Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 18, 2017

အင်ဂျလီနာဂျိုလီ အပိုင်း(၂)

အင်ဂျလီနာဂျိုလီ အပိုင်း(၂)
သူမအသက်၁၅နှစ်မှာရုပ်ရှင်လောက
ထဲကိုဖြတ်လျှောက်အနေနဲ့စတင်ရုန်းကန်တယ်။
Modelတဦးလုပ်ခဲ့ဖူးပေမယ့် ဖခင်ကနာမည်
ကြီးမင်းသားဖြစ်ပေမယ့်သူမရုပ်ရှင်လောကထဲကို
သုညဆိုတဲ့အဆင့်ကနေစဝင်တယ်။(ဒါကမြန်မာ့
အနုပညာလောကနဲ့တော့နည်းနည်းကွာမယ်။
ပမာတခုအနေနဲ့Modelလုပ်ဖူးတယ်ဆိုတဲ့သူ
(အများစု)ကိုလူကြမ်းနေရာဖြတ်လျှောက်နေရာ
လုပ်မလားဆိုငြင်းကြလိမ့်မယ်။အနည်းဆုံးတော့
မင်းသမီးသူငယ်ချင်းနေရာလောက်မှလက်ခံကြ
လိမ့်မယ်။ဒါပေမယ့်ဂျိုလီက Familiesဆိုတဲ့
ကားမှာဖြတ်လျှောက်၃ခန်းအထိပဲမျက်နှာတောင်
မပါရတဲ့အခန်းကနေစတင်ခဲ့ပါတယ်။)သူမဒီလို
လုပ်နေတာကဖခင်အတွက်လူပြောများစေခဲ့
တယ်။နာမည်ကြီးမင်းသားတဦးရဲ့သမီးကခုလို
အခန်းတွေလုပ်ရသလားပေါ့လေ။ဒါကြောင့်ဖခင်
ရိုက်ကူးတဲ့ Lookin' to Get Outကားမှာသူမ
ကိုဇာတ်ကောင်ထဲကသူ့သမီးနေရာမှာခေါ်ယူ
ရိုက်ကူးခဲ့တယ်။ ဒီကားမှာသူမရဲ့သရုပ်ဆောင်
ချက်ကမင်းသမီးတချို့ထက်တောင်သာလွန်နေ
ခဲ့ပြီးဒီကားမှာသူမဟာလူစိတ်ဝင်စားအခံရဆုံး
ဇာတ်ကောင်ဖြစ်ခဲ့ပါတော့တယ်။ဒါပေမယ့်သူမအ
ဖေကိုရိုက်ကူးနေချိန်ကလွဲပြီးစကားတလုံးမှမ
ပြောခဲ့ဘူး။သူမနောက်ကားတွေမှာပါဝင်ဖို့ဖြစ်လာ
ခဲ့တယ်။ ၃ ၄ကားအထိပါဝင်ခဲ့တယ်။ဒီလိုရုပ်ရှင်
လောကထဲတိုးနေချိန်သူမဟာထုံးစံအတိုင်း
ယောကျာ်းတချို့နဲ့ချစ်သူဖြစ်ခဲ့တယ်။ငွေတွေအ
လိမ်ခံရတယ်။သူမစိတ်ရောဂါဆေးတွေသောက်
ခဲ့ရသလို မိခင်ရဲ့ဆေးကုသစရိတ်တွေကသူမ
ပေါ်ပုံလာခဲ့တယ်။အသက်၂၀အရွယ်မှာသူမကိုယ်
သူမသတ်သေဖို့အထိ ၂ခါတိတိလုပ်ခဲ့တယ်။ပထ
မတခါမှာအိပ်ဆေးတွေသောက်ခဲ့ပေမယ့်အသက်
မသေခဲ့ပဲဆေးရုံရောက်ခဲ့တယ်။ဒုတိယတခါကား
အတိုက်ခံခဲ့တယ်။ညာဖက်တင်ပါးရိုးကျိုးသွားတာ
ကလွဲရင်အသက်မသေခဲ့ဘူး။လမ်းဘေးကဆေး
သမားကို$300ပေးပြီးသတ်ခိုင်းတယ်။ငွေယူပြီး
မှလူသတ်သမားကမသတ်ရဲလို့ထွက်ပြေးသွား
တယ်။လက်ကိုဓားနဲ့လှီးခဲ့တယ်။သူမမသေပြန်
ဘူး။ နောက်ဆုံးသမီးဖြစ်သူသေကြောင်းကြံနေ
တာကိုသိသွားတဲ့မိခင်ကစကားတခုပြောခဲ့တယ်။

" သမီးရောအမေပါလောကကြီးကို
အရှုံးပေးပြီးထွက်သွားရတဲ့သားမိ
မဖြစ်ချင်ဘူး။ "
Marcheline Bertrand
( Jolie's mother )

ဒီစကားကသူမကိုသေကြောင်းကြံနေမူ
တွေကနေရုန်းထဖို့ဖြစ်လာခဲ့တယ်။သူမသရုပ်
ဆောင်မူတွေကိုအချိန်ပြည့်လေ့ကျင့်တယ်။ဂျိုလီ
အသက်၂၀မှာတင်တရက်စာ၎နာရီဖတ်တဲ့အ
ကျင့်ကို(ယနေ့ထိ)ဖြစ်လာခဲ့တယ်။ဒါကစာအုပ်
စာပေတွေကနေသူမလောကကြီးထဲစိတ်ဓာတ်မ
ကျဖို့ကြိုးစားဖို့ဖြစ်လာခဲ့တာပါပဲ။အကိုဖြစ်သူအ
ဆိုတော်ဖြစ်နေချိန်သူမကသာမာန်မင်းသမီးပါပဲ။
ဒီလိုနဲ့ သူမအသက်၂၂နှစ်မှာသူမကိုရုပ်ရှင်လော
ကထဲနာမည်ကြီးမင်းသမီးတဦးဖြစ်လာဖို့စတင်
ခဲ့ပါတယ်။ဒါကမင်းသား Gary Sinise ကသူ
ရိုက်ကူးမယ့်ဇာတ်လမ်းတခုမှာဂျိုလီ့ကိုထည့်
ဖို့ သူမသရုပ်ဆောင်ချက်ကလူငယ်တန်းထဲအ
ကောင်းဆုံးလို့ထောက်ခံခဲ့တယ်။ဒီဇာတ်လမ်းက
တော့ George Wallaceပါပဲ။ ဒီကားဟာ
ဆုကြီးပေါင်း၃၄ဆုအထိရခဲ့သလိုဂျိုလီဟာလဲ
အသက်၂၂နှစ်နဲ့ရွှေကမ္ဘာလုံးဆုကိုရရှိသွားတဲ့
ဇာတ်ကားပဲဖြစ်ပါတယ်။ George Wallace
ကဂျိုလီ့ကိုရုပ်ရှင်လောမှာအံ့သြသွားစေခဲ့တယ်။
အသက်ငယ်ငယ်နဲ့သူကဇာတ်ပို့ဆုကကြီးမား
လွန်းခဲ့တယ်။ ဒီဆုရတဲ့အချိန်interviewမှာ
ဖြေသွားခဲ့တာက ရုပ်ရှင်လောကနဲ့သူမအဖေကို
ပိုပီးအရှက်ရစေခဲ့တယ်။

"ကျမဒီဆုကိုမရသင့်ပါဘူး။
ကျမဘာမှမသိမတတ်သေးပဲ
ဒီဆုကိုရလို့လေ။ ဒါကလူငယ်
သရုပ်ဆောင်တွေကိုစိတ်ကြီးဝင
နိုင်သလို ကြိုးစားနေတဲ့သူတွေကို
ကျရှုံးစေလိမ့်မယ်။ဒါပေမယ့်ကျမ
ပျော်မိတယ်။ ကျမကအဖေ့သမီး
ပဲလေ ဒီဆုကလဲအဖေ့ကြောင့်ရတာပါ"
Jolie (GGAပွဲ - 1997 )

ဂျိုလီရဲ့ခေတ်ကိုရောက်ဖို့စတင်ခဲ့ပြီ။သူက
ရှင်းတယ်။၂၂နှစ်ထဲကသူရှာလို့ရတဲ့အနုပညာ
ကြေး၅၀%ကိုပရဟိတလုပ်ဖို့သုံးခဲ့တယ်။သူ့လို
မိတကွဲဖတကွဲ ငယ်ဘဝကြမ်းတမ်းတဲ့ကလေး
တွေကိုသူရတဲ့မဖြစ်စလောက်အနုပညာကြေးနဲ့
ကူညီခဲ့တယ်။ဂျိုလီရုပ်ရှင်ကားကြီးတွေစရိုက်ဖို့
ဖြစ်လာခဲ့တယ်။သူမ၂၃နှစ်မှာကမ္ဘာကိုဂျိုလီဆို
ပြီးမင်းသမီးတယောက်ကိုသိသွားစေဖို့ကားတ
ကားဟာဖြစ်လာခဲ့ပါတော့တယ်။ဒါကတော့
ဂျိုလီစံထားရတဲ့ အမေရိကန်ရဲ့နာမည်ကြီး
modelတဦးဖြစ်တဲ့ Gia Carangiရဲ့အတ္ထုပ္ပတ္တိ
ကားပါးပဲ။ Gia ဟာအမေရိကန်modelထဲနာ
မည်ကြီးခဲ့သလိုသူမသေဆုံးသွားချိန်ရေးခဲ့တဲ့
သေတမ်းစာကကမ္ဘာကြီးကိုကြောက်လန့်စေခဲ့ပါ
တယ်။အသက်၂၆နှစ်မှာAIDSနဲ့သူမဟာကွယ်
လွန်ခဲ့ရပြီး ကမ္ဘာကြီးမှာဆရာဝန်တွေလွဲမှားမူ
HIVကြောင့်လူငယ်တွေပစ်ပယ်ခံရမူ သေဆုံး
လာမူ သတ်သေမူ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မူ
အမျိုးသမီးထုကိုအစိုးရကအလေးမထားမူတွေ
AIDSရဲ့ဆိုးကျိုးတွေကို Giaကားကြီးကထောက်
ပြခဲ့ပါတယ်။ Gia ကားမှာ ဂျိုလီဟာGiaနေရာ
မှာသရုပ်ဆောင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး
အမျိုးသမီးသရုပ်ဆောင်ရွှေကမ္ဘာလုံးဆုကိုသူမ
၂နှစ်ဆက်ရစေခဲ့ပါတယ်။ဒီကားဟာ Golden
Globe ဆု၂ဆုအပြင်ပညာပေးကားတွေထဲ
ကမ္ဘာ့အကောင်းဆုံးDVDကားအဖြစ်သတ်မှတ်
ခြင်းခံခဲ့ရပါတယ်။နောက်တနှစ်မှာပဲဂျိုလီပါဝင်
တဲ့ Girl, Interrupted ကားကရုံထပ်တင်
တယ်။ Dramaကိုကျကျနနပြသထားတဲ့ကား
ဂျိုလီဟာ ၃နှစ်ဆက်တိုက်Gloden Globe
ဆုကိုရရှိတဲ့ ၂၅နှစ်အောက်မင်းသမီးအဖြစ်သ
မိုင်းဝင်သွားခဲ့ပါတော့တယ်။Girl, Interrupted
မှာဂျိုလီဟာ Golden Globeဆုရောအကယ်ဒ
မီဆုပါရရှိခဲ့ပါတယ်။ ၂၄နှစ်နဲ့ဂျိုလီဟာရုပ်ရှင်
လောကရဲ့အနုပညာကြေးအမြင့်ဆုံးမင်းသမီး
၁၀ယောက်ထဲပါဝင်သွားခဲ့တယ်။ဒီအချိန်မှာ
အက်ရှင်ကားကြီးတကားကိုရိုက်ဖို့တဖက်မှာ
ဒါရိုက်တာ Sena နဲ့ မင်းသားကြီးနီကိုလက်စ်
ဂိတ်တို့ကမင်းသမီးရှာမရဖြစ်နေတယ်။နီကိုလက်
စ်ဂိတ်ကဂျိုလီ့ကိုခေါ်မယ်လုပ်ပါလေရော။ဂျိုလီ
ကလဲရှေ့မှာအက်ရှင်ကားမရိုက်ဖူးဘူး။ဒါပေမယ့်
မင်းသားကြီးနီကိုလက်စ်ဂိတ်ကသူလေးစားရတဲ့
မင်းသားဖြစ်လို့လက်ခံလိုက်တယ်။ဒီကားက
တော့ Gone in 60 Seconds အက်ရှင်ကား
ကြီးပါပဲ။ ၂၀၀၀ပြည့်နှစ်မှာရုံတင်ပြသခဲ့ပြီးဒီကား
ဟာ၂၀၀၀ပြည့်နှစ်ရဲ့ အမြတ်ငွေအများဆုံးရကား
အဖြစ် ဒေါ်လာ၂၃၇သန်းထိရရှိခဲ့သလို Highest
Grossing Filmအဖြစ်စံချိန်တင်ခဲ့ပါတယ်။

"ကိုယ့်ဘဝကိုဘယ်သူမှ
အထင်ကြီးစရာမလိုဘူး။
ဘယ်သူမှလဲအထင်ကြီး
အောင်လုပ်ပြနေဖို့လဲမလိုဘူး
ကိုယ်ကိုယ်တိုင်အထင်မသေး
ဖို့ပဲလိုတယ်။ "
ဂျိုလီ

Gone in 60 Seconds ကားကြီးအပြီး
ဂျိုလီ့ကို Drama Action ပညာပေးဇာတ်တွေ
နဲ့ဘတ်စုံရမင်းသမီးတယောက်အဖြစ်ရုပ်ရှင်လော
ကမှာအသက်ငယ်ငယ်နဲ့နာမည်ကြီးမင်းသမီးတ
ယောက်ဖြစ်စေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့
ဂျိုလီဟာ၅နှစ်အတွင်း
Original Sin - 2001
Life, or Something Like It - 2002
Lara Croft Tomb Raider - 2003
Beyond Borders - 2003
Taking Lives - 2004
Shark Tale - 2004
Sky Captain and the World of
Tomorrow - 2004
The Fever - 2004
Alexander -2004
Trudell - 2005
Confessions of an Action Star-2005
ကားတွေတကားပြီးတကားထွက်ခဲ့ပါတယ်။ဒါ့အ
ပြင်သူမဟာလဲအချစ်အပေါ်အယုံအကြည်မရှိ
တော့တဲ့မိန်းမတဦးဖြစ်သွားခဲ့တယ်။ငယ်စဉ်ထဲက
အလိမ်ခံအညာခံခဲ့ရတဲ့အချစ်ရေးတွေကသူမကို
မာကြောသွားစေခဲ့တယ်။ ဒီအချိန်မှာသူမရဲ့အချစ်
စစ်ကိုတွေ့ဖို့ဖြစ်လာစေခဲ့တာသူ့လိုပဲအချစ်ရေးမှာ
အိမ်ပါအလိမ်ခံရ သစ္စာဖောက်ခံရပြီးအချစ်ဆိုရင
ကြောက်ကိုနေတတ်တဲ့မင်းသားတဦးဖြစ်တဲ့
ဘရက်ပစ်ပါပဲ။
#Mr_And_Mrs_Smith
……………………………………
စပိုင်ကားတကားဖြစ်သလိုခေါင်
ဆောင်မင်းသားရောမင်းသမီးပါထိုအချိန်ကနာ
မည်ကြီးလာတဲ့သူတွေပေါ့။လအတော်ကြာရိုက်
ကူးခဲ့ပြီး၂၀၀၅ခုနှစ်မှာရုံတင်ပြသခဲ့ပါတယ်။
Mr&Mrs Smithဟာရုံတင်ဝင်ငွေဒေါ်လာသန်း
၅၀၀နီးပါးရရှိခဲ့သလို အောင်မြင်မူများစွာရရှိခဲ့တဲ့
ကားကြီးပါ။ဒီကားရိုက်ကူးနေစဉ်မှာပဲဂျိုလီရော
ဘရက်ပစ်ရောဟာချစ်သူတွေဖြစ်ခဲ့ကြပြီးချစ်သူ
သက်တမ်း၁၀နှစ်ဆိုတဲ့RSကြီးနဲ့ ၂၀၁၄ခုနှစ်မှာ
တရားဝင်လက်ထပ်ခဲ့ကြပါတယ်။
" မိသားစုဆိုတာမျိုးရိုးဗီဇပေ
အခြေခံတာမဟုတ်ဘူး။
ချစ်ခြင်းမေတ္တာပေါ်ပဲအခြေခံတာပါ"
ဂျိုလီ
ဂျိုလီဟာMr.&Mrs Smithအပြီး
မှာတော့သူမကို၂၁ရာစုရုပ်ရှင်လောကရဲ့No.1
မင်းသမီးဖြစ်လာစေခဲ့တဲ့ကားတွေတကားပြီး
တကားထွက်ခဲ့သလိုအနုပညာကြေးအမြင့်ဆုံး
မင်းသမီးကြီးတဦးဖြစ်လာစေခဲ့တဲ့
The Good Shepherd-2006
A Place in Time Documentary- 2007
A Mighty Heart -2007
Beowulf - 2007
Kung Fu Panda - 2008
Wanted - 2008
Changeling - 2008
Salt - 2010
The Tourist - 2010
Kung Fu Panda 2 -2011
Kung Fu Panda: - 2011
Difret - 2014
Maleficent - 2014
Unbroken - 2014
By the Sea - 2015
ကားတွေတကားပြီးတကားထွက်ခဲ့ပါတာ့
တယ်။

Maleficent
…………………
Maleficent ရုပ်ရှင်ကားကြီးဟာဂျိုလီ့
ကိုဗီလိန်နေရာကနေတွေ့ရတဲ့ကားတကားပါ။
၂၀၁၄ခုနှစ် မေလမှာရုံတင်ပြသခဲ့ပြီးရုံတင်ဝင်ငွေ
ဒေါ်လာ ၇၈၅သန်းကျော်အထိရရှိခဲ့သလိုဂျိုလီ
ဟာMaleficent ကားအတွက်အနုပညာကြေး
၁၅သန်းအထိရရှိခဲ့ပါတယ်။ ဒီကားဟာအကယ်
ဒမီဆုကိုရခဲ့သလို အကောင်းဆုံးCostume
ဒီဇိုင်းဆုကိုပါရရှိခဲ့ပါတယ်။ ဒီကားအပြီးမှာ
ဂျိုလီဟာယောကျာ်းဖြစ်သူနဲ့ ဒုတိယအကြိမ်အတူ
တကွရိုက်တဲ့ By the Sea ကား သူမကိုယ်
တိုင်ရိုက်ကူးခဲ့တဲ့ Unbrokenလိုကားတွေထွက်
ခဲ့သလိုအောင်မြင်မူများစွာလဲရခဲ့ပါတယ်။မကြာ
ခင်မှာဂျိုလီရဲ့ကားသစ် First They Killed
My Father ကားကြီးဟာလဲထွက်လာတော့မှာ
ဖြစ်သလို ၂၀၁၇မှာပြသလာမယ့်ဂျိုလီပါဝင်ထား
တဲ့ The Breadwinner ရုပ်ရှင်ကားကြီးဟာ
လဲတရားဝင်ကြေငြာထားခဲ့ပါပြီ
ဂျိုလီမိခင်ဟာသူမအသက်၃၀မှာသား
အိမ်ကင်ဆာနဲ့ကွယ်လွန်ခဲ့ပြီးဂျိုလီဟာလဲဒီကင်
ဆာမျိုးရိုးလိုက်ခဲ့တာကြောင့်သူမအသက်၃၇နှစ်
မှာသူမရဲ့ရင်သား၂ခုလုံးကိုခွဲစိတ်ဖယ်ထုတ်ပစ်ခဲ့
ရသလိုသားအိမ်ကိုလဲခွဲထုတ်ပစ်ခဲ့ရပါတယ်။ဒီ
ရောဂါကိုလေ့လာကြည့်ရသလောက်ဂျိုလီရဲ့အ
ဖွားရောမိခင်ပါဒီရောဂါနဲ့သေဆုံးခဲ့ရသလို
BACA1 လို့ခေါ်တဲ့မျိုးရိုးလိုက်ကင်ဆာပါ။အမျိုး
သမီးတွေယနေ့ခေတ်မှာအသေဆုံးရောဂါထဲက
တခုဖြစ်သလိုကာကွယ်ဖို့သားအိမ်နဲ့ရင်သားကို
လှီးထုတ်လိုက်ရတဲ့အမျိုးသမီး80%ထိရှိနေပါ
ပြီ။ ဒီရောဂါမဖြစ်ခင်အထိအင်ဂျလီနာဂျိုလီတို့ဟာ
အမွှာကလေး၂ယောက်သာမွေးခဲ့ပြီးနောက်ထပ်
ကလေးထိဒီရောဂါမပါစေချင်တာကြောင့်ခုလိုခွဲ
စိတ်ခဲ့ပါတယ်။ဒါပေမယ့်ဂျိုလီဟာမိခင်စိတ်ရှိတဲ့
မိန်းမတယောက်ဖြစ်တဲ့အပြင်မွေးစားထားတဲ့က
လေးတင်၎ဦးထိရှိပြီးသူမတသက်တာထောက်ပံ့
ထားတဲ့ကလေး၂၀၀၀ကျော်ထိအထိရှိပါတယ်။
ဒါ့အပြင်ဂျိုလီဟာ UNHCR ရဲ့သံတမန်ဖြစ်သ
လိုသူမကိုယ်တိုင်သွားရောက်ပရဟိတလုပ်တဲ့
နိုင်ငံ၆၀ထိရှိခဲ့သလို ပါကစ္စတန်စစ်ဘေးအတွက်
ဒေါ်လာတသန်း ဆီးရီးယားစစ်ဘေးအတွက်
ဒေါ်လာတသန်း နဲ့သူမလှူတန်းခဲ့တဲ့ပရဟိတငေ
ကြေးဟာဒေါ်လာသန်း၁၆၀ကျော်အထိရှိနေပါ
ပြီ။ ဒါ့အပြင်ဂျိုလီဟာ စစ်ဘေး ဆင်းရဲမွဲတေမူ
အမျိုးသမီးထုအနိုင်ကျင့်ညှင်းပမ်းခံရမူ လိင်ပိုင်း
ဆိုင်ရာအနိုင်ကျင့်မူ ဘာသာရေးဖိနှိပ်မူတွေကို
ဦးဆောင်တိုက်ဖျက်လှုံ့ဆော်သူတဦးအဖြစ်ပါ
ဝင်လှုပ်ရှားခဲ့သူပါ။ဒီအတွက်လဲသူမဟာပြသနာ
များစွာဖြစ်ခဲ့သလို ဝေဖန်ရှုံ့ချခံရမူများစွာရှိခဲ့သူပါ။
ဒါ့အပြင်ဂျိုလီဟာကမ္ဘာ့ကုလသမဂ္ဂရဲ့ပရဟိတသံ
တမန်ဖြစ်သလို TESVIC ထိပ်သီးအစည်းအ
ဝေးကြီးကိုဦးဆောင်ခဲ့သူပါ။

" နိုင်ငံခေါင်းဆောင်တယောက်ဟာ
ပြည်သူတွေအပေါ်ရိုးသားဖို့လိုတယ်
ဆိုတဲ့အချက်ကို ကျမဒေါ်အောင်ဆန်း
စုကြည်ဆီကနေသင်ယူလိုက်ရတယ်။
သူမက သိပ်လက်တွေ့ဆန်တယ်။
ပြည်သူတွေဘဝကိုနေ့ချင်းညချင်း
ပြောင်းလဲသွားပါ့မယ်ဆိုတဲ့ကတိတွေ
မျော်လင့်ချက်အတုတွေမပေးဘူး
ဒါကလက်တွေ့ဆန်တဲ့အမျိုးသမီး
တယောက်ဆိုတာကိုပေါ်လွင်စေတယ်။"
ဂျိုလီ

ဒါ့အပြင်ဂျိုလီထောက်ပံ့ထားတဲ့စစ်
ဘေးသင့်ကျေးရွာ၆၀၀၀ထိရှိသလို ကမ္ဘာ့အမျိုး
သမီးအနုပညာရှင်ထဲစံထားရဆုံးမင်းသမီးအဖြစ်
ရောပရဟိတအလုပ်ဆုံးမင်းသမီးအဖြစ်ပါသတ်
မှတ်ခြင်းခံထားရသူပါ။ ဒါ့အပြင်ကမ္ဘာ့ကလေး
သူငယ်စောက်ရှောက်ရေးအဖွဲ့ ကမ္ဘာ့ကလေးသူ
ငယ်အစာရေစာငတ်ပြတ်မူပပျောက်ရေးအဖွဲ့
KIND အဖွဲ့အပြင်ပရဟိတအဖွဲ့၅၀ကျော်ရဲ့ဦး
ဆောင်သူပါ။

"မိတ်ကပ်တွေ အပြုံးတွေဖယ်လိုက်ရင်
ကျမကသာမာန်မိန်းမတယောက်ပါ။
အခုခေတ်မိန်းကလေးတော်တော်များ
များကျမကိုအတုယူကြတယ်။ပြင်ကြ
တယ်။ ကျမကိုအတုယူလို့ပျော်မိပါ
တယ်။ဒါပေမယ့် သူတို့သိထားဖို့က
သဘာဝအလှကသာအဓိကပါပဲ။
TVတွေကြော်ငြာတွေမှာသူတို့မြင်ရတဲ့
အလှတရားတွေဟာနောက်ကွယ်က
အလှဖန်တီးရှင်တွေ ပညာရှင်တွေ
photoshopတွေအများကြီးရှိပါတယ်။
မင်းသားမင်းသမီးတိုင်းဟာperfect
ဖြစ်တဲ့အလှပိုင်ရှင်တွေမဟုတ်ဘူး။
ဒါကြောင့်မိန်းကလေးတွေကိုယ့်ပင်
ကိုယ်အလှနဲ့ပဲပျော်ပါ။အတွင်းစိတ်ပဲလှ
အောင်ကြိုးစားပါ။ကိုယ်ပိုင်အလှနဲ့ရဲရဲ
ဝင့်ဝင့်နေတတ်တဲ့မိန်းကလေးတွေက
ပဲဘဝမှာအောင်မြင်တဲ့သူတွေဖြစ်လာ
မှာပါ။အဲ့လိုမိန်းကလေးမျိုးတွေကိုလဲ
ကျမအရမ်းဂုဏ်ယူတယ်။ "
ဂျိုလီ (KIDS FAIR 2016)

ဂျိုလီဟာမြန်မာအပါအဝင်အာရှဆင်းရဲမူ
မြင့်တက်နေတဲ့နိုင်ငံများရဲ့အလုပ်သမားတွေရဲ့ဘ
ဝ လူနေမူဘဝတွေကိုကမ္ဘာကသိအောင်လာ
ရောက်လှုံ့ဆော်ပေးခဲ့သူဖြစ်သလို ကမ္ဘာ့ဆင်းရဲ
သောနိုင်ငံများအပေါ်ထောက်ပံ့မူများစွာကိုလဲ
ကမ္ဘာ့ကုလသမဂ္ဂသံတမန်တဦးအနေနဲ့လုပ်
ဆောင်ခဲ့သူပါ။ဒါ့အပြင်အနုပညာနဲ့လဲနိုင်ငံရေး
အမျိုးသမီးထုအရေး ပညာပေးများကိုရိုက်ကူးခဲ့
သူပါ။ ကမ္ဘောဒီးယားနိုင်ငံသမိုင်းမှာခမာနီအစိုးရ
ရဲ့ရက်စက်ကြမ်းကြုတ်မူတွေကိုပြသဖို့အတွက်
လဲ First The Killed My Father :A
Daughter Of Combodia Remembers
ကားကြီးကိုလဲဒါရိုက်လုပ်ရိုက်ကူးဖို့ဦးဆောင်ခဲ့သူ
ပါ။ 1975-79အထိအုပ်ချုပ်ခဲ့တဲ့ ခမာနီအစိုးရ
ဟာလူပေါင်း၂သန်းထိသတ်ဖြတ်ခဲ့တဲ့အစိုးရဖြစ်
ပြီးအာရှအာဏာရှင်အစိုးရထဲအတိတ်ဆိုးတွေထဲ
ကတခုပါ။ ဒီကားကိုဂျိုလီရဲ့မွေးစားသားကမ္ဘော
ဒီးယားလူမျိုးလေးမက်ဒေါ့စ်ကြောင့်ရိုက်ကူးဖို့
ဖြစ်ခဲ့တာပါ။ မက်ဒေါ့စ်ရဲ့အဖိုးအဖွားတွေဟာခမာ
နီတွေသတ်လို့သေခဲ့ကြသူတွေဖြစ်ပြီးဂျိုလီကိုယ်
တိုင်ဒီသမိုင်းကိုကမ္ဘာကသိအောင်ပြန်လည်ဖော်
ထုတ်ချင်ခဲ့မူကြောင့်ပါပဲ။ဂျိုလီဟာသရုပ်ဆောင်အ
ပြင်စာရေးမူနဲ့ဒါရိုက်တာပညာမှာလဲထူးချွန်သူပါ။
၂၀၁၁ခုနှစ်ထဲကသူမဟာဒါရိုက်တာလုပ်ဖို့စတင်
ခဲ့သလိုသူမရိုက်ကူးခဲ့တဲ့ Unbroken စစ်ကား
ဟာလဲမိန်းမဒါရိုက်တာတယောက်အဖို့ခက်ခဲလှ
ပါတယ်။ဒုတိယကမ္ဘာစစ်က စစ်သားတဦးဖြစ်တဲ့
ဇန်ပါရီနီအကြောင်းကိုရိုက်ကူးခဲ့တဲ့ကားတကား
ဖြစ်ပြီး ဆုပေါင်းများစွာရခဲ့သလိုစာအုပ်ဟာလဲ
Best Sellerရစာအုပ်တအုပ်ဖြစ်ခဲ့ပါတယ်။
ဂျိုလီရေးသားတဲ့ Notes From My Travel
စာအုပ်ဟာလဲသူမဘဝတလျှောက်ပရဟိတခရီး
တွေရဲ့အတွေ့အကြုံတွေကိုရေးသားထားတာတွေ
ဖြစ်သလို Sierra Leone, Tanzania,
Pakistan, Cambodia, and Ecuador
နိုင်ငံပရဟိတခရီးစဉ်တွေကိုအခြေခံထားတဲ့စာ
အုပ်ဖြစ်ပါတယ်။ ဒါ့အပြင် UNCE KINDတို့နဲ့အ
တူပရဟိတTourတွေသွားခဲ့သလို ကမ္ဘာ့စီးပွား
ရေးForumမှာလဲမိန့်ခွန်းပြောခဲ့သူပါ။လူသားချင်း
စာနာမူဆုကိုလဲ UNA-USA ကပေးအပ်ခဲ့တဲ့
မင်းသမီးတယောက်ပါ။ ဂျိုလီဟာရုပ်ရှင်ဆုကြီး
တွေထဲကအကြီးဆုံးဆုတွေဖြစ်တဲ့ Academy
ဆု Golden Globe ဆု SAG ဆုတွေကိုပါရရှိ
ထားသူပါ။ ပရဟိတဆုပေါင်း၄၀ကျော်အပြင်အနု
ပညာနယ်ပယ်ဆုပေါင်း၁၀၀ကျော်ထိရထားတဲ့
ဂျိုလီဟာ
*Church World Service Immigration
andRefugee Program Humanitarian
Award
* United Nations Correspondents
Association's Sergio Vieira de Mello
Citizen of the World Award
* Premiere Women in Hollywood
Icon Award
* United Nations Association of the United States of America's Global Humanitarian Action Award
*International Rescue Committee's Freedom Award
*Women Film Critics Circle Award
*Sarajevo Film Festival Heart of Sarajevo Honorary Award
* Honorary Dame Commander of the
Order of St Michael and St George
*Living Legend of Aviation Award
စတဲ့အနုပညာ နိုင်ငံရေး ပရဟိတဆုကြီးတွေကို
ပါရရှိထားတဲ့ကမ္ဘာ့တဦးတည်းသောရုပ်ရှင်သ
မိုင်းရဲ့ဂုဏ်ထူးဆောင်မင်းသမီးတယောက်ပါ။
ဂျိုလီဟာ ဒေါ်လာသန်း၂၀၀ကျော်ပိုင်ဆိုင်တဲ့
၂၁ရာစုရဲ့No.1အနုပညာဝင်ငွေအများဆုံးရမင်း
သမီးတဦးဖြစ်သလို ကမ္ဘာ့Hotအဖြစ်ဆုံးအမျိုး
သမီးစာရင်းမှာလဲ No.1ဖြစ်ထားသူပါ။ ဒီလိုငွေ
တွေဆုတွေပိုင်ဆိုင်ထားပေမယ့်ဂျိုလီဟာကျော့
ကျော့မော့မော့အလှပြင်နေသူမဟုတ်ပဲကမ္ဘာအ
နှံ့ပင်ပင်ပန်းပန်းနဲ့စစ်မြေပြင်တွေတောကြိုအုံ
ကြားတွေ လူမသိသူမသိနေရာတွေကိုကိုယ်တိုင်
သွားလာပြီးပရဟိတလုပ်ရင်းအချိန်ကုန်နေသူပဲါ။
သူမရဲ့ပရဟိတတွေကြောင့်လဲဘာသာရေးနိုင်ငံ
ရေးပိတ်ပင်မူတွေ အတိုက်အခံတွေရှိခဲ့သလို
လုပ်ကြံခံရတဲ့အထိဖြစ်ခဲ့သူပါ။

" စိတ်ဓာတ် အယုတ်ညံ့ဆုံး
လူသားတွေဟာ တရားမျှတမူကို
ဘယ်တော့မှလိုလားမှာမဟုတ်ဘူး
" လက်နက်အားကိုးနဲ့တိုင်းပြည်ကို
အုပ်ချုပ်ကြတဲ့နိုင်ငံခေါင်းဆောင်တိုင်းဟာ
ငြိမ်းချမ်းရေးကိုဘယ်တော့မှလိုလားမှာ
မဟုတ်ဘူး။
"ဘာသာရေးနဲ့ ဆူပူချင်သူတွေဟာ
ဘာသာခြားနဲ့ငြိမ်းချမ်းရေးကို
လိုလားမှာမဟုတ်ဘူး"
ဂျိုလီ

ဒီလိုအတိုက်အခံတွေထဲတလောကမှမြန်
မာကိုလာခဲ့တဲ့ခရီးလဲအပါအဝင်ပေါ့။ကချင်နဲ့
ရခိုင်ကိုtargetထားပြီးသူမလာတယ်။ဒီခရီးမှာ
ဂျိုလီဟာ ဒေါ်အောင်ဆန်းဆုကြည်ခေါ်ယူမူ
ကြောင့်လာခဲ့တာဖြစ်ပြီးဘင်္ဂါလီတွေကိုမြန်မာက
လက်ခံဖို့နည်းလမ်းတခုအနေနဲ့အသုံးချတာဆို
တဲ့စကားတွေနဲ့လက်ရှိအစိုးရနဲ့အရင်အစိုးရ
ထောက်ခံသူတွေကြားပြသနာကစလာတယ်။
ဒီအချိန်မှာဂျိုလီ့ကိုပြန်လည်သုံးသပ်ရရင် သူမ
မြန်မာကိုမလာခင်နှစ်၂၀နီးပါးပရဟိတလုပ်ခဲ့သူ။
ဘာသာရေး လူမျိုးရေးခွဲခြားမူမရှိခဲ့သလိုအင်္ဂလန်
ဘုရင်မကြီးကတောင်၃ခါခေါ်မှာသွားခဲ့သူ။ဒါ့အ
ပြင်ကမ္ဘောဒီးယားကိုအကြောင်းမကြားပဲသွား
ရောက်ခဲ့ပြီးမှ သမ္မတကတကူးတကဖိတ်ခေါ်ခံခဲ့
ရသူ နမီးဘီးယား ဆူဘီးယား ကင်ညာ တောင်
အာဖရိက အစ္စရေးလိုနိုင်ငံတွေထိသွားပြီးဘယ်
သူမှမခိုင်းပဲပရဟိတလုပ်ခဲ့သူ။ ဒေါ်အောင်ဆန်း
စုကြည်လောက်ထား ကမ္ဘာ့အကြီးဆုံးနိုင်ငံရေး
ခေါင်းဆောင်တွေကတောင်သူမကိုခေါ်လို့မရခဲ့သူ
အင်္ဂလန်ဘုရင်မကြီးတောင် သူမနဲ့တွေ့ဆုံဖို့၃ခါ
တိတိစောင့်ခဲ့ရသူ။ ဒီအချက်တွေသုံးသပ်ရုံနဲ့
မြန်မာကိုဂျိုလီဘာကြောင့်လဲဆိုတဲ့အချက်ကရှင်း
သွားပြီပေါ့။

" တချို့ကထင်ပေါ်ကျော်ကြား
ချင်ကြတယ်။
တချို့ကအောင်မြင်ချင်ကြတယ်။
တချို့ကချမ်းသာချင်ကြတယ်။
ဒါတွေကကိုယ့်အတွက်ပဲသိပြီး
စစ်မှန်တဲ့ပျော်ရွှင်မူနဲ့ဝေးနေတဲ့
သူတွေရဲ့အလိုဆန္ဒတွေပါ။
ကိုယ်အောင်မြင်သလောက်
ကိုယ်ကျော်ကြားသလောက်
ကိုယ်ချမ်းသာသလောက်
ကမ္ဘာကြီးကိုဘာလုပ်ပေးနိုင်လ
လို့တွေးတဲ့သူကမှ လူပီသတဲ့လူလို့
ကျမသုံးသပ်ချင်တယ်။ "
ဂျိုလီ
(World Economic Forum မိန့်ခွန်း)

#CreditToHtetWaNa
— feeling great.
From..Biography & History.com.mm
လေးစားစွာဖြင့် MYO MIN OO
ကနက်သီရိ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။