လူကြီးလူညစ်ဂေါက်ပုံပြင် ၁၃
-------------
အရင်တစ်ပတ်က ဂေါက်သီးရိုက်ကြတဲ့အကြောင်း လေး ဖောက်သည်ချရဦးမယ်။
အတူကစားသူတွေက အန်ကယ်ကြီးရယ်၊ သူကြွယ်ကြီးရယ်၊ ဦးလူဝရယ်ပေါ့။ ခါတိုင်းလိုပါပဲ နောက်နောက်ပြောင်ပြောင် ပြောပြောဆိုဆိုနဲ့ ပျော်ပျော်ပါးပါး ကစားကြတာပေါ့။
နံပါတ်ငါးကျင်းမှာ သူကြွယ်ကြီးဂေါက်သီးက ဂရင်း (Green) နံဘေး သဲကျင်း (Bunker) ထဲ ကျသွားခဲ့တယ်။ သူကြွယ်ကြီး သဲတုတ် (Sand Wedge) ကိုင်ပြီး ဆင်းသွားတယ်။ ဘန်ကာက နည်းနည်းနက်တယ်။ ရိုက်မယ်ဆိုတဲ့ သတိပေးသံအပြီးမှာ သဲကျင်းထဲကနေ ဂေါက်သီးဘောလုံးက လှလှပပ မြောက်တက်လာတယ်။
ဦးလူဝက သူ့ခန္ဓာကိုယ်ကြီးနဲ့ မလိုက်အောင် သဲကျင်းထိပ်ကို ပြေးကြည့်တယ်။ သူကြွယ်ကြီးက သဲကျင်းထဲကနေ မလုံမလဲနဲ့ လှမ်းမေးတယ်။
''ခင်ဗျားက ဘာလာလုပ်တာလဲဗျ''
''ဟ မင်းက ဘန်ကာရှော့ (Bunker Shot) သာရိုက်တာ ဘာသဲမှ မတက်လာဘူး။ ဂေါက်သီးဘောလုံးကို အသားချည်းထိမယ်ဆိုရင်လည်း အသံကြားရမယ်။ နောက်ပြီး ဒီလောက်တိုစရာ အကြောင်းမရှိဘူး။ ဂရင်းကို ကျော်ကျဖို့ပဲရှိတယ်။ အဲဒါကြောင့် သဲထဲမှာ ဂေါက်တုတ်အရာ ကျန်မကျန် လာကြည့်တာ''
''ခင်ဗျားကလဲဗျာ''
''ဘာမှ မဗျာနဲ့။ မှန်မှန်ပြော၊ မင်းဂေါက်သီးကို မရိုက်ဘဲ ကောက်ပစ်လိုက်တာမဟုတ်လား''
''ကျုပ်က ဘန်ကာရှော့မှ မကောင်းတာဗျာ''
''မင်းဟာလေ၊ မဟုတ်တာလုပ်တာကို ၀န်ခံတာတောင်မှ ဝေ့လည်ကြောင်ပတ်နဲ့။ မင်းဘာသာ ပိုက်ဆံဘယ်လောက်ရှိရှိ၊ ခိုပြာခေါ်ခေါ် တိုင်ဖုန်းခေါ်ခေါ် လုံးဝအထင်မကြီးဘူး''
တိုတိုပြောရရင် အဲဒီကျင်းမှာ သူကြွယ်ကြီး အားလုံးကို အရှုံးပေးလိုက်ရတယ်။ ဆက်ရိုက်ကြတယ်။ ၁၇ ကျင်းရောက်တော့ အန်ကယ်ကြီးဂေါက်သီးဂရင်းဘေး
ဘန်ကာထဲကျသွားခဲ့တယ်။ ဘန်ကာကနက်ပေမယ့် ၀ါရင့်နေတဲ့အန်ကယ်ကြီး အခက်အခဲမရှိ
ရိုက်နိုင်ခဲ့တယ်။ ဖွာသွားတဲ့သဲတွေနဲ့အတူ အန်ကယ်ကြီးရဲ့
ဂေါက်သီးဂရင်းပေါ်ကို ရောက်လာတယ်။ အားလုံးကိုရှုံးသွားနိုင်တဲ့ အခြေအနေကနေလွတ်မြောက်ပြီး ကောင်းလွန်းတဲ့ ကျင်းစိမ်ချက်က အားလုံးကို အနိုင်ရသွားစေတယ်။
ဂေါက်ပွဲအပြီးမှာ စားတာသောက်တာတွေကို အန်ကယ်ကြီးက ရှင်းပေးတယ်၊ ဒကာခံတယ်။ သူကြွယ်ကြီးနဲ့ ဦးလူဝ ပြန်ကြတော့မယ်နှုတ်ဆက်တော့ အန်ကယ်ကြီးက ပြောတယ်။
''ခဏလေး၊ အားလုံးစုံတုန်း ၀န်ခံစရာလေးရှိတာ ၀န်ခံပြီး တောင်းပန်ပါရစေ''
''ဘာဖြစ်လို့တုန်း အန်ကယ်ကြီးရဲ့''
''၁၇ ကျင်းမှာ ကျုပ်ညစ်ခဲ့တာ ပြောမလို့ပါ။ ဘန်ကာထဲကနေ သဲပါဆုပ်ပြီး ဂေါက်သီးကို ဂရင်းပေါ် ပစ်တင်ခဲ့တာ''
''ဟာ မဟုတ်နိုင်တာ အန်ကယ်ကြီးကလဲ''
''ကာယကံရှင်ကိုယ်တိုင်ဝန်ခံ နေတာကို
အန်ကယ်ကြီးက မလဲနေနဲ့။ ခင်ဗျားတို့ ပုဂ္ဂိုလ်ခင်တာတွေ တရားမင်တာတွေ
ပုဂ္ဂိုလ်ကိုးကွယ်တာတွေ လျှော့ကြ။ ဘုရားတောင်မှ ကာလာမသုတ်ဟောခဲ့တာ။ ဗုဒ္ဓ၀ါဒက
ဝါဘဇ္ဇ၀ါဒ''
''ဟုတ်ကဲ့ အန်ကယ်ကြီး''
''သော်တာဆွေရဲ့ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း ဖတ်ဖူးတယ်မဟုတ်လား။ သူကြီးဦးအောင်ဒွန်းအကြောင်းလေ။ အဲဒီဝတ္ထုမှာ ပါပါသော်ကော။
သတ္တိနှင့်သစ္စာ၊ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းတို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့သူသည် သတ္တိမဲ့သူဖြစ်၏။ သစ္စာရှိသူသည် သတ္တိရှိသူဖြစ်၏။ သစ္စာကို သတ္တိနှင့် စောင့်ထိန်းရ၏။ သတ္တိဆိုရာ၌ မှန်ကန်သော ကိစ္စကိုရဲဝံ့စွာ ပြုလုပ်ခြင်းသာမဟုတ်သေး။ မကောင်းမှုကို စောင့်ထိန်းခြင်း၊ မှားယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊ အောင့်အည်းသည်းခံနိုင်ခြင်း လည်း သတ္တိမည်၏''
မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း ထိုနည်းအတူ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေ၏။ ပင်ကိုမူလက မည်မျှပင် ရဲရင့်သူဖြစ်နေစေကာမူ မမှန်ကန်သောအမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်ကိုမိမိ သိလိုက်မိသည်နှင့် တစ်ပြိုင်နက် ထိုသူ၏ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတော့၏တဲ့။
အဲဒါပဲဗျ။ ကျုပ်ခင်ဗျားတို့ကိုညာပြီး ရိုက်ခဲ့မိတာ အခုတောင်းပန်တာ။ လေနဲ့တင် မဟုတ်ဘူးနော်၊ လက်နဲ့ပါ အကျွေးအမွေးနဲ့ပါ လူသိရှင်ကြားတောင်းပန်တာ''
မာဖီးယားဂိုဏ်းခေါင်းဆောင်ြ ကီး သားအဖအကြောင်းပြောရင် ပေရှည်နေဦးမယ်တဲ့။ နောက်မှ နားထောင်ကြပေါ့ဗျာလို့ အန်ကယ်ကြီးကပြောရင်းနဲ့ ၀ိုင်းသိမ်းခဲ့ကြတယ်။
မောင်စံပေါ
#CEO_December_Issue
-------------
အရင်တစ်ပတ်က ဂေါက်သီးရိုက်ကြတဲ့အကြောင်း
အတူကစားသူတွေက အန်ကယ်ကြီးရယ်၊ သူကြွယ်ကြီးရယ်၊ ဦးလူဝရယ်ပေါ့။ ခါတိုင်းလိုပါပဲ နောက်နောက်ပြောင်ပြောင် ပြောပြောဆိုဆိုနဲ့ ပျော်ပျော်ပါးပါး ကစားကြတာပေါ့။
နံပါတ်ငါးကျင်းမှာ သူကြွယ်ကြီးဂေါက်သီးက ဂရင်း (Green) နံဘေး သဲကျင်း (Bunker) ထဲ ကျသွားခဲ့တယ်။ သူကြွယ်ကြီး သဲတုတ် (Sand Wedge) ကိုင်ပြီး ဆင်းသွားတယ်။ ဘန်ကာက နည်းနည်းနက်တယ်။ ရိုက်မယ်ဆိုတဲ့ သတိပေးသံအပြီးမှာ သဲကျင်းထဲကနေ ဂေါက်သီးဘောလုံးက လှလှပပ မြောက်တက်လာတယ်။
ဦးလူဝက သူ့ခန္ဓာကိုယ်ကြီးနဲ့ မလိုက်အောင် သဲကျင်းထိပ်ကို ပြေးကြည့်တယ်။ သူကြွယ်ကြီးက သဲကျင်းထဲကနေ မလုံမလဲနဲ့ လှမ်းမေးတယ်။
''ခင်ဗျားက ဘာလာလုပ်တာလဲဗျ''
''ဟ မင်းက ဘန်ကာရှော့ (Bunker Shot) သာရိုက်တာ ဘာသဲမှ မတက်လာဘူး။ ဂေါက်သီးဘောလုံးကို အသားချည်းထိမယ်ဆိုရင်လည်း အသံကြားရမယ်။ နောက်ပြီး ဒီလောက်တိုစရာ အကြောင်းမရှိဘူး။ ဂရင်းကို ကျော်ကျဖို့ပဲရှိတယ်။ အဲဒါကြောင့် သဲထဲမှာ ဂေါက်တုတ်အရာ ကျန်မကျန် လာကြည့်တာ''
''ခင်ဗျားကလဲဗျာ''
''ဘာမှ မဗျာနဲ့။ မှန်မှန်ပြော၊ မင်းဂေါက်သီးကို မရိုက်ဘဲ ကောက်ပစ်လိုက်တာမဟုတ်လား''
''ကျုပ်က ဘန်ကာရှော့မှ မကောင်းတာဗျာ''
''မင်းဟာလေ၊ မဟုတ်တာလုပ်တာကို ၀န်ခံတာတောင်မှ ဝေ့လည်ကြောင်ပတ်နဲ့။ မင်းဘာသာ ပိုက်ဆံဘယ်လောက်ရှိရှိ၊ ခိုပြာခေါ်ခေါ် တိုင်ဖုန်းခေါ်ခေါ် လုံးဝအထင်မကြီးဘူး''
တိုတိုပြောရရင် အဲဒီကျင်းမှာ သူကြွယ်ကြီး အားလုံးကို အရှုံးပေးလိုက်ရတယ်။ ဆက်ရိုက်ကြတယ်။ ၁၇ ကျင်းရောက်တော့ အန်ကယ်ကြီးဂေါက်သီးဂရင်းဘေး
ဂေါက်ပွဲအပြီးမှာ စားတာသောက်တာတွေကို အန်ကယ်ကြီးက ရှင်းပေးတယ်၊ ဒကာခံတယ်။ သူကြွယ်ကြီးနဲ့ ဦးလူဝ ပြန်ကြတော့မယ်နှုတ်ဆက်တော့ အန်ကယ်ကြီးက ပြောတယ်။
''ခဏလေး၊ အားလုံးစုံတုန်း ၀န်ခံစရာလေးရှိတာ ၀န်ခံပြီး တောင်းပန်ပါရစေ''
''ဘာဖြစ်လို့တုန်း အန်ကယ်ကြီးရဲ့''
''၁၇ ကျင်းမှာ ကျုပ်ညစ်ခဲ့တာ ပြောမလို့ပါ။ ဘန်ကာထဲကနေ သဲပါဆုပ်ပြီး ဂေါက်သီးကို ဂရင်းပေါ် ပစ်တင်ခဲ့တာ''
''ဟာ မဟုတ်နိုင်တာ အန်ကယ်ကြီးကလဲ''
''ကာယကံရှင်ကိုယ်တိုင်ဝန်ခံ
''ဟုတ်ကဲ့ အန်ကယ်ကြီး''
''သော်တာဆွေရဲ့ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း ဖတ်ဖူးတယ်မဟုတ်လား။ သူကြီးဦးအောင်ဒွန်းအကြောင်
သတ္တိနှင့်သစ္စာ၊ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းတို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့သူသည် သတ္တိမဲ့သူဖြစ်၏။ သစ္စာရှိသူသည် သတ္တိရှိသူဖြစ်၏။ သစ္စာကို သတ္တိနှင့် စောင့်ထိန်းရ၏။ သတ္တိဆိုရာ၌ မှန်ကန်သော ကိစ္စကိုရဲဝံ့စွာ ပြုလုပ်ခြင်းသာမဟုတ်သေး။ မကောင်းမှုကို စောင့်ထိန်းခြင်း၊ မှားယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊ အောင့်အည်းသည်းခံနိုင်ခြင်း
မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း ထိုနည်းအတူ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေ၏။ ပင်ကိုမူလက မည်မျှပင် ရဲရင့်သူဖြစ်နေစေကာမူ မမှန်ကန်သောအမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်ကိုမိမိ သိလိုက်မိသည်နှင့် တစ်ပြိုင်နက် ထိုသူ၏ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတော့၏တဲ့။
အဲဒါပဲဗျ။ ကျုပ်ခင်ဗျားတို့ကိုညာပြီး ရိုက်ခဲ့မိတာ အခုတောင်းပန်တာ။ လေနဲ့တင် မဟုတ်ဘူးနော်၊ လက်နဲ့ပါ အကျွေးအမွေးနဲ့ပါ လူသိရှင်ကြားတောင်းပန်တာ''
မာဖီးယားဂိုဏ်းခေါင်းဆောင်ြ
မောင်စံပေါ
#CEO_December_Issue
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။