သိမ်းထားချင်တဲ့ စာစုလေးများ
ကြိုးစားပြီးသာယှဉ်လိုက်ပါ
>>>>>>>>><<<<<<<<
ကိုယ်ကကြိုးစားရအုံးမယ့်အချိန်မှာ သူများတွေနဲ့လိုက်မယှဉ်နဲ့
ကိုယ်ကမရှိသေးတဲ့အချိန်မှာ သူများတွေနဲ့လိုက်မပြိုင်ဆိုင်ချင်နဲ့
ကိုယ်ကအဆင်မပြေတဲ့အချိန်မှာ သူများတွေနဲ့လိုက်မရောချနဲ့
ကိုယ်ကမအောင်မြင်သေးတဲ့အချိန်မှာ သူများတွေနဲ့လိုက်မတုနဲ့
ကိုယ်ကမရပ်တည်နိုင်သေးတဲ့အချိန်မှာ သူများတွေနဲ့အီးရောပေါရောလိုက်မလျှောက်နဲ့
ကိုယ်ကဖြောင့်ဖြောင့်တန်းတန်းမဖြစ်တဲ့အချိန်မှာ သူများတွေနဲ့ယောင်ချာယောင်ချာမသွားချင်နဲ့
ကိုယ်ကမတူညီသေးတဲ့အချိန်မှာ သူများတွေနဲ့လိုက်မတူချင်နဲ့
ကိုယ်ကမတူညီသေးတဲ့အချိန်မှာ သူများတွေအတွက်အားနာပါးနာနဲ့လည်းလိုက်မတုနဲ့
ကိုယ်ကအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့ ဆန္ဒရှိရမယ် ရည်မှန်းချက်ကြီးရမယ် အောင်မြင်နေတဲ့သူတွေရဲ့ ပြုမူလုပ်ဆောင်ချက်တွေကို အချိန်တိုင်းမှာ အနေအထားတိုင်းမှာ နေရာတိုင်းမှာ အားကျပြီး အတုယူကြိုးစားပြီးလုပ်ဆောင်နိုင်ရမယ်
မတူရင်မတုနဲ့ ဆိုပေမယ့် မတူလို့ မတုရဘူးလို့မဆိုပါ အချိန်အခါတိုင်းမှာ ဆင်ခြင်နိုင်စွမ်း ကြံ့ခိုင်နိုင်စွမ်း အရှိအရှိအတိုင်းရောင့်ရဲတင်းတိမ်နိုင်စွမ်း လိုက်လျောညီထွေအောင်ရပ်တည်နိုင်စွမ်း စိတ်ဓာတ်ထိန်းချုပ်နိုင်စွမ်းရှိနေရမယ်
ကြိုးစားရင် သူတို့တွေလိုဖြစ်မယ် သူတို့တွေထက်လည်းသာသွားနိုင်မယ် ဖြစ်မြောက်အောင်လည်း လုပ်နိုင်ရမယ် စွမ်းဆောင်နိုင်ရမယ် တနေ့နေ့တချိန်ချိန်မှာ အောင်မြင်လာမယ်လို့ယုံကြည်မှုရှိရှိဆက်လက်ကြိုးစားရင်း လျှောက်လှမ်းနေရမယ်
မတူရင် တူအောင် ကြိုးစားပြီးတော့ပြိုင်ဆိုင်ပါ ဘယ်အရာမှလွယ်လွယ်နဲ့မရနိုင်ပါဘူး ကိုယ်ကြိုးစားရင်ကြိုးစားသလောက်ရမှာပါပဲ စိတ်ရှည်ရှည်ထားနိုင်ရမယ့် အချိန်အတိုင်းအတာတော့လိုအပ်ပါသေးတယ်
#ကိုယ့်ကိုယ်အသုံးချလို့အောင်မြင်မယ်ဆိုရင် ကိုယ့်အတွက်ငှဲ့ကွက်မနေပဲ အသုံးပြုချင်နေတဲ့သူတွေက သိပ်များလွန်းတယ်လေ#
#မတူရင်သွားမတုပါနဲ့အုံး#
~ Nang MeeMee ~

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။