိုင်းကဲ့ရဲ့နိုင် ၁လ..၁နှစ် အလွန်ဆုံး..
(အချိန်တန်ရင် လင်ကောင်း သားကောင်း
ရနိုင်သေးတယ်..)
ဒီစော်ကြီးက လင်ကောင်မပေါ်ဘဲ ကလေးမွေးထားတာဟေ့..
သွားပြီ..တစ်သက်လုံး..
အထင်အသေးခံရပြီ..တစ်သက်
ဘယ်လောက်လွဲလိုက်တဲ့ ယဉ်ကျေးမှုတွေလဲ..
ကျွန်တော့်သမီးသာ ဒီလိုမျိုးကြုံခဲ့ရင်လေ..
ကျွန်တော် သူ့ကို ခွင့်လွှတ်မယ်..
လုံးဝ မဆူဘူး..
ကျွန်တော် အသုံးမကျခဲ့လို့ သမီး ဗိုက်ကြီးတာ..
(ကျွန်တော် ဆုံးမမှု ညံ့ဖျင်းခဲ့လို့သာ သမီးဗိုက်ကြီးတာ..)
ဒါကြောင့်
သမီးကို ကျွန်တော် ဖေးမမယ်..အားပေးမယ်..
သမီး တစ်ခါ နစ်ပြီးပြီလေ..နှစ်ခါ အနစ်မခံတော့ဘူး..
သူ့ကို
ဘ၀မှာ နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးမယ်..
ဒါပါပဲ..
ကိုစိုးထိုက်(ဖဒို)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။