ဈေးရောင်းနည်း
တလောက အန်ကယ်လ်ဦးမျိုးသိန်းရဲ့ မျိုးသိန်းအီလက်ထရောနစ် အရောင်းကိုယ်စားလှယ်ကြီးများ ဆုချီးမြှင့်ပွဲ လက်ခုပ်တီးဖို့ နေပြည်တော်ရောက်ခဲ့တယ်။တကူးတက ဖိတ်ကြားပေးတဲ့အန်ကယ့်လ်ကြောင့် နေပြည်တော် Hilton မှာဇိမ်ကျကျနေဖြစ်ခဲ့တယ်။ကိုယ်ပိုင်ဧည့်ခန်းလေးပါတဲ့ အိပ်ခန်းလေးနဲ့ပေါ့... မိုက်တယ်ဟုတ်..။
ခင်းကျင်းပြသထားတဲ့ ပစ္စည်းများအားလုံးဆွဲဆောင်မှုကောင်းသဗျ။ခြွင်းချက်..မော်ဒယ်လ်လေးများမပါ။အဲဒီမှာ ဆော်ဒီကလာတဲ့ ဆရာနဲ့ ဈေးရောင်းနည်းလေး သင်ဖြစ်ခဲ့တယ်။
ဈေးရောင်းတာများဘာဆန်းလို့လဲပေါ့..။နိုင်ငံခြားကလူ ခေါ်ပြီး သင်ပေးရအောင် ..စိတ်ထဲကပြောနေမိတယ်။ကိုယ့်အရောင်းသမားဘ၀ ဆယ်စုနှစ်တခုမကပြီ။သိပ်စိတ်မ၀င်စားပေမယ့် ထပြန်ဖို့ မကောင်းလို့ဆက်တက်ဖြစ်တယ်။သင်လို့လည်းပြီးရော ပွဲစီစဉ်သူ အန်ကယ်လ် ဦးမျိုးသိန်းကိုကျေးဇူးတင်ရတော့တာပဲဗျို့...။အသိပညာမျှဝေပေးချင်တဲ့စိတ်ကလေး လေးစားမိတယ်ဗျ။သိပေမယ့် မလုပ်ဖြစ်တာတွေက အများကြီးဗျ။
ပထမဆုံး... ဈေးဝယ်ဝင်လာရင် မျက်လုံးချင်းဆုံအောင်ကြည့် ပြုံးပြ ရည်မွန်ပါစေ။သူ စိတ်မကျဉ်းကြပ်စေနဲ့..။
ဒုတိယ..အရေးမကြီးတဲ့ စကားစမြည်ပြော ရာသီဥတု အလုပ်အကိုင်အခြေအနေစသဖြင့် မိတ်ဆွေတွေဆုံရင်နှုတ်ဆက်သလိုမျိုးပေါ့။ပြီးမှအရောင်းကစမှာ.. ဈေးမြှင့်တဲ့ထုတ်ကုန်တွေကစပြရင်ပိုအဆင်ပြမယ်။အရည်အသွေးကောင်းတော့ သူ့စိတ်ကျေနပ်မှုကိုဖြစ်စေတာပေါ့။သေချာရှင်းပြလေ ဈေးဝယ်ကို ဆွဲဆောင်နိုင်လေပါပဲ။နှစ်မိနစ် သုံးမိနစ်လောက်ပဲရှင်းပြပါ။မငြီးငွေ့သွားအောင်ပါဗျား။
တတိယ...ဈေးဝယ်ကို ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီး သူလိုချင်တဲ့အချက်တွေ လှည့်ပတ်မေးပြီး ဘယ်လို ကုန်ပစ္စည်း နဲ့သူအဆင်ပြေမလဲ။ဘာရောင်းပေးရမလဲဆန်းစစ်ပါ။ဈေးဝယ်ပြောစကားသေချာနားထောင်ပေးပါ။ယုံကြည်မှုတည်ဆောက်ပါ။
စတုတ္ထ...ကိုယ့်ကုန်ပစ္စည်းကို ရှင်းပြတဲ့အခါ တခြားတံဆိပ်တွေမှာမပါတဲ့ တခြားတံဆိပ်တွေနဲ့မတူတဲ့အချက်တွေကို သုံး လေးချက်ထက် မပိုအောင်ရှင်းပြပါ။ကုန်ပစ္စည်းရဲ့ လုပ်ဆောင်ချက်တွေကို သေချာရှင်းပြရင်း ဈေးဝယ်ကျေနပ်ပြီး ကိုယ့်ဖက်ကို စိတ်ယိုင်လာပါစေ။
ပဉ္စမ...ကိုယ့်ကုန်ပစ္စည်းနဲ့ တခြားအမှတ်တံဆိပ်ကုန်ပစ္စည်း နှိုင်းယှဉ်ပြတဲ့အခါ ကိုယ်ရောင်းမယ့် ကုန်ပစ္စည်းက စံမီကြောင်း ဈေးဝယ်စိတ်မှာသေချာပါစေ။ယှဉ်ပြမယ့် ပစ္စည်းနဲ့ မိမိရောင်းမယ့်ပစ္စည်းတွေရဲ့ အားသာချက်အားနည်းချက်တွေကိုသိမှအဆင်ပြေအောင်ဆွဲဆောင်နိုင်ပါမယ်။ကိုယ့် ကုန်ပစ္စည်းကို အပြစ်မပြောမိပါစေနဲ့။
ဆဌမ...ဈေးဝယ်က ၀ယ်ဖို့ဝန်လေးနေရင် ဇွတ်မရောင်းပါနဲ့။ပါးနပ်စွာဆွဲခေါ်ပါ။ထိုင်ခုံလေးပေးပြီး
ခဏထိုင်ခိုင်းပါ။ပြီးမှ သူ့လက်ထဲ ကုန်ပစ္စည်းနဲ့ပတ်သက်တာ တခုခု
စမ်းသပ်ကြည့်ဖို့ ထည့်ပေးရင်း ၀ယ်ချင်စိတ်ပေါက်လာအောင် မသိမသာ စည်းရုံးပါ။မ၀ယ်ဘဲထွက်သွားမယ့်အဖြစ်မျိုးကြုံလာခဲ့ရင်လည်းစိတ်မပျက်ပါနဲ့။
ဈေးတည့်အောင်ရောင်းပြီးပြီ ဆိုကြပါစို့....။
သတ္တမ...ဈေးဝယ်ပြီးပြန်မယ့် ဈေးဝယ်ကို တံခါးဝထိ လိုက်လံပို့ဆောင်ပါ။နှုတ်ဆက်စကား ကျေးဇူးတင်စကားပြောပေးပါ။အရောင်းအ၀ယ်ဖြစ်မှု ပိုခိုင်မာပြီးယုံကြည်မှုပိုတိုးစေပါတယ်။
ဖုန်းဆက်လိုက်ရမလား....
အဌမ...ကျွန်တော်တို့ဆီမှာ လုပ်လေ့လုပ်ထမရှိပေမယ့်
သူတို့ဆီမှာတော့ ဈေးဝယ်ရဲ့ ဖုန်းနံပါတ်ကို ယူထားပြီး တလ
နှစ်လအကြာမှာ ဖုန်းဆက်ပေးရင်း အဆင်ပြေ မပြေမေးလေ့ရှိပါတယ်။ဈေးဝယ်နဲ့ထိတွေ့မှုလေးရှိတော့ ပိုပြီးရင်းနှီးလာစေတာပေါ့။ဂရုစိုက်တော့ သူလည်းပျော်တာပေါ့။လုပ်နိုင်ရင်တော့ ပိုကောင်းမယ်ဗျ။
ဘာပဲရောင်းရောင်း ဒီ ရှစ်ချက်ကတော့ လိုနေဦးမှာပါပဲ။အသိတချို့ တိုးရင်း ပညာလည်းရခဲ့တဲ့နေ့လေးပါပဲဗျာ။
Credit...U Chan
တလောက အန်ကယ်လ်ဦးမျိုးသိန်းရ
ခင်းကျင်းပြသထားတဲ့ ပစ္စည်းများအားလုံးဆွဲဆောင
ဈေးရောင်းတာများဘာဆန်း
ပထမဆုံး... ဈေးဝယ်ဝင်လာရင် မျက်လုံးချင်းဆုံအောင်ြ
ဒုတိယ..အရေးမကြီးတဲ့ စကားစမြည်ပြော ရာသီဥတု အလုပ်အကိုင်အခြေအနေစသဖြ
တတိယ...ဈေးဝယ်ကို ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီး သူလိုချင်တဲ့အချက်တွေ လှည့်ပတ်မေးပြီး ဘယ်လို ကုန်ပစ္စည်း နဲ့သူအဆင်ပြေမလဲ။ဘာရောင်
စတုတ္ထ...ကိုယ့်ကုန်ပစ္စည်
ပဉ္စမ...ကိုယ့်ကုန်ပစ္စည်း
ဆဌမ...ဈေးဝယ်က ၀ယ်ဖို့ဝန်လေးနေရင် ဇွတ်မရောင်းပါနဲ့။ပါးနပ်
ဈေးတည့်အောင်ရောင်း
သတ္တမ...ဈေးဝယ်ပြီးပြန်မ
ဖုန်းဆက်လိုက်ရမလား....
အဌမ...ကျွန်တော်တို့ဆီမှ
ဘာပဲရောင်းရောင်း ဒီ ရှစ်ချက်ကတော့ လိုနေဦးမှာပါပဲ။အသိတချို့
Credit...U Chan
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။