တခါတလေ သူငယ်ချင်းတွေနဲ့ Facebook မှာ စကားပြောထားတာတွေ အများကြီးရှိမှာပါ။ ဒီလိုပြောထားတဲ့ စကားတွေကို Facebook ကနေ ဘယ်လို Download ပြန်ဆွဲမလဲဆိုတာ အခရာကနေ ဖော်ပြပေးသွားပါ့မယ်။ပထမဆုံးအနေနဲ့ သင့်အကောင့်ကို Log on လုပ်ပြီး ဘယ်သူနဲ့ပြောထားတာတွေကို Dowload ဆွဲချင်လဲ ဆိုတာစဉ်းစားပါ။ သင့်အနေနဲ့ Browser မျိုးစုံမှာ အသုံးပြုနိုင်ပေမယ့် Facebook ကို Browser တစ်ခုတည်းပဲသုံးတာ ပိုပြီး Safe ဖြစ်စေပါတယ်။
Facebook Account မှာ Log On ဖြစ်တာနဲ့ General Settings ကိုသွားပါ။ Setting ရဲ့အောက်မှာ “Download A Copy Of Your Facebook Data” ဆိုတာကိုတွေ့ရပါလိမ့်မယ်။ အဲဒီထဲမှာ သင့်ရဲ့ Facebook Days ၊ Photo ၊ Media ၊ Converstaion စတာတွေအကုန်ပါဝင်ပါတယ်။ ဒီကလစ်ကို လင့်နှိပ်ပြီး သင့်ရဲ့ Facebook Data ကို ရယူနိုင်ပါတယ်။
“Download A Copy” ဆိုတာကို ကလစ်နှိပ်လိုက်တဲ့အခါ “Start My Archive” ဆိုတာကို တွေ့ရပါလိမ့်မယ်။
အဲဒါကို ကလစ်နှိပ်လိုက်ရင် သင့်ရဲ့ FB Password ကိုပြန်တောင်းပါလိမ့်မယ်။ Password ကိုပြန်တောင်းတာက သင့်အကောင့်လုံခြုံရေးအတွက်ကြောင့်ဖြစ်ပါတယ်။ စိတ်မပူပါနဲ့ Password ရိုက်ထည့်ပေးလိုက်ပါ။
ပြီးရင်နောက်တစ်ခါ Refersh လုပ်ပြီး “Download A Copy” ဆိုတာကို ကလစ်ထပ်နှိပ်ပါ။ “Dowload Archive” ဆိုတာကိုမြင်ရပါလိမ့်မယ်။ ကလစ်နှိပ်လိုက်ပါ။ Passowrd ထပ်တောင်းပါလိမ့်မယ်။ Password ရိုက်ထည့်ပြီးရင် “Download”ဆွဲလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ Facebook ကအချက်အလက်တွေကို အလွယ်တကူရယူနိုင်ပါတယ်။
Ref : techviral
Jan (Akhayar)
http://www.akhayar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။