💢 ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝ 💢
•••••••••••••••••••••••••• •••••••••
ဘဝတစ်ခုအစပြုလို့
ပြည့်စုံတဲ့ဘဝဖြစ်ဖြစ် မပြည့်စုံလှတဲ့ဘဝဖြစ်ဖြစ်
အထွေအထူးတော့ ဘာမှခံစားမနေဘူးလေ
ကိုယ့်အကြောင်းနဲ့ကိုယ်မို့
ကိုယ့်ဘဝကို နားလည်မပေးနိုင်လည်း
နားလည်ပေးပါလို့ လိုက်တောင်းဆိုမနေဘူး ။
ကိုယ့်မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ
မကုန်ဆုံး မသေဆုံးသေးသရွေ့
လောကဓံတရားက ဘယ်လိုပဲတိုက်ခိုက်တိုက်ခို က်
ကိုယ်မသေနိုင်သလို စိတ်လည်းမပျက်ဘူး
အသက်ရှုနေသရွေ့ ကြိုးစားခွင့် ပြင်ဆင်ခွင့်ရှိတယ် ။
ကိုယ်ဘယ်လိုပဲနေနေ
မုန်းနေတဲ့သူက မုန်းနေမှာပဲ
ချစ်ခင်တဲ့သူက ချစ်နေမှာပဲ
ကိုယ့်အပေါ် ကောင်းသည်ဖြစ်စေ
ကိုယ့်အပေါ် မကောင်းသည်ဖြစ်စေ
အဓိကက ကိုယ့်သမိုင်းကိုယ်ရေးနေရတာ
အမှားနည်းစွာနဲ့ အမှန်ကန်ဆုံးရေးနေဖို့ပဲလေ
ပတ်ဝန်းကျင်ရဲ့ အပြုအမူတွေမှန်သမျှ
လိုက်ပြီး ဂရုစိုက်ပေးနေရအောင်
ကိုယ့်ဘဝက သူတို့ဖန်တီးပေးထားတာမှမဟုတ်တာ ။
စိတ်ပျက်စရာကောင်းတဲ့ဒီနေ့ကို
ရဲရဲ ရင်ဆိုင်ကုန်ဆုံးစေပြီး
မနက်ဖြန် ငါအကောင်းဆုံးကြိုးစားမယ်လို့
ကိုယ့်ကိုယ်ကို အားတင်းတယ်
သတ္တိရှိတယ်ခေါ်ခေါ် ရဲရင့်တယ်ပဲခေါ်ခေါ်
ကိုယ့်ဘဝနဲ့ကိုယ် အကောင်းဆုံးပြင်ဆင်မယ် ။
" ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး " ဆိုတဲ့ စကားပုံလို
သူမကောင်းလည်း သူ့ကိစ္စနဲ့သူ
သူ့ရဲ့မကောင်းတဲ့ စိတ်ဓာတ်တွေ
ကိုယ့်ဆီတော့ လုံးဝအရောက်မခံဘူး
ရွေးချယ်ခွင့် ငြင်းပယ်ခွင့်အပြည့်ရှိတယ် ။
ယောက်ျားလေးမို့ စိတ်ဓာတ်မာတယ်ပြောပြော
မိန်းကလေးမို့ စိတ်ဓာတ်ပျော့တယ်ပြောပြော
ပခုံးနှစ်ဖက်ခြားခေါင်းပေါက်ပြီး
ခြေနှစ်ဖက် လက်နှစ်ဖက်ပါနေတာပဲ
အောင်မြင်ခွင့်ရှိသလို ကြိုးစားခွင့်လည်းရှိတယ်
ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ပြီး
ခြေပြတ်လက်ပြတ်နေတဲ့သူတွေတောင်
ဘဝကိုအရှုံးမပေးဘဲ ကြိုးစားနေသေးတာ
ခြေစုံလက်စုံရှိနေတဲ့လူက
ဘာလို့မကြိုးစားနိုင်ရမှာလဲ ဘာလို့မအောင်မြင်နိုင်ရမှာလဲ ။
ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါစေ 🌼
မယ် ဖွေး
••••••••••••••••••••••••••
ဘဝတစ်ခုအစပြုလို့
ပြည့်စုံတဲ့ဘဝဖြစ်ဖြစ် မပြည့်စုံလှတဲ့ဘဝဖြစ်ဖြစ်
အထွေအထူးတော့ ဘာမှခံစားမနေဘူးလေ
ကိုယ့်အကြောင်းနဲ့ကိုယ်မို့
ကိုယ့်ဘဝကို နားလည်မပေးနိုင်လည်း
နားလည်ပေးပါလို့ လိုက်တောင်းဆိုမနေဘူး ။
ကိုယ့်မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ
မကုန်ဆုံး မသေဆုံးသေးသရွေ့
လောကဓံတရားက ဘယ်လိုပဲတိုက်ခိုက်တိုက်ခို
ကိုယ်မသေနိုင်သလို စိတ်လည်းမပျက်ဘူး
အသက်ရှုနေသရွေ့ ကြိုးစားခွင့် ပြင်ဆင်ခွင့်ရှိတယ် ။
ကိုယ်ဘယ်လိုပဲနေနေ
မုန်းနေတဲ့သူက မုန်းနေမှာပဲ
ချစ်ခင်တဲ့သူက ချစ်နေမှာပဲ
ကိုယ့်အပေါ် ကောင်းသည်ဖြစ်စေ
ကိုယ့်အပေါ် မကောင်းသည်ဖြစ်စေ
အဓိကက ကိုယ့်သမိုင်းကိုယ်ရေးနေရတာ
အမှားနည်းစွာနဲ့ အမှန်ကန်ဆုံးရေးနေဖို့ပဲလေ
ပတ်ဝန်းကျင်ရဲ့ အပြုအမူတွေမှန်သမျှ
လိုက်ပြီး ဂရုစိုက်ပေးနေရအောင်
ကိုယ့်ဘဝက သူတို့ဖန်တီးပေးထားတာမှမဟုတ
စိတ်ပျက်စရာကောင်းတဲ့ဒီနေ့က
ရဲရဲ ရင်ဆိုင်ကုန်ဆုံးစေပြီး
မနက်ဖြန် ငါအကောင်းဆုံးကြိုးစားမယ်လိ
ကိုယ့်ကိုယ်ကို အားတင်းတယ်
သတ္တိရှိတယ်ခေါ်ခေါ် ရဲရင့်တယ်ပဲခေါ်ခေါ်
ကိုယ့်ဘဝနဲ့ကိုယ် အကောင်းဆုံးပြင်ဆင်မယ် ။
" ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး " ဆိုတဲ့ စကားပုံလို
သူမကောင်းလည်း သူ့ကိစ္စနဲ့သူ
သူ့ရဲ့မကောင်းတဲ့ စိတ်ဓာတ်တွေ
ကိုယ့်ဆီတော့ လုံးဝအရောက်မခံဘူး
ရွေးချယ်ခွင့် ငြင်းပယ်ခွင့်အပြည့်ရှိတယ် ။
ယောက်ျားလေးမို့ စိတ်ဓာတ်မာတယ်ပြောပြော
မိန်းကလေးမို့ စိတ်ဓာတ်ပျော့တယ်ပြောပြော
ပခုံးနှစ်ဖက်ခြားခေါင်းပေါက
ခြေနှစ်ဖက် လက်နှစ်ဖက်ပါနေတာပဲ
အောင်မြင်ခွင့်ရှိသလို ကြိုးစားခွင့်လည်းရှိတယ်
ပခုံးနှစ်ဖက်ကြားခေါင်းပေါက
ခြေပြတ်လက်ပြတ်နေတဲ့သူတွေတေ
ဘဝကိုအရှုံးမပေးဘဲ ကြိုးစားနေသေးတာ
ခြေစုံလက်စုံရှိနေတဲ့လူက
ဘာလို့မကြိုးစားနိုင်ရမှာလဲ
ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေ
မယ် ဖွေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။